Category: News

  • ဖုန်းဆိုင်မှာ ခြိမ်းခြောက်တဲ့ တပ်ကြပ်ကြီးဆိုသူ ဖမ်းဆီးခံရ

    ဖုန်းဆိုင်မှာ ခြိမ်းခြောက်တဲ့ တပ်ကြပ်ကြီးဆိုသူ ဖမ်းဆီးခံရ

    စစ်တပ်ကြပ် အစစ်မဟုတ်ဘူးလို့ စစ်လော်ဘီတွေက သတင်းဖြန့်

    မန္တလေးတိုင်း၊ မေမြို့က ဖုန်းဆိုင်တဆိုင်မှာ ဝန်ထမ်းတွေကို “ တစ်ဆိုင်လုံးကို PDF တွေပါဆိုပြီး ဖမ်းပြီး ဆွဲထည့်ထားလို့ရတယ်” လို့ ခြိမ်းခြောက်ခဲ့သူ စစ်အုပ်စု တပ်ကြပ်ကြီးအဆင့် စိုးဝင်း ဆိုသူကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။

    ဒီလူဟာ စစ်သားအယောင်ဆောင် ဖြစ်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

    အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းအရ ထိုလူဟာ တပ်ကြပ်ကြီးဖြစ်ကြောင်း အော်ဟစ်ခြိမ်းခြောက်နေတာကြောင့် ဒီလိုအမူအကျင့်ကို စစ်အုပ်စု စစ်စစ်တွေကသာ လုပ်လေ့ရှိပြီး စစ်တပ်နဲ့ ရင်းနှီးဆက်စပ်မှု မရှိသူတွေကတော့ လုပ်မှာမဟုတ်ဘူး လို့ ဖေ့ဘုတ်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပေးပါတယ်။

    စစ်လော်ဘီတွေကတော့ CCTV ကိုမျှဝေတဲ့ Thi Ha ဖုန်းဆိုင်ကိုပါ ဖမ်းဖို့ စစ်တပ်ကို လှုံဆော်နေပြီး ဒါဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

    နစ်နာသူကို ကာကွယ်ရမဲ့အစား ထပ်မံခြိမ်းခြောက်လာတာပဲ ဖြစ်ပြီး ဒါက တပ်ကြပ်ကြီးစိုးဝင်း မူးပြီးရမ်းကားတာထက် ပိုဆိုးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

    ပြည်သူကို ခြိမ်းခြောက်တဲ့ ရုပ်သံဖိုင် ပြန့်နှံ့လာပြီးနောက် စစ်အုပ်စုက ပြန်လည် ဖမ်းဆီးထားတဲ့ တပ်ကြပ်ကြီးအဆင့် စိုးဝင်း/Photo – စစ်အုပ်စု

  • ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်

    ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်

    “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြံအစည်က ဘာလဲ ”

    လွန်ခဲ့တဲ့နှစ်က ဒေါက်တာဇော်မြင့်မောင် ထောင်ထဲမှာ ကျန်းမာရေးမကောင်းဘူး ဆိုတဲ့ သတင်း အပြင်ထွက်လာတယ် ။

    သတင်းတွေထွက်လာပြီး မကြာခင်မှာ ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေးလိုက်တယ်။ ရက်ပိုင်းမှာတင် ဆုံးသွားတယ်။

    ပြီးတော့ စာရေးဆရာ မောင်သာချိုကို လွှတ်ပေးလိုက်တယ်။ သိပ်မကြာခင်မှာ ဆုံးသွားတယ်။

    ဆရာမောင်သာချိုဟာ အာဏာမသိမ်းခင်က ကျန်းမာရေး ဒေါင်ဒေါင်မြည်သူတစ်ယောက်ပါ။

    မြန်မာပြည်သူတွေကို ဉာဏ်အလင်းတံခါးဖွင့်ပေးတဲ့ စာပေဟောပြောပွဲတွေမှာ ဟောပြောနေရင်း အာဏာသိမ်းချိန်မှာ အဖမ်းခံခဲ့ရတာပါ။

    ဆရာမောင်သာချို လွတ်လာချိန်မှာ ကျန်းမာရေးက မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆရာမောင်သာချိုနဲ့ ရင်းနှီးသူတွေက ကျွန်တော့်ကို ပြောပြပါတယ်။

    အမေစု နှလုံးရောဂါ ခံစားနေရပြီး စိုးရိမ်ဖွယ်အခြေအနေမှာ ရှိနေတယ် ဆိုတဲ့ သတင်းဟာ အမေစုရဲ့သားငယ် ကင်မ်အဲရစ်က နိုင်ငံတကာသတင်းဌာနတွေကို ပြောပြလို့ တစ်ကမ္ဘာလုံး သိရတဲ့သတင်းပါ။

    ကောင်းပြီ။

    “အမေစု ကျမ်းမာရေးမကောင်းဘူးဆိုတဲ့သတင်းကို ကင်မ်က ဘယ်လိုသိသလဲ …?”

    “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ”

    ဆိုသလို အာဏာသိမ်းစစ်တပ် အသိုင်းအဝန်းထဲကနေ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းပေးလိုက်တာပါ။

    “အမေစု ကျန်းမာရေးမကောင်းဘူးလို့ ဘာ့ကြောင့် သေသေချာချာ သတင်းဖွသလဲ ….?” ဆိုရင်…..

    အာဏာသိမ်းစစ်တပ်ဟာ အမေစုရဲ့ ညာလက်ရုံးကြီး ဒေါက်တာဇော်မြင့်မောင်အတိုင်း ကြံစည်နေတာလို့ သုံးသပ်ချင်ပါတယ်။

    နိုင်ငံတကာရဲ့အမြင်မှာ အမေစု နှလုံးရောဂါ အသည်းအသန် ခံစားနေရတယ်ဆိုတာကို ပါးပါးလေး အသိပေးတာပါ။

    တကယ်လို့ အမေစုသာ တိမ်းပါးသွားခဲ့မယ်ဆိုရင် နှလုံးရောဂါကို အပြစ်ပုံချဖို့ပါ။

    နောက်ပြီး “အမေစုကို ဒေါက်တာဇော်မြင့်မောင်လိုပဲ နောက်ဆုံးအခြေအနေရောက်မှအပြင်ထုတ်ပေးလိုက်ရင် ဘာဖြစ်လာမလဲ….? ” ဆိုတဲ့ အခြေအနေကိုလည်း အာဏာသိမ်းစစ်တပ်က တီးခေါက်ကြည့်ချင်ဟန်တူပါတယ် ။

    ဒီလို အမေစု ကျမ်းမာရေးအခြေအနေ စိုးရိမ်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာကတည်းက အမေစုဟာ အမှန်တကယ် ကျန်းမာရေးအခြအနေ စိုးရိမ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

    “ထမင်းစစ်စစ်လေး စားချင်တယ်” ဆိုတဲ့ အမေစုရဲ့ စကားအသွားအလာကိုကြည့်မယ်ဆိုရင် အမေစုဟာ အသက်မသေဖို့ သူတို့ကျွေးတာ စားနေရပေမယ့် အစားအသောက်တွေထဲမှာ ကြိုတင်ကြံစည်မှု့တွေ ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

    ထောင်ကလွတ်လာသူအချို့ရဲ့ ပြောပြချက်အရ ရောဂါလက္ခဏာနဲ့ မသက်ဆိုင်ပဲ ဘာမှန်းမသိတဲ့ ဆေးတွေကို ထောင်အာဏာပိုင်တွေက အတင်းအကျပ် ထိုးပေးတတ်တယ်လို့လည်း သိရပါတယ်။

    နိုင်ငံရေးအကျဉ်းသားဟာ အပြင်ကိုရောက်လာချိန်မှာ ထောင်ထဲက အကြောင်းအရာတွေ မမှတ်မိပဲ ဖြစ်နေတတ်သလို မကြာခင်ကာလအတွင်းမှာလည်း ဆုံးပါးသွားတတ်တယ်လို့ သိရပါတယ်။

    ဆိုတော့… အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလအထိ အမေစုကို သက်ရှိထင်ရှား ရှိနေတာ မြင်လိုဟန်မတူတဲ့အတွက် သူတို့ရဲ့ ကောက်ကျစ်တဲ့ဗျူဟာကို ထုတ်သုံးလာပါပြီ။ မြန်မာပြည်သူတွေကို သွေးတိုးစမ်းလိုက်တာပါ။

    သဘာဝတရားအရ အသက် ၈၀ အရွယ်ဆိုတာ ဇရာလက္ခဏာတွေ ခံစားလာရမှာ မလွဲပါဘူး။

    သို့ပေမယ့် နဂို ရောဂါအခံမရှိတဲ့ အမေစုဟာ ပြန်ပေးဆွဲခံရသလို အခြေအနေမျိုးကို ရောက်ပြီးမှ ရောဂါလက္ခဏာတွေ အသိပေးလာတာကတော့ ထူးခြားနေပါတယ်။

    နိုင်ငံတကာ အဖွဲ့အစည်းကြီးအနေနဲ့ အမေစုရဲ့ ကျန်းမာရေးအခြေအနေကို သေသေချာချာ စစ်ဆေးပေးဖို့ အချိန်တန်နေပါပြီ ။

    အမေစုတင်မကပဲ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ အားလုံးအတွက် ဆေးစစ်ပေးဖို့လိုပါတယ်။

    ဆိုတော့… အမေစု ကျန်းမာရေးမကောင်းဘူးဆိုတဲ့သတင်းဟာ အာဏာသိမ်းစစ်တပ်ဘက်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖွပေးလိုက်ပြီး ယုတ်မာပက်စက်တဲ့ အကြံအစည်တွေ ရှိနေတယ်လို့ အသိပေး သုံးသပ်ချင်ပါတယ်။

    ဘကြီးအောင် LA

  • နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

    နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

    ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။

    အဆိုပါ မကျီးပင်ဂိတ်အထိုင်စခန်းကို စစ်တပ်က စွန့်ခွာသွားပြီးနောက် စက်တက်ဘာလ ၅ ရက်နေ့၊ မနက် ၁ နာရီအချိန်မှာ တပ်ရင်း (၃၈၀၁) က ဒုရင်းမှူးဦးဆောင်ကာ တပ်ခွဲ (၂)၊ (၄)၊ (၆) တို့ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    “သူတို့ထွက်ပြေးတာကတော့ မနက်အစောကြီး ၁နာရီထိုးလောက် ပြေးသွားကြတယ်။ ကျနော်တို့က မနက်မိုးလင်းတာနဲ့ တန်းပြီးတော့ ရှင်းလင်းရေးလုပ်တာ” လို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။

    အဆိုပါ မကျီးပင်ဂိတ် အထိုင်စခန်းကို နယ်မြေရှင်းလင်းပြီးတဲ့နောက် ဆန် ၁အိတ်၊ ပဲ ၂အိတ်၊ ကျည် အနည်းငယ်၊ ရှေ့ထွက်မိုင်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

    “ဒီစခန်းက သူတို့နေတာ ၃နှစ်လောက်ရှိနေပြီ။ ထားပြီး ထွက်ပြေးကုန်တော့ ပြည်သူတွေကလည်း ကြောက်ပြီး ထွက်ပြေးမယ်တွေ ဖြစ်နေကြတယ်။ စခန်းမှာက တခါတလေလည်း (အင်အား) ၂၀… တခါတလေလည်း ၃၀-၄၀ လောက်တော့ ရှိတဲ့ စခန်းပါ” လို့ အထက်ပါ မြေပြင်ရဲဘော်က ဆက်ပြောပါတယ်။

    အခု စခန်းစွန့်ခွာထွက်ပြေးတဲ့ ဖြစ်စဉ်လိုပဲ ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာလ ၁ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်းစစ်တပ်စခန်းက စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ကျည်တစ်ချက်မဖောက်ဘဲ စခန်းသိမ်းပိုက်ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

    ပုံစာ – အကြမ်းဖက် စစ်ကော်မရှင်တပ်သားအချို့ (ပုံဟောင်း)

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ဟု  စစ်ကောင်စီ ပြော

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ဟု စစ်ကောင်စီ ပြော

    လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ဆိုးဝါးနေတဲ့အတွက် အထူးကုဆရာဝန်နဲ့ တွေ့ခွင့်မရတဲ့သတင်းနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    စက်တင်ဘာ ၆ ရက်က စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြန် နေပြည်တော်လေဆိပ်ကို ရောက်တဲ့အချိန်မှာ စစ်တပ်ဩဇာခံ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို မေးမြန်းတာမှာ အခုလို ဖြေတာဖြစ်ပါတယ်။

    စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံကို ရောက်နေတဲ့အချိန်မှာ အချိန်ကိုက်ပဲ။ မီဒီယာတွေ အတော်တော်များများမှာ မြန်မာ့ခေါင်းဆောင် တက်ရောက်တယ်၊ မြန်မာ့ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေပေါ့လေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ ဟိုဘက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့ သတင်းတခုကို ထုတ်လိုက်တာ ဖြစ်ပါတယ်။ သို့သော် သူတို့ ပြောတဲ့ဟာသည် မအောင်မြင်ပါဘူး။ ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတယ်ဆိုပေမဲ့ အချိန်မီ ဖြေပေးခဲ့ပါတယ်။ ခုမီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဒီသတင်းသည် သတင်းတု၊ သတင်းမှား ဖြစ်ပါတယ်။ လုပ်ကြံတဲ့ သတင်းတခု ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် မြန်မာနိုင်ငံကို မလိုလားတဲ့ တိုးတက်မှာကို မလိုလားတဲ့ သူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါဆိုးဝါးစွာ ခံစားနေတဲ့အတွက် နှလုံးရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ တောင်းဆိုတာကို စစ်ကော်မရှင်က ငြင်းဆန်တယ်လို့ သတင်းတွေထွက်လာသလို သားဖြစ်သူ ကင်အဲရစ်ကလည်း သူ့ရဲ့ လူမှုကွန်ယက်ကနေ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ပြောဆိုထား ပါတယ်။

    ယူကေအခြေစိုက် The Independent သတင်းစာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ အခြေအနေ စိုးရိမ်ရတဲ့အကြောင်း စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာ ၄ ရက်က ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

    လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတာ ဖြစ်ပါတယ်။

  • နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား

    နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား

    တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား

    တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးနှင့်ကုန်သွယ်ရေး ပြန်စနိုင်ရေး မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်း

    တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုတည်းသာ ဖွင့်လှစ်နိုင်ကြောင်း တရုတ်နိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်က ငြီးတွားသည်။

    မင်းအောင်လှိုင်က ယမန်နေ့ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် တရုတ်စီးပွားရေးသမားများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုညဉ်းတွားခဲ့ခြင်းဖြစ်သည်။

    တရုတ်နှင့်မြန်မာနိုင်ငံသည် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များက အရေးပါသေား ကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချု့်အရ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ် ၈ ခုရှိကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါ နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်- ရွှေလီ နယ်စပ်ဂိတ် ၁ ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရပ်တန့်ထားရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

    လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု ထိခိုက်စေခဲ့ပြီး နယ်စပ်ဒေသကုန်သွယ်ရေးမှာ နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွား ဘ၀ တိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ် ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    တရုတ်-မြန်မာနယ်စပ် ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသများ၏ စီးပွားရေး ကိုလည်း ထိခိုက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ကုန်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွား အလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်းခံခဲ့သည်။