Category: News

  • ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ကားတိုက်သေဆုံး

    ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ကားတိုက်သေဆုံး

    ရန်ကုန်မြို့၊ဗဟန်းမြို့နယ်က ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရပြီး တိုက်တဲ့ကားက မောင်းပြေးသွားတယ်လို့ သွားရောက်ကူညီတဲ့ လူမှူကူညီရေးအဖွဲ့ဝင်တွေက အသိပေးထားပါတယ်။

    ကားတိုက်ခံရတဲ့ အမျိုးသမီးကတော့ ကွယ်လွန်သွားတယ်လို့ သိရပြီး မင်္ဂလာဒုံမြို့နယ် စွယ်တော်အိမ်ရာမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

    တိုက်ပြေးတဲ့ကားက ထွက်ပြေးသွားတာကြောင့် မမိလိုက်ဘူးလို့ လူမှူကူညီရေးအသင်းတွေက ဆိုပါတယ်။

    အဆိုပါအမျိုးသမီးက အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ ယာဉ်တိုက်မှုဖြစ်ချိန် အဝတ်အစားနဲ့ ကလောမြို့မှာ ရှိနေတာကို တင်ထားပါတယ်။

    ယာဉ်တိုက်မှုဖြစ်တဲ့အနားမှာ ခရီးဆောင်အိတ်တွေကိုလည်း တွေ့ရတယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပြီး သူ့ချစ်သူနဲ့ စကားများရန်ဖြစ်တာတွေရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။

    ကလောကိုခရီးထွက်ပြီးအပြန် ယနေ့ညမှာ ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှေ့ ထူ:ဆန်:စွာ ကာ:မ.တော်.တ.ဆဖြစ်ပြီး thay ဆုံ:ခဲ့သူ လင်းပြည့်အိမ်

    ယနေ့အောက်တိုဘာလ ၂၁ရက် ည တွင် ရွှေဂုံတိုင်တံတားအဆင်း ကမ္ဘာအေးဘုရားလမ်းမပေါ် ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှေ့ မှာ ထူ:ဆန်:တဲ့ ကာ:မ.တော်.တ.ဆ.မှု တစ်ခု ဖြ.စ်ပွာ:ခဲ့ပြီး အသ.က် ၂၃နှစ်အရွယ် မလင်းပြည့်အိမ် ဆိုသူ အမျိုးသမီးလေး ကို ဆေ:ရုံ.ပို့ဆောင်ခဲ့ကြပြီး မကြာမီ ဆေ:ရုံ.မှာ thay ဆုံ:ခဲ့တယ်လို့ သိရပါတယ်.

    သူမ ကာ:မ.တော်.တ.ဆ.မဖြစ်မီ အချိန်က ကားတစ်စီးပေါ်က အမျိုးသားတစ်ဦးနဲ့ စကားမျာ:တဲ့ ပုံစံမျိုး မြင်တွေ့ရကြောင်း ရည်းစားဟုထင်မြင်ယူဆရကြောင်း စကာ:များပြီး ကောင်လေး ကားမောင်းထွက်သွားချိန် ကားလမ်းမမှာ ဟိုဖြတ်လျှောက် ဒီဖြတ်လျှောက် လုပ်နေလို့ မတို-က်မိအောင် ရှော-င်မောင်:ခဲ့ရကြောင်း ပြောဆိုသူအချို့ တွေ့ရပါတယ်.

    နောက်ပိုင်း လမ်းမပေါ် လှဲ-အိ.ပ်လိုက်ချိန်မှာ တံတားပေါ်က အရှိန်နဲ့ ဆင်:လာတဲ့ကားက တ-က်ကြိ-တ်သွားပုံရတယ်လို့ ပြောသူတွေလည်း ရှိခဲ့တာပါ.

    ဒါပေမယ့် သူမနဲ့ရင်းနှီးသူမိတ်ဆွေတွေကတော့ သူမဟာ မိန်းကလေးချင်းသာ ချစ်ကြိုက်သူ တစ်ဦးဖြစ်ပြီး လက်ရှိလည်း သူမမှာ မိန်းကလေးချစ်သူသာ ရှိကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်.

    လက်ရှိမှာ တို-က်သွားတဲ့ကားက မ.မိ.လိုက်ပဲ ထွ-က်ပြေ:သွားတယ်လို့ သိရပြီး သူမရဲ့မိသားစုဝင်တွေ သိရှိနိုင်ဖို့ အသိပေးခဲ့ကြတာပါ.

    သူမမှာ လပ်ဂေ့ပါလာပြီး မှ-တ်ပုံ.တ.င်လည်းတွေ့ရသလို အိတ်နဲ့ အဝတ်အစားအကောင်းစားလေးတွေလည်း တွေ့ရပါကြောင်း. ဖုန်းကိုတော့ မတွေ့ရကြောင်း ကူညီသူတွေက ပြောခဲ့ကြပါတယ်.

    သူမ ရဲ့ အကော.င့်မှာတော့ လွန်ခဲ့တဲ့ ၁၀နာရီကျော်က လ.က်ရှိမ.တော်.တ.ဆဖြစ်တဲ့အကျီနဲ့ပဲ နောက်ဆုံ: ပို့. တင်ခဲ့တာတွေ့ရပြီး ပုံအရ ကလောမှာ ရှိနေခဲ့တာဖြစ်ပါတယ်.

    သူမနဲ့ရင်းနှီးသူက ကလောသွားတယ်လို့ပဲသိထားတာ အခုညဖြ.စ်သွာ:တဲ့ ကိစ္စ အဖြ.စ်မှ.န် အမြ.န်ပေါ်.ပါစေလို့ ဆုတောင်းပါတယ်လို့ စိတ်မကောင်းစွာ ပြောပြခဲ့တာတွေ့ရပါတယ်.

    ဒါပေမယ့် သီးသန့်အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    “၆ ခွဲလောက်ကတောင် ကားပေါ်က တွေ့ခဲ့သေးတယ်။ သူ့ကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ။ ကားဟွန်းတီးလည်းမဖယ်ဘူး။ အဲ့အတိုင်းပဲ ‌ဖြည်းဖြည်းလေးသွားနေတာ။ လမ်းကို ဟိုဘက်ကူး ၊ ဒီဘက်ကူးနဲ့ ၊ လိုင်းကားနဲ့တိုက်မိမလိုဖြစ်သေးတယ်။ ဘရိတ်အုပ်တာတော်တော်မြန်သွားလို့ရယ်”လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

    “အားလုံးအထင်မှားကြသလို ရည်းစားကိစ္စ မဟုတ်ပါဘူးတဲ့”

    အကုန်တာဝန်ယူပီး လုပ်ပေးမယ်လို့ မနေ့ညထဲကပြောထားတာကို သူတို့လုပ်မယ်ဆိုပီး ဆေးရုံမှာ တရားနာတယ် ခန်းမ မငှါးထားပဲ ဖစ်သလိုသဂြိုလ်လိုက်တယ်။

    လုပ်ရက်လိုက်ကြတာ ဓာတ်ပုံပန်းတွေ စာရွက်ကအစအကုန်လုပ်ပေးထားပီးမှ ဆေးရုံကတူတူ ထွက်တာကို ငါ့တို့ကားကို မစောင့်ဘဲ သဂြိုလ်လိုက်ပီတဲ့လား လွယ်လိုက်တာ။

    မီးမီး ရေအကောင်းဆုံးတွေလုပ်ပေးချင်တာကို မမ ခဏလေးနောက်ကျနေတာပါ ရက်စက်တယ် အန်တီတို့ရယ်။

    သူဒီလောက်ကောင်းပေးခဲ့တာကို နောက်ဆုံးခရီးက ဒီလိုမျိုး ဖစ်သလို လုပ်ပေးမယ် မထင်ထားတာ။

    ယုံမိတာ ငါ့အမှားပဲ မလုပ်ပေးချင်လဲ သူ့ကိုချစ်တဲ့သူတွေ ရှိတယ်နော် တော်တော်ရက်စက်ကြတဲ့မိသားစု…

    “မိသားစုပြသာနာ စိတ်ဒဏ်ရာတွေကြောင့် မူးအောင်သောက်ပစ်ရင်း ဒီလိုတွေဖစ်ကုန်တာ ဘာရည်းစားကြောင့်မှမဟုတ်ဘူး လင်ဒရူးလို့လုပ်တယ့်ပုံစံတွေတင်နေကြတာ”…

    Credit- Htal War

  • ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြောင့် ဖားကန့်ကျောက်ဝိုင်းတွေ ဝရုန်းသုန်းကားဖြစ်

    ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြောင့် ဖားကန့်ကျောက်ဝိုင်းတွေ ဝရုန်းသုန်းကားဖြစ်

    ဖားကန့်မြို့နယ်၊ မှော်စီဆာရွာကျောက်ဝိုင်း နဲ့ လုံးခင်းကျောက်ဝိုင်းအနီးမှာ ယ​နေ့ည​နေ သေနတ်ပစ်ခတ်သံတွေကြားလို့ ကျောက်ရောင်းဝယ်သူတွေနဲ့ ဒေသခံတွေ ဝရုန်းသုန်းကားထွက်ပြေးခဲ့ကြရပါတယ်။

    အောက်တိုဘာလ ၂၂ ရက် ည ၆ နာရီကျော်မှာ သေနတ်ပစ်ခတ်သံတွေ ကြားတာလို့ ဒေသခံတွေကပြောပါတယ်။။

    “မှော်စီဆာရော ၊လုံးခင်းကျောက်ဝိုင်းရော။အကုန်‌ ပြေးကြရတာပဲ။ကျောက်ဝိုင်းဘက်က အပြင် တခြားနေရာတွေကနေလည်း သေနတ်ပစ်သံတွေကြားနေရတယ်။ရုတ်တရက်ကြီးဖြစ်တာ”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

    ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး သေနတ်ပစ်ခတ်သံတွေဆက်တိုက်ထွက်ပေါ်လာတာလို့ ဒေသခံတချို့ကပြောပါတယ်။

    ဖားကန့်မှာ ယခုရက်ပိုင်းစစ်တပ်နဲ့ KIA၊ KPDF ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားသံမကြားရပေမယ့်အောက်တိုဘာလ၂၁ရက်မနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

    ဒီနေ့ညမှာတော့ ဖားကန့်ရဲ့နေရာ ၅နေရာထက်မနည်းမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။

    ရုပ်သံ-​ဒေသခံ

  • ဘယ်သူ Tay” ရှေ့ဆက်သွားမယ် ဆိုတဲ့ ဥက္ကာမင်းမောင်

    ဘယ်သူ Tay” ရှေ့ဆက်သွားမယ် ဆိုတဲ့ ဥက္ကာမင်းမောင်

    ဥက္ကာမင်း​မောင် ကိုယ်တိုင်လဲ Casino အ​ပျော်တမ်း​​​ဆော့ပါတယ်..Las Vegas က အခုပဲပြန်လာတာ..

    Vegas မှာ လာလည်တဲ့ လူ​တွေ နည်းတာမဟုတ်ဘူး အများကြီး.. ​​လောင်းကစားကို ​ဆော့ချင်တဲ့သူ​တွေ​ဆော့ကြ.. ဘဝပျက်​အောင်မ​ဆော့နဲ့.. လမ်း​ဘေး​ရောက်တဲ့ဘဝဖြစ်​အောင်မ​ဆော့နဲ့.. ဘဝပျက်ရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ..

    ငါက​တော့ ယုံကြည်စိတ်ချရတဲ့ Online Casino App ​တွေဆို ​ကြော်ငြာရိုက်ကူး​ပေးမှာပါပဲ..

    နိုင်ငံခြားအ​ခြေစိုက် ကုမ္ပဏီ​တွေက ငါ့ကို တကူးတက​ရွေးပြီး ယုံကြည်လို့ ​ကြော်ငြာအပ်နှံတာ​ လက်တွဲလုပ်ခွင့်ရတာ ကျေးဇူး​တောင်တင်​သေး..

    1XBet က Cyprus နိုင်ငံ အ​ခြေစိုက် ကုမ္ပဏီ.. စာချုပ်က ၃ လ အနည်းဆုံးချုပ်မှာ.. စာချုပ်မပြီးမချင်း တခြား Online Casino ​ကြောငြာ ရိုက်ကူးခွင့်မရှိ..

    ထိုင်းအ​ခြေစိုက် Online Casino ကုမ္ပဏီ ၂ ခုလဲ 1XBet နဲ့ စာချုပ်ပြီးချိန်ကို ထိုင်​စောင့်​နေ​သေးတယ်..

    မှန်ကန်တဲ့ ကုမ္ပဏီဖြစ်ရင်ပြီး​ရော..အရင်စုံစမ်းတယ်..​လေ့လာတယ်.. အ​လျော်အစား ကျွန်​တော်နဲ့ မဆိုင်ပါ.. ​​​ဘယ်သူ့​ငွေကိုမှ အတင်းညှစ်ပြီးအ​ကောင့်ဖွင့်ခိုင်းပြီး ​ဆော့ခိုင်းမ​နေပါ..

    မော်ဒယ်အ​နေနဲ့ ​ကြော်ငြာ​ပေးခြင်းသီးသန့်ဖြစ်ပါတယ်..

    ကျားဖြန့်နဲ့လဲ မပက်သက်ပါ..နိုင်ငံ​ရေးနဲ့လဲ မပက်သက်ပါ..

    ငါ့အလုပ်ငါဆက်လုပ်မယ်.. ​

    နောက်ထပ် ဘယ် Online Casino ကုမ္ပဏီမဆို ဥက္ကာမင်း​မောင်နဲ့ လက်တွဲချင်တယ်ဆို Welcome ပါ… ​

    ကိုယ်တိုင်က​​​တော့ ​လောင်းကစားနဲ့ ကံကိုပါတာ..

    လူတစ်​ယောက်နဲ့တစ်​ယောက် ထီ​ပေါက်တဲ့ကံပါတာ မပါတာခြင်း မတူသလိုပဲ​လေ..

    ထီလဲ ဆု​သေးကျွန်​တော် ခဏခဏ​အကြိမ်​ပေါင်းမ​ရေမတွက်နိုင်​အောင် ပေါက်ပါတယ်.. ထီဆုကြီး​ပေါက်ရင်​တော့ အလှူအတန်းကြီးလုပ်ပစ်ဦးမှာ..

    အရက်၊​ ဆေးလိပ်၊​​ ဆေး ​ခြော_က်၊ လောင်းကစား အကုန်လာငှားရင် ရိုက်မှာပါပဲ..​

    Lollipop ဆေး​ခြော_က်ဆိုင်​ကြော်ငြာ Thai မှာ ​ရောက်တုန်းရိုက်ကူး​ပေးခဲ့ပါ​သေးတယ်..

    ကျွန်​တော်က ​​နေ့တိုင်း ဆေး​ခြော_က်မ​သောက်​တတ်ပါ.. ​သောက်ဖူးပါတယ်.. မ​သောက်တာကြာ​ပေါ့.. ​

    ကြော်ငြာရိုက်ရတဲ့အတွက် ​ဝေဖန်တ္ကိုလဲ ဂရုမစိုက်တတ်ပါ..

    ကျွန်​တော်က Very Openminded ပါ..

    ​အရက်လဲ Cocktail ပဲ​သောက်တယ်..၂ ခွက်​လောက်ပဲ..အရက်​ကြော်ငြာလာငှားလဲ ရိုက်မှာပါပဲ..

    အသည်းကျွမ်း​အောင်​သောက်ကြရင် ကိုယ့်အပြစ်နဲ့ကိုယ်..

    Screenshot

    ဆေးလိပ် လုံးဝ မ​သောက်တတ်​ပေမယ့် ​ဆေးလိပ်​ကြော်ငြာလာငှားလဲ ရိုက်ကူးမှာပါပဲ..

    ကင်ဆာရတဲ့အထိ ​သောက်ရင်​တော့ ကိုယ်တိုင်က ​စော_က်သုံးမကျမှု​လေ..

  • Google ကို ပြိုင်ရန် AI browser   ChatGPT ထုတ်

    Google ကို ပြိုင်ရန် AI browser ChatGPT ထုတ်

    ပြိုင်ဘက် Google လိုမျိုး browser တခု ChatGPT ရဲ့ OpenAI ဟာ AI စွမ်းအင်သုံး web browser ကို ဖော်ပြခဲ့ပါတယ်။

    ChatGPT Atlas လို့ အမည်ပေးထားတဲ့ browser ဟာ address bar မပါဘဲ search ကိုပဲ အဓိက feature အနေနဲ့ သုံးထားတယ်လို့ ဆမ်အော့မန်က ပြောပါတယ်။

    ဒီ browser ကို အင်္ဂါနေ့ကျရင် Apple ရဲ့ Mac OS မှာ စတင်အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

    OpenAI ဟာ AI နည်းပညာနဲ့ ငွေရှာနိုင်မဲ့ နည်းလမ်းအသစ်တွေ ရှာဖွေနေပြီး အသုံးပြုသူတွေ တိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။

    Atlas မှာ ငွေပေးပြီးသုံးရတဲ့ paid agent mode ပါဝင်ပြီး အဲဒါက ChatGPT ကို ငွေပေးသုံးသူတွေအတွက် ဖြစ်တယ်လို့ OpenAI က ဆိုပါတယ်။

    အဲဒီသူတွေက chatbot ကို သုံးနိုင်မှာဖြစ်ပြီး ရှာဖွေမှု လျင်မြန်သလို browsing လုပ်တဲ့အချိန်မှာ ပိုပြီး အသုံးဝင်ပါတယ်။

    အသုံးပြုသူတွေကို chatGPT က Etsy နဲ့ Shopify တို့လို Booking Services တွေ လုပ်လို့ရတဲ့ e-commerce ပါတနာတွေ ထည့်ဝင်ထားတယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။

    ဒီလအစောပိုင်းက OpenAI ရဲ့ DevDay မှာ အော့မန်က ChatGPT ကို အသုံးပြုသူ အရေအတွက် သန်း ၈၀၀ အထိ ရောက်ပြီဖြစ်ပြီး ဖေဖော်ဝါရီလကနေ သန်း ၄၀၀ အထိ တိုးတက်လာတယ်လို့ ပြောထားပါတယ်။

    အွန်လိုင်းရှာဖွေမှုတွေမှာ Google က သူတယောက်တည်း လွှမ်းမိုးထားတယ်လို့ ကြေညာပြီး တနှစ်အကြာမှာ OpenAI က Browser အသစ်ထုတ်ပြီး စိန်ခေါ်မှုတွေ စတင်ခဲ့တာပါ။

    လက်ရှိအချိန်မှာ အွန်လိုင်းအသုံးပြုသူတွေဟာ ChatGPT လိုမျိုး LLM မော်ဒယ်ကို အသုံးပြုပြီး ရှာဖွေမှုတွေ ပြုလုပ်လာတာက ဇူလိုင်လမှာဆိုရင် ၅ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ရှိလာကာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆ ပိုပြီး တိုးတက်လာတာ ဖြစ်ပါတယ်။

    Google ဟာ AI နည်းပညာမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပြီး AI နည်းပညာသုံး ဖြေဆိုမှုတွေနဲ့ ရလဒ်ဖော်ပြမှုတွေကို ဦးစားပေး ရည်ရွယ်ထားပါတယ်။

    လက်ရှိ ChatGPT ရဲ့ Atlas browser ဟာ Mac OS အတွက်ပဲ Download လုပ်ခွင့် ပေးထားတာ တွေ့ရပါတယ်။

    Source: Reuters

  • စစ်တပ်ဝင်စီးသဖြင့် ထိုင်းနိုင်ငံဘက်ကို ကျားဖြန့်လုပ်သားများ ထွက်ပြေး

    စစ်တပ်ဝင်စီးသဖြင့် ထိုင်းနိုင်ငံဘက်ကို ကျားဖြန့်လုပ်သားများ ထွက်ပြေး

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် KK Park ရှိ ကျားဖြန့်ငွေလိမ်ရာဇဝတ်ဂိုဏ်း လုပ်ငန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် အောက်တိုဘာ ၂၂ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံနဲ့ အင်အားသုံး ဝင်ရောက်စီးနင်းတဲ့အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ကျားဖြန့်လုပ်သား ၅၆ ယောက် ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။

    အခုဝင်ရောက်စီးနင်းတဲ့ ကျားဖြန့်လုပ်ငန်းဝင်းအတွင်းမှာ တရုတ်နိုင်ငံသားအများစုအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစတဲ့ နိုင်ငံပေါင်း ၃၀ လောက်က လူအယောက် ၂,၀၀၀ လောက် ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၉ ရက်ကလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ဆိုက်ဘာငွေလိမ်ခြံဝင်းထဲက အဆောက်အအုံတခုကို စစ်တပ်က အယောင်ပြ စီးနင်းမှုတရပ် လုပ်ဆောင်ခဲ့ပြီး Star Link ဆက်သွယ်ရေးပစ္စည်းတချို့ကို သိမ်းဆည်းပြခဲ့ပါတယ်။

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြော

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းငွေလိမ်ကျားဖြန့်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြောဆိုလိုက်ကြောင်း AFP က သတင်းက ဖော်ပြသည်။

    စတားလင့် အင်တာနက် ဝန်ဆောင်မှု ပေးနေသော SpaceX ကုမ္ပဏီက မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများတွင် အသုံးပြုနေသည့် Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက် ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် Starlink ဂြိုလ်တုအင်တာနက်ကို အများအပြား အသုံးပြုလာကြကြောင်း သိရှိရသည်။

    “SpaceX က မြန်မာနိုင်ငံရှိ သံသယရှိသော ‘ကျားဖြန့်စင်တာအနီးတစ်၀ိုက်မှ Starlink စက် ၂၅၀၀ ကျော်ကို ဖော်ထုတ်ပြီး ပိတ်ပင်လိုက်ပါတယ်” ဟု SpaceX ၏ Starlink ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က ပြောဆိုသည်။

    လတ်တလော အကြမ်းဖက်စစ်တပက် KK Park ကို ဝင်ရောက်စီးနင်းပြီး Starlink terminals အလုံး ၃၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့သည်။

    မြ၀တီ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းရန်ရှိသောကြောင့် တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားသား ၃၀၀ ကျော် နှင့် ပြည်တွင်းအလုပ်သမားများ ရာချီ ထွက်ပြေး၊ KK Park ကို စီမံခန့်ခွဲနေသော BGF က ဂိတ်ဖွင့်ပေးထား

    ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ KK Park ကျားဖြန့်ရုံများကို အကြမ်း ဖက် စစ်တပ်က ဝင်ရောက်စီးနင်းရန် ရောက်ရှိနေပြီး နိုင်ငံခြားသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း နယ်စပ်မှ ကရင်သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြဝတီမြို့ တောင်ဘက်ရှိ KK Park ကျားဖြန့်ရုံများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းရန် ရောက်ရှိနေခြင်းကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၃၀၀ ​ကျော် ထွက်​ပြေးတိမ်း​ရှောင်နေကြောင်း သိရသည်။

    လက်ရှိချိန်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံဘက်သို့ ကမ်းကူးရန် လုပ်ဆောင်နေပြီး KK Park ကို စီမံခန့်ခွဲနေသော BGF တပ်ဖွဲ့ကလည်း KK Park အတွင်းရှိ တံခါးများနှင့် ဂိတ်များကို ဖွင့်ပေးထားကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် ၈ နာရီမှာ မြဝတီ​မြို့​ တောင်ဘက်မှာရှိတဲ့ KK Park ကျားဖျန့်ရုံကို စစ်​တပ်က ဝင်​ရောက်စီးနင်းဖို့ ရောက်နေတယ်လို့ သိရတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် အခြားနိုင်ငံခြားသား ၃၀၀ ​ကျော် ထွက်​ပြေးတိမ်း​ရှောင်နေတယ်။ KK Park ဝင်စီးတော့မယ်ဆိုပြီး BGF က တံခါး တွေဖွင့်ပေးထားတယ်လို့ သိရတယ်။ တရုတ်တွေ ထိုင်းတွေ ကမ်းကူဖို့ လှေဂိတ်တွေ ဘက် ဆင်းလာနေတယ်။ ထိုင်းဘက်ခြမ်းကိုတော့ မကူးရသေးဘူး။ စစ်တပ်နဲ့ BGF က KK park ဆိုဒ် နားမှာပဲ ရှိ နေတယ်” ဟု ကရင် သတင်ရင်းမြစ်က ပြောဆိုသည်။

    KK Park ကို စွန့်ခွာလာသော နိုင်ငံခြားသားများအနက်မှ ထိုင်းနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ပြန်လည် ခေါ်ယူနေပြီး အခြားနိုင်ငံခြားသားများကို ကူးခွင့်မပေးကြောင်း၊ ပြည်တွင်းမှ မြန်မာများမှာမူ မြ၀တီမြို့ နှင့် ရွှေက္ကိုလ်ဘက်သို့ သွားရန် ကြိုးစားနေကြကြောင်း သိရှိရသည်။

    “မြဝတီ မြို့ဘက်ကို သွား နေကြတယ်။ထိုင်းဘက်က ပေးမဝင်ဘူး။ ကမ်းကူးမခံဘူး။ အချို့ တရုတ် တွေ ကို BGF က ကားတွေနဲ့ ခေါ်ထုတ် နေတယ်။ ထိုင်း တွေ က တော့ ထိုင်းဘက်ကို ထိုင်းစစ်တပ် မမြင် တဲ့ ဂိတ် တွေ ဘက်ကနေ ပြန်ကူး ပေးနေ တယ်။ ထိုင်း ၁၅၀ ကျော် ထိုင်းဘက် ပြန် ရောက်သွားပြီ လို့ သိရတယ်” ဟု ကရင်သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိခဲ့ကြောင်း ၊ Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။