ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။

အဆိုပါ မကျီးပင်ဂိတ်အထိုင်စခန်းကို စစ်တပ်က စွန့်ခွာသွားပြီးနောက် စက်တက်ဘာလ ၅ ရက်နေ့၊ မနက် ၁ နာရီအချိန်မှာ တပ်ရင်း (၃၈၀၁) က ဒုရင်းမှူးဦးဆောင်ကာ တပ်ခွဲ (၂)၊ (၄)၊ (၆) တို့ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့ထွက်ပြေးတာကတော့ မနက်အစောကြီး ၁နာရီထိုးလောက် ပြေးသွားကြတယ်။ ကျနော်တို့က မနက်မိုးလင်းတာနဲ့ တန်းပြီးတော့ ရှင်းလင်းရေးလုပ်တာ” လို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မကျီးပင်ဂိတ် အထိုင်စခန်းကို နယ်မြေရှင်းလင်းပြီးတဲ့နောက် ဆန် ၁အိတ်၊ ပဲ ၂အိတ်၊ ကျည် အနည်းငယ်၊ ရှေ့ထွက်မိုင်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီစခန်းက သူတို့နေတာ ၃နှစ်လောက်ရှိနေပြီ။ ထားပြီး ထွက်ပြေးကုန်တော့ ပြည်သူတွေကလည်း ကြောက်ပြီး ထွက်ပြေးမယ်တွေ ဖြစ်နေကြတယ်။ စခန်းမှာက တခါတလေလည်း (အင်အား) ၂၀… တခါတလေလည်း ၃၀-၄၀ လောက်တော့ ရှိတဲ့ စခန်းပါ” လို့ အထက်ပါ မြေပြင်ရဲဘော်က ဆက်ပြောပါတယ်။

အခု စခန်းစွန့်ခွာထွက်ပြေးတဲ့ ဖြစ်စဉ်လိုပဲ ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာလ ၁ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်းစစ်တပ်စခန်းက စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ကျည်တစ်ချက်မဖောက်ဘဲ စခန်းသိမ်းပိုက်ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ – အကြမ်းဖက် စစ်ကော်မရှင်တပ်သားအချို့ (ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *