ဖားကန့်မြို့နယ်၊ မှော်စီဆာရွာကျောက်ဝိုင်း နဲ့ လုံးခင်းကျောက်ဝိုင်းအနီးမှာ ယနေ့ညနေ သေနတ်ပစ်ခတ်သံတွေကြားလို့ ကျောက်ရောင်းဝယ်သူတွေနဲ့ ဒေသခံတွေ ဝရုန်းသုန်းကားထွက်ပြေးခဲ့ကြရပါတယ်။

အောက်တိုဘာလ ၂၂ ရက် ည ၆ နာရီကျော်မှာ သေနတ်ပစ်ခတ်သံတွေ ကြားတာလို့ ဒေသခံတွေကပြောပါတယ်။။

“မှော်စီဆာရော ၊လုံးခင်းကျောက်ဝိုင်းရော။အကုန် ပြေးကြရတာပဲ။ကျောက်ဝိုင်းဘက်က အပြင် တခြားနေရာတွေကနေလည်း သေနတ်ပစ်သံတွေကြားနေရတယ်။ရုတ်တရက်ကြီးဖြစ်တာ”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး သေနတ်ပစ်ခတ်သံတွေဆက်တိုက်ထွက်ပေါ်လာတာလို့ ဒေသခံတချို့ကပြောပါတယ်။

ဖားကန့်မှာ ယခုရက်ပိုင်းစစ်တပ်နဲ့ KIA၊ KPDF ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားသံမကြားရပေမယ့်အောက်တိုဘာလ၂၁ရက်မနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

ဒီနေ့ညမှာတော့ ဖားကန့်ရဲ့နေရာ ၅နေရာထက်မနည်းမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။
ရုပ်သံ-ဒေသခံ


Leave a Reply