Category: News

  • မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅

    မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဓာတ်တိုင်မှ နေအိမ်အဝင် လျှပ်စစ်မီးကြိုးများ ခိုးဖြတ်ခံနေရကြောင်း သိရသည်။

    ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူခံရမှုများမှာ လျှပ်စစ်မီးပျက်ချိန်များအပြင် မီးလာနေချိန်များပါ ခိုးယူခံနေရသလို ထရန်စဖော်မာမှ မီးကြိုးများလည်း အခိုးခံနေရကြောင်း သိရသည်။

    “မီးကြိုး ဖြတ်ခိုးတာတွေ တော်တော်များလာတယ်၊ ကြိုးတွေက ဈေးကောင်းနေတော့ သူခိုးအကြိုက်ဖြစ်နေတာ၊ ကျနော်တို့ အိမ်ဆိုရင် မီးလာနေတုန်း ဖြတ်ခိုးတာ သိသိချင်းလိုက်တော့ ပါသွားပြီ၊ မီးပြန်ရဖို့ ပြန်ဝယ်၊ မီးသမားခေါ်နဲ့ ပိုက်ဆံကုန်တဲ့ အပြင် အလုပ်တွေပါ ရှုပ်ကုန်တာပေါ့၊ ၄ သိန်းကျော်လောက် ကုန်သွားတယ်”ဟု မီးကြိုးဖြတ်ခိုးခံရသူတဦးက ပြောသည်။

    စက်တင်ဘာ ဒုတိယပတ်အတွင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆ လမ်းနှင့် ၉လမ်းထောင့်ရှိ ထရန်စဖော်မာမှ မီးကြိုးများကို မီးပျက်ချိန် ဖြတ်၍ ခိုးယူခံခဲ့ရသောကြောင့် ရပ်ကွက်နေထိုင်သူများ ကိုယ်တိုင် မီးကြိုးများ ဝယ်ယူ၍ EPC ဝန်ထမ်းများ အား ခေါ်ယူကာ ပြင်ဆင်ခိုင်းခဲ့ရကြောင်း၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် ၅၈ လမ်းထောင့်ရှိ ထရန်စဖော်မာ မီးကြိုးများလည်း ဖြတ်၍ ခိုးယူခံရကြောင်း သိရသည်။

    ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူနေသူတဦး ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်တခု ချမ်းမြသာစည်မြို့နယ်တွင် ယခုလဆန်းပိုင်းက ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ဓာတ်ကြိုးလာခိုးရာမှ ဓာတ်တိုင်ပေါ် တက်၍ ဝါယာကြိုးဖြတ်သူမှာ ဓာတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ပုံစာ-အိမ်သို့ သွယ်တန်းထားသော မီးကြိုးအား ဖြတ်သွားပုံ/CJ

  • လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    စက်တင်ဘာလ ၂၅ ရက်

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ယနေ့ ( ၇ ) နာရီ ( ၁၀ )မိနစ်ဝန်းကျင်အချိန် ၌ ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲသံအကျယ်ကြီး ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing Info သို သတင်းပေးပိုလာပါသည်။

    ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။

    ပြည်သူများပေးပို့‌လာသော ပေါက်ကွဲမှုသတင်းများကို လုံခြုံရေးအရ အချိန်နှင့် တပြေညီ မတင်ပြနိုင်မှုအတွက် တောင်ပန်းအပ်ပါသည်။

    #HlaingInfo

  • စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ်

    စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ်

    နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
    စက်တင်ဘာ ၂၅ ရက်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားတွင် ကျင်းပသည့် “ကမ္ဘာ့အနုမြူ သတင်းပတ်ဖိုရမ်” ကို လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်ပြုခံလို၍ တက်ရောက်နေခြင်းဖြစ်ပြီး အဆိုပါဖိုရမ်သည် မည်သူမဆို ဝင်ကြေးပေး၍ တက်ရောက်နိုင်သည့် ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

    စစ်ခေါင်းဆောင်သည် ယနေ့ စက်တင်ဘာ ၂၅ မှ ၂၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးစဥ်အဖြစ် ရောက်နေသော်လည်း ယင်းဖိုရမ်သည် ‌ယူရို‌ငွေပေးကာ တက်၍ရသလို အထူးလျော့ဈေး လည်းရှိကြောင်း သိရသည်။

    “ရုရှားဖိုရမ်ကို သွားတက်တာ အလကားမဟုတ်ဘူး။ ယူရို ၂၂၀၀ ပေးရတယ်။ ရုရှားက ဒီလိုပွဲတွေနဲ့ပဲ ပိုက်ဆံရှာနေတာလား ဆိုကြတယ်။ လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်ပြုခံချင်၊ လူရာဝင်ချင် တာကိုး။ ပိုက်ဆံပေးရလည်း ပေးမှာပေါ့” ဟုအဆိုပါဖိုရမ်နှင့်ပတ်သက်၍ သိရှိထားသူ သတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။

    ရုရှားနိုင်ငံသည် အဆိုပါဖိုရမ် တက်ရောက်ခွင့်အတွက် နိုင်ငံတိုင်းကို ကဏ္ဍစုံကုန်ကျစရိတ် VAT (အခွန်) မပါ တက်ရောက် သူတစ်ဦးလျင် ယူရို ၂၅၀၀ သတ်မှတ်ထားပြီး အဖွဲ့အစည်းတစ်ခုတည်းမှ ကိုယ်စားလှယ် သုံး ဦးနှင့်အထက် တက်ရောက်ပါက အထူးလျှော့စျေး ယူရို ၂၂၀၀ သာ ပေးရမည်ဟု ဆိုထားသည်။

    “ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်” ဖိုရမ်သို့ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုမြူစွမ်းအင် နှင့်ဆိုင်သည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည်လည်း သက်မှတ်ထားသော ကုန်ကျစရိတ် ပေးချေ၍ တက်ရောက်ခွင့် ရရှိကြောင်းသိရသည်။

    ထို့သို့ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်သူများကို အနုမြူပြပွဲသို့ သွားရာက်လေ့လာခွင့်၊ အထူးဖိတ်ကြားချက် မလို အပ်သော ကွန်ဂရက်ပွဲများတွင် ပါဝင်တက်ရောက်ခွင့်၊ သတင်းအချက် အလက်ဆိုင်ရာ ပံ့ပိုးမှုနှင့် ဖိုရမ်၏ အချက်အလက်ဆိုင်ရာ စာရွက်စာတမ်းများ ပေးမည်ဖြစ်ကြောင်း သိရသည်။

    ယင်းအပြင် အဆိုပါဖိုရမ်၏ တရားဝင် အီလက်ထရောနစ်စာရင်း၊ ကုမ္ပဏီအမှတ်တရ လက်ဆောင် ပစ္စည်းများ၊ ကမ္ဘာ့အနုမြူသတင်းပတ်ဖွင့်ပွဲနေ့ ညစာစားပွဲတွင်ပါဝင်တက်ရောက်ခွင့်၊ ဖိုရမ်ပိတ်ပွဲတွင် ပြုလုပ်မည့် ဧည့်ခံပွဲ စသည်တို့အား ရုရှားနိုင်ငံက ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

    ရုရှားနိုင်ငံတွင် ပြုလုပ်သည့် ယင်းကမ္ဘာ့အနုမြူသတင်းပတ် ဖိုရမ်ကိုသာမက ယခင်အစည်းအဝေး များတွင်လည်း တက်ရောက်ပါဝင်လိုလျှင် သတ်မှတ်ငွေကြေးများ ပေးဆောင်ရပြီး စစ်ခေါင်းဆောင် အနေဖြင့် အာဏာသိမ်းပြီးနောက် မကြာခဏ သွားရောက်လျက်ရှိသည်။

    စစ်ကော်မရှင်ကမူ ထိုခရီးစဉ်တွင် စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ပူတင်အပါအဝင် တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံ၌ မဟာဗျူ ဟာမြောက် ပူးပေါင်းမှုများ ပိုမိုဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ဖော်ပြထားသည်။

    ဓာတ်ပုံ- MOI

    ပုံစာ-စစ်ခေါင်းဆောင်က ရုရှားနိုင်ငံသို့ ရောက်ရှိစဉ် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးကို လက်ဖက်၊ လက်ဖက်ရည်၊ ငါးသလောက်ပေါင်းတို့ဖြင့် ပြန်လည်ဧည့်ခံနေစဉ်။

  • ပြည်မြို့တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်

    ပြည်မြို့တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်

    စက်တင်ဘာလ ၂၄ ရက်

    ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အထက ၄ ကျောင်းအနီးရှိ မီးသတ်တပ်ဖွဲ့စခန်းတွင် အ သက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက်အောက်ခံ ရာအိမ် မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

    စက်တင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြည်မြို့၌ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အ.ထ.က ၄ ကျောင်း နှင့် ရွာဘဲနယ်မြေအုပ်ချုပ်ရေးမှုးရုံး အကြား တည်ရှိသည့် တပ်စု ၁၆ အရန်မီး သတ်တပ်ဖွဲ့ စခန်းတွင် အသက် ၁၂ နှစ်အရွယ်ခန့်ရှိ ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟု စွပ်စွဲဖမ်းဆီးကာ စစ် တပ်လက်အောက်ခံ ရာအိမ်မှူး နိုင်ကြီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ရာ ကလေးငယ်မှာ မေ့မျောသွားကြောင်း၊ ညပိုင်းတွင် ပြည်မြို့ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အချိန်မီ ဆေးကုသခွင့်မရသော ကြောင့် ကလေးငယ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း သိရ သည်။

    “အသက် ၁၂ နှစ်ခန့် အရွယ် ယောင်္ကျားလေး ကလေးငယ်တစ်ဦးကို မီးသတ်တပ်စုမှူးနဲ့ မီးသတ်ရဲ ဘော်တွေက ကေဘယ် ဝါယာကြိုး အမာ၊ ရာဘာလက်ကိုင်တုတ်၊ လူသေစေနိုင်တဲ့ အခြားလက်နက် တွေနဲ့ ဝိုင်းဝန်းရိုက်သတ်ဖြတ်ခဲ့ကြပါတယ်။ လူမမယ်ကလေးငယ်သေးဆုံးသွားပြီးတော့ သန္ဓေပင် သင်္ချိုင်း အဟောင်းအနီးကို ကားနဲ့ သယ်သွားပြီး ကလေးငယ်အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

    ရာအိမ်မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်သတ်ဖြတ်ခံရသည့်ကလေးငယ်မှာ ပြည်မြို့၊ သန္ဓေ ပင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မိခင်၊ ဖခင်တို့ မရှိပဲ အမဖြစ်သူနှင့်သာနေထိုင်သူဖြစ်ကြောင်း၊ က လေးငယ်ကို ဖုန်းခိုးသည်ဟု စွပ်စွဲသတ်ဖြတ်ခဲ့သော်လည်း ကလေးငယ်မှာ ခိုးယူတတ်တတ်သည့် အလေ့အကျင့်မရှိကြောင်း သိရသည်။

    ကလေးငယ်သေဆုံးမှုနှင့် ပတ်သက်၍ မီးသတ်တပ်စုမှူး ရာအိမ်မှူး နိုင်ကြီး အပါအဝင် မီးသတ်တပ် ဖွဲ့ဝင် ၁၂ ဦးခန့်ကို ပြည်မြို့အမှတ် ၂ ရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။

    ဓာတ်ပုံ- ပြည်မြို့တွင် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
    #KTM
    #HlaingInfo

  • SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ?

    SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ?

    ဂျီဂျီ/MFP၊

    လူပေါင်း(၂၀၀)ကျော်‌ သေဆုံးကာ ပျောက်ဆုံးသူတွေရှိသေးတဲ့ မန္တလေးအောင်မြေသာစံမြို့နယ်က sky villa ကွန်ဒိုရဲ့ ငလျင်လှုပ်ချိန်အတွင်းပိုင်းရုပ်သံမှတ်တမ်းတခု ကိုMFPကဖော်ပြလိုက်ပါတယ်။

    အင်အားပြင်းငလျင်ကြီး စတင်လှုပ်တာ မတ်လ ၂၈ ရက် ၊မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀မိနစ် ၊ ၅၄ စက္ကန့်မှာဖြစ်ပါတယ်။ ပထမအကြိမ် ငလျင်လှုပ်ခတ်တဲ့ ကြာချိန်ဟာ တစ်မိနစ် ဝန်းကျင် ရှိတာဖြစ်ပြီး Sky Villa ကွန်ဒိုဟာ စက္ကန့်ပိုင်းမှာတင် ဝုန်း ကနဲပြိုကျခဲ့တာကို ယခု CCTV မှတ်တမ်းမှာ မြင်ရမှာပါ။

    ဒီCCTV မှတ်တမ်းဟာ ကွန်ဒိုမှာရှိတဲ့ A ဆောင်၊ ၁၀ လွှာက မှတ်တမ်းဖြစ်ပါတယ်။

    မတ် ၂၈ ရက်ငလျင်ကြီးအတွင်းလူပေါင်း ၄၀၀၀ ဝန်းကျင်
    သေဆုံးခဲ့ရာမှာ Sky Villa ဟာလူအသေအပျောက်အများဆုံးနဲ့ဆုံးရှုံးမှုအကြီးဆုံး အဆောက်အဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    #Mandalay_Free_Press_MFP #မန္တလေး #skyvilla #Earthquake