Category: News

  • ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်

    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီး ဝင်ရောက်လာ သော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

    စက်တင်ဘာလ ၁၁ ရက်နေ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (တနင်္သာရီ) ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်သို့ ဝင်ရောက်လာသော အာဏာသိမ်း အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိ ခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

    ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုးအစား သေတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည်ဆံ ၆၅၉ တောင့် ၊ ခွဲဗုံး ၂ လုံးနှင့် ကျည် ဘောက်၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ၊ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုးအစား သေတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည်ဆံ ၆၅၉ တောင့် ၊ ခွဲဗုံး ၂ လုံးနှင့် ကျည် ဘောက်၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရရှိသော အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏လက်နက်ခဲယမ်းများ။

  • သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲ

    သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲ

    ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

    မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

    ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်မှာ ညောင်ပင်သာရွာထဲကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ​ဖြစ်ပါတယ်။

    “သေဆုံးတာက လူကြီး ၄ ယောက်၊ ကလေးတစ်ယောက်သေတယ်။ အဲထဲမှာ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၁ ယောက်၊ ကလေးတစ်ယောက်သေတယ်။ ကျန်တာတော့ သေသေချာချာ မသိရသေးဘူး။ ညောပင်သာရွာကတော့ ရှေ့တန်းစစ်မြေပြင်နဲ့ အရမ်းနီးတဲ့ရွာပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ဒီနေ့ နေ့လည် ၄ နာရီဝန်းကျင်မှာလည်း လမ်းလယ်ကျစ်ကျေးရွာအနီးတစ်ဝိုက်ကို Y-12 လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေတယ်လို့ သူကဆက်ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာလည်း စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ကမ်းပါနီကျေးရွာထဲကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာလည်း သပိတ်ကျင်း မြို့နယ် ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရပြီး ကလေးငယ်(၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅)ဦးအပါအဝင် အရပ်သား (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဇရပ်ကွင်းကျေးရွာအနီးရှိ ကျေးရွာတွေနဲ့ ၇ မိုင်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    စစ်ကောင်စီတပ်ဘက်ကတော့ သပိတ်ကျင်းမြို့နယ်ထဲမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    လေကြောင်းတိုက်ခိုက်မှုသတင်း

    သပိတ်ကျင်း

    13.9.2025 ရက်နေ့တွင် သပိတ်ကျင်းနယ် လမ်းလယ်ကျစ် အနီးသို့ တံတားဦးတက် Y12 တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု့ ( 10 ) ကြိမ်ပြုလုပ်သွားပြီး ဗုံးသီးအလုံးရေ ( 31 )လုံးကျဲချသွားကြောင်းသတင်းရရှိပါသည်။

    1As 3:51 = 3လုံး

    2As3:54 = 3လုံး

    3As3:58 = 3လုံး

    4As4:09= 5လုံး

    5As4:13 = 3လုံး

    6As4:21 = 5လုံး

    7As4:27 = 3လုံး

    8As4:32 = 3လုံး

    9As4:38 = 2လုံး

    10As4:44 = 1လုံး

    13.9.2025, 4:52 pm

    ✈️Takhon✈️

  • ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ

    ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ

    ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ

    မြောက်ကိုရီးယားအစိုးရဟာ ပြည်ပရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုပြီး မျှဝေတာ ကြောင့် ဖမ်းဆီးမိတဲ့သူတွေအတွက် သေဒဏ်အမိန့် ဖော်ဆောင်တာ ပိုလုပ်လာတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

    ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတဲ့ မြောက်ကိုရီးယား အာဏာရှင်တွေဟာ ပြည် သူတွေကို အဓမ္မ ခိုင်းစေမှုတွေ ပြုလုပ်ကာ လွတ်လပ်ခွင့်တွေကို ကန့်သတ်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    ပြီးခဲ့သောဆယ်စုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံသားတွေအပေါ် ထိန်းချုပ်မှုတွေ တင်းကျပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။

    “မျက်မှောက်ကမ္ဘာမှာ ဘယ်အခြားပြည်သူတွေကမှ အခုလိုမျိုး ကန့်သတ်ချက်တွေ တင်းကျပ်ခံ ရတာမရှိပါဘူး။ ပြည်သူတွေအပေါ် စောင့်ကြည့်မှုတွေ ပိုမို ပြုလုပ်ခဲ့ပါတယ်” လို့ အစီရင်ခံစာက ဆိုပါ တယ်။

    ယခုအခြေအနေ ဆက်ဖြစ်နေပါက မြောက်ကိုရီးယားပြည်သူတွေဟာ ဒုက္ခသုတ်ခ၊ ရက်စက် သော ဖိနှိပ်မှုနဲ့ ကြောက်ရွံ့မှု ပိုမို ကြုံတွေ့ခံစားရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

    သေဒဏ်အမိန့်ကို မကြာခဏ အသုံးပြုတယ်လို့ ပြီးခဲ့သော ၁၀ နှစ်အတွင်း မြောက်ကိုရီးယားမှ လွတ်မြောက်လာသူတွေနဲ့ အင်တာဗျူး ၃၀၀ ကျော်ကို အခြေခံတဲ့ အစီရင်ခံစာက တွေ့ရှိခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်နောက်ပိုင်း သေဒဏ်အမိန့် ချမှတ်နိုင်တဲ့ ဥပဒေသစ် ၆ ခုထက်မနည်း ပြဌာန်းခဲ့ပြီး သေဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုတစ်မျိုးမှာ ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတာနဲ့ မျှဝေတာ ဖြစ်တယ်လို့ သိရပါတယ်။

    နိုင်ငံခြားဇာတ်လမ်းအကြောင်းအရာတွေ ဖြန့်ဖြူးမှုကြောင့် ကွက်မျက်မှုတွေ ပိုရှိခဲ့တယ်လို့ မြောက်ကိုရီးယားမှ လွတ်မြောက်လာသူတွေက ကုလသမဂ္ဂ သုတေသီတွေကို ပြောပါတယ်။

    ပြည်သူတွေကြား အကြောက်တရား သွတ်သွင်းဖို့ ဥပဒေချိုးဖောက်သူတွေကို အဖွဲ့လိုက် သေ နတ်နဲ့ပစ်ခတ်ပြီး ကွက်မျက်တာတွေ ရှိခဲ့တယ်လို့ ၎င်းတို့က ဆိုပါတယ်။

    ကိုးကား – BBC

    Ref; North Korea executing more people for watching foreign films and TV, UN finds

  • ဒုတိယဝန်ကြီးချုပ် ၂ ဦးအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ ကြံ့ခိုင်ရေးပါတီသို့ ပြောင်းကာ အစိုးရဖွဲ့ရန် ကြံစည်

    ဒုတိယဝန်ကြီးချုပ် ၂ ဦးအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ ကြံ့ခိုင်ရေးပါတီသို့ ပြောင်းကာ အစိုးရဖွဲ့ရန် ကြံစည်

    စစ်ခေါင်းဆောင် တရားမဝင်ကျင်းပမည့် ရွေးကောက် ပွဲသို့ဝင်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် စစ်ကော်မရှင် အရာရှိကြီးများ ကြိုးပမ်းနေကြကြောင်း သိရသည်။

    အဆိုပါ စစ်အရာရှိကြီးများထဲတွင် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် စစ်တပ်မှ အငြိမ်း စားယူပြီး ကြံ့ခိုင်ရေးပါတီ(USDP)သို့ဝင်ကာ ရွေးကောက် ပွဲဝင်ပြိုင်မည့် စစ်အရာရှိကြီးများစာရင်း ထွက်ပေါ်လာကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်မှ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၃) ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ တို့ပါဝင်ပြီး ၎င်းတို့သည် USDP ပါတီနှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲ၌ စစ်တပ်အရာရှိများ တပ်မှအနားယူကာ ပါတီရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ပြီး စစ်သက်တမ်းအာဏာ ထပ်တိုးရန် ကြံစည်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    စစ်ခေါင်းဆောင်အပါအဝင် စစ်အရာရှိများသည် ၎င်းတို့ ပူးပေါင်းကြံစည်ထားသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရသစ်ကို အာဏာ လွှဲပြောင်းပေးမည်ဟု ပြောဆိုကာ ၎င်း၏ အမိန့်အာဏာတည်စေသော စစ်အရာရှိကြီးများကိုရွေး၍ ရွေးကောက်ပွဲကျင်းပရန် ပြုလုပ်လာခြင်းဖြစ် သည်။

    နယ်မြေမတည်ငြိမ်သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်ကော်မရှင်က စိုးမိုးမှုရယူနိုင်ရန် အင်အားအလုံးအရင်းသုံး၍ စစ်ကြောင်းထိုးပြီး နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာသည်။

    စစခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီး စစ်ကောင်စီဖွဲ့ကာ ခြောက်လ တစ်ကြိမ် အာဏာသက်တမ်းတိုးလာပြီးနောက် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီအဖွဲ့ကို ရုတ်သိမ်းပြီး စစ်ကော်မရှင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

    ထိုသို့ပြောင်းလဲဖွဲ့စည်းရာတွင် ဗိုလ်ချုပ်ကြီးအောင်လင်ဒွေး၊ ဗိုလ်ချုပ်ကြီးညိုစော၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ လေးဦးကို စစ်ဘက်ရာထူးများမှဖယ်ရှားကာ အရပ်ဘက်သို့ စစ်ခေါင်းဆောင်က ပြောင်းရွှေ့ခဲ့သည်။

    စစ်ခေါင်းဆောင်က ၎င်းကိုယ်တိုင် ရွေးကောက်ပွဲကို စီမံခန့်ခွဲ၍ စစ်တပ်အာဏာဆက်လက်တည်တံ့ ရေးအတွက် အကွက်ချလှုပ်ရှားမှုများ ပြုလုပ်ထားပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် စစ်ဘက် အရာရှိကြီးများကို ပါတီဝင်ခွင့်ပြုကာ ရွေးကောက်ပွဲသို့ ဝင်ပြိုင်ခိုင်းရန် ညွှန်ကြားမှုရှိသည်ဟု သိရသည်။

    အထက်ပါ စစ်ဘက်ရာထူးမှ အနားပေးခံထားရသည့် အရာရှိများမှာ စစ်ကော်မရှင်နှင့် စစ်ကော်မရှင်နှင့် အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) တွင် အရေးကြီးသည့် ရာထူးနှင့် လုပ်ဆောင်မှု များတွင် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။

    ပုံစာ-စစ်ဗိုလ်ချုပ်ကြီးများ

  • ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေ

    ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေ

    ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေမှု ဖြစ်ပွား

    ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်က လင်ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေပဲ မိန်းမဖြစ်သူကလည်း ဒီနေ့စက်တင်ဘာ ၁၃ ရက်နေ့မှာ ငမိုးရိပ်ချောင်းထဲကိုခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ဒီနေ့မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ငမိုးရိပ်တံတားပေါ်မှာ ဖိနပ်တရံနဲ့ဖုန်းတလုံးကို ချန်ရစ်ကာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။

    “မနက် ၁၁ လောက်က ဖြစ်တာ။ ကျွန်မတို့သွားကြည့်တော့ ပရဟိတ ဖွဲ့တွေရောက်နေပြီ။ ချောင်းထဲ စက်လှေတွေတော့ ရောက်နေပြီ။ ရေစီးကတော့ သန်တယ်။ အသက်ရှင်ဖို့ထက် Dead Body တွေ့ဖို့ မနည်းရှာရမယ်ထင်တယ်။ အရင်သူ့အမျိုးသားလည်း အဲ့ဒီနေရာကနေပဲ ခုန်ချသွားတာလို့ ပြောတယ်။ သနားဖို့ကောင်းပါတယ် ” လို့ ဖြစ်စဉ်ကိုသိသူအမျိုးသမီးတဥိီးက ပြောပါတယ်။

    “ဖုန်းဆက်လို့ သွားတော့ လူကိုမတွေ့ရတော့ဘူး။ ရေစီးကလည်းသန်တယ်။ ကယ်ဆယ်ရှာဖွေရေးပစ္စည်းကလည်း မစုံတာရယ်ကြောင့် ရှာဖွေဖို့မဖြစ်နိုင်လို့ ရှာဖွေမှုမလုပ်ခဲ့ဘူး။ ကျွန်တော်ယူဆချက်အရတော့ သေဖို့များပါတယ်။ အခုခုန်ချတဲ့ကောင်မလေးက စိတ်ဒဏ်ရာလည်းရှိနေတယ်။ ဘာလို့ဆို လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက သူ့ယောကျ်ားလည်းဒီတံတားပေါ်ကနေ ခုန်ချသေသွားတာ။ အဲဒီကတည်းက ကလေးမလေးက စိတ်ဒဏ်ရာရသွားတဲ့ပုံစံပါ။ သိပ်လက်မခံချင်ခဲ့ဘူး။ အခုတော့သူရောလိုက်ခုန်ချသွားတယ်။” လို့ မြေပြင်ကူညီဖို့သွားရောက်ခဲ့သူတယောက်ကပြောပါတယ်။

    လက်ရှိမှာ ကောင်မလေးရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရရှိပြီး ကျန်ရစ်ပစ္စည်းတွေကို အပ်နှံကာ ရဲစခန်းမှာအမှုဖွင့်ဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။

    “ကောင်မလေးပြုတ်ကျသွားတုန်းက ပေါ်လိုက်မြုပ်လိုက်ဖြစ်နေပြီးတော့မှ ရေစီးနဲ့ပါသွားတာလို့သိရတယ်။ ရေစီးကသန်တော့မျောသွားပြီပေါ့။ သေဖို့ကများပါတယ်။ ရှာဖွေရေးလည်းမလုပ်နိင်ဘူး။ သူ့ယောကျ်ားသေကတည်းက စိတ်ကျပြီးခုလိုလုပ်သွားတာသိရတယ်။” လို့ မြေပြင်ရောက်ရှိခဲ့သူတယောက်ကပြောပါတယ်။

    “ခလေးမလေးက Capital Hyper Market မှာ အလုပ်လုပ်တယ်ပြောတယ်။ ပြီးခဲ့တဲ့ တလကျော်တုန်းကလည်း သူခုန်ချတဲ့ နေရာမှာပဲ သူအမျိုးသာဖြစ်သူက သူ့လိုပဲခုန်ချ အဆုံး-စီ-ရင်သွားခဲ့တာ။ အဲ့စိတ် နဲ့ စိတ်ဓာတ်ကျနေတာ ကြာပြီ။ ခုက သူအမျိုးသားနောက်ကို လိုက်သွားတာ ထင်ပါတယ် ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

    လက်ရှိမှာ ကူညီကယ်ဆယ်ရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေးမလုပ်တော့ဘဲ အလောင်းပြန်ပေါ်လာမယ့် သုံးရက်ကြာမှသာ မြစ်ကြောင်းတလျှောက်မှာ လှေနဲ့ရှာဖွေမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

    အဆိုပါ ကောင်မလေးရဲ့ အမျိုးသားက စက်တင်ဘာလ ၂ ရက်နေ့တုန်းကပဲ ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချသတ်သေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

    ဓာတ်ပုံ – aung ye thu