ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သားကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ ဆို

‎တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆိုင်ကယ်ခိုးတဲ့ TNLA ရဲ့ တပ်သားတစ်ဦးကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။



‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်”ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်တစ်စီးကို TNLA တပ်သားတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။

‎ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူက TNLA တပ်သား ဟုတ်ပါတယ်။ ကွန်မန်ဒို တပ်ဖွဲ့ထဲကလို့ ပြောတယ်။ သူက နမ့်ဆန်ဘက်ကပါ။ ဆိုင်ကယ်ပိုင်ရှင်က လိုက်ဖမ်းတော့ လွယ်ဆမ်စစ်တောင်ခြေဘက်မှာ သွားမိတာ” လို့ ပြောပါတယ်။



‎လက်ရှိမှာတော့ ၎င်းတပ်သားခိုးသွားတဲ့ ဆိုင်ကယ်ကို ဆိုင်ကယ်ပိုင်ရှင်ထံ ပြန်ပေးပြီး အဲဒီတပ်သားကိုတော့ သက်ဆိုင်ရာဌာနက ခေါ်ဆောင်သွားကာ ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားဖို့ရှိကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

‎၎င်းကို ဘယ်လိုအပြစ်ပေး အရေးယူမလဲဆိုတာနဲ့ ပတ်သက်ပြီးသိရဖို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်ထားဆဲပဲ ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *