Category: News

  • တိုင်းရင်းသားများ မဖြစ်နိုင်တာ လျှောက်ပြောပြီး လုပ်နေ၍မရဟု စစ်ခေါင်းဆောင် ဝေဖန်

    တိုင်းရင်းသားများ မဖြစ်နိုင်တာ လျှောက်ပြောပြီး လုပ်နေ၍မရဟု စစ်ခေါင်းဆောင် ဝေဖန်

    တိုင်းရင်းသားတွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး လုပ်နေလို့ မရဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ပြင်ဆင်ဖို့အတွက် တချို့အချက်တွေကို သဘောတူညီပြီးဖြစ်လို့ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ဖြစ်နိုင်တာကိုပဲ တောင်းဆိုပြီး မဖြစ်နိုင်တာတွေကို မလုပ်ကြဖို့ ပြောတာဖြစ်တယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။

    “ကျနော် ၂၀၂၁ ခုနှစ် နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တွေ့ဆုံဆွေးနွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်ကိုယ်တိုင်သော်လည်းကောင်း၊ ကျနော့်ကိုယ်စား ကိုယ်စားလှယ်တွေနဲ့သော် လည်းကောင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးတော့မှ ဟုတ်ပြီ၊ အခြေခံဥပဒေပြင်ဖို့အတွက် ကျနော် တချို့ဟာတွေ သဘောတူညီချက်ကို ပေးပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင်ပါတယ်။ ကျနော့်ရဲ့ဆန္ဒက တိုင်းပြည်အေးချမ်းပြီးတော့မှ တိုးတက်တဲ့တိုင်းပြည် ဖြစ်ချင်တယ်။ ဘာဖြစ်လို့ ကျနော်တို့ ကျန်ခဲ့မှာလဲ။ ဒါကြောင့် ကျနော်တို့ လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဖို့၊ လုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီးတော့မှ လုပ်နေလို့ မရပါဘူး။”

    အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဦးတည်ချက်ကို မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ်ပြီး တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ တောင်းဆိုချက်တွေ လုပ်တဲ့အချိန်မှာ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်မှာ ပြောတာ အကောင်းဆုံးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    “အချိုးကျ ကိုယ်စားပြုစနစ် ဒီဟာလေး ကျနော်တို့ စဉ်းစားခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပြီးခဲ့တဲ့ ဒီရွေးကောက်ပွဲရလဒ်တွေကိုတော့ သုံးသပ်ပြီးတော့မှ လာမယ့်ရွေးကောက်ပွဲကျလို့ရှိရင် ရွေးကောက်ပွဲပုံစံလေး ပြောင်းပြီး လုပ်ကြမယ်ဆိုပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံရေးပါတီတွေအားလုံး သဘောတူညီချက်နဲ့ လုပ်တာဖြစ်ပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပြီး အချိုးကျ ကိုယ်စားပြုစနစ် ပါမှာဖြစ်လို့ တိုင်းရင်းသားတွေ အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့၊ ရွေးကောက်ပွဲမှာ မဲပေးဖို့ သွေးဆောင် ပြောဆိုနေတဲ့သဘော ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

    နိုင်ငံရေးလေ့လာသူတယောက်က “သူတို့ပြောတဲ့ PR ဆိုတာ လေထဲကပဲ။ အာပဲ ရှိတာ။ အရေးမကြီးတဲ့ နေရာတွေမှာ PR စနစ်တွေ လုပ်ဖို့ ပါတယ်ဆိုပေမဲ့ တကယ်တမ်းမှာ နိုင်သူအကုန်ယူစနစ်က ၇၅ ရာခိုင်နှုန်းလောက် ရှိနေတာလေ။ ဒီရွေးကောက်ပွဲ လုပ်ပေမဲ့လည်း တိုင်းရင်းသားတွေ အရေးကိစ္စ၊ ဖက်ဒရယ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေဟာ ထင်သလို ဖြစ်မလာနိုင်ဘူး။ ဘာမှ ခရီးမပေါက်ဘူး။ အခု ဒီနေ့ပြောတဲ့ စကားကိုကြည့်ရင် တိုင်းရင်းသားတွေ အာမချောင်နဲ့၊ တောင်းချင်တာ မတောင်းနဲ့။ ပေးတာကိုပဲ ယူဆိုတဲ့ သဘောပဲလေ” လို့ ပြောပါတယ်။

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကို ရာနှုန်းပြည့် ကျင်းပနိုင်တော့မည်မဟုတ်ဟု အကြမ်းဖက် မင်းအောင်လှိုင် ဝန်ခံ

    မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကို ရာနှုန်းပြည့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဝန်ခံပြောဆိုလိုက်သည်။

    ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၁၀ နှစ်ပြည့် NCA နှစ်ပတ်လည် အခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

    လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဖြစ်ကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲကို ရာနှုန်းပြည့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း၊ ပထမအဆင့်အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် မြို့နယ်ပေါင်း ၁၀၀ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ တတိယအဆင့်တွင် ကျန်ရှိနေသော မြို့နယ်များတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    “ရာနှုန်းပြည်တော့ မရဘူးဆိုတာ ကျနော် ကြိုတင် ဝန်ခံထားပါတယ်။ ရာနှုန်းပြည့်ကတော့ ရွေးကောက်ပွဲ ၃ ရပ်စလုံးမှာလည်း ရာနှုန်းပြည့် မလုပ်နိုင်ခဲ့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တဲ့ ရွေးကောက်ပွဲကိုလည်း နောင်လာမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို ဖြည့်ဆည်းပြီးတော့မှ အားလုံးပြည့်စုံအောင်လုပ်ဖို့ ကျနော်တို့ စဉ်းစားထားတယ်ဆိုတာလည်း ပြောလိုပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။

    လက်ရှိ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်က စာရင်းပေးသွင်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၆ ပါတီက ယှဉ်ပြိုင်မည်ဖြစ်ကာ ယင်းပါတီများတွင် ကြံ့ဖွတ်ပါတီက ကိုယ်စားလှယ်အရေအတွက် ၁၀၀၀ ကျော်ဖြင့် အများဆုံးယှဉ်ပြိုင်မည်ဖြစ်သည်။

  • မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး-မိုးကုတ် လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပြီးနောက် မိုးကုတ်မြို့မှာ ဓာတ်ဆီတဂါလန်ကို ၃၆,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လမ်းမပိတ်ခင်က ဓာတ်ဆီတလီတာ ကျပ် ၅,၀၀၀ ဝန်းကျင်နဲ့ တဂါလန်ကို ကျပ် ၂၅,၀၀၀ ဝန်းကျင်သာ ပေးရပြီး လမ်းပိတ်ပြီးနောက် ဈေးတက်သွားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “လမ်းပိတ်ပြီးတော့ ဓာတ်ဆီဈေးတွေ တက်လာတယ်။ ပုံမှန်ထက် ၁၀,၀၀၀ ကျော်လောက် ပိုပေးဝယ်ရတယ်။ ဓာတ်ဆီတွေတော့ ဝယ်လို့ရနေသေးတယ်၊ ဈေးပဲတက်သွားတာ။”

    မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မြေပြင်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြောင့် မိုးကုတ်-မန္တလေး လမ်းပိုင်းကို အောက်တိုဘာ ၁၁ ရက်ကစပြီး ယာယီ ဖြတ်သန်းခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့မှာ ဓာတ်ဆီဈေးတွေ တက်လာတာကြောင့် ခရီးသည်တွေ ကားခဈေးနှုန်းတွေ တက်လာတဲ့အပြင် ဓာတ်ဆီအသုံးပြုပြီး လုပ်ကိုင်ရတဲ့ ကျောက်မျက်တွင်းတွေလည်း အခက်အခဲ ရှိလာနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

  • အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေ

    အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေ

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့ အင်းစိန်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဥ်းချခံထားရတဲ့ အကျဥ်းသားတချို့ကို အကျဥ်းဦးစီးဝန်ထမ်းတွေက အိပ်ဆောင်ကနေ အပြင်ခေါ်ထုတ်သွားပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နှိပ်စက်နေတယ်လို့ အင်းစိန်အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    အဓိက နှစ်ကြီးပြစ်ဒဏ်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ၂ ယောက်တတွဲ ၃ ယောက်တတွဲ ခေါ်ထုတ်ပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နေတာလို့ ဆိုပါတယ်။

    နိုင်ငံရေးမှုနဲ့ အကျဥ်းချခံထားရသူရဲ့ မိသားစုဝင်တယောက်က “ပြီးခဲ့တဲ့ ၉ လပိုင်းကတည်းက လုပ်နေတာ ၂ ယောက်တတွဲ ၃ ယောက်တတွဲ အပြင်ခေါ်ထုတ်သွားပြီး ခြေချင်းခတ်ပြီး ရိုက်နေတာ၊ နိုင်ငံရေးပုဒ်မနဲ့ နှစ်ကြီးချခံထားရတဲ့သူတွေ အကုန်လုံးလိုလိုပဲ။ မကွေးထောင်ကနေ ထောင်ပြောင်းပါလာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပါ လုပ်နေတာ။ မကွေးထောင်က ထောင်ပြောင်းပါလာသူတွေလည်း အင်းစိန်ထောင်မှာ အတော်များတယ်” လို့ ပြောပါတယ်။

    AA ကဆိုတဲ့ ကလေးတယောက်လည်း ဖမ်းခံထားရတာရှိတယ်၊ အင်းစိန်ထောင်ထဲမှာ၊ အဲဒီကလေးကိုလည်း အပြင် ခဏခဏ ခေါ်ထုတ်ပြီး နှိပ်စက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက ပြုလုပ်မယ့် အတုယောင် ရွေးကောက်ပွဲမှာ အင်းစိန်ထောင်အတွင်း အကျဥ်းချခံထားရသူတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေး လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • ရခိုင်ရိုးမအရှေ့ခြမ်းဥသျှစ်ပင်ကပစ(၁၆)အနီးမှ စစ်တပ်၏အခိုင်အမာတည်ဆောက်ထားသည့်ကာ ကင်းစခန်းတစ်ခုကိုAAနှင့်ပူးပေါင်းတပ်မှသိမ်းပိုက်

    (စစ်တပ်မိသားစုဝင် ၃၀ ခန့်ကိုပါဖမ်းမိပြီး စစ်သား ၄၀ ကျော်သေဆုံးကာလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိဟုဆို)

    ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာ ကပစ (၁၆) အနီးမှအကြမ်းဖက်စစ်တပ်၏ အခိုင်အမာတည်ဆောက်ထားသည့် ကာကင်းတစ်ခုကိုအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များကအောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့သည်ဟုသတင်းရရှိသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပါအဝင် မိသားစု ဝင် ၃၀ ခန့်ကိုပါ လက်ရဖမ်းမိထားပြီး စစ်သား ၄၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များပါ သိမ်းဆည်းရမိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

    ” ကပစ(၁၆)ရဲ့အပြင်ဖက်မှာရှိတဲ့ အရင်ကတည်းကနေ အခိုင်အမာတည်ဆောက် ထားတဲ့စ ခန်းကုန်းကို (AA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်တာ။အဲဒီ စခန်းကုန်းအနားမှာ စစ်တပ်မိသားစုဝင်တွေနေတယ်လေ။ အရင်ကတည်းက။ မနေ့ က အဲဒီစခန်းကာကင်းကိုသိမ်းပြီး မိသားစုဝင်တွေအမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဖမ်းမိတာ” ဟုပြောသည်။

    ၎င်းကာကင်းစခန်းသည်ကပစ(၁၆)စက်ရုံအားကာကွယ်ရန် အထပ်ထပ်ချထား သော ကာကင်းစခန်းများထဲက တစ်ခုဖြစ်ပြီး ကပစ(၁၆)ကိုမရောက်ရှိခင် ယခင် ကတည်းကအခိုင်အမာတည်ရှိသောစခန်းကုန်းတစ်ခုဖြစ်ကြောင်းဒေသခံများကပြောသည်။

    တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်က၄၀ထက်မနည်းသေဆုံးပြီးလက်နက်ခဲ ယမ်းအမြောက်အမြားကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟုမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သေတာကတော့ ၄၀ ထက်မနည်းပဲ။ လက်နက်တွေလည်းအများကြီးရလိုက်တယ်” ဟုပြောသည်။

    ရခိုင်ရိုးမအောက်ခြေရှိ မသုန်ရွာအနီးက ကပစ (၁၆) သည် ဗုံးသီးအမျိုးမျိုး၊ခဲ ယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ရန် ယမ်းအဓိကချက်သည့် ကပစစက်ရုံတခု ဖြစ်သည်။

    ရခိုင်ရိုးမနှင့်ထိစပ်နေသည့်ပန်းတောင်းမြို့နယ်အတွင်းတွင်ကာကွယ်ရေးပစ္စည်း စက်ရုံ၅ရုံရှိပြီးအာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ထိုးစစ်မှာ တဖြည်းဖြည်းကပစစက်ရုံများအနီးသို့ရောက်ရှိလာပြီဟုသိရသည်။

    ပန်းတောင်းမြို့နယ်အပိုင် ဥသျှစ်ပင်မြို့၊ ကမြိုင်ရွာတွင်ကပ (၅)၊ ညောင်ခြေထောက် ကျေးရွာတွင် ကပစ(၆)၊ ညောင်ခြေထောက်စက်ရုံနှင့် တဆက်တည်းတွင်ကပစ (၃)၊ မသုန်ရွာအနီးတွင်ကပစ (၁၆) ၊ ပုသိမ်-မုံရွာလမ်းပိုင်းအနီးရှိ ဥသျှစ်ပင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင်ကပစ(၉)တို့တည်ရှိပြီး ၎င်းစက်ရုံများမှာ လက်ရှိ ခြိမ်းခြောက်ခံနေရသည့်အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်းစစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

    ယခုသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်ဘက် တစ်စုံတစ်ရာ သတင်းထုတ် ပြန်ချက်တော့ မရှိသေးပါ။

  • ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    ✨ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    Sw-itc-h (202-3)

    ‘——————————————–‘
    18နှစ်ပြည့်ပီးဘဝအကြောင်းကိုသင်ယူချင်တဲ့ညိုကီတို့အတွက့်