Category: News

  • အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ယူနီကွန်းကို_ရှောင်_လို့

    စိတ်တော့ မကောင်းးးးဘူး

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ငိုတောင် ငိုနေသေးတယ်ဟ

    ပေကပ်ကပ်လုပ်တဲ့ကောင်ကတော့ သေမှာတဲ့

    အရှင်ဖမ်းခံရရင် အချိုးလေးတွေက တမျိုးနော် ငါး​ကောင်တို့

    ကြည့်ရဲမှ ကြည့်နော်

    မင်းကွန်းမှသည်… မန္တလေးဆီ

    ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF

  • ဝိုင်းမော်မှ စစ်စခန်းတစ်ခု KIA၊ KPDF သိမ်းပိုက်

    ဗန်း​မော်တွင်လည်း KIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန်

    ဝိုင်းမော်မြို့နယ်၊လမြန်ရွာအနီး၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသော စခန်းတစ်ခုကို KIA၊ KPDF က သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့​ကြောင်း စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

    လမြန်ရွာမှ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကြောင်းကို သြဂုတ်လ၂၈ရက်နေ့မှစ၍ KIA၊ KPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသြဂုတ်လ၂၉ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟုသိရသည်။

    “မနေ့ကရောဒီနေ့ရောလေကြောင်းကနေတောက်လျှောက်လာကြဲတယ်။ မပခ (​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေလည်း လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့တော့စခန်းသိမ်းလိုက်တာဟုတ်တယ်။ စကစက လကနက်ကြီးတွေ အခုထိ ပစ်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကယနေ့ည ၉နာရီခန့်တွင် ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဖက်တွင်ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်းများရော လက်နက်ခဲယမ်းများပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

    KIAက သတင်းအသေးစိတ်မထုတ်ပြန်သေးသော်လည်း စစ်ကောင်စီအရာရှိအပါအဝင် ၁၈ ထက်မနည်း ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

    ၁၈ ဦးသည် စစ်သုံ့ပန်း(သို့မဟုတ်) ရုပ်အလောင်းဆိုသည်ကို တိတိကျကျမသိရသေးပေ။

    အခြားကချင်သတင်းရင်းမြစ်တဦးကလည်း”သုံးရက်တိုက်ပွဲအတွင်း ၀ိုင်းမော်ဘက် စခ အရှင် ၈ ကောင် ဖမ်းမိထားတယ်။ လက်နက်တွေလည်းရထားတယ်”ဟု ပြောသည်။

    တိုက်ပွဲများအတွင်း KIA၊ KPDF ရဲဘော်သုံးဦးကျဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့ကြောင်းလည်းသတင်းရရှိသည်။

    အခြားသတင်းရင်းမြစ်တဦးကလည်း လမြန်ရွာ၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသည့် ဘုရားကျောင်းနေရာအား ဩဂုတ် ၂၇ရက်တွင် KIA ဘက်က သိမ်းနိုင်ခဲ့ပြီး ဩဂုတ် ၂၉ရက်တွင်ဘုရားကျောင်းအနီး လမ်းဆုံအား စစ်တပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူများ အကြားမှ သိမ်းပိုက်ခဲ့သည်ဟု အသိပေးထားသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်များ ရရှိခဲ့ပြီး လက်နက်ချသူများလည်းရှိဟု​ဖော်ပြထားသည်။

    လမြန်ရွာသည် KIAနှင့် PDFများ ထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး ယခု သိမ်းပိုက်လိုက်သည့် စခန်းနေရာတွင် စစ်‌တပ်က ပြီးခဲ့သည့်ဇွန်လမှစတင်၍ အင်အားအများအပြားဖြင့် စစ်​ကြောင်းထိုး၍တပ်စွဲခဲ့ခြင်းဖြစ်သည်။

    လမြန်ရွာပတ်ဝန်းကျင်တွင် KIA နှင့် KPDF တပ်စွဲထားသည့်နေရာများကို မကြာခဏဆိုသလို လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်ခဲ့သည်။

    ထို့အပြင် စစ်တပ်ကဝိုင်းမော်မြို့၊ခလရ(၅၈)တွင်လည်းတင့်ကားများလည်း အသင့်ပြင်ဆင်ထားခဲ့သည်။

    ဝိုင်းမော်တွင် မြေပြင်တိုက်ပွဲငြိမ်သတ်နေရာမှ စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာ၍ KIA နှင့် KPDF က မြေပြင်ထိုးစစ်ဖော်ဆောင်ခြင်းဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဧရာဝတီမြစ်ကူးတံတားခြားလျက် မြို့ချင်းဆက်နေသော မြစ်ကြီးနားနှင့်ဝိုင်း မော်မြို့တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာပြီး မပခ မှနေ၍ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

    ဩဂုတ်လ၂၄ ရက်ညက စစ်တပ်ကလက်နက်ကြီးများပစ်ခတ်စဉ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိနေအိမ်တစ်လုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

    ယခုလပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့သည် ဗန်း‌မော်နှင့်ဖားကန့်မြို့နယ်၌လည်း တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေသည်။

    ထိုအပြင်ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်းဩဂုတ် ၂၉ရက်တွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    “ညနေ ၄နာရီကနေ ဗန်းမော်ဘက် တိုက်ပွဲပြင်းထန်နေတယ်။ အခုထိ။ ငါတို့ထိုးစစ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်ကပြောကြားသည်။

    KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာမှစ၍မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ဗန်းမော်တွင် ဩဂုတ် နောက်ဆုံးပတ်၌ တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေး ဌာနက အသိပေးထားသည်။

  • ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား

    တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကစလို့ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းရွာတွေဘက် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

    အကြမ်းဖက်စစ်ကြောင်းမှာ ခမရ-၄၀၈၊ ခမရ- ၄၀၉ ၊ ခမရ-၄၁၀ နဲ့ ခလရ-၂၈၂၊ ခလရ-၂၇၃ စတဲ့ တပ်ရင်း ၅ ရင်း ပါဝင်ပြီး ခမရ-၄၀၉ တပ်ရဲ့ ဗိုလ်မှူးစိုးမိုးကျော်၊ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီး အံ့ဘုန်းကျော် နဲ့ ခလရ-၂၈၂ ဗိုလ်ကျော်မိုးခိုင်တို့ ဦးဆောင်လာတာလို့လည်း YE GUERRILLA FORCE က ပြောပါတယ်။

    စစ်အုပ်စုစစ်ကြောင်းတွေကို ဒေါနစစ်ကြောင်း -၂ (YGF)နဲ့အတူ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) ၊ ရေးသိန်းငှက်တပ်ဖွဲ့ ၊ ABSDF တပ်ရင်း-၁ ၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ ရေးဘီလူးတပ်ရင်း၊ နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) စတဲ့ တပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ဩဂုတ်လ ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ထိတွေ့တိုက်​ပွဲ အကြိမ်ကြိမ်​ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော်ထက်မနည်း သေဆုံးထားတယ်လို့လည်း သိရပါတယ်။

    “သူတို့ကတော့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းပိုင်းထိန်းချုပ်ချင်တာရော၊ ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ချင်တာရောကြောင့် စစ်ကြောင်းထိုးနေတာပါ။” လို့ YE GUERRILLA FORCE တာဝန်ရှိသူက ပြောပါတယ်။

    အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကြောင်းဝင်ရောက်ရာ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်း​တွေကို ဖောက်ထွင်းခိုးယူရင်း ၁၂ ဘီးကားတွေလည်း သယ်ဆောင်သွားခဲ့ပါတယ်။

    ဒါ့အပြင် မိုင် ၆၀ ကျေးရွာနေ အသက် ၈၀ အရွယ် အဘိုးအဘွား ၂ယောက်ကိုလည်း သတင်းမေးမရတဲ့အကြောင်းပြချက်နဲ့ သေနတ်နဲ့ ၃ ချက်ပစ်သတ်ခဲ့ကြောင်း၊ အလောင်း လာရောက်သယ်ယူတဲ့ ရွာသား ၁၀ ယောက်နီးပါးကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။

    ပုံစာ – Ye Guerrilla Force တပ်ဖွဲ့ဝင်များ

  • ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်နေကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဟုဆို

    တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ယနေ့ညနေပိုင်းက အာရက္ခတပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အကြမ်းဖက်ရေတပ်မှ တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး မီးလောင်နေကာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဆက်လက်ပြီး အပြင်းအထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

    ၎င်းတိုက်ခိုက်ရေးစစ်ရေယာဉ်မှာ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့်အဓိကပစ်ခတ်နေသော နေဗီတစ်စီးဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်မှ ပြောသည်။

    “အဲဒီနေဗီက ရွာတိုင်းကိုဒုက္ခပေးနေတဲ့နေဗီပါ။ အခုတော့ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတယ်။ ဇင်ချောင်း ပင်လယ်ကမ်းခြေကနေ မြင်ရပါကျပါတယ်။ ပင်လယ်မှာ မီးလောင်နေတာကို မြင်ရပါတယ်”ဟု၎င်းက ပြောသည်။

    ၎င်းနေဗီမီးလောင်နေသည်ကို ကုန်းပေါ်ကနေ မြင်ရပြီး မီးခိုးများဆက်တိုက်ထွက်နေသည်ဟုဒေသခံများကပြောသည်။

    မြန်မာအကြမ်းဖက်စစ်တပ်သည် ရမ်းဗြဲမြို့နယ် အစပ်ကနေ ကျောက်ဖြူအနီးထိ စစ်ရေယာဉ် (၁၀) စီးခန့်ကို ချထားကာ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု သိရသည်။

    အလားတူအကြမ်းဖက် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲများမှာ ၃ နေရာခန့်တွင် ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟုသိရသည်။

    “အခု ဖြစ်နေတာက ပြိုင်းစေ့ကေနဲ့ မင်းတက်တောင်ကြား၊ သစ်ပုတ်တောင်အနီးအနားနဲ့ပြင်ရှည်ဖက်တွေလည်း တိုက်ပွဲက ဖြစ်နေတယ်”ဟု၎င်းကပြောသည်။

    AA ထိန်းချုပ်ထားသည့် နေရာများအနီးရှိ မလကျွန်းနှင့် လိပ်ခမော်ဖက်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း၊ ပြိုင်းစေ့ကေအနီး လှုပ်ရှားနေသည့် စစ်ကြောင်းနှင့် သစ်ပုတ်တောင်ရေတပ်အနီးမှ လှုပ်ရှားစစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်နေသည်ဟု သူကပြောသည်။

    အကျဆုံးများ၍စစ်တပ်က နောက်ဆုတ်သွားပြီး တိုက်ပွဲများ တစ်ပတ်ခန့်ရပ်နားထားပြီးနောက် ယခုရက်ပိုင်းတွင်ပြန်လည်၍ ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည်ဟုသိရသည်။

  • ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတွေကို စနိုက်ဘာနဲ့ ကနဦးတိုက်ခိုက်ခဲ့တဲ့အပြင် ​တပ်ပြန်ဆုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောင်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    သြဂုတ် ၂၅ ရက် မနက် ၉ နာရီခွဲလောက်က အင်အား(၈၀)ခန့်နဲ့ ရိုးမပေါ်သို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်တပ်သားတွေကို တပ်ရင်း (၃၆၀၁)ရဲ့ စနိုက်ဘာအဖွဲ့က နှစ်ချက်ပစ်ခတ် တိုက်ခိုက်ရာ (၁)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

    အဲဒီနောက် သေဆုံးဒဏ်ရာရတပ်သားတွေကို ထမ်းစဥ်နဲ့သယ်ဆောင်ပြီး ကျောက်ကြီးတောင် စခန်းဘက်ပြန်ဆုတ်လာချိန် ပြန်ချီတက်နဲ့ ညောင်နီပင်ရွာကြားအရောက် သြဂုတ် ၂၅ ရက် ညနေ ၃ နာရီ ၄၀မိနစ်ခန့်မှာ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၅)ကပဒေသာမိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦးအပြင်းအထန်ဒဏ်ရာရသွားပြီး (၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း (၃၆၀၁) က အသိပေးပါတယ်။

    “ဒီကောင်တွေ ပြန်ဆုတ်ရင်းနဲ့ သစ်ပုတ်ရွာနားက တဲနှစ်လုံးကို မီးရှို့သွားသေးတယ်”လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။

    ဒါ့အပြင် တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က သစ်ပုတ်ရွာ တာဝါတိုင်စခန်းကုန်းဘက်ကို အင်အားထပ်ဖြည့်ထားပြီး စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်လို့ ရဲဘော်ရှဲဒိုးက ဆက်ပြောပါတယ်။

    တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ထမ်းစဥ် ၉ ခုနဲ့ ကျောက် ကြီးတောင်ဂိတ်စခန်းဘက် ပြန်သယ်သွားပြီး အဲဒီကတဆင့် ဖောကားနဲ့ မှတ္တိုင်ရွာ၊ ယင်းကတဆင့် ရွှေတောင်မြို့မှာရှိတဲ့ စစ်ဆေးရုံ ကုတင် (၁၀၀)သို့ ပို့ဆောင်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

    စစ်ကောင်စီတပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာအား တော်လှန် ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ကျည် (၂၀၀) တောင့်၊ အီနာဂါ(၁)လုံးနှင့်အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုသိမ်း ဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။