ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅
လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေကြုံနေရတဲ့ ဘလော့ဂါ ဗီဗီချန်းဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ကနေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (PDP) ကို ပြောင်းသွားပါတယ်။
ဗီဗီချန်းဟာ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ရုပ်သံတွေကို မျှဝေရင်း နာမည်ရလာသူ ဖြစ်ပြီး နိုင်ငံရေးပါတီဘက် ကူးပြောင်းလာချိန်မှာတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) တွေနဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ ဝေဖန် ဖိအားပေးမှုတွေ ကြုံနေရသူပါ။
နီးစပ်သူတချို့ကတော့ ပြည်သူ့ပါတီဟာ ဝေဖန်မှုတွေ ကြုံနေရတဲ့ ဗီဗီချန်းကို ရန်ကုန်မှာ ဝင်ပြိုင်ခွင့် မပြုဘဲ ကရင်ပြည်နယ်ကနေ ဝင်ပြိုင်ခိုင်းလို့ နှုတ်ထွက်တယ်လို့ ပြောပါတယ်။

Leave a Reply