Category: News

  • စဉ့်ကူးမြို့နယ် လေကြောင်းတိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ

    စဉ့်ကူးမြို့နယ် လေကြောင်းတိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ

    မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အောက်တိုဘာ ၁၂ရက် မနေ့က မနက်၉နာရီ ကျော်မှာ ထုံးကြီးရဲစခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

    “ရဲစခန်းကိုပဲ ကြဲလားမသိဘူး။ရဲစခန်းနဲ့ ဘုန်းကြီး ကျောင်းနားကို ကျပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသားတယောက်ကတော့ အစမှန်ဒဏ်ရာ ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

    ထုံးကြီးကျေးရွာကို စစ်ကောင်စီက မကြာခဏ လေကြောင်း တိုက်ခိုက်လေ့ရှိပြီး ယခင်ကလည်း ရဲစခန်းအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်စိုးမိုးထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတာပါ။

    အောက်တိုဘာ ၁၁ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    (စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်) ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေ

    ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်) ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေ

    ရန်ကုန်​​လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး​(ခေါ်)​​ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်​ဆေး​နေကြောင်း သိရသည်။

    သမီးဆိုး​(ခေါ်)​​ဒေါ်သက်ကိုကိုသည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကာ ၎င်းသည် လူမှုကွန်ရက်မှတစ်ဆင့် ​လူသုံးကုန်ပစ္စည်းများ စျေးရောင်းချသူတစ်ဦးဖြစ်သည့်အပြင် အနုပညာရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အား လူမှုကွန်ရက်မှတစ်ဆင့် ​ဝေဖန်​ပြောဆိုမှုများ ပြုလုပ်​လေ့ရှိခဲ့သည်။

    ထိုကဲ့သို့ ​သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကို၏ ​ပြောဆိုမှုအချို့​ကြောင့် နစ်နာမှုရှိခဲ့သည်ဆိုကာ ​ဒေါ်​အေသင်ကိုက သမီးဆိုး​ကို မြန်မာနိုင်ငံသို့ ​ရောက်ရှိလာချိန်၌ လူချင်း​တွေ့ဆုံရှင်းလင်းရန် ​​ကနဦးတွင် တောင်းဆိုခဲ့​သော်လည်း သမီးဆိုးက ​တွေ့ဆုံခြင်းမရှိသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းတွင် ​ဒေါ်အေသင်ကိုက ပုဒ်မ ၆၆(ဃ)ဖြင့် ​တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်၊

    ထို့​နောက် သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကိုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် ​အောက်တိုဘာ ၁၂ရက်က ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့​ရောက်ရှိချိန်တွင် သက်ဆိုင်ရာက သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    “လောလောဆယ်တော့ ၆၆(ဃ)တစ်ခုထဲနဲ့ပဲ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ပြင်ဦးလွင်မှာ အမှုဖွင့်ထားတာမို့ ပြင်ဦးလွင်မြို့မရဲစခန်းက သွားရောက်ခေါ်ဆောင်ပြီး ဒီ​နေ့(​အောက်တိုဘာ ၁၃ ရက်)မနက် ပြင်ဦးလွင်ကို ​ရောက်​နေပြီ” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    လက်ရှိတွင်သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပ ၂၁၅/၂၀၂၅၊ ဆက်သွယ်​ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထား​ကြောင်း သိရသည်။

    သမီးဆိုး(ခေါ် )​ဒေါ်သက်ကိုကိုသည် ဖေ့ဘုတ်စ်လူမှုကွန်ယက်စာမျက်နှာမှ Live လွှင့်ပြီး ဒေါ်အေသင်ကို၏မိသားစုအသိုင်းအဝန်းများ၊ လုပ်ငန်းများ၊ အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်စွပ်စွဲပြောဆိုထားသဖြင့် အရေးယူပေးပါရန် ​ဒေါ်အေသင်ကိုက တိုင်ကြားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

  • ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

    ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေ ထိခိုက်သေဆုံးမှုများပြီး စနိုက်ဘာသမားတစ်ဦးအပါအဝင် နှစ်ဦးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF က ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

    အောက်တိုဘာ၁၀ရက်ကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုထမ်းသင်တန်းဆင်း တပ်သား ၇၀ထက်မနည်း သေဆုံးခဲ့တာဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ မြေပြင်သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “အဲ့ဒီနေ့ကစစ်ကောင်စီစစ်ကြောင်းကို လေးဘက်လေးတန်ပိတ်တိုက်တာ။ လေကြောင်းကနေ နှစ်ကြိမ်‌တောင် ဗုံးကြဲတဲ့နေ့လေ။ အခုလည်း စစ်ကောင်စီစစ်ကြောင်းရှိနေသေးသလို အလောင်းတွေလည်းပြန်ကြဲနေတယ်။ လှမ်းမြင်ရတယ်”လို့ အဲဒီသတင်းမြစ်က ပြောပါတယ်။

    နမ့်မဖြစ်ကျေးရွာအုပ်စုထဲမှာပါဝင်တဲ့မလန်းကျေးရွာမှာ အောက်တိုဘာလဆန်းကစတင်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်မှာတော့ တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး မနက် ၇ နာရီကျော်ခန့်မှာ တကြိမ်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာတစ်ကြိမ် Y12ရော၊ ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာပါ။

    တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကိုကူတိုက်ပေးနေတဲ့ SNA ရှမ်းနီတပ်က စနိုက်ဘာသမားတစ်ဦးနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိထားတယ်လို့ သိရပါတယ်။

    “စနိုက်ဘာသမားက SNA တပ်ဖွဲ့ဝင်ဖြစ်တယ်။ မူးယစ်ဆေးတွေပါ သုံးထားတယ်။ သူ့ရှေ့မှာ လူတွေအများကြီးသေထားတော့ သွေးပျက်နေတယ်”လို့ KPDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီဟာ ဖားကန့်‌‌ဒေသကို တပ်မ (၃၃) လက်အောက်ခံတပ်တွေ၊ ရှမ်းနီတပ်(SNA)နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင် ပူးပေါင်းတပ်တွေကို စေလွှတ်ပြီး KIA၊KPDF ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။

    တိုက်ပွဲတွေပြင်းထန်နေတာဖြစ်လို့ လေကြောင်းနဲ့လက်နက်ကြီးရန်အပြင် မြေပြင် စစ်ကြောင်းရန်ကိုပါသတိပြုကြဖို့ KIA က သတိပေးထားပါတယ်။

    အောက်တိုဘာ၁၀ရက်က ဖားကန့်အပြင် ဝိုင်းမော်မြို့၊ လမြန်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး လက်ရှိမှာ နှစ်နေရာစလုံးတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

  • အမေရိကန်က ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်လျှင် လက်တုံ့ပြန်မည်ဟု တရုတ် သတိပေး

    အမေရိကန်က ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်လျှင် လက်တုံ့ပြန်မည်ဟု တရုတ် သတိပေး

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်ကုန်စည်တွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုတဲ့ နောက်ဆုံးခြိမ်းခြောက်မှုအရ စံနှစ်မျိုးနဲ့ ခွဲခြားဆက်ဆံနေတယ် ဆိုပြီး ပေကျင်းက ဝါရှင်တန်ကို စွပ်စွဲလိုက်ပါတယ်။

    တကယ်လို့သာ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်မှုအတိုင်း အကောင်အထည်ဖော်လာခဲ့ရင် တရုတ်နိုင်ငံဘက်က တန်ပြန်အရေးယူသွားမယ်လို့ ဆိုပါတယ်။

    ဒါဟာ မြေရှားသတ္တုတင်ပို့ရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်သွားမယ့် ပေကျင်းအစိုးရရဲ့ လုပ်ရပ်ကို စည်းကြပ်ခွန်နဲ့ တုံ့ပြန်မယ်ဆိုပြီး ထရမ့်ပ်က သတိပေးထားတာပါ။

    ဒါ့အပြင် တရုတ်ဘက်က အရမ်းရန်လိုလာခဲ့သလို ကမ္ဘာကြီးကိုလည်း ချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဖြည့်စွက် ပြောပါတယ်။

    လွန်ခဲ့တဲ့အပတ်အတွင်း စမတ်ဖုန်း၊ ဆိုလာပြားနဲ့ လျှပ်စစ်ကား စတဲ့ နည်းပညာမြင့်ပစ္စည်းတွေ​ ထုတ်လုပ်ရာမှာ အရေးပါတဲ့ မြေရှားသတ္တု အပါအဝင် တခြားပို့ကုန်တွေအထိ တင်းကျပ်ဖို့ရှိကြောင်း ပေကျင်း အစိုးရအနေနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာပေါ်က မြေရှားသတ္တု ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်ပြည်မှာသာ သန့်စင်ပြီး ထုတ်လုပ်နေတာ ဖြစ်တဲ့အလျောက် အခုလိုမျိုး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။​

    အဲဒီနောက် ထရမ့်ပ်က ‘တရုတ်နဲ့ကိစ္စအတွက် စိတ်မပူပါနဲ့၊ အားလုံး အဆင်ပြေသွားပါလိမ့်မယ်’ လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပေမဲ့လည်း တဖက်မှာတော့ ကုန်သွယ်ရေးစစ်ပွဲ ပြန်ဖြစ်နိုင်ခြေ မြင့်မားလာတာကို တွေ့ရပါတယ်။

    “အများလေးစားရတဲ့ သမ္မတ ရှီဟာ မလိုလားအပ်တဲ့ အခြေအနေတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့နိုင်ငံအတွက် စီးပွားရေးပျက်ကပ်ဖြစ်မှာ မလိုလားသလို ကျနော်ဆိုရင်လည်း မလိုချင်ပါဘူး။ အမေရိကန်က တရုတ်ကို ကူညီချင်တာပါ၊ ထိခိုက်အောင် မလုပ်ချင်ပါဘူး” ဆိုပြီး ထရမ့်ပ်ရဲ့ပို့စ်မှာ ဖော်ပြထားပါတယ်။

    တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်ကတော့ ‘အခွန်စစ်ပွဲဆိုင်ရာ ရပ်တည်ချက်ဟာ အမြဲတသမတ်တည်း ရှိခဲ့ပါတယ်။ ကျနော်တို့ ဒါကို မလိုလားပါဘူး။ ဒါပေမဲ့ ဖြစ်လာရင်လည်း ကြောက်နေမှာမဟုတ်ပါဘူး” လို့ မှတ်ချက်ပြုပါတယ်။

    အခုလိုမျိုး နှစ်နိုင်ငံကြား အပြန်အလှန် ပြောဆိုနေမှုဟာ ကုန်သွယ်ရေးဆွေးနွေးပွဲ အသစ်တွေ ကျင်းပတဲ့အခါ ကိုယ့်ဘက်က ရပ်တည်ချက်ကို အသာစီးရအောင် လုပ်ဆောင်တာမျိုး ဖြစ်တဲ့အကြောင်း လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။

    ဒါကြောင့် အခုလနှောင်းပိုင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပသွားမယ့် APEC ထိပ်သီးအစည်းအဝေးအတွင်း ထရမ့်ပ်နဲ့ ရှီကြား တွေ့ဆုံဖို့ရှိတဲ့ကိစ္စဟာလည်း မရေမရာ ဖြစ်လာခဲ့ပါတယ်။

    Source: Reuters

  • မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲကား လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၄ ဦး ဒဏ်ရာရ

    မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲကား လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၄ ဦး ဒဏ်ရာရ

    မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ယာဉ် လက်ပစ်ဗုံးနဲ့ အပစ်ခံရပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဲကားအပြာရောင်ဟာ မနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီကျော်လောက်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ ပညာရေးကောလိပ်ရှေ့ အရောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။

    ဒေသခံတယောက်က “မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း နယူးစတား တည်းခိုခန်းအနီးမှာ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ ရဲကားပါ။ လမ်းမှာ တိုက်ခိုက်ခံရတာ၊ သေဆုံးမှုမရှိပါဘူး” လို့ ပြောပါတယ်။

    အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားကို ဆိုင်ကယ် မောင်းလာတဲ့ လူငယ် ၂ ယောက်ထဲက အနောက်ကနေ ပါလာတဲ့ လူငယ်က ရဲကားပေါ်ကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာလို့ သိရပါတယ်။

    မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “လက်ပစ်ဗုံးထိတဲ့ ရဲတွေက တပ်သားအဆင့်တွေပါ။ ၂ ယောက်က ဒဏ်ရာနည်းနည်းများတယ်။ အခုမနက် ထပ်သိရတာတော့ မစိုးရိမ်ရဘူးလို့ ပြောတယ်။ ယာဉ်ကတော့ နည်းနည်းပျက်စီးသွားတယ်။ တရားခံဖမ်းမိတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက တရားခံတွေက မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအတိုင်း မောင်းသွားတယ်ဆိုပြီး ကားလမ်းတလျှောက်မှာ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေပြီး အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းအထိ ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ်။

    ရဲကား တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။