Category: News

  • ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး

    ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး

    ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး

    စစ်သုံ့ပန်း ၁၂ ဦးဖမ်းဆီးရမိကာ လက်နက်ငယ် ၃၀ နီးပါး သိမ်းဆည်းရမိ

    ပဲခူးတိုင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ (၃) ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၂၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း ၁၂ ဦးနဲ့ အတူ လက်နက်ငယ် ၃၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်း ရရှိခဲ့ပါတယ်။

    (ပဲခူးတိုင်း၊ လက်ပံတန်းတိုက်ပွဲ)

    ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

    ဒါ့ပြင် စစ်တပ်ဘက်ကနေ လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ ဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။

    တိုက်ပွဲဖော်ဆောင်ရာမှာ ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေကတော့ ပြည်သူ့ ကာကွယ်‌ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုနဲ့ အမှတ် ၃၈၀၂ တပ်ရင်း၊ အမှတ် ၃၈၀၃ တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ကြပါတယ်။

    ဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
    —-

    (မကွေး- ပခုက္ကူလေယာဉ်ကွင်းတိုက်ပွဲ)

    ဒီတိုက်ပွဲကတော့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ Southern Yeasgyo တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

    ပခုက္ကူလေယာဉ်ကွင်းမှာ အထိုင်ချထားတဲ့ စစ်အုပ်စုဆီကနေ မြောက်လူးကန်ရွာအထိုင်စခန်းသို့ ရိက္ခာတွေ သယ်ဆောင်ပြီး ပြန်လာတဲ့ အင်အား ၂၀ လောက်ပါဝင်တဲ့ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၆ ဦးသေဆုံးပြီး လက်နက်နှစ်လက်သိမ်းဆည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒီစစ်အုပ်စုစစ်ကြောင်းဟာ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတာကြောင့် ရှေ့ကို ဆက်မတိုး နိုင်တော့ဘဲ လေယာဉ်ကွင်းဆီကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

    ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦး လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပေမယ်လည်း အသက်အန္တရာယ်စိုးရိမ် စရာမရှိလို့ ဆိုပါတယ်။

    တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ကတော့ Southern Yeasgyo တပ်ပေါင်းစု၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ Southern Revolution Group(YRG)၊ ပြည်သူ့အားမာန် PDF ၊ King Cobra နဲ့ ဒေါင်းစစ်သည် စတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။
    —–

    (စစ်ကိုင်း – မင်းကွန်းလမ်းတိုက်ပွဲ)

    ဒီတိုက်ပွဲဟာ အောက်တိုဘာ ၁၃ရက်နေ့က ဖြစ်ပွားခဲ့ပြီး ခလရ-၁၁၆ က ဗိုလ်ကြီးမင်းထွန်းစိုး အပါအဝင် တပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    ဒါ့ပြင် တိုက်ပွဲအတွင်းကနေ MA1 အမျိုးအစား သေနတ် ၂လက်၊ MA3 အမျိုးအစား ၃ လက်၊ MA5 တစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ အီနာဂါတစ်လုံးနဲ့ အိုင်ကယ်ဆက်သွယ်ရေးစက်တစ်လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဆိုပါ အောက်တိုဘာ ၁၃ ရက်နေ့က စစ်ကိုင်း – မင်းကွန်းလမ်း ပေါက်တောကျေးရွာက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်နေတဲ့ အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းကို ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ကြောင်းချေမှုန်းခံရပြီး အထိနာသွားတဲ့အတွက် လက်ကျန်စစ်သားတွေဟာ ပြည်သူတွေပိုင်ဆိုင်တဲ့ ကားနဲ့ ဆိုင်ကယ်တွေကို လုယူထွက်ပြေးသွားခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

    Screenshot

    ပုံစာ- သိမ်းဆည်းရမိတဲ့ လက်နက်တွေ

  • ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ

    ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ

    ကျားဖြန့်ဆိုတာ

    ကျားဖြန့်ရဲ့သဘောက ဒီလို။ ပုံလေးတွေ ချောချောလေးတွေ တင်မယ်။ Story မှာ တစ်နေ့တစ်ပုံ တင်မယ်။

    Album မှာ လေးငါးခြောက်ပုံ တင်ထားမယ်။ ပြီးရင် သူတို့ Acc ကို Profile Lock ခတ်ထားမယ်။

    သူတို့ Profile, သူတို့ Post တွေကို Screenshot ရိုက်လို့ မရဘူး။

    ပြီးရင် တစ်ယောက်ယောက်စီ သူတို့ Acc Link ကို Share လို့လည်း မရဘူး။

    Link ယူမရအောင်လည်း ပိတ်ထားမယ်။

    သူတို့ဟာ ပုံချောချောလေးတွေသာ တင်ပေမဲ့ ဘာမှ မသိသေးသူ တစ်​ယောက်နှစ်ယောက်မှအပ Like & Com ဘာမှ မရှိဘူး။

    တချို့ကျ သူတို့ကျားဖြန့်အချင်းချင်း Com ထဲမှာ သူငယ်ချင်းလိုလို၊ Real User တွေလိုလို သူများတွေ မြင်အောင် Com Rp တွေ လုပ်ကြမယ်။

    သူတို့ပစ်မှတ်ထားတဲ့ Acc တွေကို စ Add မယ်။ စအပ်အပ်ချင်း ဘယ်တော့မှ စာလာမပို့ဘူး။

    နှစ်ရက်သုံးရက်ကြာမှ Hi, Hello, မင်္ဂလာပါ ဘာညာနဲ့ လာပြီး ရောမယ်။

    နိုင်ငံခြားမှာ နေသူကို ဆိုရင် သူတို့လည်း နိုင်ငံခြားတစ်ခုခုကလို့ ပြောမယ်။ ပြည်တွင်းကပါ ဆိုရင် သူတို့က ရန်ကုန်ကလို့ ပြောမယ်။

    ပြီးရင် စီးပွားရေးအကြောင်းတွေ ပြောမယ်။ ဘုန်းကြီးတွေကိုဆိုရင် Video Call ခေါ်ပြီး နည်းပညာနဲ့ သူတို့ဘက်က Sex ဆိုင်ရာ Video တွေ ပြမယ်။

    ပြီးရင် Screen Video Recording ယူထားပြီး ငွေညှစ်မယ်။ မရရင် Public မှာတင်မယ့်အကြောင်း ပြောမယ်။

    နောက်ဆုံး မသိနားမလည်သေးတဲ့ ရဟန်းတွေဟာ အရှက်ကွဲ မခံချင်ကြတာနဲ့ ကိစ္စပြတ်ရင် ပြီးရောဆိုပြီး သူတို့တောင်းသမျှ ပေးလိုက်ကြရမယ်။

    ဒါတွေက ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေပါ။

    ခုတစ်လအတွင်း ဦးဇင်းဆီ ကျားဖြန့်မိန်းကလေးနှစ်ယောက် လာအပ်ပြီး စကားပြောတယ်။

    စစချင်းတော့ Mutual Fri တွေ ရှိနေတာနဲ့ လက်ခံလိုက်တာ။ နောက် စကားပြောဖြစ်တော့ Video Call ခေါ်မယ် လုပ်လာရော။

    ခေါ်တာတောင် သူတို့ဘက်က အဖွဲ့လိုက် ခေါ်မှာတဲ့။ (ဒါက ပထမတစ်ယောက်ဆီက သင်ခန်းစာပါ)

    ခု ပုံပါ Screenshot ထဲက အမျိုးသမီးကိုတော့ ကိုကလည်း ကျားဖြန့်မှန်း သိထားတာမို့ တရားချည်း လှိမ့်ဟောပေးလိုက်တယ်။ ခေါ်ပုံက လူကြီးတဲ့၊ အစ်ကိုတဲ့။

    မရင်းနှီးသေးတဲ့ ရဟန်းတစ်ပါးကို ဘယ်မိန်းကလေးအစစ်အမှန်မှ အဲလို မခေါ်မပြောရဲပါဘူး။

    တရား ခဏခဏ ဟောပေးလိုက်တော့ သူ့ဘာသာသူ အလိုအလျောက် Block သွားတယ်။

    အားလုံး သတိရှိရအောင် မျှဝေပေးလိုက်ရခြင်းပါ။ လက်ရှိ Fri ထဲမှာလည်း အဲလိုအမျိုးအစားတွေ နှစ်ယောက်သုံးယောက်လောက် ရှိသေးတယ်။

    (ပုံကတော့ တခြားသူရဲ့ပုံ ယူသုံးထားဟန် တူပါတယ်။ အဓိက ပေးချင်တဲ့ Message ကို နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပုံပိုင်ရှင် အမျိုးသမီး တွေ့ခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်)

    မောင်ခေမိန် – မကွေး

  • မိုးကုတ်နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများနှင့် ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    မိုးကုတ်နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများနှင့် ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်)ကျေးရွာရှိ ကြက်မွေးမြူရေးခြံများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်မွေးမြူရေးခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁၁ လုံးလာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် ၆ စီး၊ ကလေးမူကြိုကျောင်း အပါအဝင် နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

    ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက် ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော နေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိကြောင်း ပြောဆိုထားသည်။

    အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆည်လည်ကျေးရွာနှင့် ရှမ်းဘုရားကျေးရွာ အကြားကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ၀န်းကျင်ခန့်တွင် နတ်မောက်မြို့နယ် ဆည်လည်ကျေးရွာနှင့် ရှမ်းဘုရားကျေးရွာ အကြားကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

    “စစ်ခွေးတွေက ဘာထိတွေ့မှုမှ မရှိဘဲ စစ်ကြောင်းထိုးတာလည်းမရှိဘဲ လာပြီး လေယာဥ်နဲ့ချသွားတာပါ။ ဆည်လည်ကျေးရွာနဲ့ ရှမ်းဘုရားကျေးရွာ အကြားကို လာကျဲချသွားတာပါ။ ရဟတ်ယာဉ် ၁ စီး ၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးသီး ၂ လုံးချပြီး ရော့ကတ်တွေနဲ့ ပစ်သွားတာပါ။ ပြည်သူထိခိုက်မှုမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုး မရှိပါဘူး”ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း နတ်မောက်မြို့နယ် အရှေ့ခြမ်း စမ်းကုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဉ် ၁ စီးတို့ဖြင့် ဗုံး ၈ လုံးကျဲချကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

  • မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး

    မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး

    မန္တလေး တိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်

    မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

    နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း

    ၁၆.၁၀.၂၀၂၅ ရက်နေ့ ညနေ ၆း၄၅ အချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှလာသော မော်တော်ကားနှင့် ဆိုင်ကယ်အားတိုက်ပြေးရာ

    ဆိုင်ကယ်စီးသူအမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှမျက်မြင်သူများကပြောကြားသဖြင့်

    ယင်းအမျိုးသမီးလူနာအား မီးစလိုက်များနှင့်လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးနားတွင်မတွေ့ သွေးစများသာတွေ့ရသည်။

    တိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ​ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင်လူပါလာမှန်းသိသဖြင့် အတိုက်ခံရသောအမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက်အထည်ချုပ်စက်ရုံနားတွင်ပစ်သွားကြောင်း သိရသည်။

    ကုသိုလ်ထပ်တူ ရရှိကြပါစေ

    ( ပြည်သူအားလုံး ကျန်းမာ၍ အန္တရယ်ကင်းကြပါစေ)

    သိန်းထွန်းအောင်၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့

    ☎ 09-2039152 ☎️

  • လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

    လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ BGFရဲ့ (၈၈၈)ဗျူဟာ ဒုဗျူဟာမှူးကွပ်ကဲတဲ့ အင်အား ၄၀၀ ​ခန့်ပါတဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖလူးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ စုံစမ်းသိရပါတယ်။

    BGFနဲ့ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDFပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    “ကရင်အချင်းချင်း သစ္စာဆိုထားတာ အခု သစ္စာစူးပြီပေါ့။ သူတို့က ဖလူးရရေးထိုးလာနေတာ။ လေးကေ့ကော်ရရင်လည်း နောက်ကျောမလုံတော့ သူတို့က ဖလူးကို ရချင်နေတာ”လို့ တပ်မဟာ (၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးရွာနဲ့ လေးကေ့ကော်မြို့သစ်ဟာ (၁၀)မိုင်ကျော် ကွာဝေးပါတယ်။

    လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က ၁၀၀ခန့် သေဆုံးပြီး အလင်းဝင်လာသူများရှိနေတယ်လို့ ကျားသစ်နက်စစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

    လက်တလောမှာ စစ်ကောင်စီတပ်နဲ့ BGFပူးပေါင်းတပ်တွေက လေးကေ့ကော်မြို့သစ်ပြန်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ လေးကေ့ကော်မြို့ နေရာအချို့ကို ပြန်ရထားပေမယ့် အလုံးစုံမရသေးဘူးလို့လည်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ လေးကေ့ကော်မြို့သစ်ကို စက်တင်ဘာ ၂၁ ရက်စပြီး စစ်ကြောင်း ထိုးခဲ့တာ ဖြစ်ပါတယ်။

    လေးကေ့ကော်မြို့သစ်ဆီကိုစစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ BGF ရဲ့ ဗိုလ်တင်ဝင်းအဖွဲ့က လေးကေ့ကော်ရဲ့ အရှေ့မြောက်ဘက် မယ်ဝါးခီးရွာဘက်ကနေ စစ်ကြောင်းကူထိုးတယ်လို့သိရပါတယ်။ BGFရဲ့ ဗိုလ်မုတ်သုန်အဖွဲ့က လေးကေ့ကော်ရဲ့ အနောက်မြောက်ဘက်က ကျောက်ဂူရွာကနေ စစ်ကြောင်း ကူထိုးလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    လေးကေ့ကော်မြို့သစ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) /KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာစစ်​ကြောင်း ၊ ဗွီနွန်စစ်​ကြောင်း ၊ Justice Solider စစ်​ကြောင်း မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းတွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက အသိပေးပါတယ်။

    တော်လှန်ရေးပူးပေါင်းတပ်က ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော ကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ စက်တင်ဘာ ၂၆ ရက်က လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။

    စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လည်း လေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

    (BGF တပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-CJ )