Category: News

  • ၁၃ ပေါင်ရှိတဲ့ ကလေးကို ခွဲမမွေးဘဲ ရိုးရိုးမွေးခိုင်းတာ…

    ၁၃ ပေါင်ရှိတဲ့ ကလေးကို ခွဲမမွေးဘဲ ရိုးရိုးမွေးခိုင်းတာ…

    ငါ့တူမလေးကိုမှ ရက်စက်လိုက်တာ

    လူ့လောကထဲကိုရောက်တဲ့နေ့နဲ့ ထွက်သွားတဲ့နေ့ကတစ်ရက်ထဲပါပဲလားလေးလေးရယ်

    ရင်တွေနာလိုက်တာ

    2025.10.22

    ဘယ်တော့မှမမေ့မယ့်ဒီနေ့ရက်လေး အမေတူသမီးလေး သူ့အမေငယ်ငယ်ကရုပ်လေး

    တီလေးတို့တစ်မိသားစုလုံးမျက်ရည်ချောင်းစီးရတဲ့နေ့

    တစ်နေ့နေ့မှာပြန်လာခဲ့ပါကလေးရယ်

    ဒီရုပ်ကလေးနဲ့တီတို့မိသားစုထဲကိုပြန်ဝင်လာခဲ့ပါနော်

    အဲ့ကြရင်ကျမ်းကျမ်းမာမာနဲ့အသက်ရှည်ရှည်လေးနေပေးရမယ်နော်

    ချစ်တယ်ကလေးရယ်

    ညီမလေးကသူကလေးဆုံးမှန်းတောင်မသိသေးဘူး

    ပထမကလေးလဲဆုံးရှုံးထားတော့သူအရမ်း

    သူ့သမီးလေးကိုတဖွဖွမေးနေရှာတာ

    ကြောက်နေရှာမှာ ခုလည်းသူ့သမီးလေးကိုမေးနေရှာတာ

    ငါ့ညီမလေး ဘယ်ဘဝကဝဠ်ကြွေးတေလဲကွယ်

    နှစ်ကြိမ်တိတိ ကြီးများတောင်

    သမီးလေးကို ပထမဆုံးမြင်ခွင့်နဲ့နောက်ဆုံးမြင်ခွင့်ကို တစ်ရက်သာရလိုက်တဲ့

    ဖေဖေ မဖြစ်လိုက်ရတဲ့ မတ်လေးရဲ့ရင်ထဲကခံစားချက်လေး

    သူ့အမျိုးသမီးလေးကွယ်ရာမှာ သူဘယ်လိုတောင်ငိုနေရှာမလဲ

    သူတို့လေးတွေ ကြောက်သွားရှာတာ

    video ဆုံးအောင်ကြည့်ရင်နားလည်လိမ့်မယ်လို့ထင်ပါတယ်

    ကလေးလေးမွေးပီးပီးချင်းဆုံးသွားတာနဲ့

    ပတ်သက်ပီးအားလုံးကိုဒီ video လေးနဲ့ပဲပြောပြလိုက်ပါတယ်ရှင့်

    မေမေလောင်းလေးများလဲ ကျမညီမလေးလိုမဖြစ်ရအောင် တွေကြုံရတာလေးတွေမျှဝေပေးလိုက်ပါတယ်

  • ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ

    ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ

    အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရိုက်နှက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို တိုက်ကြီးမြို့နယ် ဥက္ကံနယ်မြေရဲစခန်းက ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    တိုက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာမှာ တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လေးလေးမြင့်ကို ခင်ပွန်းဖြစ်သူ ကိုကျော်လင်းထွန်းက ရိုက်နှက်ခဲ့ပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်ခြင်း မပြုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ဒေသခံတယောက်က “သူ့ယောကျ်ားကို အရပ်ထဲက ဂဏန်းလို့ခေါ်တယ်။ လက်စလက်နရှိတယ်။ သူ့မိန်းမကို ရွေးကောက်ပွဲမဝင်ဖို့ အကြိမ်ကြိမ်သတိပေးတယ်။ မရဘူး၊ နာမည်စာရင်းပါလာတော့ အိမ်မှာ ရိုက်နှက်တယ်။ ရွေးကောက်ပွဲကနေ ထွက်ဖို့ပြောတယ်။ မထွက်ရင် သတ်ပစ်မယ်ပြောလို့ မိန်းမက ရဲစခန်းတိုင်လိုက်တာ အဖမ်းခံရတယ်” လို့ ပြောပါတယ်။

    အောက်တိုဘာ ၁၇ ရက်က ဇနီးဖြစ်သူရဲ့ တိုင်ကြားချက်ကြောင့် ကိုကျော်လင်းထွန်း (ခ) ဂဏန်းကို ဥက္ကံနယ်မြေရဲစခန်းက (ပ) အမှတ် ၄၉ /၂၀၂၅ / ရွေးကာဥပဒေပုဒ်မ ၂၄ /က နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒီလိုပြဿနာတွေ ဖြစ်နေမှာပဲ။ တချို့ဆို မိဘက ရွေးကောက်ပွဲဝင်လို့ သားသမီးက အိမ်ပေါ်ကဆင်းသွားတာ၊ မိသားစုက စကားမပြောတာ၊ ဆွေမျိုးတွေက ပစ်ပယ်တာတွေ ရှိတယ်။ လူတိုင်း သူ့ခံစားချက်နဲ့သူ၊ တချို့ကလည်း အာဏာသိမ်းစစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့ ရှက်တာလည်းပါတာပေါ့။”

    စစ်ကောင်စီက အောက်တိုဘာ ၃ ရက်အထိ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံထားသူ ၆၄ ယောက် ရှိပါတယ်။

    ပထမဦးဆုံး ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၂(က) နဲ့ အမှုဖွင့်ခံရတဲ့ တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာ ၉ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • ဖူးခတ်ရှိ နာမည်ကျော် ခရီးသွားနေရာအနီးတွင် ဆိုင်ကယ်ပေါ် လိင်ဆက်ဆံခဲ့သည့် ထိုင်းဆယ်ကျော်သက်စုံတွဲကို ဖမ်းဆီး အရေးယူပေးရန် တောင်းဆိုနေကြ

    ဖူးခတ်ရှိ နာမည်ကျော် ခရီးသွားနေရာအနီးတွင် ဆိုင်ကယ်ပေါ် လိင်ဆက်ဆံခဲ့သည့် ထိုင်းဆယ်ကျော်သက်စုံတွဲကို ဖမ်းဆီး အရေးယူပေးရန် တောင်းဆိုနေကြ

    ထိုင်းနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုအများဆုံးဒေသဖြစ်သော ဖူးခတ်ရှိ လူသွားလူလာများသော ခရီးသွားလမ်းမပေါ် ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ ​ထိုင်းဆယ်ကျော်သက် စုံတွဲတစ်တွဲက မဖွယ်မရာ လိင်ဆက်ဆံမှု ပြုမူနေသည်ကို ရိုက်ကူးထုတ်လွှင့်ခံရပြီးနောက် ဒေသခံလူအများကြား ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

    ​အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်အပေါ် လမ်းသွားလမ်းလာတစ်ဦးက ဆယ်ကျော်သက်စုံတွဲသည် ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ အချစ်ဇာတ်လမ်းဆင်နေသည်ကို မှတ်တမ်းတင်ပြီးနောက် မျှဝေခဲ့ရာ လျင်မြန်စွာပင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

    ​နောက်ပိုင်းတွင် အွန်လိုင်း၌ မျှဝေခဲ့သော ထိုဗီဒီယိုဖိုင်အတွင်း ကောင်မလေးသည် ဆိုင်ကယ်ပေါ်၌ ပက်လက်လှန် လဲလျောင်းနေပြီး ကောင်လေးက သူမကို ခွလျက်သား နေရာယူထားပြီး လိင်ဆက်ဆံနေသည်ကို တွေ့ခဲ့ရရာ ထိုအပြုအမူမှာလမ်းသွားလမ်းလာများ သို့မဟုတ် လူအများရှေ့ အရှက်မဲ့သော၊ ဣန္ဒြေသိက္ခာကို ဂရုမစိုက်သောပုံ ပေါ်လွင်နေခဲ့သည်။

    ​ဗီဒီယိုဖိုင်နှင့်အတူ ပါရှိသော စာသားတွင် ​”လူငယ်စုံတွဲတစ်တွဲဟာ လူအများသွားလာနေတဲ့ လမ်းမဘေးမှာ သူတို့ဆိုင်ကယ်ကို ရပ်ပြီး စိတ်လိုလက်ရဖြစ်တဲ့ အချစ်ဇာတ်လမ်းကို စတင်ခဲ့ပါတယ်။ အမျိုးသမီးလေးက ထိုင်ခုံပေါ်မှာ ပက်လက်လှန်နေပြီး အမျိုးသားလေးကတော့အရှက်အကြောက်မရှိဘဲ သူမကို ခွထားပါတယ်။ ဒီဖြစ်ရပ်ဟာ ရာဝေရှိ Laem Phromthep ကိုသွားတဲ့ လမ်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။ သတိပေးစကား- သက်သတ်လွတ်ပွဲတော်ကာလမှာ ဒါမျိုး မလုပ်ကြပါနဲ့ “ဟု ရေးသားထားသည်။

    ထိုင်းဆယ်ကျော်သက်စုံတွဲ ဆိုင်ကယ်ပေါ် လိင်ဆက်ဆံမှုပြုခဲ့သော ထိုနေရာသည် ဖူးခတ်မူအန်းခရိုင်၊ ရာဝေမြိုနယ်ခွဲရှိ နာမည်ကျော် Sunset ကြည့်ရာ Laem Phromthep သို့သွားရာ လမ်းတစ်လျှောက်တွင် တည်ရှိပြီး ထိုင်းနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ နှစ်သက်သော ထင်ရှားသည့် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်သည်။ လူအများ မြင်နိုင်သော ထင်ရှားသည့်နေရာတွင် ထိုင်းလူငယ်စုံတွဲ၏ လိင်ဆက်ဆံသည့် အပြုအမူကို မြင်တွေ့ရခြင်းက ဒေသခံများနှင့် အင်တာနက်အသုံးပြုသူများအကြား စိတ်ဆိုးဒေါသထွက်မှုကို ဖြစ်ပွားစေခဲ့ပြီး အများစုက ရဲများကို ၎င်းတို့နှစ်ဦးအား ခြေရာခံပြီး လူအများရှေ့မဖွယ်မရာ ပြုမူမှုဖြင့် တရားစွဲဆိုရန် တောင်းဆိုနေကြသည်။

    ​”ဒါက မသင့်လျော်ရုံတင်မကဘူး၊ ဥပဒေနဲ့ပါ ငြိစွန်းတယ်။ ဘာမှမလုပ်ဘူးဆိုရင် တခြားသူတွေကလည်း ဒါကို လက်ခံနိုင်တဲ့ အပြုအမူလို့ ထင်သွားနိုင်တယ်” ဟု တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

    ​ဆိုရှယ်မီဒီယာပလက်ဖောင်းများတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားသည့် ထိုဗီဒီယိုဖိုင်သည် ယနေ့ခေတ် လူငယ်များ၏ အပြုအမူနှင့် လူမှုစံနှုန်းများ၊ ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်များကို ပေါ်လွင်စွာ လျစ်လျူရှုမှုနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော စိုးရိမ်မှုများကို ဖြစ်စေခဲ့သည်။ ဝေဖန်သူများက ထိုဖြစ်ရပ်သည် နောက်ဆက်တွဲ အကျိုးဆက်များကို မကြောက်ဘဲ လူအများ၏ အာရုံစိုက်မှုရရှိအောင် လုပ်ဆောင်သော အလေ့အထတစ်ခု ကြီးထွားလာနေခြင်းကို ရောင်ပြန်ဟပ်သည်ဟု ထောက်ပြကြသည်။

    ​Channel 7 သတင်းဌာန၏ ဖော်ပြချက်အရ ဖူးခတ်ရှိ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ချက်ကို ထုတ်ပြန်ရန် မရှိသေးသော်လည်း ဒေသခံခေါင်းဆောင်များက ဗီဒီယိုဖိုင်ကို ပြန်လည်သုံးသပ်ပြီး ဥပဒေအရ အရေးယူရန် စဉ်းစားနေကြောင်း သိရသည်။

    ​ထိုနည်းတူ ဖြစ်ပွားသည့် အခြားဖြစ်ရပ်တစ်ခုတွင်လည်း ဓာတ်ဆီဆိုင်တစ်ခုရှိ မသန်စွမ်းသူများအတွက် အသုံးပြုရန် အိမ်သာခန်းအတွင်း လိင်ဆက်ဆံမှုများ ပြုလုပ်နေသော စုံတွဲတစ်တွဲ၏ ဗီဒီယိုဖိုင်ကို ထိုင်း TikTok အသုံးပြုသူတစ်ဦးက မျှဝေပြီးနောက် လူအများ စိတ်ဝင်စားမှု ရခဲ့သည်။

    ​အောက်တိုဘာလ ၇ ရက်နေ့က ထိုအိမ်သာအတွင်း လိင်ဆက်ဆံနေသော ညစ်ညမ်း ဗီဒီယိုဖိုင် လေးခုကို တင်ခဲ့ရာ အချို့ကို ပလက်ဖောင်း၏ စည်းမျဉ်းများ ချိုးဖောက်ခြင်းကြောင့် နောက်ပိုင်းတွင် ဖယ်ရှားခံခဲ့ရသည်။ မီးရောင်ကောင်းကောင်းလင်းနေသော အိမ်သာသည် ၎င်းတို့၏ လိင်ဆက်ဆံမှု လုပ်ဆောင်ချက်များကို အပြင်မှနေ၍ ရှင်းရှင်းလင်းလင်း မြင်သာစေခဲ့သည်။ ထိုစုံတွဲကိုလည်း စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုက်တွန်းမှုများရှိခဲ့သော်လည်း ယနေ့အထိ မဖော်ထုတ်နိုင်သေးချေ။

  • ကျောက်ကပ်ရောဂါအပါအဝင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားနေရတဲ့ အမျိုးသမီး ကြီးကို ဆေးစာအုပ်တွေ၊ သောက်သုံးဆဲ ဆေးဝါးတွေနဲ့ အတူ တံတားအောက်မှာ စွန့်ပစ်ခဲ့ကြ

    ကျောက်ကပ်ရောဂါအပါအဝင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားနေရတဲ့ အမျိုးသမီး ကြီးကို ဆေးစာအုပ်တွေ၊ သောက်သုံးဆဲ ဆေးဝါးတွေနဲ့ အတူ တံတားအောက်မှာ စွန့်ပစ်ခဲ့ကြ

    ကျောက်ကပ်ရောဂါအပါအဝင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားနေရတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ဆေးစာအုပ်တွေ သောက်သုံးဆဲ ဆေးဝါး‌တွေနဲ့အတူ စွန့်ပစ်တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ တံတားအောက်မှာဖြစ်ပွားခဲ့‌တယ်လို့ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

    အဆိုပါ အမျိုးသမီးကြီးဟာ အိမ်ခြေယာမဲ့ပုံစံမျိုးထဲက မဟုတ်ဘဲ ‌‌သင့်တင့်တဲ့ အသုံးအဆောင်ပစ္စည်းတချို့နဲ့အတူ မွတ်စလင်မ်ကုသိုလ်ဖြစ် ကျောက်ကပ်ဆေးတဲ့‌ ဆေးရုံအနားမှာ လာစွန့်ပစ်တာမို့ ဆက်လက် ဆေးကုသပြုစုဖို့ အဆင်မပြေတော့တဲ့အတွက် အခုလို လာပစ်တယ်လို့ ယူဆကြောင်း ရှင်သန်ခြင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

    အဆိုပါ နာမကျန်းတဲ့ အမျိုးသမီးကြီးက အမောဖောက်နေပြီး စကားလည်းမ‌ပြောနိုင်တဲ့အတွက် လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆွေမျိုးသားချင်းတွေကို ဝိုင်းဝန်းရှာဖွေပေးခဲ့ပြီး ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    “အခက်အခဲကတော့ လူတိုင်းရှိကြမှာပါ။ ဒါပေမယ့် အခုလို လမ်းဘေး ပလက်ဖောင်းမှာ စွန့်ပစ်တာကတော့ ရောဂါရှိသူမို့ အချိန်မရွေး သေသွားနိုင်တာပေါ့။ နေဒဏ် မိုးဒဏ်နဲ့။ ဆေးစာအုပ်မှာပါတဲ့ လိပ်စာတွေ တယ်လီဖုန်းနံပါတ်တွေ ကျွန်တော်တို့ လိုက်တော့ ပထမ တစ်ကြိမ်ဖုန်းကိုင်တယ်ဗျ။ အကျိုးအကြောင်းပြောပြီး ပြန်ပို့ဖို့ပြောတာပေါ့… ကျွန်‌တော်တို့လည်း။

    စွန့်ပစ်ခံရသူအမျိုးသမီးကြီးရဲ့ ညီမဝမ်းကွဲတွေလို့တော့ ပြောပါတယ်။ နောက်တစ်ကြိမ် လာပို့နေပြီ။ လမ်းမှာမို့ နေရာအတည်ပြုဖို့ ထပ်ဆက်တော့ မကိုင်တော့ဘူး။ အဲ့ဒါနဲ့ နေရာ အတော်ရှာလိုက်ရတယ်။ တွေ့တဲ့အခါရပ်မိရပ်ဖနဲ့ ပြန်အပ်ခဲ့ပြီး သူတို့ကို မှာခဲ့ပါတယ်။ ရန်ကုန်ဆေးကြီးမှာ ကုသချင်တဲ့အတွက် လူနာရှင်အဖြစ် တစ်ရက် နှစ်ရက် နေပေးပါ။

    ကျန်တာ ကျွန်တော်တို့ ဆက်လုပ်ပါ့မယ်။ ဆေးရုံက လူနာရှင်၊ လူနာစောင့်ပါမှ လက်ခံပေးတာမို့ပါလို့ ပြောပြရတယ်။ အတော်အတန်နေကောင်းသွားလို့ ဆက်ပြီး လက်ခံမထားချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ စီစဉ်ပေးမယ့် အစီအစဉ်တွေကိုပါ ပြောပြခဲ့ပါတယ်” လို့ ရှင်သန်ခြင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

    မိသားစုဝင်‌တွေရှိလျက်နဲ့ နာမကျန်းသူတွေကို အခုလို စွန့်ပစ်တာမျိုး မပြုလုပ်ဘဲ ကိုယ်နဲ့ အနီးဆုံးမှာရှိတဲ့ ပရဟိတအသင်း‌တွေဆီက‌နေ အကြံဥာဏ်ရယူ အကူအညီတောင်းခံပေးကြဖို့လည်း ရန်ကုန် လူမှုကယ်ဆယ်ရေး အဖွဲ့ (YRO) က အကြံပြုထားပါတယ်။

  • သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း

    သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း

    သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း

    အစ္စရေးစစ်သားရှောင်ဂလပ်စ်က သမီးငယ်လေးဟင်းန်ရာဂျဘ်ကို ကျည် ၃၅၅ တောင့်ဖြင့် ပစ်ခတ်ရာတွင် အမိန့်ပေးခဲ့သူဖြစ်တယ်။

    2024 ခုနှစ် ဇန်နဝါရီလတွင် 5 နှစ်အရွ ယ် ပါလက်စတိုင်းမိန်းကလေး ဟင်န်ရာဂျဘ်ကို ကျည်ဆံပေါင်း 355 ကျော်ဖြင့် သတ်ဖြတ်ခဲ့သော အစ္စရေးစစ်သားများ၏ အထောက်အထားများကို ဖော်ပြသည့် သီးသန့်စာရွက်စာတမ်းများကို အလ်ဂျားဇီးယားကရရှိထားတယ်။

    Al-Jazeera ၏ အဆိုအရ သံချပ်ကာတပ်မဟာ 52 အစ္စရေးစစ်သားရှောင်ဂလပ်စ်နှင့် အီတေရူကရီကော့ဗ်တို့ဟာ ကားနဲ့သွားနေတဲ့ ဟင်းန်ရာဂျဘ် ၊ သူမ၏ မိ သားစုနှင့် အခင်းဖြစ်ပွားရာသို့ အပြေး အလွှားရောက်ရှိလာသော ဆေးမှူးများကို သတ်ဖြတ်ခဲ့တယ်။

    ဟင်းရာဂျဘ်ဖောင်ဒေးရှင်းက ဟင်းန်ရာဂျဘ်နှင့် သူမ၏ ကယ်ဆယ်ရေးသမားများကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးအား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်တရားရုံး ICCကို တောင်းဆိုထားသည်။

    ■ ပုဒ်မ (၁၅) အရ ဟင်းရာဂျဘ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး စာမျက်နှာ ၁၂၀ ရှိသော အမှုတွဲဖိုင်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး ICC သို့ တင်သွင်းခဲ့သည်။

    ■ သမီးငယ်အသတ်ခံရမှုအတွက် အစ္စရေးစစ်သား ၂၄ ဦးနှင့် တပ်မှူးများ၏ တာဝန်ကို အမှုဖိုင်တွင် ဖော်ပြထား။

    ■ Empire of Vampireကုမ္ပဏီ၊ 52 သံချပ်ကာတပ်ရင်းနှင့် 401 သံချပ်ကာတပ်မဟာတို့ကို စုံစမ်းစစ်ဆေးမှု တိုးချဲ့လုပ်ဆောင်ရန် ဖောင်ဒေးရှင်းက
    တောင်းဆိုထား။

    Hind Rajab Foundation

    ဟင်န်းရာဂျဘ်ကိုပစ်ခတ်မှူဖြစ်စဥ်

    ဟင်းန်ရာဂျဘ်ကို ပစ်ခတ်မှူဖြစ်စဥ်ဟာ ဂါ_ဇာစစ်ပွဲအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါ ရီလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ၅ နှစ်အရွယ် ပါ_လ_က်_စတိုင်းမိန်းကလေးငယ် ဟင်းန်းရာဂျဘ် အပါအဝင် သူ့မိသားစုဝင် ၆ ဦးနဲ့ သူ့ကို ကယ်ဆယ်ဖို့လာတဲ့ ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) မှ သူနာပြု ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်တယ်။

    ဖြစ်ပွားချိန်: ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ဂါ_ဇာစီးတီး၊ တယ်လ် အယ်လ်-ဟာဝါ ရပ်ကွက်။

    သူမနဲ့ သူ့မိသားစုဝင်တွေဟာ ဂါဇာစီးတီးကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ကားတစ်စီးနဲ့ သွားနေစဥ် အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတယ်။ ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ သူ့အန်တီ၊ ဦးလေးနဲ့ ညီအစ်ကိုဝမ်းကွဲ ၃ ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။ သူမနဲ့ သူမရဲ့ ၁၅ နှစ်အရွယ် ဝမ်းကွဲအစ်မ လာယန်တို့သာ ကျန်ခဲ့ပါတယ်။

    လာယန်ဟာ ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) ကို အကူအညီတောင်းဖို့ ဖုန်းဆက်ခဲ့ပြီး စကားပြောနေစဥ် ကားကို အစ္စရေးတင့်ကားတစ်စီးက ပစ်ခတ်နေတယ်လို့ ပြောခဲ့ပြီးနောက် ဖုန်းလိုင်း ပြတ်တောက်သွားကာ လာယန်လည်း သေဆုံးခဲ့ပါတယ်။

    နောက်တစ်ကြိမ် PRCS က ပြန်ခေါ်တဲ့အခါမှာတော့ ဟင်းန်းရာဂျဘ် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်သူအဖြစ် ဖြေကြားခဲ့ပြီး သူနာပြုတွေ လာရောက်ကူညီဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတယ်။

    PRCS က စေလွှတ်လိုက်တဲ့ သူနာပြု ၂ ဦး လိုက်ပါလာတဲ့ လူနာတင်ယာဥ်ဟာ ဟင်းရာဂျဘ်ရှိရာ ကားနားကို ရောက်ရှိချိန်မှာ ပစ်ခတ်ခံရကာ သူနာပြုနှစ်ဦးလုံး ပျောက်ဆုံးခဲ့တယ်။

    ၁၂ ရက်အကြာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အစ္စရေးစစ်တပ် ဆုတ်ခွာသွားပြီးနောက် မိသားစုဝင်တွေ ပြန်သွားရှာဖွေရာမှာ ဟိန်းရာဂျပ်ရဲ့ ရုပ်အလောင်းကို မိသားစုဝင် ၆ ဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ကားထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်။

    သူနာပြုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း သူတို့ရဲ့ ပျက်စီးနေတဲ့ လူနာတင်ယာဥ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုများ

    Forensic Architecture အဖွဲ့က စုံစမ်းစစ်ဆေးချက်အရ ဟင်းန်ရာဂျဘ်တို့ စီးနင်းလာတဲ့ ကားကို ကျည်ဆံပေါင်း ၃၃၅ တောင့်ထိ ပစ်ခတ်ထားကြောင်း တွေ့ရပြီး အစ္စရေးတင့်ကားဟာ ကားနဲ့ အလွန်နီးကပ်တဲ့ နေရာမှာ ရှိနေခဲ့တယ်လို့ ဖော်ပြထားတယ်။

    ကုလသမဂ္ဂ လွတ်လပ်သော ကျွမ်းကျင်သူများ (UN independent experts) ကလည်း ဟင်းန်ရာဂျဘ်နဲ့ သူ့မိသားစု၊ သူနာပြုတွေ သေဆုံးမှုဟာ စစ်ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပြီး အ_စ္စ_ ရေးက #ထုံးစံအတိုင်း စွပ်စွဲချက်တွေကို လက်မခံနိုင်ဘူးလို့ ရှုတ်ချခဲ့ပါတယ်။

    ဒီဖြစ်စဥ်ဟာ ဂါဇာစစ်ပွဲအတွင်း အရပ်သားတွေအပေါ် ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ လူသိများတယ်။

    ✍Soe Min