ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်မှာ ညောင်ပင်သာရွာထဲကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ​ဖြစ်ပါတယ်။

“သေဆုံးတာက လူကြီး ၄ ယောက်၊ ကလေးတစ်ယောက်သေတယ်။ အဲထဲမှာ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၁ ယောက်၊ ကလေးတစ်ယောက်သေတယ်။ ကျန်တာတော့ သေသေချာချာ မသိရသေးဘူး။ ညောပင်သာရွာကတော့ ရှေ့တန်းစစ်မြေပြင်နဲ့ အရမ်းနီးတဲ့ရွာပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ဒီနေ့ နေ့လည် ၄ နာရီဝန်းကျင်မှာလည်း လမ်းလယ်ကျစ်ကျေးရွာအနီးတစ်ဝိုက်ကို Y-12 လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာလည်း စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ကမ်းပါနီကျေးရွာထဲကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာလည်း သပိတ်ကျင်း မြို့နယ် ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရပြီး ကလေးငယ်(၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅)ဦးအပါအဝင် အရပ်သား (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဇရပ်ကွင်းကျေးရွာအနီးရှိ ကျေးရွာတွေနဲ့ ၇ မိုင်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သပိတ်ကျင်းမြို့နယ်ထဲမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လေကြောင်းတိုက်ခိုက်မှုသတင်း

သပိတ်ကျင်း

13.9.2025 ရက်နေ့တွင် သပိတ်ကျင်းနယ် လမ်းလယ်ကျစ် အနီးသို့ တံတားဦးတက် Y12 တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု့ ( 10 ) ကြိမ်ပြုလုပ်သွားပြီး ဗုံးသီးအလုံးရေ ( 31 )လုံးကျဲချသွားကြောင်းသတင်းရရှိပါသည်။

1As 3:51 = 3လုံး

2As3:54 = 3လုံး

3As3:58 = 3လုံး

4As4:09= 5လုံး

5As4:13 = 3လုံး

6As4:21 = 5လုံး

7As4:27 = 3လုံး

8As4:32 = 3လုံး

9As4:38 = 2လုံး

10As4:44 = 1လုံး

13.9.2025, 4:52 pm

✈️Takhon✈️

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *