Category: News

  • လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့

    လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့

    Sep 26 Yangon

    ဖြစ်စဉ်မှာ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့မှ ယဉ်မောင်များအား ‌ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းလိုက်လံစစ်ဆေးအသိပညာပေးနေစဉ် ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ငါးများတင်ဆောင်လာသော ဟိုက်ဂျက်ယဉ်တစ်စီးအား ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ ကားမောင်းသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ယဉ်မောင်းမှ ” ကားမောင်းတာ ဆိုင်ကယ်ဦးထုပ်ဆောင်းစရာလိုလို့လား ဆရာကြီးတို့အလုပ်မရှိရင် ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ကြပါလားဗျာ။

    ရော့ ရော့ ဆရာကြီး လဖ္ဘက်ရည်ဖိုး လေး “ဆိုပြီး ငွေ ၅ထောင်ထုတ်ပေးပြီး ကားမောင်းထွက်သွားသော ယဉ်မောင်းအား ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ငွေ ၅ထောင်နဲ့ စော်ကားတယ် ငါ့အသက်ကိုပင်ပဒါနမထားဘူးဟုဆိုကာ ရဲရင့်သောစိတ်ဓာတ်ဖြင့် ကားတံခါးတွင်တွဲလျားကပ်လျက် လိုက်ပါ‌ပြီး အမိအရဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ထံမှသိရပါတယ်။

    လိုက်ပါဖမ်းဆီးခဲ့သော ယဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးကိုကိုလတ်အား ယာယီသမ္မတကြီးမှ သူရသတ္တိဘွဲ့ ချီးမြှင့်ခဲ့ပြီး ယဉ်မောင်းကိုတော့ ပုဒ်မ 969အရ နိုင်ငံတော်အကြည်ညိုပျက်မှုဖြင့် ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

    သတင်းနှင့်ဓာတ်ပုံ မြတ်ခိုင်

    TTC Burmese

  • ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)

    ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)

    ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅

    လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေကြုံနေရတဲ့ ဘလော့ဂါ ဗီဗီချန်းဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ကနေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (PDP) ကို ပြောင်းသွားပါတယ်။

    ဗီဗီချန်းဟာ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ရုပ်သံတွေကို မျှဝေရင်း နာမည်ရလာသူ ဖြစ်ပြီး နိုင်ငံရေးပါတီဘက် ကူးပြောင်းလာချိန်မှာတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) တွေနဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ ဝေဖန် ဖိအားပေးမှုတွေ ကြုံနေရသူပါ။

    နီးစပ်သူတချို့ကတော့ ပြည်သူ့ပါတီဟာ ဝေဖန်မှုတွေ ကြုံနေရတဲ့ ဗီဗီချန်းကို ရန်ကုန်မှာ ဝင်ပြိုင်ခွင့် မပြုဘဲ ကရင်ပြည်နယ်ကနေ ဝင်ပြိုင်ခိုင်းလို့ နှုတ်ထွက်တယ်လို့ ပြောပါတယ်။

  • မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅

    မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဓာတ်တိုင်မှ နေအိမ်အဝင် လျှပ်စစ်မီးကြိုးများ ခိုးဖြတ်ခံနေရကြောင်း သိရသည်။

    ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူခံရမှုများမှာ လျှပ်စစ်မီးပျက်ချိန်များအပြင် မီးလာနေချိန်များပါ ခိုးယူခံနေရသလို ထရန်စဖော်မာမှ မီးကြိုးများလည်း အခိုးခံနေရကြောင်း သိရသည်။

    “မီးကြိုး ဖြတ်ခိုးတာတွေ တော်တော်များလာတယ်၊ ကြိုးတွေက ဈေးကောင်းနေတော့ သူခိုးအကြိုက်ဖြစ်နေတာ၊ ကျနော်တို့ အိမ်ဆိုရင် မီးလာနေတုန်း ဖြတ်ခိုးတာ သိသိချင်းလိုက်တော့ ပါသွားပြီ၊ မီးပြန်ရဖို့ ပြန်ဝယ်၊ မီးသမားခေါ်နဲ့ ပိုက်ဆံကုန်တဲ့ အပြင် အလုပ်တွေပါ ရှုပ်ကုန်တာပေါ့၊ ၄ သိန်းကျော်လောက် ကုန်သွားတယ်”ဟု မီးကြိုးဖြတ်ခိုးခံရသူတဦးက ပြောသည်။

    စက်တင်ဘာ ဒုတိယပတ်အတွင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆ လမ်းနှင့် ၉လမ်းထောင့်ရှိ ထရန်စဖော်မာမှ မီးကြိုးများကို မီးပျက်ချိန် ဖြတ်၍ ခိုးယူခံခဲ့ရသောကြောင့် ရပ်ကွက်နေထိုင်သူများ ကိုယ်တိုင် မီးကြိုးများ ဝယ်ယူ၍ EPC ဝန်ထမ်းများ အား ခေါ်ယူကာ ပြင်ဆင်ခိုင်းခဲ့ရကြောင်း၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် ၅၈ လမ်းထောင့်ရှိ ထရန်စဖော်မာ မီးကြိုးများလည်း ဖြတ်၍ ခိုးယူခံရကြောင်း သိရသည်။

    ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူနေသူတဦး ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်တခု ချမ်းမြသာစည်မြို့နယ်တွင် ယခုလဆန်းပိုင်းက ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ဓာတ်ကြိုးလာခိုးရာမှ ဓာတ်တိုင်ပေါ် တက်၍ ဝါယာကြိုးဖြတ်သူမှာ ဓာတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ပုံစာ-အိမ်သို့ သွယ်တန်းထားသော မီးကြိုးအား ဖြတ်သွားပုံ/CJ

  • လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    စက်တင်ဘာလ ၂၅ ရက်

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ယနေ့ ( ၇ ) နာရီ ( ၁၀ )မိနစ်ဝန်းကျင်အချိန် ၌ ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲသံအကျယ်ကြီး ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing Info သို သတင်းပေးပိုလာပါသည်။

    ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။

    ပြည်သူများပေးပို့‌လာသော ပေါက်ကွဲမှုသတင်းများကို လုံခြုံရေးအရ အချိန်နှင့် တပြေညီ မတင်ပြနိုင်မှုအတွက် တောင်ပန်းအပ်ပါသည်။

    #HlaingInfo

  • စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ်

    စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ်

    နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
    စက်တင်ဘာ ၂၅ ရက်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားတွင် ကျင်းပသည့် “ကမ္ဘာ့အနုမြူ သတင်းပတ်ဖိုရမ်” ကို လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်ပြုခံလို၍ တက်ရောက်နေခြင်းဖြစ်ပြီး အဆိုပါဖိုရမ်သည် မည်သူမဆို ဝင်ကြေးပေး၍ တက်ရောက်နိုင်သည့် ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

    စစ်ခေါင်းဆောင်သည် ယနေ့ စက်တင်ဘာ ၂၅ မှ ၂၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးစဥ်အဖြစ် ရောက်နေသော်လည်း ယင်းဖိုရမ်သည် ‌ယူရို‌ငွေပေးကာ တက်၍ရသလို အထူးလျော့ဈေး လည်းရှိကြောင်း သိရသည်။

    “ရုရှားဖိုရမ်ကို သွားတက်တာ အလကားမဟုတ်ဘူး။ ယူရို ၂၂၀၀ ပေးရတယ်။ ရုရှားက ဒီလိုပွဲတွေနဲ့ပဲ ပိုက်ဆံရှာနေတာလား ဆိုကြတယ်။ လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်ပြုခံချင်၊ လူရာဝင်ချင် တာကိုး။ ပိုက်ဆံပေးရလည်း ပေးမှာပေါ့” ဟုအဆိုပါဖိုရမ်နှင့်ပတ်သက်၍ သိရှိထားသူ သတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။

    ရုရှားနိုင်ငံသည် အဆိုပါဖိုရမ် တက်ရောက်ခွင့်အတွက် နိုင်ငံတိုင်းကို ကဏ္ဍစုံကုန်ကျစရိတ် VAT (အခွန်) မပါ တက်ရောက် သူတစ်ဦးလျင် ယူရို ၂၅၀၀ သတ်မှတ်ထားပြီး အဖွဲ့အစည်းတစ်ခုတည်းမှ ကိုယ်စားလှယ် သုံး ဦးနှင့်အထက် တက်ရောက်ပါက အထူးလျှော့စျေး ယူရို ၂၂၀၀ သာ ပေးရမည်ဟု ဆိုထားသည်။

    “ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်” ဖိုရမ်သို့ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုမြူစွမ်းအင် နှင့်ဆိုင်သည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည်လည်း သက်မှတ်ထားသော ကုန်ကျစရိတ် ပေးချေ၍ တက်ရောက်ခွင့် ရရှိကြောင်းသိရသည်။

    ထို့သို့ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်သူများကို အနုမြူပြပွဲသို့ သွားရာက်လေ့လာခွင့်၊ အထူးဖိတ်ကြားချက် မလို အပ်သော ကွန်ဂရက်ပွဲများတွင် ပါဝင်တက်ရောက်ခွင့်၊ သတင်းအချက် အလက်ဆိုင်ရာ ပံ့ပိုးမှုနှင့် ဖိုရမ်၏ အချက်အလက်ဆိုင်ရာ စာရွက်စာတမ်းများ ပေးမည်ဖြစ်ကြောင်း သိရသည်။

    ယင်းအပြင် အဆိုပါဖိုရမ်၏ တရားဝင် အီလက်ထရောနစ်စာရင်း၊ ကုမ္ပဏီအမှတ်တရ လက်ဆောင် ပစ္စည်းများ၊ ကမ္ဘာ့အနုမြူသတင်းပတ်ဖွင့်ပွဲနေ့ ညစာစားပွဲတွင်ပါဝင်တက်ရောက်ခွင့်၊ ဖိုရမ်ပိတ်ပွဲတွင် ပြုလုပ်မည့် ဧည့်ခံပွဲ စသည်တို့အား ရုရှားနိုင်ငံက ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

    ရုရှားနိုင်ငံတွင် ပြုလုပ်သည့် ယင်းကမ္ဘာ့အနုမြူသတင်းပတ် ဖိုရမ်ကိုသာမက ယခင်အစည်းအဝေး များတွင်လည်း တက်ရောက်ပါဝင်လိုလျှင် သတ်မှတ်ငွေကြေးများ ပေးဆောင်ရပြီး စစ်ခေါင်းဆောင် အနေဖြင့် အာဏာသိမ်းပြီးနောက် မကြာခဏ သွားရောက်လျက်ရှိသည်။

    စစ်ကော်မရှင်ကမူ ထိုခရီးစဉ်တွင် စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ပူတင်အပါအဝင် တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံ၌ မဟာဗျူ ဟာမြောက် ပူးပေါင်းမှုများ ပိုမိုဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ဖော်ပြထားသည်။

    ဓာတ်ပုံ- MOI

    ပုံစာ-စစ်ခေါင်းဆောင်က ရုရှားနိုင်ငံသို့ ရောက်ရှိစဉ် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးကို လက်ဖက်၊ လက်ဖက်ရည်၊ ငါးသလောက်ပေါင်းတို့ဖြင့် ပြန်လည်ဧည့်ခံနေစဉ်။