Category: News

  • ဟောင်ကောင်အထပ်မြင့်လူနေတာဝါ ၃ ခု ဆိုးရွားစွာမီးလောင်မှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာ

    ဟောင်ကောင်အထပ်မြင့်လူနေတာဝါ ၃ ခု ဆိုးရွားစွာမီးလောင်မှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာ

    ဟောင်ကောင်ရှိ ဝမ်ဖက်ကော့အရပ် အထပ်မြင့် လူနေတာဝါကြီး ၃ ခု နိုဝင်ဘာ ၂၆ ရက်ဒေသစံတော် ချိန် နံနက်အစောပိုင်း ၂ နာရီတွင် မီးစတင်လောင်ကျွမ်းရာ ည ၈ နာရီအထိ မငြိမ်းသတ်နိုင်သေးဘဲ တာဝါတစ်ခုကိုသာ မီးထိန်းနိုင်သေးပြီး မျက်မြင် သေဆုံးသူ ၁၃ ယောက်ရှိပြီဖြစ်ကြောင်း သိရသည်။

    ဟောင်ကောင်၊ တိုင်ပိုခရိုင်မြို့တော်အုပ်ချုပ်ရေးမှူးက အဆင့် (၅) သတ်မှတ်ရသော အဆိုးရွားဆုံး မီးလောင်ကူးစက်နေမှုဟုဆိုကာ သေဆုံးသူ ၁၃ ဦးအနက် အမျိုးသား ၄ ဦး၊ မီးသတ်သမား တစ်ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်ကြောင်း၊ ၁၅ ယောက် ဒဏ်ရာရပြီး မီးသတ်အဖွဲ့ထုတ်ပြန်ချက်အရ ပိတ်မိနေသူ ၂၈ ဦးအား ကယ်ဆယ်လိုက်နိုင်သည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

    ကယ်ဆယ်ရေးလုပ်နေစဉ်တွင် ၉ ဦးသည် မီးလောင်မှုအခင်းနေရာမှာပင် သေဆုံးခဲ့ပြီး ဆေးရုံပို့ခဲ့သည့် ၆ ဦးအနက် ၄ ဦးမှာ ဆေးရုံပေါ်တွင် သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။

    အသက် ၃၇ နှစ်ရှိ မီးသတ်သမား ဟို ဆိုသူသည် ညနေ ၃ နာရီ ၃၀ မိနစ်၌ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် မီးသတ် နေသည့်အတွင်းပိုင်းသို့ လိုက်ရှာရာ မျက်နှာပြင် မီးလောင်လျှက်နှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

    နိုဝင်ဘာ ၂၆ ရက်ည ဦးပိုင်းအထိ အဆိုပါ တာဝါများ မီးမငြိမ်းနိုင်သေးဘဲ မည်မျှ ပိတ်မိနေသည်ကို အတိအကျ မသိနိုင်သေးသလို သေဆုံးမှု မြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။ မီးလောင်တိုက်များ အပြင် ဘက်တွင် လွတ်မြောက်လာသူများက ပိတ်မိနေသူများအတွက် ငိုယိုနေသည့်မြင်ကွင်းများလည်း မြင်တွေ့နေရဆဲဖြစ်သည်။

    Ref: Thesun

  • ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထိုင်း တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထိုင်း တောင်းဆို

    (ရွေးကောက်ပွဲကျင်းပပြီးလျင်ပင် အာဆီယံက မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲဟု ဆို)

    လာမယ့်ရွေးကောက်ပွဲ ကျင်းပပြီးလျင်ပင် အာဆီယံအဖွဲ့က မြန်မာစစ်ကော်မရှင်နဲ့ ပြန်လည်ထိ တွေ့ဆက်ဆံဖို့ ခက်ခဲမယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကတ်ကီယိုက နိုဝင်ဘာလ ၂၅ ရက်မှာ ပြောကြားခဲ့ပြီး တိုင်းပြည်ရဲ့ ထိန်းသိမ်းခံခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

    “လက်ရှိအခြေအနေနဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတွေ မပြုလုပ်ရသေးတဲ့အချိန်မှာ ရွေးကောက်ပွဲပြုလုပ်တာဟာ ကျွန်တော်တို့အတွက် မြန်မာစစ်ကော်မရှင်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲစေပါလိမ့်မယ်” လို့ ထိုင်း နိုင်ငံခြားသတင်းထောက်များအသင်းမှာကျင်းပတဲ့ အခမ်းအနားမှာ ၎င်း က ပြောပါတယ်။

    “ကျွန်တော်တို့ ဒီရပ်တည်ချက်နဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ သူ က ဆက်ပြောပါတယ်။

    စစ်ကော်မရှင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်တပ်အာဏာထိန်းချုပ်မှုကို ကြာရှည်စေ မယ့် အတုအယောင်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အဆင့်လိုက်ကျင်းပဖို့ စီစဉ်ထားပါ တယ်။

    ဒီမိုကရေစီပါတီအများအပြားကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပြီး ရွေးကောက်ပွဲ ကို တစ်နိုင်ငံလုံးအတိုင်းအတာ ပြုလုပ်နိုင်မှာမဟုတ်ဖူးလို့ မင်းအောင်လှိုင်က ဝန်ခံထားပါတယ်။

    တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အောက်တိုဘာလအတွင်း မြန်မာစစ်ကော်မရှင်ကို တွန်းအားပေးခဲ့ပြီး ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။

    အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံထား ရပြီး နှလုံးကျန်းမာရေးပြဿနာ ဆိုးရွားလာကာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။

    “မြန်မာစစ်ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စဉ်းစားရမယ့် အချိန်ရောက်ပါ ပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာလရှည် ထိန်းသိမ်းခံထားရပြီး ဒီအသက်အရွယ်မှာ သူ့ရဲ့ကျန်းမာရေး အခြေအနေကို ကျွန်တော်တို့ မသိပါဘူး” လို့ ဆီဟာဆတ်က ဆိုပါတယ်။

    ကိုးကား – Reuters

    Ref; ASEAN re engagement with Myanmar ‘difficult’ even after polls, Thai foreign minister says

    စစ်အုပ်စု အရှိုက်ကို ထိုးနှက်လိုက်သော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး၏ အပြော

    ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီး ဆီဟာဆတ် ဖေါင်ကက်ကေ့ယော က ဘန်ကောက်ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်တွင် အာဆီယံ အနေဖြင့် ရွေးကောက်ပွဲ ပြီးလျင်ပင် မြန်မာ နှင့် ဆက်ဆံရန် အခက်အခဲ ရှိမည် ဟု ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

    ၎င်းမှ တဆက်တည်း ဆိုသလို ‌ဒေါ် အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် တောင်းဆိုသွားခဲ့သည်။

    ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေသည့် ကြားမှ စစ်အုပ်စု စီစဉ်ထားသော ရွေးကောက်ပွဲသည် တလ ခန့်သာ လိုတော့ချိန်တွင် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ယခုလို အာဆီယံ ၏ သ‌ဘောထားကို ထုတ်ဖေါ်ပြောဆိုလာခြင်းလည်း ဖြစ်သည်။

    စစ်အုပ်စု သည် သက်ဆိုင်သူ အားလုံး နှင့် ဆွေးနွေးခြင်းပင် မရှိဘဲ ရွေးကောက်ပွဲ လုပ်လာမည့် အနေအထား သည် မိမိတို့ အနေဖြင့် ၎င်းတို့နှင့် ပြန်လည် ဆက်ဆံဖို့ ခက်ခဲလာလိမ့်မည်ဟု ဆီယာဆတ်က ဆိုသည်။ အာဆီယံ အနေဖြင် ထိုသဘော အတိုင်း တစည်းတလုံးတည်း ရပ်တည်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောသွားခဲ့သည်။

    ယခုလို အချိန်မျိုး တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ အသေအချာ စဉ်းစားရတော့မည့် အချိန် ရောက်လာပြီ ဖြစ်ကြောင်း၊ သူမအား ဖမ်းဆီးထားသည်မှာ ကြာလာပြီ ဖြစ်၍ အသက်အရွယ်အရ ကျန်းမာရေး အခြေအနေ မည်သို့ ရှိနေသည် ဆိုသည်ကို မသိရ ဟု လည်း ပြောသွားခဲ့သည်။

    ထိုင်းသည် အာဆီယံ၏ အဓိက အဖွဲ့ဝင် ငါးနိုင်ငံ ထဲတွင် စစ်အုပ်စု အပေါ် သဘောထား အပျော့ပြောင်းဆုံး နိုင်ငံဟု ယူဆထားချိန်တွင် ယခုလို ပြောဆိုလာခြင်း ကြောင့် ကြားရသူ အပေါင်း အံ့အား သင့်သွား ကြမည် လည်း ဖြစ်သည်။

    ပြည်သူများကတော့ နိုင်ငံပိုင် ငွေ ကျပ်ဘီလီယံ ပေါင်း များစွာ ဖြုန်းတီးကာ ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ မည်သူ အုပ်ချုပ်လာသည်ဖြစ်စေ အစိုးရ အဖြစ်လည်း အသိအမှတ် ပြုကြမည် မဟုတ်ဘဲ မိမိတို့ တိုက်ပွဲ ကို အဆုံးစွန် အထိ ဆက်လက် တိုက်ခိုက်သွားကြမည်သာ ဖြစ်သည်။

    တော်လှန်ရေး ခရီးသည် ရှေ့လျှောက် ကြမ်းတမ်းလာမည် ဖြစ်သည်နှင့် အမျှ အပြစ်အနာ အဆာများလည်း ရှိလာနိုင်သည်ကို နားလည် သဘောပေါက်ထားကြရမည်။ ယခုအခါ အမေရိကန်၏ သဘောထားသည် ကမောက်ကမ ဖြစ်လာနေ၍ မိမိတို့ အချင်းချင်း အငြင်းပွား ရန်လုပ်နေကြမည့် အစား ဘုံရန်သူ ကို မျက်ခြေပြတ်မခံဘဲ ကျောချင်းကပ် ရင်ခြင်းကပ် ထားရမည့် အချိန် ရောက်လာ နေပြီ ဖြစ်သည်။

    ပြည်သူများကလည်း ၎င်းတို့ နာမည်ကြီးလာရေး တခုတည်း ရှေးရှုပြီး အုတ်အော်သောင်းနင်း ဖြစ်အောင် နည်းမျိုးစုံ ဖြင့် အစ ထောင်လာသူများကို သတိပြုကြရမည် ဖြစ်သည်။ ၎င်းတို့ နောက် တကောက်ကောက် ပါအောင် လိုက်နေပါက စစ်မြေပြင်တွင် အသက်စွန့် တိုက်ပွဲ ဝင်နေကြသော ပြည်သူ့ သားကောင်းများ စိတ်ဓါတ်ပျက်ပြား သွားနိုင်ပေသည်။

    ၂၀၂၄ နိုဝင်ဘာ ၂၄ ရက်နေ့ မိမိပို့စ် ကို မင်မိုရီ မှ တဆင့် တွေ့လာခဲ့၍ ပြန်လည် ဖတ်ရှုကြည့်ရာ

    စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်နေမှု များ အလုပ်ဖြစ်လာပုံ ရသည့် လက္ခဏာ တရပ် အဖြစ် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ် မှ ပြောခွင့်ရ မှ စစ်ရေး ပဋိပက္ခများ အဆုံးသတ်ရန် ဆွေးနွေးဖို့ အသင့် ရှိ ကြောင်း ထုတ်ဖေါ် ပြောဆိုလာသည်။

    နေ့စဉ် လိုလို တိုက်ပွဲများ ဖြစ်ပွားလာနေမှု ကြောင့် မိမိတို့ ဒေသတွင်းရှိ လူထု ဒုက္ခသုက္ခများ ကြုံလာနေရသည်ဟု ဆိုသည်။ သို့သော် မိမိတို့၏ ခုခံ ပိုင်ခွင့် ကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

    TNLA ပြောခွင့်ရ ဗိုလ်ချုပ် တာဘုန်းကျော် မှ “‌ဆွေးနွေးမည် ဆိုသော်လည်း မိမိတို့ နယ်မြေများကို လက်လွှတ် ခံမည် မဟုတ်” ဟု AFP သတင်းဌာနကို အသိပေးခဲ့သည်။

    သို့သော် ယခုအခါ တအာင်းတပ်များသည် နယ်မြေများကို လက်လွှတ် ပေး ခဲ့ယုံမက ၎င်းတို့ သိမ်းပိုက်ခဲ့သည့် မိုးကုတ် ကိုပင် အကြမ်းဖက် စစ်အုပ်စု များ ကို ပင့်ဆောင်ခေါ်လာကြတော့မည် ဖြစ်ပေသည်။

    ၎င်းတို့နှင့် အတူ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအားလည်း မြို့တွင်းမှ ဆုတ်ခွာ ခိုင်းနေပြီ ဖြစ်သည်။

    စစ်အာဏာရှင်လက်အောက်မှ လွတ်ပြီ ကျွတ်ပြီ ဆိုကာ အိုးစည် ဗုံမောင်းတီး ကြိုဆိုခဲ့ကြသော မိုးကုတ် ပြည်သူများက စစ်အာဏာရှင် ပါးကွက်သားများ ရန်‌ ကြောက်၍ တိမ်းရှောင်ကုန်ကြပြီ ဖြစ်သည်။

    မိုးကုတ် မြို့ကတော့ လူသူ ကင်းမဲ့သွားသော်လည်း ဗိုလ်ချုပ် တာဘုန်းကျော် တို့ တူးယူ သွား၍ ဟောင်းလောင်းသာ ကျန်တော့ သော တွင်းများတော့ ရှိနေပေသေးသည်။

    ထို သို့ တကယ်တမ်း လုပ်လာမည် ဆိုက တအောင်းတို့ အပေါ် အမည်းစက်ကြီး စွန်းထင် ကျန်ရစ်ခဲ့တော့မည်လည်း ဖြစ်သည်။

    ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

    Hla Soe Wai

  • လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ၅၀၅ (က) အမှုဖွင့်ခံထားရသူအချို့ကို စစ်ကော်မရှင်က အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်

    လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ၅၀၅ (က) အမှုဖွင့်ခံထားရသူအချို့ကို စစ်ကော်မရှင်က အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်

    အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ တချို့၊ ကြားနာစစ်ဆေးဆဲ အမှုတွေကို ပိတ်သိမ်းခြင်အမိန့်တို့အား ဒီနေ့ည ၈ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

    “ပြည်ထောင်မှာက ၁၀ ယောက်ကျော် ဒီနေ့ ညနေ ၄ နာရီက လွှတ်ပေးတယ်၊ ရုတ်တရက် လွှတ်တာ၊ သရက်ထောင်မှာလည်း ထောင်ကြီးချုပ်မှာ တရားရင်ဆိုင်နေရသူတွေလည်း လွှတ်ပေးတယ်၊ အရေအတွက်ကတော့ ၁၅ ယောက်ကျော်တယ်၊ ခုညနေထိတော့ အဲ့တာပဲ သိရသေးတယ်၊ ရုတ်တရက် အမိန့်စာ ရောက်လာတာလို့ ပြောတယ်၊ အမှုကြီးတွေနဲ့ တွဲလျက် ကျနေတဲ့သူတွေကိုလည်း ၅၀၅ ပုဒ်မတွေ ဖျောက်ပေးမယ်လို့ ပြောတယ်” လို့ မြို့တော်ရဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။

    ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အကျဉ်းထောင်ကြီးမှာ ရှိနေတဲ့ ပုဒ်မ-၅၀၅ နဲ့ ဖမ်းဆီးထောင်ချချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသူ/သား တွေကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေမှာ ရုတ်တရက် လွှတ်ပေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ယနေ့ ညနေ ၄ နာရီခွဲခန့်ကစတင်ကာ ပြည်အကျဉ်းထောင် မှာ ၅၀၅ နဲ့ အချုပ်ကျနေသူ အမျိုးသား၊ အမျိုးသမီးတွေအပါအဝင် ထောင်ကျပြီးသားဖြစ်တဲ့ ၅၀၅ နိုင်ကျဉ်း တွေ စုစုပေါင်း ၁၀ ဦးထက်မနည်းလွှတ်ပေးနေတာလို့ သိရပါတယ်။

    “အသိပေးထားတာဘာမှမရှိပါဘူး။ မိသားစုတွေလည်း မသိသေးဘူး။ ရုတ်တရက်ကြီး လွှတ်ပေးနေတော့ အံ့ဩနေကြတယ်။ အချုပ်နဲ့ အကျ တွေပါတယ်လို့ ကနဦး သိထားပါတယ်။ နာမည်နဲ့ အရည်အတွက်အသေးစိပ်ကိုတော့ မသိရသေးပါဘူး” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ဒို့ပြည် ကို သတင်းပေးပါတယ်။

    နိုင်ကျဉ်းတွေကို လွှတ်ပေးနေတာ မှန်ကန်မှုရှိပြီး ၅၀၅ တွေချည်းပဲပါဝင်ကာ အခြား နိုင်ငံရေးအကျဉ်းသားတွေတော့ မပါဝင်သေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူ အခြားတဦးကလည်း ဒို့ပြည် ကို အတည်ပြုပါတယ်။

    “လွှတ်ပေးတာဟုတ်ပါတယ်။ အားလုံးပဲအံ့ဩနေကြတယ်။ ဘာမှကိုသတင်းရမထားပါဘူး။ ကျနော်တို့ ထင်တာတော့ ရွေးကောက်ပွဲကြောင့်ပဲလား ဒါမှမဟုတ် တခြားနိုင်ငံတကာရဲ့ အခင်းအကျင်းနဲ့ ဖိအားတွေကြောင့်လားမသိဘူး။ တခြား ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ သူတို့ကခန့်မှန်းရခက်နေတယ်” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသားကလည်း ပြောပါတယ်။

    လက်ရှိမှာတော့ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား အရည်အတွက် နဲ့ နာမည်အသေးစိပ်ကို သိရဖို့ ဒို့ပြည်က စုံစမ်းနေပြီး ထပ်မံသိရတဲ့ အခြေအနေကို ဆက်လက်ဖော်ပြပေးပါ့မယ်။

  • အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျာ၊းဖြ၊န့်အကွက်သစ်

    အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျာ၊းဖြ၊န့်အကွက်သစ်

    အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျားဖြန့်အကွက်သစ်

    (အိမ်ရှင်မတွေ အထူးဂရုပြုကြပါ)

    အိမ်အကူအသစ်ရတာ (၃) ရက်ရှိပီ ဒီနေ့တော့ထုတ်လိုက်ပြီ။

    ဘာလဲဆိုတာ မပြောဘူးနော် စာဖတ်ပီးသာစဉ်းစာတော့…။

    -အသက် ၁၉ ရုပ်က Model အတိုင်းပဲအိမ်အကူနဲ့တောင်မတူ

    -စရောက်တဲ့နေ့ကကြည့်လိုက်တာ လက်သည်းတွေက နည်းနည်းနောနောအရှည်ကြီးတွေမဟုတ်ဘူး။

    အဲ့ဒါညှပ်ခိုင်းတော့ လက်သည်းအတုတပ်ထားတာတဲ့ အမခွင့်ပေးရင် သူဆိုင်မှာသွားဖြုတ်ပေးမယ်နော်တဲ့။

    စကားပြောတာ လုံးဝအိမ်အကူနဲ့ကိုမတူဘဲ ယဉ်ကျေးပီးတော်တော်ကို လူချစ်အောင်ပြောနိုင်တယ်

    – တနေကုန်ဖုန်းပြောတယ်

    – ညဆို တညလုံး ၃:၀၀/၄:၀၀ ထိ စာတွေရိုက်တယ်

    – သန့်ရှင်းရေး လုံးဝမရ / ဘာမှ ရေရေရာရာမလုပ်

    – ဖုန်းပဲသုံးတော့ ဪ ဘဲတွေများတယ်ထင်တယ် ချောတာကိုလို့ထင်ခဲ့တာ

    – ဒါပေမဲ့လူအိပ်ချိန်တာသူမအိပ်ပဲ စာတွေတတောက်တောက်။

    မနက်လဲဖုန်းတွေဖြေတောက်လျောက် ပုံက လင်တရူးလို လင်တွေနဲ့ပြောတဲ့ပုံနဲ့ တူမနေဘူး။

    အလုပ်တခုကိုတောက်လျောက်လုပ်နေသလိုမျိုး

    စိတ်ကမထင်လို့ အပေါ်ထပ် ကောင်မလေးကို သွားမေးစမ်းဆိုပီး အစ်မေးခိုင်းတာ အရင်အလုပ်က ဘာမှမလုပ်ရဘူး။

    ကွန်ပြူတာတွေဖုန်းတွေနဲ့လူခေါ်ပေးရတယ် ဖုန်းဆက်ရင် ဖုန်းဖြေပေးရတယ်

    လစာ ၅ သိန်း အဆောင်ပေးတယ်တဲ့။

    ခုဘာလို့နားတာလဲဆိုတော့ အလုပ်ကခနနားလိုက်တာ ၂ လခွဲတဲ့ ဒါပေမဲ့စာချုပ်ချုပ်ခဲ့ရတယ် နှစ်လခွဲပြည့်တာနဲ့ ပြန်ရမယ်။

    ခုလဲလစာကပေးတယ်တဲ့ ဖုန်းနဲ့လုပ်ပေးတယ်တဲ့။

    ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအကုန်လုံးကို ရုံးကသိတယ်တဲ့။

    ဘယ်ချိန် ဘာလုပ်နေလဲကစ ဘယ်သူနဲ့ပြောနေလဲပါသိတယ်တဲ့။

    သူတို့ပြန်မဖွင့်ခင် အိမ်တအိမ် ခနနေနေ ဖွင့်တာနဲ့ မပြန်လို့မရဘူး ပြန်ရမယ်တဲ့။

    နောက်ဆုံးတချက် သူတို့ပေးထားတဲ့ စာရွက်လိုကဒ်ရှိတယ်။

    အဲ့ဒါက ဒီတနိုင်ငံတည်းမဟုတ်ဘူး။ တခြားနိုင်ငံတွေပါသွားလို့ရတယ်။

    အလုပ်က နိုင်ငံတိုင်းမှာရှိတယ်တဲ့။

    သူကိုယ်သူဘာအလုပ်လုပ်နေလဲ သူဘယ်အခြေအနေရောက်နေလဲ သူတကယ်မသိရှာဘူး…

    ဘယ်ဟာကအမှန်လဲဆိုတာတော့ ကျမမသိပေမယ့် သူရဲ့ပုံကတော့ မှန်မနေဘူး။

    ဆိုတော့ ကလေးတွေအတွက် စိတ်အရမ်းပူပီးထုတ်လိုက်ပြီ။

    ညနေတည်းက ချက်ချင်းအထုတ်သိမ်းရပြီ။

    ပွဲစားခလဲမပေးနဲ့ နင် ၁၀ ရက်စာယူထားတာလဲ မုန့်ဖိုးယူလိုက်နော် ပြန်တော့ ဆိုပီး ချက်ချင်းထုတ်လိုက်တယ်။

  • လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းအချို့ AA နဲ့ ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်

    တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။

    လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူး‌ပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ (နိုဝင်ဘာလ ၂၆ ရက်) မနက်ပိုင်းမှာ ပြောပါတယ်။

    “ရွာနားက တိုက်ပွဲတော်တော်ပြင်းထန်တယ်။မုံရွာ-ပုသိမ်လမ်းပိုင်းနားမှာလည်းချတယ်။ စစ်တပ်ကကျတော့် လေကြောင်းကနေ ညဘက်တွေဆို ဗုံးကြဲပြီ။လက်နက်ကြီးကတော့ခဏခဏပစ်တယ်”လို့ ပြောပါတယ်။

    လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေဆုံးမှုတွေများပြားနေပြီးဂျက်ဖိုက်တာအပြင် စက်တပ်လေထီး၊ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

    ညနက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကြဲလေ့ရှိပြီး လေးမျက်နှာမြို့နယ်ဘက်ကိုဦးတည်ပျံတဲ့ ဂျက်ဖိုက်တာအသံကို ဇလွန်၊ ဟင်္သာတမြို့မြို့နယ်တွေကနေ ညတိုင်းကြား​နေရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

    တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်စရေးအင်အားစုတွေကတော့ သတိပေးထားကြပါတယ်။

    လေးမျက်နှာမြို့နယ်ဟာဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှု​တွေပိုမိုလုပ်​နေတယ်လို့ သိရပါတယ်။

    စက်စက်ယိုကျေးရွာအပါအဝင်လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မတ်လကတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပါ‌သေးတယ်။

    တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ် ၂၉ ဗျူဟာက ထုတ်ပြန်ထားပါတယ်။

    ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

    အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။

    လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ချင်းလယ်ရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ ၁၁ ရက်nညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကိုမထုတ်ပြန်သေးပါဘူး။

    အဲဒီဒေသတွေမှာ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။