Category: News

  • ကျောင်းတိုက်ကြီးအောက်မှာ ဌာပနာဖို့ လှူတဲ့ အမျိုးမျိုးသော ကျောက်အတုတွေနဲ့ ဂျင်းထည့်တဲ့ အကြောင်း

    “ကျောင်းတိုက်ကြီးအောက်မှာ ဌာပနာဖို့ လှူတဲ့ အမျိုးမျိုးသော ကျောက်အတုတွေနဲ့ ဂျင်းထည့်တဲ့ အကြောင်း”

    အောက်ကပုံထဲမှာ ကျောက်စိမ်းကိုမှ ချွမ်ရင့်ရင့် ခရမ်းချွမ်လက်ကောက်တွေက အစစ်ဆိုရင် အသားကျတယ်ပဲထားဦး၊ အရည်စီးတာမို့ တစ်ကွင်းကို အနာလွတ်ရင် သိန်းပေါင်းရာကြီးဂဏန်းတန်ပြီး အနာလေးတွေပါရင် သိန်း ၈၀ ဝန်းကျင်ပေါက်စျေးရှိပါတယ်။

    အခုပုံထဲကကျောက်တွေက ဆေးဆိုးတွေဖြစ်တယ်။အသားကျတာမို့ ဆေးများများဆိုးလို့ရပါတယ်။ တကွင်းကို ကျပ်ငွေထောင်ဂဏန်းကနေ တသောင်း နှစ်သောင်းစပဲစျေးပေါက်ပါတယ်။ ဒါကလည်း ကျောက်ဖိုးမပါ လက် ကောက်ကွင်းဖောက်ခနဲ့ အရောင်တင်ခပဲရှိပါတယ်။

    ကျောက်ပေါနေတဲ့သူတွေအတွက်ကျ ဒီလိုလက်ကောက် အကျတွေ အနာဗလပွနဲ့ဆိုရင် ထားစရာဂိုထောင်ရှုပ်တာမို့ နေ့စားရရ ငွေပေါ်အောင် ဆေးဆိုးပြီး ရောင်းခိုင်းတတ်ပါတယ်။ မသိနားမလည်တဲ့သူဝယ်ရင်တော့ သိန်းဂဏန်းအထိ ဂျင်းမိပါလိမ့်မယ်။

    ခရမ်းချွမ် မဟုတ်တဲ့ အသားကွင်းတွေကလည်း အနာမပါရင် တကွင်းကို တစ်သိန်းစ နှစ်သိန်းစနဲ့ အနာပါရင် ကျပ် ငွေ သောင်းဂဏန်းသာရှိပါတယ်။ ဒါကလည်း ဘီဂျိတ်လုပ်ဖို့ ကွင်းရေ သောင်းနဲ့ချီ လော့လိုက်တွေစုပြီး တရုတ်ကို ရောင်းကြပါတယ်။

    ​ဒုတိယပုံထဲက ကျောက်အပွင့်တွေဟာ ကြည်ကြည်လေးတွေကို ကျောက်စိမ်းပေါ်လီသားမထင်ပါနဲ့။ ပေါ်လီ သားတပွင့်စျေးဟာ အမျှင်အမှုန်မပါဘဲ ကြည်လည်းကြည်
    မယ်၊ အပွင့်လည်းထွားမယ်ဆိုရင် တစ်ပွင့်ကို သိန်းထောင်ဂဏန်းပေါက်ပါတယ်။

    အခုပုံထဲက ကြည်ကြည်လေးတွေဟာ ပလွန်တွေဖြစ်တယ်။ ပလွန်ကျောက်တောင် စျေးရှိတဲ့ ခဲပလွန်တွေမဟုတ်ပါဘူး။ ရိုးရိုးပလွန်မျိုးတွေဖြစ်တယ်။

    ပလွန်တပွင့်ရဲ့စျေးဟာ ကျပ်ငွေသောင်းဂဏန်းသာရှိပြီး ကျောက်ပေါတဲ့သူတွေဆီမှာ ဒီလိုပလွန်အပွင့်တွေထုတ်ဖို့ ပလွန်တုံးတွေ တန်ဆယ်ချီရှိကြပါတယ်။ကျပ်ငွေသောင်းဂဏန်းဆိုတာ သွေးခ အရောင်တင်ခပဲရှိပါတယ်။

    အများစုက အပွင့်တောင်မထုတ်ကြပါဘူး။အလုပ်ရှုပ်တာကြောင့် တတုံးလုံးရောင်းရင်ရောင်း၊လော့လိုက် တန်ချီရောင်းကြပါတယ်။

    အလယ်ဘေးနားက စိမ်းပုပ်ပုပ်ရောင် ကြည်နေတဲ့အပွင့် က ဆေးဆိုး ချယ်ဆီဒိုနီကျောက်ပါ။ ချယ်ဆီဒိုနီဆေးဆိုးထဲမှာတောင် ဒေါင်းမြီးစိမ်းရည်ဆိုးထားတာနဲ့ ခရမ်းချွမ် ဆိုးထားတာကမှ စျေးရှိပါတယ်။ ဒီပုံထဲကကျောက်က စျေးမရှိပါ။

    ကျောက်စိမ်းအရည်ပန်းကြားအပွင့်တွေကလည်း အသားအင်မတန်ကျတာကြောင့် စျေးမရှိပါ။ အလယ်နားမှာ ခရမ်းစွဲနှစ်ကာရက်တစ်ပွင့်ရှိပါတယ်။ ဘာစျေးမှမရှိပါ။

    စိမ်းဝါရောင် ၄ ပွင့်ဟာလည်း ပြောင်ခေါင်းစိမ်းသာဆိုရင် တရုတ်ပြည်ကလာတဲ့တရုတ်စိမ်းဖြစ်ပြီး ဒီအရွယ်အစားဟာ စျေးမရှိပါ။ ဖန်သာဆိုရင် ပိုပြီးတောင် စျေးမရှိပါဘူး။

    စလင်းဝါလို့ယူဆရတဲ့ အပွင့်ကြီးတစ်ပွင့်နဲ့ အပွင့်လေး ၂ ပွင့်တွေ့ပါတယ်။ စျေးမရှိပါ။

    ခုမ့်နီ ခုမ့်ဝါကျောက်စိမ်းပွင့်လေးတွေတွေ့ပါတယ်။
    အသားကျပြီး အင်မတန်သေးတာမို့ စျေးမရှိပါ။

    ဘလက်ဂျိတ်အနက်လို့ထင်ရတဲ့တာပလာတွေမြင်ရပါတယ်။ ဘလက်ဂျိတ်လား တခြားကျောက်လား ခွဲမရပါ။
    ဘလက်ဂျိတ်ဖြစ်ခဲ့ရင်လည်း တာပလာအပါးထည်တပွင့် ဟာ စျေးမရပါ။

    ပုတီးစေ့ကြည်ကြည်လေးတွေတွေ့ပါတယ်။ ကျောက်စိမ်းဖြစ်ခဲ့ရင်တောင် ဒီအရွယ်ဟာ တစ်ပွင့်ကို ကျပ်ငွေ ၂၀၀/၃၀၀ စျေးပေါက်ပါတယ်။

    နောက်ဆုံးပုံက ကျောက်စိမ်းလက်ကောက်တွေက အ သားကျတွေပါ။ အနာစင်စင်ရှိရင်တောင် စျေးဘာမှမရ။
    အနာဗလပွသာဆို ချောင်ထိုးကျောက်တွေဖြစ်ပါတယ်။

    ပုတီးစေ့တွေကလည်း အသားကျတွေပဲဖြစ်တယ်။
    တဖလားလုံးမှ ဘာမှကိုမတန်နေတာပါ။

    ဒီတော့ ရွှေလို့ထင်ရတဲ့ပစ္စည်းပေါင်းစုံဟာ ဘယ်လောက်စစ်မှန်နိုင်မှာလဲ ?

    ပြောချင်တာက အခုမှရောက်တယ်။

    ဘုရားမှာ ရတနာဌာပနာတာဟာ သီဟိုကရေးတဲ့ကျမ်းတွေကြောင့်ဖြစ်တယ်။ မဟာဝံသ၊ဒီပါဝံသတွေထဲမှာ ဘယ်ဘုရားမှာ ဘယ်လိုဌာပနာကို ရတနာခုနှစ်ပါး ဘယ်နှတင်း၊ပုလဲဘယ်နှတင်း စသည်ဖြင့် ကုလားကားရိုက်နေသလို အလွန်အကျူးချဲ့ကားရေးသားကြတာကို ထေရဝါဒဝင်တွေဟာ အကုန်ယုံကြတာကနေ စတာ။

    ပါဠိတော်ထဲမှာ ဘယ်နေရာမှ တစ်လုံးတစ်ပါဒမျှ မပါတဲ့ ဘုရားစေတီဌာပနာဟာ ထေရဝါဒဂိုဏ်းမှာ ရသမျှဌာပနာထည့်ကြတယ်ဆိုတဲ့ ဂျင်းဟာ ခေတ်အဆက်ဆက်သယ် ဆောင်လာရာမှာ ပုဂံခေတ်လည်းရောက်ရော တနိုင်ငံလုံးပြန့်ခဲ့ပါတယ်။

    ဗုဒ္ဓဟာ ရှေးဘဝ နောက်ဘဝကို မစဉ်းစားနဲ့၊မသိချင်နဲ့၊ မဝေဖန်နဲ့၊ မစွပ်စွဲနဲ့၊မမျှော်ကိုးနဲ့ဆိုပြီး အဗျာကတတရားအကြောင်း အကြိမ်ကြိမ်ဟောခဲ့ပါတယ်။

    ဒါကို ပြောပြရင် ​ဟောပြရင် မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြဿနာမိုးမီးလောင်မှာဖြစ်တာမို့ ဘယ်သူမှ ဟောမှာမဟုတ်ပါ။

    ဒီတော့ ဌာပနာမှာ ရတနာထည့်ခြင်းဟာ နောက်ဘဝကို မျှော်ကိုးပြီးသာ ထည့်ကြတာဖြစ်တယ်။ ဒါကို တချိန်
    ချိန်ဘုရားပြိုရင် ထွက်လာတဲ့ ရတနာတွေနဲ့ပြန်တည်လို့ရအောင်လို့ဆိုတာ ဖြေသိမ့်လိုက် သီချင်းပဲဖြစ််တယ်။

    ဒီလိုဌာပနာထည့်ကြတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ဓလေ့ tradition ဖြစ်ပါတယ်။ tradition ဓလေ့ကို စွဲလမ်းရူး သွပ်နေရင်တော့ တခုခုဖြစ်နေလို့ပဲဖြစ်တယ်။

    ထည့်ကြတဲ့ ဘုရားဌာပနာတွေဟာ မြန်မာဘုရင်တွေခေတ် ကတော့ ရွှေအစစ် ငွေအစစ်တွေသာထည့်ကြသော်လည်း ယနေ့ခေတ်အချိန်အခါသမယမှာတော့ ဘယ်သူမှ တန် ကြေးရှိတဲ့၊ရတနာထိုက်တဲ့ တန်ဖိုးကြီးပစ္စည်းကို မထည့် ကြတာဟာ အကြောင်းရှိပါတယ်။

    ပိုလည်လာကြတာလား ?
    ပိုတုံးလာကြတာလား ?
    နှစ်ခုထဲက တစ်ခုခုပါ။

    ထည့်တော့ထည့်မယ် ဂျင်းကျောက်တွေထည့်မယ်ဆိုတာ ပိုလည်လာကြတာ။

    နောက်ဘဝအတွက်ဆိုပြီး ကံအကျိုးပေးဆိုတဲ့မမြင်မသိနိုင်တဲ့ဟာကြီးကို ဗြောင်လှည့်စားကြတာ။

    ထည့်တယ်လေ၊ ထည့်ရင် နောက်ဘဝအတွက် အာမခံလက်မှတ်ရပြီ၊ ကောင်းတာထည့်မှရယ်လို့မှမဟုတ်တာ၊ဘာထည့်ထည့်လေ၊ထည့်ရင် လူသိမယ်၊အနည်းဆုံးတော့ ငါသူဌေးပဲ၊သာသနာကိုရှယ်လှူတာဆိုတာ လူပိုသိရင် စီးပွားရေးလုပ်လို့ပိုကောင်းမယ်။ ဒါကြောင့်ထည့်ကြတာ။

    ပိုတုံးလာတာကျတော့

    ရှိပူ ကုန်အေး ဒီဘဝတောင် ဒီလောက်ကြပ်တည်းနေတာ၊ဒုက္ခတွေချည်းပဲ၊ရှိတာအကုန်လှူပစ်မှ နောက်ဘဝအတွက် အာမခံချက်ရှိမယ်ဆိုပြီး မရှိရှိတာအကုန်ပေး၊ ရောဂါတွေဖြစ်လာရင် ကုစရာမရှိတော့ မြန်မြန်အနိစ္စရောက်။

    ရေးသာရေးရတာ တချို့တွေအတွက် စပ်ပါလိမ့်မယ်။
    စပ်လည်း မတတ်နိုင်။ အတွေးအခေါ်အယူအဆအစွဲဟာ ဘယ်အသက်အရွယ်မှာမဆို ပြောင်းလဲလို့ရပါတယ်။
    ပြောင်းလဲရဲတဲ့သတ္တိတော့လိုပါတယ်။ အမှန်တရားအတွက် ဒီလိုပြောင်းလဲရဲတာကမှ ဗုဒ္ဓအလိုကျအစစ်ပါ။

    နားလည်နိုင်သောအသိဉာဏ်ပြည့်စုံကြပါစေ။

    #Credit_To_Original_Writer

  • တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမနှင့် ကျောင်းသားများကို စစ်သင်တန်းပေးနေ​

    တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေကို စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁ ရက် ညက ထုတ်ပြန်ပါတယ်။

    Non-CDM ကျောင်းဆရာမတယောက်က “ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက သူတို့ရဲ့ စစ်သင်တန်းကို တက်ချင်မှာလဲ။ ကျမတို့လည်း ကြောက်တယ်။ တက်ရမယ်လို့ စာထွက်ထားတာ။ မဖြစ်မနေကို တက်ရမယ်တဲ့။ ဒီသင်တန်းကို တက်ရမယ်လို့ ပြောနေကြကတည်းက ကျမတို့ အလုပ်ထွက်ချင်စိတ်ပေါက်တယ်။ ဒါပေမဲ့လည်း မိဘတွေကကျတော့ လူကြီးတွေဆိုတော့ ကြောက်တယ်လေ။ မတက်ရင် စစ်တပ်က ဖမ်းလိမ့်မယ် ဆိုပြီး ပြောတယ်။ ဒီအချိန်မှာမှ အလုပ်ထွက်စာတင်ရင်လည်း စစ်လားဆေးလား လုပ်မယ်လေ။ ဒါကြောင့် တက်ရတာ” လို့ ပြောပါတယ်။

    အဲဒီစစ်သင်တန်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်၊ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးတွေရဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေက သင်ပေးနေတာ ဖြစ်ပါတယ်။

    ထုတ်ပြန်ချက်မှာ စစ်သင်တန်းတက်နေတဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသားတွေက သူတို့ကိုယ်တိုင် ဆန္ဒပြုတဲ့သူတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

    စစ်သင်တန်းဖွင့်ပွဲတွေကို အောက်တိုဘာ ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးတပ်မြို့၊ မွန်ပြည်နယ် ချောင်းဆုံမြို့၊ ရန်ကုန်တိုင်း မှော်ဘီမြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ပဲခူးတိုင်း တောင်ငူမြို့တွေမှာရှိတဲ့ နယ်မြေခံ သင်တန်းကျောင်းတွေမှာ လုပ်တာ ဖြစ်ပါတယ်။

    သင်တန်းတွေက ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်း၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတွေ ဖြစ်ပြီးတော့ သာမန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

  • ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးဟု KNDF ဒုစစ်ဦးစီးချုပ် သတိပေး

    ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးဟု KNDF ဒုစစ်ဦးစီးချုပ် သတိပေး

    အောက်တိုဘာလ ၁ ရက်

    ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက သတိပေးပြောဆိုလိုက်သည်။

    စက်တင်ဘာလ ၂၈ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ကယား (ကရင်နီ) ရိုးရာ ဒီးကူပွဲတော်၌ အမှာစကားပြောရာတွင် ဒုစစ်ဦးစီးချုပ် မာဝီက ထိုသို့ သတိပေးပြောဆိုလာခြင်းဖြစ်သည်။

    ကရင်နီပြည်တွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်လာကြောင်း၊ ၂၀၂၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်လေးလုံးစစ်ဆင်ရေး မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ပြန်လည် တိုက်ခိုက်ရမည်ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက သတိပေးသည်။

    “ဒီနေ့အထိ မြေပြင်အခြေအနေမှာ ဆိုလို့ရှိရင် ဖရူဆို ၁၄ ချောင်း အထိကို သူ့ရဲ့ စစ်ရိက္ခာကားအများကြီး ရောက်သွားပြီဖြစ်တယ်။ ၁ လေးလုံး မစခင် အခြေအနေကို ပြန်ရောက်သွားတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ကျွန်တော်တို့ အများကြီး ပြန်အလုပ်လုပ်ပြီးတော့မှ ပြန်တိုက်ယူရမယ့် အခြေအနေမျိုး ရှိနေတယ်။ အဲဒီတော့ ဒီမှာ ရောက်နေတဲ့ လူငယ်တွေလည်း အချိန်သာ ရှိတယ်၊ အခွင့်အရေးသာ ပေးမယ်ဆိုရင် ကျွန်တော်တို့နဲ့ အတူတူ တိုက်ခိုက်ဖို့ရာ အတွက်၊ အောင်ပွဲတွေ အတူတူခံဖို့ရာအတွက် ပြန်ဖိတ်ခေါ်လိုတယ်။ ” ဟု ၎င်းက ဆိုသည်။

    ကရင်နီပြည်အတွင်း ကောက်ခံရရှိသော အခွန်ငွေများထဲမှ ၆၀ ရာခိုင်နှုန်းနီးပါးကို စစ်ရေးအတွက် အသုံးပြုထားကြောင်း၊ သို့ရာတွင် အဖွဲ့ခွဲများစွာ ရှိနေသည့်အတွက် ခွဲခြမ်းစိတ်ဖြာနေရသောကြောင့် အလဟဿဖြစ်ပြီး ရှေ့မရောက်တော့ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

  • ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

    ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

    မဇ္ဈိမ။ ။ ရန်ကုန်တိုင်း ဗဟန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စသည့်မြို့နယ်များတွင် ရဲစခန်းနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံး ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှူများ ပြုလုပ်နေသည့် မြပြပြောက်ကျားတပ်များထံမှ သိရသည်။

    မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၂၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ (စက်တင် ဘာလ ၃၀ ရက်) ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားနြှင့် မိုင်းတလုံး၊ လက်ပစ်ဗုံးနှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YA တာဝန်ရှိသူက ပြောသည်။

    “ အုပ်ကြီးအပါလေးယောက် ထိခိုက်မှု ရှိတယ်လို့ မြေပြင်သတင်းပေးချက်အရသိရှိရပါတယ်။ အထဲထိဝင်ပစ်တာဆိုတော့ထိရောက်မူရှိတာ။ အုပ်ကြီးကအရင်က ရဲ၊ ရဲကနေထွက်ပြီး အုပ်ကြီးနေရာဝင်ယူပြီး ရပ်ကွက်နေပြည်သူကို လူပါးဝ အနိုင်ကျင့်နေတာပါ” ဟု YA တာဝန်ရှိသူက မဇ္စျိမသို့ ပြော သည်။

    အလားတူ တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက််ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ယမန်နေ့ ည ၁၀ နာရီ ဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

    “ ည ၉ နာရီခွဲ ၁၀ နာရီလောက်က ထင်တယ်။ ဗုံးပေါက်တဲ့အသံမျိုးပဲကြားရတာ။ အခုက ရပ်ကွက်ရုံးထဲ သူတို့ (ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်) တွေ ညစောင့်အိပ်ကြတာရှိတယ်လေ။ ထိတာတွေလည်းရှိတယ်တဲ့။ ဒါပေမယ့် ဘယ်သူတွေထိလဲတော့မသိဘူး” ဟု ဒေသခံတဦးက ပြောသည်။

    ယင်းအပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင်လည်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းမြို့မရဲစခန်းအား Operation Flame (OF) နှင့် ပူးပေါင်းအဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် သွား ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံ ရေးရဲကင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိခိုက်မှုများအား စုံစမ်းနေဆဲသာဖြစ်ကြောင်း OF မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

    “အဲ့စခန်းထဲ ဂိတ်ဝရဲကင်းမှာကတော့ ပုံမှန်နှစ်ကောင် ကင်းယူတယ်။ ဘေးနားက အမြင့်ကင်းမှာတော့ တကောင်ရှိတယ်။ နောက်ဆက်တွဲသိရတာကတော့ မစ်ရှင်အပြီး စခန်းထဲ လူနာတင်ကား ဝင်သွားတာရှိတယ်။ ရဲ ဘယ်နှစ်ကောင်ထိလည်း ဆိုတာမျိုးတော့ မသိရသေးပါဘူး” ဟု OF တာဝန်ရှိသူက ပြောသည်။

    ရန်ကုန်တိုင်းအတွင်း စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်ရန်အတွက်ဟုဆိုကာ အစစ် အဆေး၊ လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားမှ တိုက်ခိုက်ခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။

    ထို့အပြင် YA အဖွဲ့တာဝန်ရှိသူက မြို့ပြပြောက်ကျားတပ်များအနေဖြင့်ရန်ကုန်တိုင်းအတွင်း စစ်ကော်မ ရှင်တပ်အကြိုက် ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်း၊ စစ်မှုထမ်းဥပဒေအကြောင်းပြု ပြည်သူများအား ဖိအားပေးခြင်းများ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များရရှိထားကြောင်းသတိပေးထားသည်။

  • တောသားတွေပေါနေလို့သာ ရပ်တည်နိုင်တာ

    “ဘယ်လိုပဲ ဖျော်ဖြေရေး လို့ ပြောပြော နိုင်ငံတနိုင်ငံရဲ့ အရည်အချင်းက အဲ့နိုင်ငံမှာ ရုံတင်နေတဲ့ ဇာတ်ကားတွေအပေါ်အများကြီး မူတည်တယ်”

    India ဆို အရင်က လာဘ်ပေးလာဘ်ယူမှုတွေ တအားပေါတယ် ။ အာ့တာတွေကို သူတို့အနုပညာရှင်တွေက တိုက် ထုတ်ချင်တဲ့အခါ သူတို့ဇာတ်ကားတိုင်းမှာ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ကြောင်းအမြဲပါတယ်။

    အကျင့်ပျက်ခြစားတာက ရှက်စရာကောင်းမှန်း လူကြီးတွေမသိရင်တောင် သူတို့ သားသမီးတွေနားလည်ပြီး ရွံရှာတတ်အောင်သင်ပေးနေတာ။ အာ့အတွက်လည်း လက်ရှိ india မာ လာဘ်ပေးလာဘ်ယူမှု အတိုင်းတာတခုထိ ပပျောက်သွားတယ်။

    Korea drama တွေမှာဆို အမြဲ တယောက်နဲ့တယောက် ယှဥ်ပြိုင်မှုတွေ ရိုးရိုးသားသားကြိုးစားမှုတွေ ကိုမြင်ရလိမ့်မယ် ။ အာ့ကြောင့်လည်း ကျောက်ဆောင်တွေပေါပြီး စိုက်ပျိုးရေးမြေမရှိလို့ အရင်က ဖုန်းဆိုးမြေကြောင့် အာလူးပဲစားခဲ့ရတဲ့ နိုင်ငံတခုက အခုထိ ယှဥ်ပြိုင်ကြိုးစားတဲ့ ဇာတ်လမ်းတွေပဲ အမြဲရိုက်တယ် ။

    သူတို့နောက်လူငယ်တွေကိုလည်း လက်ရှိ ကြွယ်ဝပီးသားနိုင်ငံဆိုပြီး ပျင်းရိလေးလံသွားမှာစိုးလို့ ။

    ဟော… လက်ရှိ ကျွန်တော်တို့ $အရည်အချင်းကော အ ရည်အသွေးကော တစက်မှမရှိတဲ့အပြင် ဘာအနှစ်သာရမှမရှိ ၊ လူငယ်တွေကို ဖျာ-တန်းအရောက်ပို့နေတဲ့ $သုံးမကျဆုံး ရုပ်ရှင်တွေ ထွက်လာပြီ ။

    ဟာသ?

    ဘယ်နားမှာ ရယ်စရာပါလဲတော့မသိ။ ပဲပြုတ်ကျတော့ ကုန်ကျများမှာ စိုးလို့မထည့်ပေမယ့် $E တွေ K တွေကျတော့ တကယ့်ဗန်းလေးနဲ့ သရုပ်တူအောင် ထည့်ပေးထားတာကို မြင်တော့ ဒီ$စရိုက်ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်က.. လူငယ်တွေ / မသုံးဖူး မရောက်ဖူးတဲ့လူငယ်တွေကို ရှေ့ဆောင်လမ်းပြလုပ်ပေးနေသလိုပဲ။

    ဗလတောင့်တဲ့ ကောင်ဆို $ခြောက်မ ဖြစ်မယ်၊ဖောက်ပြန် တာကို normalize လုပ်မယ်၊ ခိုးတယ် ဝှက်တယ် လိင်ပိုင်းဆိုင်ရာ များများ ထည့်ရိုက်ပြီး လူငယ်တွေကို သေချာ brainwash လုပ်ပေးနေသလိုပဲ။

    အပတ်တိုင်း တင်သမျှဇာတ်ကားတိုင်း poster ကြည့်ရုံနဲ့ ရွံချင်စရာတကယ်ကောင်းလှတယ် ။ ဇာတ်လမ်းက ဘာပေးချင်တာလဲ? ဘာရည်ရွယ်ချက်လဲ?

    Drama ဆိုလည်း ဘယ်လို ရသမျိုးခံစားရလဲ?

    ဒီဇာတ်လမ်းထဲမာဆို Ketamine သုံးပြီး ကားမောင်းတဲ့ ဇာတ်ကွက် ထည့်ကိုထည့်လိုက်လို့ ဘယ်ကနေစ ဆဲရမယ်တောင်မသိ ဖြစ်သွားတယ် ။

    E တွေ K တွေ သုံးဖူးတဲ့သူတွေရှိရင် နားလည်လိမ့်မယ်.. ။ လောကနဲ့ အဆက်ပြတ်တယ် ။ သီချင်းကပဲ ကို့ကို ခေါ် သွားမာ။ side effect ကတော့ ​တူတူပဲ ၊ ပုံရိပ်​ယောင်တွေဖြစ်တာမို့ သူတို့လိုနှေးသွားတာမျိုးမဟုတ်ပဲ speeding ပဲဖြစ်ကျတယ် ။

    ကားတွေတိုက်တယ် ။ လူတွေ tay တယ် ။ တကယ်နှေးမလားဆိုပြီး ကားပေါ်မတက်လိုက်နဲ့ အရှိန်တက်လာတဲ့အခါ အကုန်မာလကီးယားကုန်မယ်။

    ကုန်ကုန်ပြောရရင် မြန်မာ့ရုပ်ရှင်ဆိုတာက အောက်ကျ နောက်ကျ ဖြစ်တာမဟုတ်ဘူး ၊ နောက်ပြန်ကိုသွားနေတာ။

    $ အရည်အချင်းတစက်မှမရှိ… ၊
    တောသားတွေပေါနေလို့သာ ရပ်တည်နိုင်တာ

    – Min Thike Tun