Category: News

  • ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

    စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ထားဝယ် – ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်း အတွင်း ယာယီတပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့တိုက်ပွဲသည် ၂ ရက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 ဗုံး ၂ လုံး၊ ၆၀ မမ ၂ လုံး နှင့် 5.56 ကျည် ၂၀၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “ယာယီ တပ်စွဲထားတဲ့ နေရာမှာ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်။ တပ်ကြပ်ကြီး ၂ ဦးရယ်။ တပ်ကြပ် ၂ ရယ်၊ စစ်မှုထမ်း ၃ ရယ် သေပါတယ်။ ဒဏ်ရာရတာကတော့ ၄၀၆ တပ်ရင်းက ဒုတိယဗိုလ်မှူးကြီး အပါအဝင် ၆ ဦးလို့ သိရတယ်။ လက်နက်ကြီးပစ်ကူ လေယဥ်ပစ်ကူရောနဲ့ ပစ်ကူပေးပါတယ်။ သူတို့ဘက်ကတော့ စစ်ကြောင်းပျက်ပြီး ပြန်ဆုတ်သွားခဲ့ပါတယ်” ဟု ဒူရက စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    ထို တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) ၊ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘိလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြရန် ဒူရကစစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

  • မန္တလေးအိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရ

    မန္တလေးအိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရ

    မန္တလေးအိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ဟု PPNM က အစီရင်ခံစာ ထပ်မံထုတ်ပြန် အတည်ပြု

    မန္တလေးမြို့၊ အိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့ အစီရင်ခံစာထုတ်ပြန် ထပ်မံ အတည်ပြုသည်။

    ဩဂုတ်လ ၈ ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်တွင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားရာဇဝတ်အကျဉ်းသားအနည်းဆုံး ၄ ဦးသေဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးရှိသည့်အနက် အရေးပေါ်ဆေးဝါးကုသမှုခံယူနေရသူ ၅ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

    အဆိုပါသတင်းကို စစ်တပ်က ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် သတင်းမှား ဖြစ်သည်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးရမှုဖြစ်စဉ်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ စိစစ်အတည်ပြုထားသည့် အစီရင်ခံစာကို PPNM က ယနေ့စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဒီအစီရင်ခံစာ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ဒီသေဆုံးမှုတွေ ဖြစ်ခဲ့တာကို တကယ် မဖြစ်ခဲ့သယောင် ဖန်တီးခံလိုက်ရတယ်။ အသက်တွေ ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ၊ မိမိရဲ့ မိသားစုဝင်တွေကို ‌ဆုံးရှုံးလိုက်ရမှုတွေကို ရေငုံနှုတ်ပိတ်နေရတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်တို့ အသံထုတ်နိုင်တဲ့ အခြေ အနေတစ်ခုမှာ ရှိတဲ့ လူတွေက ဒီသေဆုံးမှုတွေ အလဟဿ မဖြစ်ဖို့နဲ့ ကျဆုံးသွားတဲ့ လူတွေကို လွယ်လွယ်လေးနဲ့ သတင်းမှားဆိုပြီး သေဆုံးမှုတွေ အလဟဿဖြစ်သွားမှာကို မလိုလားတဲ့ အတွက် ကျဆုံးသွားတဲ့ လူတွေရဲ့ ဂုဏ် သိက္ခာကို အဓိက တန်ဖိုးထားသောအားဖြင့် ဒီထုတ်ပြန်ချက်ကို တစ်လတာ အချိန်ထပ်မံယူပြီးမှ သတင်းရင်းမြစ်ပေါင်း အနည်းဆုံး ၁၂ ခုလောက်ကို ထပ်မံ Confirm အတည်ပြုချက်တွေ ဆက်လုပ်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

    PPNM အနေဖြင့် အိုးဘိုထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများထိခိုက်သေဆုံးရမှုအတွက် ၁ လခန့်အချိန်ယူကာ ခိုင်လုံသော သက်သေအချက်အလက်များ စုဆောင်းခြင်း ၊ သတင်းအရင်းအမြစ် အသီးသီးထံမှ အတည်ပြုချက်ရယူခြင်း ၊ သက်သေအချက်အလက်များအား ထိန်းသိမ်းခြင်း၊ စနစ်တကျစိစစ်ခြင်း တို့ကို ပြုလုပ်ပြီးမှသာ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    “အကျဉ်းဦးစီးဌာနကရော စစ်တပ်ကရော အကျဉ်းထောင်တွေ သေဆုံးမှုတွေ အပြင်မပေါက်အောင် စနစ်တကျလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ စစ်တပ်နဲ့ အကျဉ်းဦးစီးက သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်လာတယ်လို့ သုံးသပ်ပါတယ်။ သူတို့ ဘယ်လိုပဲ ပြင်ဆင်နေပါစေ အမှန်တရားဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး ရတဲ့ နည်းနဲ့ ရတဲ့ အချိန်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းထုတ်ပြန်ချက်ကို မှားတယ်လို့ ယူဆတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ရော စစ်တပ်အနေနဲ့ရော ကျွန်တော်တို့ ထုတ်ပြန်လိုက်တဲ့ အထဲမှာ နာမည် ၊ အဖနာမည် ၊ ပုဒ်မ၊ တရားရုံးတွေက အစ ထည့်ထားပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

    ကျဆုံးသွားသူများ၏ အသက်၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှု အရေးကြီးသည့်အတွက် PPNM အနေဖြင့် စုံစမ်းစစ်ဆေးမှု အသေးစိတ်ကို သတ္တိရှိရှိ ထပ်မံ၍ အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက်ရှင်းပြသည်။

  • စစ်ခေါင်းဆောင်က ၎င်း၏တပ်ဖွဲ့ဝင်များ လုပ်ရဲကိုင်ရဲစိတ်ရှိရန် ညွှန်ကြား

    စစ်ခေါင်းဆောင်က ၎င်း၏တပ်ဖွဲ့ဝင်များ လုပ်ရဲကိုင်ရဲစိတ်ရှိရန် ညွှန်ကြား

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီအနေဖြင့် လုပ်လိုကိုင်လိုသောစိတ်၊ လုပ်ရဲကိုင်ရဲသည့် စိတ်များရှိရန် လိုအပ်သည်ဟု တပ်နယ်မိသားစုများကို ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရသည်။

    တနင်္သာရီတိုင်းကို သွားရောက်နေသည့် စစ်ခါင်းဆောင်က ယမန်နေ့ စက်တင်ဘာ ၁၉ ရက်တွင် လက်အောက်ခံ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း တပ်နယ်မိသားစုများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

    “မိမိတို့ကိုင်ဆောင်တဲ့ လက်နက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အသုံးချနိုင်ဖို့အတွက် အမြဲလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ ထိုမှသာ မိမိကိုယ်ကိုနဲ့ မိမိတို့ကိုင်ဆောင်တဲ့ လက်နက်အပေါ် ယုံကြည်မှုရှိတဲ့ စိတ်ဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

    ထို့ကြောင့် တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သား ပြည့်ဝနေစေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းများတွင် အမြဲအသုံးပြု ဆောင်ရွက်နေမည်ဆိုပါက လေ့ကျင့်သား ပြည့်ဝလာမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

    လက်ရှိတွင် စစ်ကော်မရှင်သည် အာဏာတည်မြဲရေးအတွက် ရည်ရွယ်ထားသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ရှုံးဒေသ တိုင်းနှင့်ပြည်နယ် ကိုး ခုရှိ မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

    ထို့အပြင် မြေပြင်တွင်လည်း သာလွန်အင်အားဖြင့် စစ် ကြောင်းများထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး​​ခြင်း.၊ ခိုးယူခြင်း၊ ပြည်သူများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ မုဒိမ်းကျင့် သတ်ဖြတ်၍ ဘာသာရေး အဆောက်အဦ၊ ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်ခတ်ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိသည်။

    ယင်းအတူ ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးမှုများနှင့် အာဏာသိမ်းပြီးနောက် တပ်အင်အား လျော့နည်းပြုန်းတီးလာမှုတို့ကို ပြန်လည်ဖြည့်တင်းရန် အရွယ်ရောက်သူ ပြည်သူများအား စစ်မှုထမ်း ဥပဒေဖြင့် နေ့ညမရွေး အတင်း အဓမ္မ စုဆောင်းလျက်ရှိကြောင်း သိရသည်။

    ထိုသို့ လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် အဓမ္မဖမ်းဆီးနေသည့် စစ်ခေါင်းဆောင်က ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်များအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ မိမိသဘောဆန္ဒအလျောက် တပ်ထဲသို့ ဝင်ရောက်လာ၍ စစ်မှုထမ်းခြင်းဖြစ်သည်ဟု တပ်မိသားစုများနှင့် တွေ့ဆုံစဥ် ပြောဆိုခဲ့သည်။

    ဓာတ်ပုံ-MOI

  • ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

    ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

    စစ်ကော်မရှင် ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

    စစ်ကော်မရှင် ရဲတပ်ဖွဲ့ဝါဒဖြန့် ဘဝကို စားသော ကိန်းဂဏန်းများ ရုပ်ရှင်အား လုံခြုံရေး တင်းကျပ်ကာ ရုံတင်ပြသခြင်း ပြုလုပ်နေကြောင်း ရုပ်ရှင် အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

    အဆိုပါ ရုပ်ရှင်အား ရုပ်ရှင်အထူးပွဲ ပြသသည့် နေ့ကစပြီး ပြသသည့် ရုပ်ရှင်ရုံများ၌ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

    “ရုပ်ရှင် Press Show က သမ္မတရုံမှာ လုပ်တာ။ အဲ့ဒီနေ့က မီဒီယာတွေကိုပါ အစစ်အဆေးတွေ လုပ်တာ။ ကျန်တဲ့ ပွဲတွေဆို မစစ်ဘူး” ဟု ပြည်တွင်း အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။

    ယင်း ရုပ်ရှင်အား စက်တင်ဘာ ၁၉ရက်မှ စ၍ သမ္မတရုပ်ရှင်ရုံအပါအဝင် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေခြင်း ဖြစ်ပြီး လူထု၏ သပိတ်မှောက်ခြင်းကို ခံရသဖြင့် ကြည့်ရှုသူ နည်းပါးသည်ဟု သိရသည်။

    သို့သော် စစ်တပ်ထောက်ခံသူများနှင့် ရုပ်ရှင်တွင် ပါဝင်သည့် အနုပညာသမားများနှင့် နီးစပ်သူအချို့ လာရောက်ကြည့်ရှုကြသည်ဟု သိရသည်။

    “လာကြည့်တဲ့သူတွေ ရှိပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ မိတ်ဆွေတွေ၊ နောက် ရဲဘက်နဲ့ သိတဲ့သူတွေပေါ့။ သူတို့တွေက ကြည့်ပြီးရင် အွန်လိုင်းပေါ်တင်ပြီး ကောင်းပါတယ် ဘာညာ လုပ်ကြ၊ ဓာတ်ပုံတွေ ရိုက်တင်ကြတာတွေ တွေ့ရတယ်” ဟု ရုပ်ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

    အဆိုပါ ရုပ်ရှင်သည် ကျားဖြန့် လိမ်လည်မှုအကြောင်း ရိုက်သည်ဟု အကြောင်း ပြထားသော ရဲဝါဒဖြန့် ရုပ်ရှင်ဖြစ်သည်ဟု လွတ်လပ်သော မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ယင်းသို့ ဖော်ပြအပြီးတွင် ပြည်တွင်းရှိ စစ်တပ်ဝါဒဖြန့် မီဒီယာ ဖြစ်သည့် ဦးမြတ်ခိုင်၏ ပေါ်ပြူလာသတင်းဌာနက အဆိုပါ ရုပ်ရှင်နှင့် ပတ်သတ်သည့် အနုပညာရှင်များအား ဆက်တိုက် အင်တာဗျူးများလုပ်ကာ ရုပ်ရှင်အား ပရိုမိုးရှင်းဆင်းနေသည်ကိုလည်း တွေ့ရသည်။

    “ဦးမြတ်ခိုင်က တောက်လျှောက် လိုက်မေးတာ။ သက်သက်ကြီးကို ခေါ်မေးနေတာ။ ဒီလူကြီးက အတော်ဆိုးဆိုးပါ” ဟု ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောသည်။

    ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်သည် စစ်တပ်ဝါဒဖြန့်ဇာတ်ကားများ ရိုက်သည့် ဒါရိုက်တာ တင်အောင်စိုး ရိုက်ကူးသော ကျားဖြန့်အကြောင်းပြ ရဲဝါဒဖြန့် ရုပ်ရှင်တစ်ခု ဖြစ်သည်ဟု သိရသည်။

  • မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    စစ်အာဏာရှင်ကို တိုက်ခိုက်ရာတွင် ပိုမိုထိရောက်စေရန် မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်ရာတွင် ပိုမို ထိရောက်စေရန်အတွက် ရာမညမွန်တပ်တော် နှင့် မွန်လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။

    စက်တင်ဘာလ ၁၈ ရက်နေ့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည် ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် မွန် လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမည မွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    “အခုလို ပူးပေါင်းလိုက်ခြင်းဖြင့် စစ်အာဏာရှင်ကို အတူတိုက်ဖျက်နေတဲ့နေရာမှာ ပိုပြီးထိရောက်ပြီး တော့ ပိုပြီးအားဖြစ်သွားစေမယ်လို့ ယုံကြည်ပါတယ်၊ ပြောလို့ရပါတယ်။ နောက်ပြီး ကျနော်တို့ မွန် ပြည်သူတွေ အစဉ်အမြဲတိုက်တွန်းတောင်းဆိုနေတဲ့ အရာတစ်ခုက ဘာလဲဆိုတော့ မွန်တပ်တော် တစ်ခုပေါ်ထွန်းရေးအတွက်လည်း ရှေ့တစ်လှမ်းတိုး သွားစေတယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ကိုယ်တိုင်သည်ပင်လျှင် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးအတွက် နည်း လမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။

    ထိုသို့ ပေါင်းစည်းကြသော မွန်လွတ်မြောက်ရေးတပ်တော် (MLF) ဦးဆောင်ကော်မတီဝင်များနှင့်တပ် ဖွဲ့ဝင် များတို့သည် NMSP-AD/RMA ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမည် ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ် ကြောင်း အသိပေးထားသည်။

    “နောက်ပြီးတော့ MLF မွန်လွတ်မြောက်ရေးတပ်တော်က ကျနော်တို့ရဲ့မွန်ပြည်သစ်ပါတီ( စစ်အာဏာ ရှင်တိုက်ဖျက်- NMSP -AD/RMA ရဲ့ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ပူးပေါင်းတာဝန် ထမ်းဆောင်သွားမယ်လို့ သဘောတူညီမှုအရ ကျနော်တို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသေး စိတ်ဘယ်အပိုင်းမှာ ဘယ်လို တာဝန်ယူ၊ တာဝန်ပေးသွားကြမယ်ဆိုတာက တစ်ပိုင်းဖြစ်မှာပေါ့၊ အ သေးစိတ်အခြေအနေကတော့ ကျနော့်အနေနဲ့ မသိရှိရသေးပါဘူး” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောဆိုသည်။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) သည်မွန် ပြည်သူလူထုနှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာ ရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် ဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်း များ၊ ပြည်သူ့ကာကွယ် ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    “ကျနော်တို့ NMSP-AD သည် ကျနော်တို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA -AD နဲ့ မွန်လွတ်မြောက်ရေးတပ်မတော် – MLA က ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ပူးပေါင်းထားပြီးမှ ရာမည မွန် တပ်တော် – RMA ဆိုပြီးတော့ တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားတာရှိတယ်။ အခုလောလောဆယ် က တော့ RMA ပေါ်ထွန်းလာပြီးတဲ့နောက်ပိုင်း အခုနောက်ထပ် MLF ဆိုတဲ့ မွန်းလွတ်မြောက်ရေးတပ် တော်က နောက်ထပ်တပ်တစ်ခုအနေနဲ့ ဝင်ရောက်ပူးပေါင်းတာဝန်ယူခြင်းဖြစ်ပါတယ်” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ရှင်းပြသည်။