SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ?
ဂျီဂျီ/MFP၊
လူပေါင်း(၂၀၀)ကျော် သေဆုံးကာ ပျောက်ဆုံးသူတွေရှိသေးတဲ့ မန္တလေးအောင်မြေသာစံမြို့နယ်က sky villa ကွန်ဒိုရဲ့ ငလျင်လှုပ်ချိန်အတွင်းပိုင်းရုပ်သံမှတ်တမ်းတခု ကိုMFPကဖော်ပြလိုက်ပါတယ်။
အင်အားပြင်းငလျင်ကြီး စတင်လှုပ်တာ မတ်လ ၂၈ ရက် ၊မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀မိနစ် ၊ ၅၄ စက္ကန့်မှာဖြစ်ပါတယ်။ ပထမအကြိမ် ငလျင်လှုပ်ခတ်တဲ့ ကြာချိန်ဟာ တစ်မိနစ် ဝန်းကျင် ရှိတာဖြစ်ပြီး Sky Villa ကွန်ဒိုဟာ စက္ကန့်ပိုင်းမှာတင် ဝုန်း ကနဲပြိုကျခဲ့တာကို ယခု CCTV မှတ်တမ်းမှာ မြင်ရမှာပါ။
ဒီCCTV မှတ်တမ်းဟာ ကွန်ဒိုမှာရှိတဲ့ A ဆောင်၊ ၁၀ လွှာက မှတ်တမ်းဖြစ်ပါတယ်။
မတ် ၂၈ ရက်ငလျင်ကြီးအတွင်းလူပေါင်း ၄၀၀၀ ဝန်းကျင်
သေဆုံးခဲ့ရာမှာ Sky Villa ဟာလူအသေအပျောက်အများဆုံးနဲ့ဆုံးရှုံးမှုအကြီးဆုံး အဆောက်အဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
#Mandalay_Free_Press_MFP #မန္တလေး #skyvilla #Earthquake

Leave a Reply