Category: News

  • Jesters: The Game Changers

    Jesters: The Game Changers

    Jesters: The Game Changers (2019)

    ​ဒီတစ်​ခေါက်ဇာတ်လမ်း​လေးက​တော့ ၂၀၁၉ခုနှစ်မှာ ပြသခဲ့တဲ့ ဒါရိုက်တာ Kim Joo-Ho ​ရေးသားရိုက်ကူးထားပြီး ဆယ်ဂျိုဘုရင်နဲ့ သစ္စာခံ​တော်ဝင်မှူးမတ်​ခြောက်ဦးအ​ကြောင်းကို အ​ခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်း​နောက်ခံဟာသဇာတ်မြူးကား​လေးတစ်ကားဖြစ်ပါတယ်။

    အဓိကဇာတ်​ဆောင်​တွေက​တော့ Cho Jin-Woong, Park Hee-Soon, Son Hyun-Joo, Ko Chang-Seok, Kim Seul-Gi, Yoon Park, Kim Min-Sukတို့ ပါဝင်ထားပါတယ်။

    ဇာတ်လမ်းအကျဥ်း

    တူဖြစ်သူနဲ့ သစ္စာခံ အမတ်​ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အ​ကြောင်းကို ​ရေးသားထားတဲ့ ​’တော်ဝင်မှူးမတ်​ခြောက်ဦး’ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့​နေတာ​ကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က ဒီကိစ္စကို ​ဖြေရှင်းဖို့ အကြံ​ပေးအမတ်ချုပ် ဟန်​မြောင်ဟွယ် (Son Hyun-Joo) ကို တာဝန်​ပေးပါ​တော့တယ်။

    ဒါ​ကြောင့် ဟန်​မြောင်ဟွယ်က အရည်အချင်းထူးချွန်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူပြက်အဖွဲ့ကို လိုက်ရှာပါ​တော့တယ်။

    ပုံ​ပြောသူ​ ဒေါ့ဟို (Cho Jin-Woong), မျက်လှည့်ဆရာ ဟုန်းချီ (Ko Chang-Seok), နတ်ဝင်သည် ဂွန်း​ဒေါ့ (Kim Seul-Gi), ပန်းချီဆရာ ဂျင်ဆန်း (Yoon Park), အကသမား ဖာဖွန်း (Kim Min-Suk) တို့ဟာ လူတစ်​ယောက်ရဲ့ ဂုဏ်သိက္ခာကို ​ပြောင်းလဲ​ပေးနိုင်တဲ့အထိ အစွမ်းထက်တဲ့ လူပြက်အဖွဲ့ဖြစ်တာ​ကြောင့် ဟန်​မြောင်ဟွယ်နဲ့ အ​ပေးအယူလုပ်ကာ ဆယ်ဂျိုဘုရင်ရဲ့ ဂုဏ်ကျက်​သ​ရေကို မြှင့်တင်ပြီး ပြည်သူအများရဲ့ ချစ်ခင်​​လေးစားမှုကို ရရှိဖို့ မျိုးစုံအကွက်ဆင်ကာ ပြည်သူ​တွေကို လှည့်စားဖို့လုပ်ပါ​တော့တယ်။

    တကယ်ပဲ ဆယ်ဂျိုဘုရင်က ခစားထိုက်တဲ့ ဘုရင်တစ်ပါးဖြစ်မလား၊ ဟန်​မြောင်ဟွယ်က​ရော ​​​သူ့အကျိုးအမြတ်အတွက် လူပြက်အဖွဲ့ကို ဘယ်လိုအသုံးချသွားမလဲ၊ လူပြက်အဖွဲ့က​ရော သမိုင်းကို လှည့်စားမလား ဒါမှမဟုတ် အမှန်တရားကိုချပြမလားဆိုတာကို ကြည့်ရှုလိုက်ရ​အောင်ပါ။

  • လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ  ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံး

    လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံး

    နတ်ရေကန်လေကြောင်းရန်စခန်းသို့ လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံးပြီးကမ္ဘာလုံးပါပြိုထွက်သွား

    စစ်အုပ်စု အဖွဲ့ဝင်များ ပိတ်မိနေသည့် အမ်း-ပဒါန်းလမ်း၊နတ်ရေကန်တောင်ပေါ်ရှိလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကို လေထီးဖြင့်ချပေးသော လက်နက်ခဲယမ်း၊စားနပ်ရိက္ခာများကိုစစ်သားများ ကောက်ယူနေစဉ်အာရက္ခတပ်တော် (AA) မှလက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်သား ၁၀ကျော်ခန့်သေဆုံးပြီး ကမ္ဘာလုံးပါ ပျက်စီးသွားသည်ဟု သတင်းရရှိသည်။

    ၎င်းအခြေအနေကို သိရှိထားသည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “နတ်ရေကန်ကို လေကြောင်းရန်ကာကွယ်ရေးတောင်ကုန်းကိုလေထီးတွေနဲ့ ဒီနေ့မနက်တစ်ကြိမ်၊နေ့လယ်တစ်ကြိမ်၊ နှစ်ကြိမ်လာချပေးတယ်။ဒုတိယအကြိမ်ပစွည်းကောက်နေတုန်းအေအေလက်နက်ကြီးတပ်ဖွဲ့ကဒရုန်း၊ လက်နက်ကြီးတွေနဲ့ ချိန်ကိုက် ပစ်ခတ်ခဲ့တာပါ”ဟု ပြောသည်။

    နိုဝင်ဘာ ၁၆ ရက် နံနက်က ပထမအကြိမ်တွင် Y12 မှ လေထီးဖြင့် ရိက္ခာထုတ်များချပေးခဲ့သလို နေ့လယ်ပိုင်းတွင် ဒုတိယတစ်ကြိမ် Y 8 ဖြင့်ချပေးခဲ့သည်ဟုဆိုသည်။

    “ပထမတစ်ကြိမ် Y12 နဲ့ချပးတော့ဘာမှ မဖြစ်ဘူး။ ဒုတိယတစ်ကြိမ် Y 8 က လေထီးတွေနဲ့ချပေးတယ်။စစ်သားတွေက ခိုအောင်းနေတဲ့ နေရာတွေကနေ ပြေးထွက်လာပြီး ပစ္စည်းထုတ်တွေကိုစုပြုံပြီးကောက်နေတုန်းAA က ချိန်သားကိုက် ပစ်ခတ်လိုက်တာပါ။ လူလည်းတစ်ဆယ်လောက် သေမယ်လို့ ခန့်မှန်းရတယ်။ စခန်းကုန်းပေါ်က ကမ္ဘာလုံးအဆောက်အဦးလည်းလက်နက်ကြီးထိပြီး ပြိုသွားတယ်”ဟု၎င်းက ဆက်ပြောသည်။

    အမ်း-ပဒါန်းလမ်းပေါ်ရှိနတ်ရေကန်တောင်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုအာရက္ခတပ်တော်ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ရက်အတန်ကြာ ၀ိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကူစစ်ကြောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တောင်ခြေနားထိ မရောက်နိုင်အောင် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ထားသည်။

    သို့အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်တောက်နေသည့် နတ်ရေကန်ဗျူဟာတောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို လေယာဉ်များမှနေ လေထီးများဖြင့် ရိက္ခာများ ချပေးနေရသည်။

    “နတ်ရေကန်တောင်မှာ ရိက္ခာက ပြတ်လပ်နေပါပြီ။ ဒါကြောင့် လေကြောင်းကနေ လေထီးနဲ့ နေ့တိုင်းလိုလို ချပေးနေရတယ်။ အေအေကလည်း အဲဒီတောင်ကို ပတ်ပတ်လည်က ဝိုင်းထားပြီး အလံဖြူထောင် လက်နက်ချဖို့ ပြောထားတယ်။ အောက်ခြေက စစ်ကူလည်း မရောက်နိုင်တော့ဘူး ဆိုရင် နတ်ရေကန်က ကြာကြာတောင့်ခံဖို့ မလွယ်ကူနိုင်ပါဘူး”ဟု ပြောသည်။

    နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းတွင် စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီး ရိက္ခာများပါ ပြတ်လပ်နေ၍ ထွက်ပြေးသူ စစ်သားများရှိနေသလို အာရက္ခတပ်တော်ထံတွင် လက်နက်ချ အလင်း ဝင်ရောက်သူများလည်း ရှိနေသည်ဟု သိရသည်။

    အကြမ်းဖက်စစ်တပ်သည် လမ်းသစ်၊လမ်းဟောင်း နှစ်ခုလုံးကိုအသုံးပြုပြီး ယခုလ အစောပိုင်းက စပြီး နတ်ရေကန်တောင်ကို ပြန်လည်ပြီးအပြင်းအထန် ထိုးစစ်ဆင်နေသော်လည်းလမ်းဟောင်းဘက်က ဗဇီကျေးရွာနှင့် လမ်းသစ်ဘက်တွင် ဂုတ်ကြီးကျေးရွာကို ရောက်ရှိမလာနိုင်ဘဲ ဝိုင်းဝန်း တိုက်ခိုက်ခံနေရသည်ဟုဆိုသည်။

    “အကြမ်းဖက်စစ်တပ် ထိုးစစ်ကတော့လမ်းနှစ်ဖက်စလုံးကဆင်နေတယ်။ဒါပေမဲ့တိုးမရောက်ဘူးဖြစ်နေတယ်။အေအေကနေရာကောင်းကနေစောင့်ဆိုင်း တိုက်ခိုက်တဲ့အတွက် တချို့စစ်ကြောင်း တချို့ဆိုရင် အကျအဆုံးများပြီး နောက်ပြန်ဆုတ်နေရတယ်”ဟု၎င်းက ပြောသည်။

    စစ်အုပ်စုသည်ထိုးစစ်အောင်မြင်မူမရဖြစ်နေသည့်အတွက် လေကြောင်းမှဂျက်ဖိုက်တာများဖြင့် အနီးအနားကျေးရွာတွေဖြစ်ကြသည့်နောင်ရွာ၊လိူင်ရွာ၊ပဇီ၊စွန်တက်၊လင်းတဲ၊ဂုတ်ကြီးစသည့်ကျေးရွာများကိုဗုံးကြဲနေမှုကြောင့်အိမ်ခြေအများအပြားနှင့်ဘာသာရေး အဆောက်ဦများ၊စာသင်ကျောင်းများလည်း ပျက်စီးဆုံးရှုံးမှုရှိနေသည်ဟုသိရသည်။

  • အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး

    အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး

    အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်နိုင်ခဲ့

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လကဘန်မြို့နယ်၊ ခလောင်ဆောင်တွန်းရပ်ကွက်မှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တဦးကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၁ နာရီမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

    အဲ့ဒီကလေးငယ်ဟာ မွေးကင်းစမိန်းကလေးဖြစ်ပြီး အဆောက်အဦတခုရဲ့ တတိယထပ်ရှိ အိမ်သာရေဆွဲခွက်အတွင်း စွန့်ပစ်ခံထားရတာဖြစ်ပြီး သတင်းပေးပို့ချက်အရ လကဘန်ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    စစ်ဆေးချက်တွေအရ ကလေးငယ်ဟာ အသက်ရှင်လျက်ရှိနေသေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူကာ ကလေးငယ် ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    Ref: Matichon , Khaosod

  • ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား

    ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား

    ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး၊ အိမ်နီးချင်းများ၏ အကူအညီတောင်းခံမှုဖြင့် ရဲတပ်ဖွဲ့က တရားခံ ခင်ပွန်းဖြစ်သူအား ဖမ်းဆီးရမိ

    သတင်းအပြည့်အစုံ

    မဲဆောက်၊ ထိုင်း – စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က မဲဆောက်မြို့အနီးရှိ မဲ့လမတ်-တာ့ကျေးရွာတွင် အိမ်ထောင်သည် မြန်မာလူမျိုးအမျိုးသားတစ်ဦးက ၎င်း၏ဇနီးဖြစ်သူ​ မြန်မာအမျိုးသမီးအား သဝန်တိုစိတ်ဖြင့် ရက်ရက်စက်စက် ဓားဖြင့်အချက် ၃၀ ထိုးသတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

    သေဆုံးသူ နှင်းအိဖြူ (၃၂ နှစ်) သည် ခင်ပွန်းဖြစ်သူ ခန့်ကျော်ထူး (၂၃ နှစ်) နှင့်အတူ သုံးခန်းတွဲအိမ်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ကြပြီး၊ နှင်းအိဖြူသည် အနီးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ ဖြစ်ပွားသည့်နေ့က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် “ကယ်ကြပါ” ဟု အော်ဟစ်အကူအညီတောင်းခံသံကို အိမ်နီးချင်းများက ကြားခဲ့ရသည်။

    အိမ်နီးချင်းများက ရဲတပ်ဖွဲ့သို့ ချက်ချင်းအကြောင်းကြားခဲ့ရာ ရဲများရောက်ရှိလာချိန်တွင် နှင်းအိဖြူမှာ ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။ ရဲတပ်ဖွဲ့ဝင်များက တံခါးဖွင့်ရန်ပြောသော်လည်း တံခါးကိုမဖွင့်ပေးဘဲနေခဲ့သည့်အတွက် အတင်းဝင်ရောက်ခဲ့ရာ ခန့်ကျော်ထူးသည် ဇနီးဖြစ်သူ၏ ရုပ်အလောင်းအား အဝတ်ဖြင့် ဖုံးအုပ်ကာ ဘေးတွင် ထိုင်နေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    အမှုအား စတင်စစ်ဆေးရာတွင် ခန့်ကျော်ထူးက ဇနီးဖြစ်သူကို သဝန်တိုစိတ်ဖြင့် သတ်ဖြတ်ခဲ့ကြောင်း ကနဦးထွက်ဆိုထားသည်။ ရဲတပ်ဖွဲ့သည် လက်ရှိတွင် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ တရားခံအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    နောက်ဆက်တွဲ သုံးသပ်ချက်

    ယခုဖြစ်ရပ်သည် မိသားစုအတွင်း အကြမ်းဖက်မှုများနှင့် သဝန်တိုစိတ်ကြောင့် ဖြစ်ပွားသည့် ပြစ်မှုများ၏ ဆိုးရွားသည့်အကျိုးဆက်များကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း ဒေသခံလူမှုရေးပညာရှင်များက ထောက်ပြပြောဆိုခဲ့သည်။

    ထိုင်းမှာမြန်မာတယောက်ကကလေးမလေးကို အချက်၃၀ထိုး tatတာတဲ့။

    ကယ်ကြပါဉီး လို့အော်ခဲ့သေးတာတဲ့။

    ဓာတ်ပုံတွေ မြင်မကောင်းဘူး

    အိမ်တွင်းအကြမ်းဖက်မှုတွေရှိရင် လက်ပိုက်မကြည့်ကြပါနဲ့ ။
    ဖြစ်စဉ်

    ထိုင်းမှာ မြန်မာမလေး အtatခံရ

    မဲဆောက်မြို့အနီး၊ မဲ့လမတ်- တာက် ကျေးရွာအနီးမှာ ခန်ကျော်ထူးအသက် 23နှစ်နဲ့ နှင်းအိဖြူ အသက် 32နှစ်တို့ဟာ ၊3ခန်းတွဲ အိမ်ခန်းတခုမှာ ဌားနေထိုင်ကြပါတယ်။ နေတာ အတော်ကြာပီလို့ သိရပါတယ်နှင်းအိဖြူတို့က နိပါတ်1အခန်းမှာ နေကြပါတယ်ရှင့်။

    နှင်းအိဖြူဟာ အနီးက ထမင်းဆိုင် တခုမှာ အလုပ်လုပ်ပါတယ်

    15ရက်နေ့ ညနေ 3နာရီလောက်မှာ ခန်ကျော်ထူးနဲ့ နှင်းအိဖြူတို့ စကားများ ကြပါတယ်။ ခနနေတော့ နှင်းအိဖြူရဲ့ ကယ်ကြပါလို့ အကူအညီ တောင်းသံကို ကြားရတော့၊ အိမ်နီးချင်းတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။

    ရဲတွေရောက်လာတော့ နှင်းအိဖြူက ဆုံးနေပါပီ ဒဏ်ရာများစွာနဲ့ ဆုံးနေတာပါ။

    တရားခံဟာ နှင်းအိဖြူရဲ့ ခင်ပွန်း ခန်ကျော်ထူးပဲ ဖြစ်ပါတယ်။

    ရဲတွေ တံခါးဖွင့်ခိုင်းတော့ ခန်ကျော်ထူးဟာ တံခါးမဖွင့် ပေးခဲ့ဘူး။

    ရဲတွေ အသာလေး တံခါးဖွင့်ဝင်တော့ ခန်ကျော်ထူးဟာ မိန်းမဖြစ်သူ နှင်းအိဖြူ အလောင်းကို အဝတ်အစားနဲ့ အုပ်ထား ပေးပီးထိုင် နေတယ်။

    လက်ရှိစုံစမ်း ရသလောက် ခန်ကျော်ထူးဟာ ၊သူ့မိန်းမကို သဝန်တိုပီး အဲလို လုပ်လိုက်တာလို့ သိရပါတယ်အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပါ

  • KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့

    KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့

    KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့ စျေးကွက်တွင် ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ စျေးရ

    အောက်တိုဘာလမှစတင်ပြီး မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့် ကမ္ဘာကျော်သော KK Park ကျားဖြန့်ဝင်းအား စီးနင်းဖောက်ခွဲဖျက်ဆီးနေရာ ထွက်ပြေးလွတ်မြောက်လာ သူများစွာရှိသလို ပြန်လည်ရှင်းလင်းပြောပြမှုများအရ ထိုဝင်းအတွင်းလူကိုယ်တွင်းအင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်အတွင်းသို့ ရောင်းချရာတွင် ခွဲစိတ်ထုတ်ယူသည့် အထူးကုဆရာဝန်များ၊ ဆေးရုံအဆောင်များရှိခဲ့သည်ဟု သိရသည်။

    ယင်းကျားဖြန့်ဝင်းအတွင်း အထင်ရှားဆုံးသော လူကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းစားသည့် ကိစ္စများထဲ ဘီလာရုစ်သူ ဗဲရာကရက်ဗ်ဆိုဗာနှင့် ကင်ညာသူ ဂရေစ်မာတာတို့ကိစ္စများဖြစ်ခဲ့သည်။

    အသက် ၂၆ နှစ်ရှိပြီဖြစ်သော ငယ်ရွယ်ချောမောသည့် ဘီလာရုစ်နိုင်ငံသူ အဆိုတော်မလေး ဗဲရာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က လစာအလွန်ကောင်းသော မော်ဒယ်လုပ်ငန်းလုပ်ရန် လိမ်ခေါ်ခံရမှု ကြောင့် ဘန်ကောက်သို့ စတင်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပင် မြန်မာနယ်စပ် ကျားဖြန့်ဝင်းသို့ ရောက်ရှိခဲ့ရကြောင်း၊ ချောမောပြီးငယ်ရွယ်သူဖြစ်သောကြောင့် ချမ်းသာသည့်နိုင်ငံတကာမှ အမျိုးသား များကို ပစ်မှတ်ထား ငွေလိမ်ရသည့်အလုပ်ကို ခိုင်းစေခံရပြီး မိခင်ဖြစ်သူသည် အောက်တိုဘာ ၄ ရက်၌သာ နောက်ဆုံးအကြိမ်အဖြစ် သမီးဖြစ်သူ ဗဲရာနှင့် အဆက်အသွယ်ရပြီးနောက် ပြန်ပေးငွေ ဒေါ်လာ ၅ သိန်းတောင်းကြပြီး မပေးနိုင်သဖြင့် ရက်ပိုင်းအကြာ၌ ကိုယ်တွင်းအင်္ဂါထုတ်ယူကာ ရောင်းစားလိုက်ပြီး အလောင်းကို မီးရှို့လိုက်ပြီဟု မက်ဆေ့ချ်ပို့လာခဲ့ သည်ဟု သိရသည်။

    ကင်ညာသူ ဂရေ့စ်မာတာသည်လည်း ၂၂ နှစ်သာရှိသေးကာ ချောမောလှပသူဖြစ် ပြီး KK Park သို့ရောက်အပြီး ၄ လအကြာတွင် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူခံရကာ ထိုင်းဘက်ခြမ်း သို့ သတိလစ်ပြီး ပြင်းထန်စွာဖျားနားပြီးရောက်ရှိလာသူဖြစ်သည်။

    မဲဆောက်တွင် အခြေစိုက်ကာ ကျားဖြန့် ဓားစာခံများနှင့် လူမှောင်ခိုကူးခံရသူများကို ကူညီကယ်ဆယ်ရေးလုပ်နေသည့် Global Alms အဖွဲ့မှ စီအီးအို Mechelle Moore က ဂရေ့စ်မတာသည် KK Park ဆေးရုံတွင် တရားမဝင် ကိုယ်တွင်းအင်္ဂါ ထုတ်ယူခံရပြီး မဲဆောက်သို့ သတိလစ်ရောက်ရှိလာကြောင်း၊ မိသားစုနှင့် တွေ့ဆုံနိုင်ရန် ဆက်သွယ်ပေး ပြီး အသက်ဆက်နိုင်ရေး အသက်ကူကိရိယာများ တပ်ဆင်ထားရှိပေးသော်လည်း မည်သို့မျှ မရှင်သန် နိုင်တော့သဖြင့် အသက်ကူကိရိယာများကို သူမကိုယ်တိုင် ဖြုတ်ခဲ့ရသည်ဟု ပူလစ်ဇာစင်တာသို့ ပြော ကြားသွားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ် ဆိုက်ဘေးရီးယားသူ ဒါရှီနီမာအိုချာနီမာယီကာကိုလည်း KK Park ကျားဖြန့်ဝင်းထဲ၌ပင် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူရောင်းစားရန် စီစဉ်ခဲ့သေးသော် လည်း ထိုင်းရှိ ရုရှားသံအမတ်ကြီး တိုမီခင်ကိုယ်တိုင် ကြားဝင်စေ့စပ်ရာမှ အောင်မြင်စွာ ကယ်ထုတ်နိုင် ခဲ့သည့် မှတ်တမ်းလည်း ရှိသည်။

    ယခုနောက်ဆုံး KK Park ကျားဖြန့်ငရဲခန်းမှ လွတ်မြောက်လာသည့် ရုရှားသူ ကေစီနာပန်တီလီဗာက မိမိ သည်လည်း ထိုင်းတွင် ဘာသာပြန်အလုပ်ဟု လိမ်ခေါ်ခံရပြီး လက်နက်ကိုင်စစ်သားများက သောင်ရင်း မြစ်ကို ဖြတ်ကျော်ခိုင်းပြီး KK Park သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ KK Park မှ ၂ မိနစ်သွားစာ အကွာအဝေး၌ ရှိသည့် Paulin ဟုခေါ်သော အဆောင်တွင် အလုပ်လုပ်ရကြောင်း၊ ထိုအဆောင်မှာ လူများကို ရိုက်နှက် နှိပ်စက်သည့်အဆောင်ဖြစ်ကာ လိမ်လည်မှုအလုပ် ကောင်းစွာမလုပ်နိုင်သူများအား ပို့ဆောင်နှိပ်စက် ရာအဆောင်ဖြစ်ကာ ထိုသို့ နှိပ်စက်သည့်တိုင်း ထပ်မသုံးမဝင်နိုင်တော့လျှင် အနီးအနားရှိ ကိုယ်တွင်း အင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်သို့ ပို့ဆောင်သည့် ခွဲစိတ်ရာ ဆေးရံဆောင်သို့ ပို့ခံရကြောင်း ပြောကြားခဲ့သည်။

    ၎င်းသည် ဘာသာပြန်မှုနှင့် လူမှုကွန်ရက်ပေါ် လိမ်လည်ပေးရမှုတွင် အသုံးကျနေသဖြင့်သာ ကံကောင်း ခဲ့ပြီး KK Park သို့ အလုပ်ဝင်ရန်နည်းမျိုးစုံဖြင့် ရောက်လာသူတိုင်းအား သွေးစစ်ခြင်းမှာ ကိုယ်တွင်း အင်္ဂါမှောင်ခိုစျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိမရှိ မှတ်တမ်းထားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု The Sun သို့ ပြောကြားသွားခဲ့သည်။

    နယူးယောက်တက္ကသိုလ် ဂရော့စ်မန်းဆေးပညာသင်ကျောင်း၏ ဇီ၀ကျင့်ဝတ်ဆိုင်ရာ ပါမောက္ခ ဒေါက်တာအာသာကက်ပလန်က ကိုယ်တွင်းအင်္ဂါထုတ်ယူပြီး မှောင်ခိုစျေးကွက်တွင် ရောင်းစားခြင်းမှာ လွယ်ကူသည့်လုပ်ငန်းမဟုတ်သောကြောင့် KK Park ကျားဖြန့်ဝင်းအတွင်း အထူးကုဆရာဝန်များ၊ ခွဲစိတ် ဆေးရုံအဆောင်များရှိမည်မှာ သေချာကြောင်း၊ အလွန်ခေတ်မီသော ပြင်ဆင်တည်ဆောက်မှုရှိမှသာ လုပ်နိုင်စွမ်းရှိသည့်အရာဖြစ်ကာ ထုတ်ယူခံရသူသည် ကျန်းမာပြီးငယ်ရွယ်ရမည်၊ ခွဲစိတ်မှုတွင် စောင့်ကြည့်ရသည့် ဆေးဘက်ဆိုင်ရာ ပညာရှင်များစွာ ပါဝင်ရသည်ဟု သုံးသပ်ပြောဆိုသွားသည်။

    တရုတ်နိုင်ငံသည် မြန်မာနှင့်အိမ်နီးချင်ဖြစ်နေခြင်းက ကိုယ်တွင်းအင်္ဂါမှောင်ခိုစျေးကွက်အတွက် လူကိုယ်တွင်းအင်္ဂါများကို အဆိုပါကျားဖြန့်ဝင်းများအတွင်း ထုတ်ယူပြီး ပေးပို့ရန် အချိန်မီနိုင်ကြောင်း၊ အချိန်မမီသည့် ဝေးလံမှုရှိလျှင် ကိုယ်တွင်းအင်္ဂါ အစားထိုးမှု မအောင်မြင်နိုင်ကြောင်း၊ ကမ္ဘာတွင် ကိုယ်တွင်းအင်္ဂါခွဲစိတ်လဲလှယ်ရန် လိုအပ်သူစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ လှူဒါန်းသူများထံမှ ရရှိ နိုင်သဖြင့် ကိုယ်တွင်းအင်္ဂါမှောင်ခိုစျေးကွက်ကြီးသည် အလွန်ကြီးထွားလာနေပြီး အများအားဖြင့် ဆင်းရဲလွန်သဖြင့် ဆန္ဒအလျှောက် ကိုယ်တွင်းအင်္ဂါ ထုတ်ရောင်သူက မှောင်ခိုစျေးကွက်၌ အများဆုံး ဖြစ်ကြောင်း၎င်းက ပြောသည်။

    ထို့နောက် KK Park ကျားဖြန့်ဝင်းအတွင်းမှ အဓမ္မ ကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းချသည့် လုပ်ငန်းများမှ ရရှိကြောင်း၊ မှောင်ခိုစျေးကွက်၌ ကျောက်ကပ်ကဲ့သို့သော ကိုယ်တွင်းအင်္ဂါ တစ်ခု တန်ဖိုးသည် ဒေါ်လာ ၁၀၀၀၀၀ မှ ၁၀၀၀၀၀၀ အထိ စျေးပေါက်သဖြင့် ကျားဖြန့်ကွန်ရက်များ၌ လိုအပ် သည့်ဝယ်လက်ရှိပါက ကိုက်ညီသူများထဲမှ ကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းစားခြင်းဖြစ်သည်ဟု သုံးသပ် ပြောဆိုသွားခဲ့သည်။

    ✍ကိုကလင်း

    Ref:Thesun