Category: News

  • မောင်နှမ ၂ ယောက် ကျောင်းသွားချိန်မှာ ၂၂ ဘီး တွဲကားကြီး ကြိတ်မိ

    မောင်နှမ ၂ ယောက် ကျောင်းသွားချိန်မှာ ၂၂ ဘီး တွဲကားကြီး ကြိတ်မိ

    အစောကြီး စိတ်မကောင်းစရာတင်ရလို့ တောင်းပန်ပါတယ်ရှင့်။

    မြန်မာမောင်နှမ ၂ ယောက် 17 ရက်၊ ကျောင်းသွားချိန်မှာ 22 ဘီး၊ တွဲကားကြီး ကြိတ်မိလို့ ဆုံးသွားပါပီရှင်။

    ဖြစ်စဉ်က သေဆုံးသူ မောင်နှမမိသားစုက ချွန်ပူလီမှာ နေပါတယ်ရှင့်။

    အစ်ကိုဖြစ်သူက အသက် 15 နှစ်၊ ညီမလေးက 9 နှစ်ပါ။

    ညီမလေးက ထိုင်း-မြန်မာသင်ပေးတဲ့ ကျောင်းမှာ စာသင်နေတာပါ။

    အစ်ကိုဖြစ်သူက ထိုင်းကို ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ သိရပါတယ်။

    ဖြစ်ချင်တော့ 17 ရက်နေ့က အဖေဖြစ်သူက ညီမလေးကို ကျောင်းမပို့ဖြစ်ခဲ့ဘူး။

    အဲတော့ အစ်ကိုက ကျောင်းလိုက်ပို့တယ်။

    ကားမကြိတ်ခင် ကျောင်းသွားတဲ့ လမ်းမတနေရာရောက်တော့ ဆိုင်ကယ်က လမ်းလျှောက်နေတဲ့ လာအို အမကြီးကို ဝင်တိုက်မိပြီး မောင်နှမ ၂ ယောက်လုံး ဆိုင်ကယ်ပေါ်က ပြုတ်ကျကုန်ကျတယ်ရှင့်။

    အဲအချိန်မှာ အနောက်က လာနေတဲ့ ၂၂ ဘီး ကုန်တင်ကားကြီးက ဘရိတ်မထိန်းနိုင်ဘဲ မောင်နှမ ၂ ယောက်လုံးကို ကြိတ်သွားမိပါတယ်။

    ၂ ယောက်လုံး နေရာမှာတင် ဆုံးသွားပါပီရှင့်။

    ကားသမားပြောပြတာက သူ ပုံမှန်ပဲ မောင်းလာတာ၊

    မောင်နှမတွေ ဆိုင်ကယ်က အနားရောက်မှ မှောက်သွားတယ်။

    သူလဲ ဘရိတ်အုပ် မမီတော့ဘူးလို့ ပြောပြတယ်။

    CCTV နဲ့ရှာတော့လဲ ပြောတဲ့ အတိုင်းပဲ ဖြစ်နေတယ်။

    ရဲတွေ ခန့်မှန်းချက်အရ ဆိုင်ကယ် မောင်းသူ အစ်ကိုဟာ ထိုင်းရောက်ခါစဆိုတော့ လမ်းအခြေအနေတွေကို မကျွမ်းကျင်သေးလို့ မတော်တဆ မှောက်ရာကနေ ကားကြိတ်ခံ ထိတာလို့ ခန့်မှန်းပြောကြတယ်။

    မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်ရှင်။

    လမ်းသွားရင် ဂရုစိုက်ကြပါ။

    ကိုယ်နဲ့ မရင်းနှီးသေးတဲ့ နေရာတွေသွားရင် သတိထားကြပါရှင်။

    ဖြစ်လာရင် မှား/မှန် ကိုယ်ပဲ အရင်ဆုံး ခံရမှာ။

    အခန့်မသင့်ရင် အသက်ပါ ဆုံးသွားနိုင်ပါတယ်။

    မောင်နှမတွေ ကောင်းမွန်ရာ ရောက်ပါစေ။

    Thailand News CH7

    ထိုင်း-မြန်မာဘာသာပြန် Nanpiya

  • ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်

    ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်

    ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်သို့ သွားရောက်သည့် ခရီးစဉ်များတွင် အကြမ်းဖက် မင်းအောင်လှိုင်က သက် ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင် တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစားအသောက်များကို လုံး၀ မတို့မထိ မစားသောက်ဘဲ ၎င်း၏ ကိုယ်ရေးအရာရှိအဖွဲ့က ပြင်ဆင်ပေးသော ကိုယ်ပိုင်ရေဘူးပါ ရေနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်ကြောင်း အဆိုပါခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့်တွေ့ဆုံခွင့်ရခဲ့သော ဌာနဆိုင်ရာ သတင်းရင်းမြစ်များက ပြောဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က နိုဝင်ဘာလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သို့လည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မော်လမြိုင်မြို့သို့ လည်းကောင်း သွားရောက်ပြီး ဌာနဆိုင်ရာ တွေ့ဆုံပွဲများ၊မြို့ကို ကြည့်ရှု စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် မင်းအောင်လှိုင်က သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းပေးထားသာ သောက်ရေ၊ လက်ဖက်၊ ရေနွေး၊ အချိုပွဲနှင့် အစားအသောက်များကို လုံး၀ မစားသောက်သည့်အပြင် တို့ထိခြင်းတောင် မပြုလုပ်ကြောင်း၊ အချိန်တော်တော်များတွင် ထင်ရာမြင်ရာကို မင်းအောင်လှိုင်က လျှောက်ပြောနေခဲ့ပြီး တွေ့ဆုံပွဲများတွင် အနည်းဆုံး ၁ နာရီကျော်ကြာအောင် မရပ်မနား တစ်ဦးတည်း ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “သူ့ရှေ့မှာ ရေ၊ ရေနွေးခွက်၊ မြန်မာမုန့်နဲ့ လက်ဖက်၊ အချိုပွဲတွေ ချထားတယ်။ သူတစ်လျှောက်လုံး စကားပြောတယ်။ ၁ နာရီကျော်လောက်ကြတယ်။ အဲဒါ သူ့ရှေ့မှာ ချထားတဲ့ ပြည်နယ်အစိုးရအဖွဲ့က ပြင်ပေးထားတဲ့ သောက်ရေ၊ ရေနွေး၊ အချိုပွဲ မတို့မထိဘူး။ သူ့ ကိုယ်ရေးအရာရှိ အဖွဲ့က စီစဉ်ပေးတဲ့ ရေဘူးကိုပဲ သောက်တယ်။ နေ့လယ်စာတွေ ဘာတွေ စားတော့လည်း ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးတာမစားဘူး။ သူ့ကိုယ်ရေးအရာရှိအဖွဲ့က စီစဉ်တာကိုပဲ စားတယ်” ဟု မင်းအောင်လှိုင်၏ အပြုအမူနှင့်အနေအထိုင်ကို သေချာသတိထားမိခဲ့သော ဌာနဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုသည်။

    မင်းအောင်လှိုင်သည် ကရင်ပြည်နယ်၊ ဘားအံမြို့ခရီးစဉ်အတွင်း လုံခြုံရေး စိတ်ချမရမှုနှင့် ခရီးစဉ် သတင်းပေါက်ကြားမှုကြောင့် အစီအစဉ်များ ဖျက်သိမ်းခြင်းနှင့် တပ်နယ်တွေ့ဆုံပွဲများ ဖျက်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၁၅ ရက်နေ့ ဘားအံမြို့ခရီးစဉ်အတွင်း အကြမ်းဖက် မင်းအောင်လှိုင်က ဌာနဆိုင်ရာ တွေ့ဆုံပွဲနှင့် လုပ်ဆောင်ခဲ့ပြီးနောက် လူငယ်စင်တာနှင့် ဇွဲကပင်မိုးလုံ လေလုံအားကစားကွင်း တည်ဆောက်မှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မူလအစီအစဉ်ဖြစ်သည့် ဘားအံတပ်နယ် တွေ့ဆုံပွဲနှင့် တောင်ကလေး စစ်ဆေးရုံသို့ သွားရောက်မည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း၊ယင်းနောက် ဘားအံတွင် ညမအိပ်တော့ဘဲ ရဟတ်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။

  • ကန့်ဘလူမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက် အင်အားရာချီ ဖြည့်တင်း

    ကန့်ဘလူမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက် အင်အားရာချီ ဖြည့်တင်းကာ နယ်မြေပြန်စိုးမိုးရေးအတွက် စစ်အုပ်စုပြင်ဆင်နေ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အင်အားရာချီ ဖြည့်တင်းပြီးနောက် နယ်မြေတချို့ကို ပြန်စိုးမိုးထားတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်က စစ်အုပ်စုရဲ့ တပ်မ- ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၁၁ နဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ကန့်ဘလူနယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုစစ်ကြောင်း ပျက်တဲ့အထိ ပြိုကွဲအထိနာခဲ့ပြီး ဗျူဟာမှူး အပါအဝင်တပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ပါတယ်။

    စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက်မှာဘဲ တပ်မ – ၃၃ ထဲကို အင်အား ၂၅၀ ခန့် ထပ်မံ ဖြည့်တင်းပြီးနောက် စစ်ကြောင်းပြန်ထွက်ကာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

    “တိုက်ပွဲဖြစ်တဲ့နေရာကို စခတွေ နေရာပြန်ယူထားကျပြီး ကျနော်တို့နောက်ဆုတ်ပေးထားရတယ် အင်အား ၂၅၀ ဝန်းကျင်လောက်ရှိမယ် ” လို့ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦး ပကဖက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုရဲ့ တပ်မ -၃၃ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်အစပ်၊ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် နေသလို လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ကျောက်တိုင်ရွာနဲ့ ကျီစုရွာထဲအထိ နေရာယူ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်ကလည်း ကန့်ဘလူနဲ့ ခင်ဦးနယ်အစပ်ကို စစ်အုပ်စုရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။

    ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စု စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက အောင်မြင်စွာ တိုက်ခိုက် သုတ်သင်နိုင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကန့်ဘလူမြို့နယ် ပကဖ၊ သတင်းထောက်လှမ်းရေး တာဝန်ခံက ပြောပါတယ်။

    တိုက်ပွဲဖြစ်ပြီးချိန်ကနေ ဒီကနေ့အထိ ကန့်ဘလူနဲ့ ခင်ဦးနယ် ကျေးရွာတွေကို စစ်အုပ်စုက တိုက် လေယာဉ်၊ ဂျိူင်ရိုကော်ပတာ စတာတွေနဲ့ နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲနေတာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကန့်ဘလူခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလကနေ စက်တင်ဘာလ ခြောက်လတာအတွင်း တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုအကြား ထိတွေ့တိုက်ပွဲပေါင်း (၂၁၈) ကြိမ်အထိ ရှိခဲ့ပြီး စစ်အုပ်စုဘက်က (၃၂) ဦး သေဆုံးကာ (၇၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သုံ့ပန်းအဖြစ် (၉) ဦးကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ဖမ်းဆီးနိုင်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ကဘက်က ရဲဘော် (၈) ဦး မြင့်မြတ်စွာ ကျဆုံးကာ (၂၀) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ရဲ့ ပြုစုထားတဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

    ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်နှစ်ခုမှာ ပျူစောထီးနဲ့စစ်အုပ်စု အထိုင်စခန်း ၆၀ ကျော်ရှိကာ ပျူစောထီးအင်အား ၃,၀၀၀ ကျော် ရှိပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာတွေ ပိုတိုးလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်

    မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်

    မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က တစ်ပြိုင်နက်ထဲ ခေါ်သွင်းလာမယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    လာမဲ့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တို့မှာ မိုးမိတ်နဲ့မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နှောင့်ယှက်ဟန့်တားခွင့်မရှိကြောင်းကို ပြောဆိုခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “သူတို့သည် စစ်အုပ်စုကို မဖြစ်မနေ ခေါ်သွင်းလာရမဲ့အနေအထားကို ပြောပြတာပဲရှိတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေမှာ နှောင့်ယှက်ဟန့်တားတာတွေ မလုပ်ဖို့ ဒါတွေကိုခေါ်ပြောတာထားတဲ့ ကိစ္စတွေပဲရှိပါတယ်။

    ဒါ့အပြင် အခုရက်ပိုင်းမှာလည်း ပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်က ရှမ်းလမ်းဆုံမှာ စစ်အုပ်စုနဲ့ TNLA တပ်ဟာ ဆက်ဆံရေးရုံးတွေ အပြန်အလှန် ဖွင့်လှစ်လိုက်တယ်လို့ သူဆိုပါတယ်။

    ဒီဆက်ဆံရေးရုံးတွေကနေ တဆင့် မိုးမိတ်နဲ့မိုးကုတ်မြို့တို့ကို ခေါ်သွင်းလာမှာဖြစ်ပြီး မိုးကုတ်မြို့ပေါ်မှာ နိုဝင်ဘာလ ၂ ရက်က ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးအထိ ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။

    စစ်အုပ်စုအပစ်ရပ်ပြီးနောက် မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကနေ တပ်တွေဆုတ်ခွာပေးမယ်လို့ TNLA က ထုတ်ပြန်ပြောဆိုထားပေမဲ့လည်း တော်လှန်ရေးအင်အားစုတွေကတော့ မိုးကုတ်ကို ဆက်ကာကွယ်မယ့်အကြောင်း ပြောဆိုထားကြပါတယ်

    မိုးကုတ်ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ့်ကိစ္စနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကို TNLA ကညှိုနှိုင်းတိုင်ပင်တာမျိုး ဒီနေ့အထိ မရှိသေးဘူးလို့ ဆိုပါတယ်။

    ဒါကြောင့် TNLA က စစ်အုပ်စုကို မိုးကိုတ်ကို ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ အခြေအနေကိုတော့ အမည်မဖော်လ်ိုတဲ့ မိုးကုတ်သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးကတော့ ” ကျွန်တော်တို့က လုပ်ရကိုင်ရခက်နေပါတယ်။ တစ်ဖက်ကလည်း မဟာမိတ်ဖြစ်နေတယ်။ တစ်ဖက်မှာကလည်း စစ်အုပ်စုမိစ္ဆာဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ အခြေအနေကိုတော့ ပြောရခက်နေတယ်။ ကျွန်တော်ထင်ပါတယ် အဲဒီနေ့ရဲ့အခြေအနေပေါ်မှာ အားလုံးမူတည်နေပါတယ်” ဆိုပါတယ်။

    လက်ရှိမှာတော့ မိုးကုတ်မြို့ရဲ့ ရှုပ်ထွေးနေတဲ့ စစ်ရေးအခြေအနေကြောင့် မြို့ခံအများစုဟာ စွန့်ခွာနေကြပြီး သက်ကြီးရွယ်အိုတွေနဲ့ ထွက်ပြေးတိမ်းရှောင်ဖို့ ငွေကြေးမတက်နိုင်သူ စုစုပေါင်း ၂၅ ရာခိုင်နှုန်းလောက်သာ ကျန်ရှိနေတော့တယ်လို့ ပြောပါတယ်။

    စစ်အုပ်စုတပ်ဟာ အခုနှစ်အတွင်းမှာပဲ TNLA နဲ့ MNDAA တို့သိမ်းပိုက်ထားတဲ့ လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့သီပေါမြို့တို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း TLNLAနဲ့PDFတွေကို အားပေးထောက်ခံခဲ့ကြတဲ့ ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးခဲ့သလို နေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့တာကြောင့် မိုးကုတ်မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေရှိနေပါတယ်။

    တစ်ဆက်ထဲမှာပဲ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုက်ရာ လားရှိုးမြို့ကို အပစ်ရပ်သဘောတူညီချက်နဲ့ ဝင်ရောက်ပြီးနောက် အခုလအတွင်းမှာပဲ မြို့အနီးမှာ တပ်စွဲနေထိုင်နေတဲ့ MNDAAတပ်စခန်းတွေကို ပြန်ဆုတ်ခိုင်းရာမှာ စစ်ရေးမပြေလည်မှုတွေ ရှိခဲ့ပြီး လားရှိုး-သီပေါကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို နှစ်ဖက်စလုံးက ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  • ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား

    ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား

    ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သားကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ ဆို

    ‎တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆိုင်ကယ်ခိုးတဲ့ TNLA ရဲ့ တပ်သားတစ်ဦးကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။



    ‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်”ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်တစ်စီးကို TNLA တပ်သားတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။

    ‎ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူက TNLA တပ်သား ဟုတ်ပါတယ်။ ကွန်မန်ဒို တပ်ဖွဲ့ထဲကလို့ ပြောတယ်။ သူက နမ့်ဆန်ဘက်ကပါ။ ဆိုင်ကယ်ပိုင်ရှင်က လိုက်ဖမ်းတော့ လွယ်ဆမ်စစ်တောင်ခြေဘက်မှာ သွားမိတာ” လို့ ပြောပါတယ်။



    ‎လက်ရှိမှာတော့ ၎င်းတပ်သားခိုးသွားတဲ့ ဆိုင်ကယ်ကို ဆိုင်ကယ်ပိုင်ရှင်ထံ ပြန်ပေးပြီး အဲဒီတပ်သားကိုတော့ သက်ဆိုင်ရာဌာနက ခေါ်ဆောင်သွားကာ ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားဖို့ရှိကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

    ‎၎င်းကို ဘယ်လိုအပြစ်ပေး အရေးယူမလဲဆိုတာနဲ့ ပတ်သက်ပြီးသိရဖို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်ထားဆဲပဲ ဖြစ်ပါတယ်။