Category: News

  • နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီသုံးသပ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ်ခြောက်ခြားနေလောက်ပြီလို့ဆို

    နေပြည်တော် နယ်မြေအထိ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီတစ်ဦးက သုံးသပ်ပြောဆိုလိုက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ် ခြောက်ခြားနေလောက်ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်အုပ်စု၏စစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁၂ ရက်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလိုနိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ထပ်မံပြီး အဲဒီစခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။

    အဲဒီ စခန်းဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။

    အလားတူ နေပြည်တော်၊တပ်ကုန်းမြို့နယ်က “လေးက” တံတားစခန်းဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေကဒီလ ၁၁ ရက်ညအချိန်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အရာရှိတစ်ဦးဒဏ်ရာရရှိကာဆေးရုံတင်ထားရတယ်လို့ နေပြည်တော်တပ်ကုန်းPDFတပ်ရင်းအမှတ် (၈၀၃) သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီစခန်းဟာ တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ်(၂၃၉)မှာရှိတဲ့တံတား စခန်းဂိတ် ဖြစ်ပြီး နိုဝင်ဘာ၁၁ရက်ည၉နာရီ၄၅မိနစ်မှာတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို နေပြည်တော် နယ်မြေထိ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ကွက်ဖော်လာတဲ့ အပေါ် စစ်လော်ဘီ တစ်ဦးက တပ်ကုန်းလို နေရာတွေအထိ PDF တွေ စိမ့်ဝင်နေတာဟာ သေချာကြည့်ရင် နေပြည်တော် ဒေသအထိ စည်းပေါက်တာပါဘဲလို့ ထုတ်ဖော်ရေးသားလာပါတယ်။

    “ နေပြည်တော်ဖြစ်စဉ်က အမြန်လမ်း လခရ စခန်းငယ်လေးကို PDF က ရုတ်တရက် ဝင်စီးခဲ့တာ ဖြစ်ပေမယ့် သေချာကြည့်ရင် နေပြည်တော်ဒေသအထိ စည်းပေါက်တာပါဘဲ။ လယ်ဝေး၊ တပ်ကုန်းလို နေရာတွေအထိ PDF က စိမ့်ဝင်နေတယ်။ ပေ့ါဆတဲ့ တာဝန်ရှိသူများ ကိုယ့်အိမ်ရှေ့ထိ PDF ရောက်လာမှ အသိတရာ ရမှာလား။ အခုဝင်တိုက်တဲ့အဖွဲ့က ဗကပ PLA အဖွဲ့လို့သိရ။ ဒီကောင်တွေက ရိုးရိုး PDF ထက် ပိုကြမ်းတယ် ဗကပတွေ ”လို့ ရေးသားထားပါတယ်။

    CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ နေပြည်တော်ကောင်စီနယ်မြေအထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ကွက်ဖော်ဆောင်နိုင်မှုကြောင့် စစ်ရုံးချုပ်ဟာ ခြောက်ခြားနေကြလောက်ပြီလို့ ယူဆရပါတယ်” ရေးသားလာပါတယ်။

    “ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က ဥတ္တရသီရိမြို့ နယ်အတွင်းမှာရှိတဲ့ အမြန်လမ်း လုံခြုံရေးကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေဟာ စစ်ကြောင်းကြီး ၃ ကြောင်း ခွဲပြီး စီးနင်းတိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။နေရာတွေ အတိအကျ အသေးစိတ် မဖော်ပြတာကတော့ အမြန်လမ်းတလျှောက် ခရီးသွားဖူးသူတွေ အနေနဲ့ လမ်းဘေးတလျှောက်မှာ စစ်စခန်းတွေ တည်ရှိနေတာကို မြင်ဖူးကြပြီး ဖြစ်ပါလိမ့်မယ်” လို့ ရေးသားဖော်ပြထားပါတယ်။

    လက်ရှိ စစ်ကော်မရှင်ဟာ မြို့တွေကို​ တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်တယ်လို့ အကြီးအကျယ် ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာ တိုက်ပွဲတိုင်းလိုလိုမှာ အောင်မြင်မှုမရဖြစ်နေတယ်လို့ စစ်ရေးလေ့လာ အကဲခတ်သူတွေက ပြောပါတယ်။

    နိုဝင်ဘာ ၁၄ ရက်ကလာ်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးအရအရေးပါတဲ့ မောတောင်မြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဦးဆောင်မှုနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ခဲ့ပြီးလက်နက်ခဲယမ်းအများအပြားနဲ့အတူစစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့တယ်လို့စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်ထားပါတယ်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၅ရက်နေ့တွေကလည်းမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ၁၇ ဦးသေဆုံးပြီး အောက်တိုဘာ ၂၅ ရက်နေ့ကပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်သား ၂၀ဦးသေဆုံးခဲ့ရပါတယ်။

  • AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    နိုဝင်ဘာလ ၁၄ ရက်နေ့ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ ယာယီ ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်က ဝင်ရောက် နေရာယူသွားကြောင်း၊ ထိုသို့ မင်းပြင်ရွာစခန်းကို စစ်တပ်က ရရှိပြီးနောက် ဝါဒဖြန့် ဓာတ်ပုံရိုက်ကူးရန်အတွက် စစ်သား ၂၀ ကျော်က ပြင်ဆင်နေခဲ့ကြောင်း၊ ယင်းအချိန် AA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မင်းပြင်ရွာစခန်း အတွင်းရှိ ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည့် နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်သားအများအပြား သေဆုံးသွားကြောင်း သိရှိရသည်။

    “ အဲဒီ မင်းပြင်ရွာ ရေဒါစခန်းကို AA ကသိမ်းထားတာ။ အင်အား အနည်းငယ်ပဲရှိတယ်။ အဲဒါကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်ပေးလိုက်ရတာ။ အဲဒါကို စစ်တပ်က မနေ့က ဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်း AA က လက်နက်ကြီးနဲ့ပစ်လိုက်တာ အကုန်ကြွကုန်တယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    မင်းပြင်ရွာစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်း ဖက်စစ်သား အနည်း ဆုံး ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ၂၄ ဦးသေဆုံးသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျကို အတည်မပြုနိုင်သေးပေ။

    ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအများစုတွင် AA က နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေ တပ် နှင့် မြို့ပေါ် အခြေစိုက်တပ်များတွင်သာ နေရာယူထားရာမှ ကြည်းရေလေ အင်အားသုံးပြီး တန်ပြန်ထိုးစစ်များ ပြုလုပ်နေခြင်းဖြစ်သည်။

    AA က ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး လက်ရှိတွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း AA ကသိမ်းပိုက်ထားသည်။

    AA က ရခိုင်တစ်ပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက် လက်တစ်ကမ်းသာလိုတော့ပြီး ထိုးစစ်များ အရှိန်မြှင့်တင်လျက်ရှိကြောင်း AA တရားဝင် ထုတ်ပြန် ကြေညာထားသည်။

  • မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မဲစာရင်းလာကြည့်ဖို့ အတင်းဖိအားပေးပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်

    မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မဲစာရင်းလာကြည့်ဖို့ အတင်းဖိအားပေးပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်

    ပဲခူးတိုင်း၊ မိုးညိုမြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေက ရွေးကောက်ပွဲမဲစာရင်းကို ရပ်ကွက်ရုံးတွေမှာ တစ်အိမ်တစ်ယောက်နှုန်းလာကြည့်ဖို့ လိုက်လံပြောဆိုပြီး လာမကြည့်တဲ့အိမ်တွေကို အရေးယူမယ်လို့လည်း ပြောဆိုချိန်းခြောက်တယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိုးညိုမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဖြစ်တဲ့ မြို့မရပ်ကွက်က အုပ်ချုပ်ရေးမှူး ခင်လတ်ဆိုသူနဲ့ ရွှေဥဒေါင်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြသန်းဆိုသူက သူတို့ရပ်ကွက်တွေမှာ တစ်အိမ်တစ်ယောက်လာကြည့်ဖို့ လိုက်လံပြောဆိုပြီး လာမကြည့်တဲ့အိမ်ထောင်စုတွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုပြီး ပြောတယ်လို့သိရပါတယ်။

    “လာမကြည့်တဲ့အိမ်တွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်၊ မလာရင်အရေးယူမယ်ဆိုတဲ့ စကားတွေပြောတယ်၊ အဲ့လိုတွေပြောလို့ တစ်အိမ်တစ်ယောက် သွားကြည့်ရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    မြိုခံတွေ မဲစာရင်းလာကြည့်တဲ့ပုံတွေကို အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးမှုးကော ရဲနဲ့တပ်က သတင်းပေးတွေကော ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်ပေါ်မှာ ပြည်သူတွေရွေးကောက်ပွဲကို စိတ်၀င်စားတဲ့ပုံစံ ဝါဒဖြန့်တာတွေလည်း လုပ်ခဲ့တယ်လို့သိရပါတယ်။

    “ကျမတို့ သွာကြည့်နေတဲ့ပုံတွေကို လိုင်းပေါ်တင်တယ်၊ ရွေးကောက်ပွဲအတွက် ပြည်သူတွေစိတ်ဝင်စားပြီး မဲစာရင်းတွေ လာကြည့်နေကြတယ်ဆိုပြီးတင်တာ၊ တကယ်တော့ ချိန်းခြောက်ပြောလို့သာကြည့်ရတာ၊ သူတို့ တစ်ခုခုလုပ်မှာလည်းကြောက်ရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    အဲ့ဒီ ချိန်းခြောက်ခေါ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဖြစ်တဲ့ မြို့မရပ်ကွက်က ခင်လတ်ဆိုသူနဲ့ ရွှေဥဒေါင်းရပ်ကွက်က မြသန်းဆိုသူတို့ဟာ စစ်မှုထမ်းအတွက် လူငယ်တွေကိုပေါ်တာဆွဲတာ ဧည့်စာရင်းအကြောင်းပြငွေညှစ်တာ စစ်မှုထမ်းကြေး တစ်အိမ်ကို ၃ သောင်းနှုန်း လစဥ်ငွေကောက်ခံတာတွေလည်း လုပ်တယ်လို့သိရပြီး ရပ်ကွက်ထဲကသူတွေအပေါ် ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

  • မိုးကုတ်ဒေသခံ ထက်ဝက်ကျော် မြို့ကနေ တိမ်းရှောင်နေကြ

    မိုးကုတ်ဒေသခံ ထက်ဝက်ကျော် မြို့ကနေ တိမ်းရှောင်နေကြ

    မန္တလေးတိုင်း မိုးကုတ်မြို့က ဒေသခံ ထက်ဝက်ကျော်ဟာ မြို့ကနေ အခြားနေရာဒေသဘက်ကို နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ TNLA က မိုးကုတ်မြို့ကနေ ပြန်လည်စွန့်ခွာသွားမှာဖြစ်ပြီး မြို့ထဲကို စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

    ဒေသခံတစ်ဦးက “မြို့ခံ ၆၀ ရာခိုင်နှုန်း​​လောက်က ပြေးကုန်ကြပြီ။ ကျန်တဲ့သူတွေက ကျောက်တူးတဲ့သူတွေ၊ ကျောက်လုပ်သမားတွေပဲ ကျန်တော့မှာ” လို့ ပြောပါတယ်။

    မြို့ခံတွေဟာ တအာင်းတပ် ထိန်းချုပ်ရာ နမ့်ဆန်နဲ့ စစ်ကောင်စီထိန်းချုပ်ရာ ကျောက်မဲမြို့၊ မန္တလေးမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာလို့ သိရပါတယ်။

    ​မိုးကုတ် မြို့ခံ အမျိုးသမီးတစ်ဦးက “ထွက်ပြေးကြတဲ့သူတွေ ထွက်ပြေးကြပါပြီ။ ကျောက်မဲမှာတောင် ကားအစီး ၅၀၀ လောက်ပိတ်တယ်လို့ ပြောကြတာပဲ” လို့ ပြောပါတယ်။

    ဒါပေမယ့် မိုးကုတ်မြို့ကနေ ကျောက်မဲမြို့ကို တိမ်းရှောင်ကြတဲ့ တအာင်း (ပလောင်) လူမျိုးတွေကို စစ်ကောင်စီတပ်ဘက်က ကျောက်မဲမြို့ထဲကို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ စုံစမ်းသိရှိရပါတယ်။

    မိုးကုတ်မြို့ကနေ တအာင်းတပ် – PSLF/TNLA က ပြန်လည် ဆုတ်ခွာသွားမယ်လို့ သိရပေမယ့် မြို့ကို မိုးကုတ်ဗျူဟာတပ်၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်တို့က မြို့မကျရေးအတွက် ဆက်လက်ခုခံသွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

  • ဘားအံရောက် အကြမ်းဖက် မင်းအောင်လှိုင် သတင်းပေါက်ကြား

    ဘားအံရောက် အကြမ်းဖက် မင်းအောင်လှိုင် သတင်းပေါက်ကြားမှုနှင့် လုံခြုံရေးအခြေအနေကြောင့် အစီအစဉ်တချို့ ဖျက်သိမ်းပြီး ညမအိပ်ဘဲ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာ ညအိပ်

    ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်မှာ ခရီးစဉ် သတင်းပေါက်ကြားမှုနှင့် လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေများကြောင့် ဘားအံတွင် ညမအိပ်တော့ဘဲ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ညအိပ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

    ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ဘားအံမြို့သို့ ရောက်ရှိခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်မှာ ဘားအံတွင် ဌာနဆိုင်ရာ တွေ့ဆုံပွဲနှင့် လုပ်ဆောင်ခဲ့ပြီးနောက် လူငယ်စင်တာနှင့် ဇွဲကပင်မိုးလုံ လေလုံအားကစားကွင်း တည်ဆောက်မှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မူလအစီအစဉ်ဖြစ်သည့် ဘားအံတပ်နယ် တွေ့ဆုံပွဲနှင့် တောင်ကလေး စစ်ဆေးရုံသို့ သွားရောက်မည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း၊ယင်းနောက် ဘားအံတွင် ညမအိပ်တော့ဘဲ ရဟတ်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။

    “ဘားအံမှာ တပ်နယ်တွေ့ဆုံပွဲနဲ့ စစ်ဆေးရုံကိုသွားမယ့် အစီအစဉ်တွေ မလုပ်တော့ဘဲ လုံခြုံရေး အခြေ အနေကြောင့် ဖျက်သိမ်းတာရှိတယ်။ ဘားအံတပ်နယ်တွေ့ဆုံပွဲနဲ့ တောင်ကလေးစစ်ဆေးရုံသွားပြီး ဒဏ်ရာရ တပ်မတော်သားတွေကို တွေ့မယ့် အစီအစဉ်ကို ဖျက်လိုက်တယ်။ ခရီးစဉ်သတင်း ကြိုတင်ပေါက်ကြားလို့” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ ညနေ ၅ နာရီအချိန် မင်းအောင်လှိုင်မှာ ဘားအံမှ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် မော်လမြိုင် ကမ်းနားလမ်း၊ ညစျေးသို့ သွားရောက်ခဲ့ပြီး ကျိုက်သလ္လံဘုရားဖူးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း မော်လမြိုင်ရှိ ပြည်နယ်ခန်းမတွင် အကြမ်း ဖက် မင်းအောင်လှိုင်က ဌာနဆိုင်ရာ တွေ့ဆုံပွဲနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။