Jesters: The Game Changers

Jesters: The Game Changers

Jesters: The Game Changers (2019)

​ဒီတစ်​ခေါက်ဇာတ်လမ်း​လေးက​တော့ ၂၀၁၉ခုနှစ်မှာ ပြသခဲ့တဲ့ ဒါရိုက်တာ Kim Joo-Ho ​ရေးသားရိုက်ကူးထားပြီး ဆယ်ဂျိုဘုရင်နဲ့ သစ္စာခံ​တော်ဝင်မှူးမတ်​ခြောက်ဦးအ​ကြောင်းကို အ​ခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်း​နောက်ခံဟာသဇာတ်မြူးကား​လေးတစ်ကားဖြစ်ပါတယ်။

အဓိကဇာတ်​ဆောင်​တွေက​တော့ Cho Jin-Woong, Park Hee-Soon, Son Hyun-Joo, Ko Chang-Seok, Kim Seul-Gi, Yoon Park, Kim Min-Sukတို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်း

တူဖြစ်သူနဲ့ သစ္စာခံ အမတ်​ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အ​ကြောင်းကို ​ရေးသားထားတဲ့ ​’တော်ဝင်မှူးမတ်​ခြောက်ဦး’ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့​နေတာ​ကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က ဒီကိစ္စကို ​ဖြေရှင်းဖို့ အကြံ​ပေးအမတ်ချုပ် ဟန်​မြောင်ဟွယ် (Son Hyun-Joo) ကို တာဝန်​ပေးပါ​တော့တယ်။

ဒါ​ကြောင့် ဟန်​မြောင်ဟွယ်က အရည်အချင်းထူးချွန်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူပြက်အဖွဲ့ကို လိုက်ရှာပါ​တော့တယ်။

ပုံ​ပြောသူ​ ဒေါ့ဟို (Cho Jin-Woong), မျက်လှည့်ဆရာ ဟုန်းချီ (Ko Chang-Seok), နတ်ဝင်သည် ဂွန်း​ဒေါ့ (Kim Seul-Gi), ပန်းချီဆရာ ဂျင်ဆန်း (Yoon Park), အကသမား ဖာဖွန်း (Kim Min-Suk) တို့ဟာ လူတစ်​ယောက်ရဲ့ ဂုဏ်သိက္ခာကို ​ပြောင်းလဲ​ပေးနိုင်တဲ့အထိ အစွမ်းထက်တဲ့ လူပြက်အဖွဲ့ဖြစ်တာ​ကြောင့် ဟန်​မြောင်ဟွယ်နဲ့ အ​ပေးအယူလုပ်ကာ ဆယ်ဂျိုဘုရင်ရဲ့ ဂုဏ်ကျက်​သ​ရေကို မြှင့်တင်ပြီး ပြည်သူအများရဲ့ ချစ်ခင်​​လေးစားမှုကို ရရှိဖို့ မျိုးစုံအကွက်ဆင်ကာ ပြည်သူ​တွေကို လှည့်စားဖို့လုပ်ပါ​တော့တယ်။

တကယ်ပဲ ဆယ်ဂျိုဘုရင်က ခစားထိုက်တဲ့ ဘုရင်တစ်ပါးဖြစ်မလား၊ ဟန်​မြောင်ဟွယ်က​ရော ​​​သူ့အကျိုးအမြတ်အတွက် လူပြက်အဖွဲ့ကို ဘယ်လိုအသုံးချသွားမလဲ၊ လူပြက်အဖွဲ့က​ရော သမိုင်းကို လှည့်စားမလား ဒါမှမဟုတ် အမှန်တရားကိုချပြမလားဆိုတာကို ကြည့်ရှုလိုက်ရ​အောင်ပါ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *