Category: News

  • HIV၊ တီဘီ နဲ့ ငှက်ဖျားဆေးတွေကိုစစ်ကော်မရှင်ထိန်းချုပ်မှု – “တွေးမိတာနဲ့ အိပ်တောင်မပျော်ဘူး”

    HIV၊ တီဘီ နဲ့ ငှက်ဖျားဆေးတွေကိုစစ်ကော်မရှင်ထိန်းချုပ်မှု – “တွေးမိတာနဲ့ အိပ်တောင်မပျော်ဘူး”

    HIV ပိုးကူးစက်ခံထားရသူတွေအတွက် အသက်တမျှအရေးကြီးတဲ့ ART ဆေးကို အရင်လိုအရပ်ဖက် အဖွဲ့အစည်း (NGO) တွေဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာ အလွယ်တကူထုတ်ယူလို့မရတော့ပါဘူး။

    “ဒီအကြောင်းတွေးမိတာနဲ့ အိပ်တောင်မပျော်ဘူး။ ဆေးတင်မကဘူး၊ prevention (ကာကွယ်‌ရေး) တွေပါရပ်တော့ ကွန်ဒုံးတောင်အလကားမရတော့ဘူး” လို့ ART ဆေး နှစ်ရှည်သောက်သုံးနေရသူတစ်ဦးက ပြောပါတယ်။

    ART ဆေးအပါအဝင် တီဘီ နဲ့ ငှက်ဖျားရောဂါအတွက်ပုံမှန်သောက်သုံးရတဲ့ဆေးဝါးတွေကို စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံဆေးရုံတွေမှာသာ ထုတ်ယူခွင့်ပြုပါတော့မယ်။

    မန္တလေးတိုင်း၊ မြင်းခြံဒေသမှာ အရပ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့ကသယ်လာတဲ့ ART ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းယူစစ်ဆေးခဲ့ရာကနေ စစ်ကော်မရှင်က NGO တွေနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။

    HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေဘာကြောင့်ထိန်းချုပ်တာလဲ

    ART ဆေးတွေသယ်ဆောင်လာတဲ့ အရပ်ဖက်အဖွဲ့အစည်း (NGO) တစ်ဖွဲ့ရဲ့ ကားကို မန္တလေးတိုင်း၊ မြင်းခြံဒေသတနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက စစ်ဆေးခဲ့တဲ့ဖြစ်စဉ် ဇူလိုင်လမှာ ဖြစ်ခဲ့တယ်လို့ NGO နဲ့ စစ်ကော်မရှင်ကျန်းမာရေးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

    “ဖမ်းမိတာကလည်း ပြေလည်အောင်ညှိတော့ပြန်လွှတ်ပေးပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနကမရဘူးလေ” လို့ စစ်ကော်မရှင်လက်အောက် ကျန်းမာရေးဝန်ကြီးအရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါကြောင့် PDF စစ်ဆေးရာကပြန်လွတ်လာတဲ့ NGO အဖွဲ့နဲ့ စစ်ကော်မရှင်ကျန်းမာရေးဝန်ကြီးဌာနက အလုပ်ဆက်မလုပ်ဖို့ဆုံးဖြတ်ခဲ့သလို NGO တွေက ဆေးဝါးထုတ်ပေးနေတာကိုလည်း ဝန်ကြီးဌာနက ချက်ချင်းလွှဲပြောင်း ယူလိုက်ပါတယ်။

    ဒီဖြစ်စဉ်တစ်ခုကြောင့် HIV ၊ တီဘီ နဲ့ ငှက်ဖျားဖြစ်ပွားသူတွေသောက်သုံးရမယ့် ဆေးတွေအကုန်လုံးကို နီးစပ်ရာ NGO ဆေးခန်းတွေမှာထုတ်ယူခွင့်မရှိတော့ပါဘူး။

    လူနာရှင်သန်းနဲ့ချီအတွက် ဆေးဝါးလွယ်လင့်တကူလက်လှမ်းမှီခွင့် ဆုံးရှုံးသွားတာလည်းဖြစ်ပါတယ်။

    ဒါပေမဲ့ မြင်းခြံခရိုင်ထဲက တောင်သာ၊ နွားထိုးကြီး နဲ့ မြင်းခြံတို့မှာတည်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တချို့ကို မေးကြည့်တော့ ART ဆေးသယ်တဲ့ကားကို ဖမ်းဆီးတဲ့ ဖြစ်စဉ် မရှိခဲ့ဘူးလို့ တပြေးညီတည်းဖြေကြပါတယ်။

    “မြင်းခြံထဲမှာတော့အဲလို ART ဆေးတင်တဲ့ကားကို စစ်ဆေးဖမ်းတယ်ဆိုတာမျိုး ပြီးခဲ့တဲ့လမှာမဖြစ်ခဲ့ပါဘူး။ အရပ်ဖက်အဖွဲ့အစည်းကားဆိုရင် ကျွန်တော်တို့ကလျော့လျော့ပေါ့ပေါ့နဲ့တောင်သွားခွင့်ပေးပါတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောပါတယ်။

    အခုလိုလုပ်ဆောင်တာဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာနယ်မြေတွေဆီ ဆေးဝါးမစီးဆင်းစေလိုတဲ့ ရည်ရွယ်ချက်လည်းရှိဟန်တူတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ရှုမြင်ပါတယ်။

    စစ်ကော်မရှင်ကျန်းမာရေးဝန်ကြီးဌာနကတော့ အခုလိုမူဝါဒအပြောင်းအလဲရုတ်ချည်းပြုလုပ်ရတဲ့ အကြောင်းအရင်းကို သြဂုတ် ၇ ရက်ညပိုင်းအထိ ပွင့်ပွင့်လင်းလင်းထုတ်ပြောတာမရှိပါဘူး။

    သြဂုတ် ၆ ရက်မှာပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာ တာဝန်ရှိသူရဲ့ ညွှန်ကြားချက်အရ စီမံကိန်း (Projects) အားလုံးရပ်နားတယ်လို့ အကြောင်းကြားစာမှာထည့်သွင်းပြောတဲ့အကြောင်း နီးစပ်သူတချို့ဆီက သိရပါတယ်။

    စစ်ကော်မရှင်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းတွေကိုလေ့လာကြည့်ရာမှာတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲဖို့ဆိုပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နေပြည်တော်မှာ အစည်းအဝေး လုပ်ခဲ့တာတွေ့ရပါတယ်။

    HIV အတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ NGO အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Top Center Myanmar (လမ်းပြကြယ်) ကတော့ ART ဆေးတွေ မထုတ်ပေးနိုင်တော့တဲ့အကြောင်း မနေ့တုန်းက လူမှုကွန်ရက် စာမျက်နှာမှာ အသိပေးစာထုတ်ခဲ့ပါသေးတယ်။

    ဒါပေမဲ့ ချက်ချင်းပြန်လည်ဖြုတ်ချသွားခဲ့ပြီး ဆက်သွယ်မေးမြန်းရာမှာလည်း “လတ်တလော အခြေအနေအရတော့ ဖြေကြားပေးနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာ” လို့သာတုံ့ပြန်ပါတယ်။

    HIV၊ တီဘီ နဲ့ ငှက်ဖျားရောဂါတို့အတွက် ဝန်ဆောင်မှုပေးတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ သြဂုတ် ၈ ရက်ကစလို့ သူတို့ရဲ့ စီမံကိန်းလုပ်ဆောင်ချက်တွေကို အကန့်အသတ်မရှိရပ်နားရတော့မှာဖြစ်ပါတယ်။

    ဒါဟာ သမ္မတထရမ့်ကြောင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကိုရပ်ဆိုင်းလိုက်တာ ကြောင့် မြန်မာက ဒီရောဂါကုသရေးလုပ်ငန်းတွေထိခိုက်နေချိန်မှာ နောက်ထပ် ထိုးနှက်ချက်ဖြစ်ပါတယ်။

    “သက်ရောက်မှုတအားကြီးတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမဟုတ်တဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေ ဆို ပိုဆိုးပြီပေါ့” လို့ စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂဒေသမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ NGO ဝန်ထမ်းဟောင်း ဆရာဝန်တစ်ဦးက ပြောပါတယ်။

    နောက်ဆက်တွဲသက်ရောက်မှုတွေ

    AIDS ရောဂါကိုထိန်းချုပ်နိုင်ဖို့ရာ HIV ပိုးကူးစက်ခံထားရတဲ့အဆင့်မှာ နိုင်နင်းစွာကုသပေးဖို့အတွက် ART ဆေးက မရှိမဖြစ် အသက်ကယ်ဆေးဖြစ်ပါတယ်။

    လူ့ကိုယ်ခံစွမ်းအားကိုဖျက်ဆီးတဲ့ ဗိုင်းရပ်စ်ပိုး HIV ပြင်းထန်မှုပမာဏပေါ်မူတည်ပြီး အဆင့်သတ်မှတ်ကာ ART ဆေးတွေပေးရပါတယ်။

    တခြားကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ တီဘီနဲ့ ငှက်ဖျား မပြန့်ပွားအောင် ဆေးဝါးတွေက အခရာကျပါတယ်။

    ဒီရောဂါတွေကို ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ အရပ်ဖက် အဖွဲ့အစည်း (NGO) တွေက ပူး‌ပေါင်းလုပ်ကိုင်ခဲ့ကြပါတယ်။

    The Global Fund လို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးကလည်း မြန်မာမှာ HIV ၊ တီဘီနဲ့ ငှက်ဖျား တိုက်ဖျက်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ရော NGO တွေနဲ့ပါ လက်တွဲလုပ်ကိုင်လေ့ရှိပါတယ်။

    “ကျန်းမာရေးဝန်ကြီးဌာနက သူနဲ့တိုက်ရိုက်ပေါင်းပြီးငွေကြေးရတာလည်းရှိတယ်။ NGO တွေဆီလာတဲ့ ငွေကြေးကိုလည်း ပမာဏတချို့ကောက်ယူတာရှိသလို ရလာတဲ့ဆေးဝါးတွေကိုလည်း ဝန်ကြီးဌာနက အရင်လက်ခံပြီးမှ NGO တွေက ပြန်တင်ပြတောင်းခံရတဲ့ပုံစံပြောင်းလိုက်တယ်” လို့ NGO မှာ လုပ်ကိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။

    စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှာ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်းပြီး INGO နဲ့ NGO တွေ မဖြစ်မနေ မှတ်ပုံပြန်တင်စေခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ်ဝန်းကျင်ကစလို့ ထိန်းချုပ်ကန့်သတ်မှုတွေလုပ်ခဲ့ပြီး HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းမှာသာ ဆေးဝါးလက်ခံရယူပြီး NGO တွေကပြန်လည်တင်ပြတောင်းခံရတဲ့ စနစ်ကိုပြောင်းလဲထားခဲ့ပါတယ်။

    အခုနှစ်စမှာပဲ အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုရဲ့ ရိုက်ခတ်မှု ကြောင့်လည်း ဆေးဝါးရော ဝန်ဆောင်မှု အပိုင်းမှာပါ သက်ရောက်မှုရှိလာပါတယ်။

    ဒါကြောင့်ပဲ မြို့ကြီးတွေမှာတောင် ၃ လတစ်ခါ သာ ဆေးထုတ်ပေးနိုင်တဲ့ အခြေအနေဖြစ်လာပြီး တချို့ဒေသတွေမှာဆိုရင် တစ်ပတ်တစ်ခါ ဆေးထုတ်ပေးနေတာပါ။

    အာဏာမသိမ်းခင်ကဆို ၆ လစာ ဆေးဝါးထုတ်ပေးနေခဲ့တာပါ။

    “နာဂဘက်မှာဆိုရင် ရွှေမှော်တွေမှာ အပ်တွေနဲ့ မူးယစ်ဆေးသုံးကျ၊ HIV က အဖြစ်များလာတယ်။ ART ဆေးကလည်းရှားတယ်၊ မြို့ထိတက်ယူရင်လည်း ဆေးကလုံလုံလောက်လောက်မရလာပြန်တာနဲ့လေ။ အခုဆို ပိုဆိုးပြီပေါ့” လို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

    စုံစမ်းကြည့်ချက်အရ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတို့က ART ဆေးဝါးထုတ်ပေးတဲ့ NGO ဆေးခန်း တွေအကုန်ရပ်နားထားပြီး ဝန်ထမ်းတချို့လည်း တာဝန်ကရပ်ဆိုင်းခံလိုက်ရပြီလို့ သိရပါတယ်။

    “သတင်းမေးတဲ့ဖုန်းမလာခင်မှာတင် ဒီအကြောင်းကိုခေါင်းထဲတွေးနေတာ။ ဆေးကအလွယ်တကူ လည်းအပြင်မှာဝယ်မရနဲ့ စီးပွားရေးမကောင်း၊ ထမင်းကလည်းငတ်နေချိန်ဆိုတော့ ဘယ်လိုလုပ်ကြမတုန်း” လို့ ART ဆေးနှစ်ရှည်သောက်သုံးနေရသူတစ်ဦးက စိတ်ရဲ့လေးလံနေမှုကို ရယ်သံနှောကာ ဘီဘီစီကို ပြောပြပါတယ်။

    “လူဦးရေသောင်းချီကနေ သန်းချီအထိရောဂါကူးရုံပဲပေါ့” လို့ သူက ပြောပါတယ်။

    NGO တွေရဲ့ ဝန်ဆောင်မှုအကုန်ရပ်နားတာကြောင့် နှစ်သိမ့်ဆွေးနွေးပေးရေးတွေသာမက အကာအကွယ်အတွက် ကွန်ဒုံးတောင် အခမဲ့မရနိုင်တော့တဲ့အခြေစိုက်ပြီဖြစ်ပါတယ်။

    ဒီလိုလုပ်ဆောင်တာကြောင့် သက်ရောက်မှုအများဆုံး အချက် ၃ ချက်ကို ဆရာဝန်တချို့က သုံးသပ်ထား ပါတယ်။

    • ဆေးဝါးတွေကိုထိန်းချုပ်လိုက်တာဖြစ်လို့ မှောင်ခိုဈေးကွက်ကို ပိုတွန်းပို့စေပြီး ကာယကံရှင်တွေအတွက် ငွေကြေးကုန်ကျမှုပိုဖြစ်စေနိုင်တယ်။
    • ဆေးရုံမှာစောင့်ဆိုင်းထုတ်ယူရတာဖြစ်လို့ လူနာရှင်တွေရဲ့ စိတ်ပိုင်းကိုယ်ပိုင်းမလုံခြုံမှုတွေ ပိုများလာစေနိုင်တယ်။
    • ကူးစက်ရောဂါတွေပိုမိုပြန့်ပွားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေနိုင်တယ်။

    ဒါအပြင် NGO တွေရဲ့ လုပ်ဆောင်ချက်တွေကိုလက်လွှဲယူလိုက်တဲ့ ကျန်းမာရေးဝန်ကြီးဌာနဆေးရုံတွေက လုပ်သားအခြေအနေနဲ့ နိုင်ငံတကာရန်ပုံငွေတွေကို ငွေကြေးစီမံမှုတွေက မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

    စစ်ကော်မရှင်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရာရှိကြီးတစ်ဦးကတော့ NGO တွေရဲ့ စနစ်ကျပြီးသားလုပ်ငန်းတွေကိုချက်ချင်းလွှဲပြောင်းယူရလို့ အဆင်သင့်မဖြစ်နေဘူးလို့ တုံ့ပြန်ပါတယ်။

    “လူအင်အားက ဆရာဝန်တော့ရှိလာပေမဲ့ သူနာပြုတွေလိုနေသေးတာလေ။ အခက်အခဲကတော့ ရှိတာပေါ့” လို့ သူက ပြောပါတယ်။

    ဒီလိုဝေဒနာခံစားရသူတွေဟာ NGO အဖွဲ့အစည်းတွေမှာ ပြန်လည်ကူညီပြီး အထောက်အပံ့ရနေတာတွေ လည်း ဆုံးရှုံးသွားပါတယ်။

    The Global Fund နဲ့ စစ်ကော်မရှင်

    စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစနစ်ယိုယွင်းခဲ့ရပြီး ကူးစက်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် စွမ်းရည်ရောလုပ်သားအင်အားပါ အနုတ်လက္ခဏာပြနေချိန်ပါ။

    မြို့ကြီးတွေမှာဆိုရင် လူငယ်တွေရဲ့နေထိုင်မှုပုံစံအသစ်ကြောင့်ရော ဝေးလံဒေသတွေမှာ မူးယစ်ဆေးအသုံး များလာတာကြောင့်ပါ HIV ရောဂါပိုးကူးစက်မှုပြန်မြင့်တက်လာနေတယ်လို့ ပုဂ္ဂလိကကျန်းမာရေးအသိုင်းအဝိုင်း က အစောပိုင်းကတည်းက သတိပေးထားပါတယ်။

    နိုင်ငံတကာကိန်းဂဏန်းတွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ကမ္ဘာမှာ HIV ကူးစက်မှုအသစ်တွေ့နေရတဲ့ ၃၅ နိုင်ငံထဲ မြန်မာပါနေပါတယ်။

    Joint United Nations Programme on HIV/AIDS (UNAIDS) ကလည်း ၂၀၃၀ ရည်မှန်းချက် မှာ AIDS နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို အာရှဒေသမှာ ဦးစားပေးရမယ့် နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

    တဖက်မှာလည်း HIV အပါအဝင် တီဘီ နဲ့ ငှက်ဖျားရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ကာလရှည်ထောက်ပံ့မှုတချို့ ဆက်ရှိနေဆဲပါ။

    The Global Fund ကနေ ၂၀၂၄ – ၂၀၂၆ အတွက် မြန်မာမှာ HIV တိုက်ဖျက်ဖို့ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ ၆၈ သန်းကျော်ပေးမယ်လို့ ထုတ်ပြန်ထားပြီး ထုတ်ပေးနေဆဲဖြစ်ပါတယ်။

    “ဒီငွေတွေကို ဆေးတွေဝယ်ဖို့ တကယ်သုံးမှာလားဆိုတာ မေးစရာပဲ” လို့ NGO အဖွဲ့အစည်းတစ်ခုမှာလုပ်ကိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနအရာရှိကြီးကလည်း ငွေကြေးစီမံခန့်ခွဲနိုင်စွမ်းမရှိဘူးလို့ဝန်ခံပါတယ်။

    “မကိုင်နိုင်လောက်ဘူးဗျ။ သူတို့ (the Global Fund) ကလည်း ပေးမယ်မထင်ဘူး။ Financial management ကအဆင့်မမီတော့လေ။ အဓိက PR လို့ခေါ်တဲ့ ငွေကိုင်အဖွဲ့တွေရှိလာမှာပါ” လို့ သူက ပြောပါတယ်။

    NGO တွေလက်ထဲကနေ လုပ်ပိုင်ခွင့်ပြောင်းယူလိုက်တဲ့ စစ်ကော်မရှင်ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲ လုပ်ကိုင်မှာလား၊ ဘယ်လိုတုံ့ပြန်ဖို့ရှိနေလည်းဆိုတာကို HIV ၊ တီဘီ နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အတွက် ငွေကြေးထောက်ပံ့နေတဲ့ The Global Fund ကို ဆက်သွယ်မေးမြန်းနေဆဲပါ။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကလည်း ဘီဘီစီကို ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

    “ဆေးတွေမရမသောက်ရင်ရောဂါတွေပိုကူးလာကြတော့မလား။ ကျွန်တော်တော့ ဒီအကြောင်းတွေးမိတာနဲ့ အိပ်တောင်မပျော်ဘူး” လို့ ART ဆေးသောက်သုံးနေရသူက သူ့ရဲ့ ပူပန်မှုကို ရင်ဖွင့်ပါတယ်။

  • တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ  စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

    တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။

    ဩဂုတ်လ ၈ရက်မနက်ပိုင်းတွင် နန်မွန်းတားရွာကိုနံနက် ၁၁နာရီ ၃၅မိနစ်၊ နေ့ခင်း ၁၂နာရီ ၃၅မိနစ်၊ ညနေ ၅နာရီ ၅၀မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်။ သို့​သော်ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိခဲ့ပေ။

    နမ့်မွန်းတားရွာကို ဩဂုတ်လ ၅ရက်မှစ၍ စစ်တပ်က ပျူစောထီး၊ကသည်းသူပုန် များနှင့်အတူပူးပေါင်း၍အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဖြစ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

    သို့သော် ဩဂုတ်လ ၅ရက်နောက်ပိုင်း နေ့စဥ်စစ်ကြောင်းထိုး​နေရာ သြဂုတ် ၈ ရက်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည်။

    ရွာအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

    ” ၄ ရက်ကြာတိုက်ပွဲထဲမှာ ကိုယ့်ဘက်မှာ နည်းနည်းတော့ထိခိုက်တယ်။ စစ်ကောင်စီဘက်ကသေဆုံးတာတွေများတယ်။ လက်နက်ခဲယမ်း တွေလည်းရထားတယ်။ ဒီနေ့တိုက်ပွဲမှာ လေကြောင်းကနေလာပစ်ပြီး ဆုတ်ပြေးတာ”ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။

    နမ့်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။

    နမ့်မွန်းတားရွာနှင့်တမူးမြို့ကြား ပန်းသာရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

    နမ့်မွန်းတားရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

    မြေပြင်သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဘက်၌သေဆုံးမှုများပြားကြောင်းသိရသည်။

    တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။

    Photo: တမူး​ဒေသမှ PDF တပ်ဖွဲ့ဝင်များ

  • ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်

    ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်

    ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်တဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ တေးသီချင်းတွေကိုသာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရိုက်ကူးခွင့် ပြုမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေး ကြေညာပါတယ်။

    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက်စပ်လုပ်ငန်း လိုင်စင်တွေ လျှောက်ထားတဲ့အခါ ထောက်ခံချက်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    အဲဒီအပြင် ရုံတင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စတာတွေ ရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကူးခွင့်ပေးတာ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ကို ထောက်ခံတင်ပြတာ တွေကိုလည်း နိုင်ငံတော် တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင် ရွက်ရတယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

    အခုလို ဆောင်ရွက်နေရာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် ဒါမှမဟုတ် အ စည်းအရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင် ၊ အတတ်ပညာရှင်တွေ ပါဝင်တဲ့ ရုံတင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီ ယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုတွေကိုသာ ရိုက်ကူးခွင့်ပေးပြီး ဆင်ဆာကြည့်ရှုခွင့် ထောက်ခံပေးမှာ ဖြစ်တယ်လို့ ကြိုတင် အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ရုပ်ရှင်လောကသားတွေအနေနဲ့ ဥပဒေနဲ့မညီတဲ့ လောင်းကစားကြော်ငြာ နဲ့ တရားမဝင် စီးပွားရေး ကြော်ငြာ တွေ လုံးဝ ရိုက်ကူးခြင်း မပြုလုပ်ဖို့ကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ သတိပေး ထုတ်ပြန် ထားပါသေးတယ်။

    အောက်တိုဘာ ၁ ရက်က စပြီး Tik Tok ဆယ်လီတွေ FB cele တွေ ရုပ်ရှင်၊ ဇာတ်လမ်း ရိုက်ကူးခွင့် မပြုတော့

    ◼️ MAL ⚽️ စပါယ်ရှယ် မတဲ့ ဘမောများနဲ့ ရိုက်ကူးခွင့်ပြုမည်..

    ◼️ ရိုက်သည့်အခါတိုင်း ဂျပန်ကားလို (ဆင်ဆာဖြတ်) ဝါးရမည်..

    ◼️ MAL သားသမီး ထုတ်လုပ်ရေးများနဲ့ ပနံသင့်သူများ ရိုက်ရမည်

    ◼️မအလ၏ ⚽️မ အစည်းအရုံးသို့ ဝင်ကို ဝင်ရမည်

    ဒါအနှစ်ချုပ်ပဲ ။

    ပုံ/ မြန်မာနိုင်ငံ sit ⚽️မ အစည်းအရုံး

  • ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။

    ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။

    ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

    “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့ ၊ အခမ်းအနားပွဲတို့ဆိုရင် အဲ့ဒီမှာ အလေး ပြုရတာ၊ ရုပ်တုကို သူတို့က ဖြိုတာတော့ မဟုတ်ဘူး၊ အောက်ခြေခုံကို ဖြိုပြီး ရုပ်တုကို ဘေးမှာ အဝတ်နဲ့ပေါ့ အုပ်ထားတယ်တဲ့” ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

    အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်သည် ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးရှေ့၊ အမှတ် (၁) အခြေခံပညာကျောင်းအနီး၊ ဘုရားလမ်းနှင့် တောင်ငူလမ်းမ လမ်းဆုံတွင်တည်ရှိပြီး ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်တွင် ထုလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ကြောင်း သိရသည်။

    “ပဲခူးသမိုင်းပဲ ပြောပြော၊ ပဲခူးရဲ့ အထင်ကရနေရာပဲ ပြောပြော၊ ပဲခူးသားတွေ၊ ပဲခူးသူတွေရဲ့ အမှတ်တရရှိခဲ့တဲ့ သမိုင်းကို ဖျက်လိုဖျက်ဆီးလုပ်တာ။ နောင်လာ နောင်သားမျိုးဆက်တွေကို သမိုင်းဖျောက်ခြင်တာ”ဟု ဒေသခံက ပြောသည်။

    နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုမှု ဇူလိုင်လ၂၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ဒေသခံများက ပြောသည်။

    မည်သည့်အတွက်ကြောင့် ဗိုလ်ချုပ်ကြေးရုပ်အား ယခုလို ဖယ်ရှားသည်ကို မသိရသလို စစ်ကော်မရှင်ကလည်း အသိပေးထုတ်ပြန်ထားခြင်း မရှိသေးပေ။

    စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့ ညဦးပိုင်းတွင် ပဲခူးမြို့ ဟံသာဝတီရပ်ကွက်၊ ဖက်တန်းလမ်းမဘေးရှိ စည်ပင်ပိုင်ပန်းခြံအတွင်းရှိ စိုက်ထူးထားသော ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်ကိုလည်း စစ်အုပ်စုမှ အင်အားသုံးကာ ဖြိုချဖျက်ဆီးခဲ့ဖူးသည်။

    ထို့အပြင် စစ်တပ် အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြကြသည့် နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွင် စစ်တပ်မှ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့သည့် ပြည်သူများ၏ အုတ်ဂူများကိုလဲ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖယ်ရှားခဲ့သေးသည်။

    ယခုလို ဖယ်ရှားမှုကြောင့် မြန်မာနိင်ငံအနှံ့အပြားရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများလည်း ဆက်လက်ဖယ်ရှားခံရမည်ကို ပြည်သူလူထုကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

    ဓာတ်ပုံ – စစ်တပ်အာဏာသိမ်းခြင်းကို ဆန္ဒပြနေကြသည့် ပြည်သူများကို ဖြိုခွင်းရန် ပဲခူးမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် အရှေ့တွင်စောင့်နေကြသည့် စစ်အုပ်စုလက်အောက်ခံ ရဲများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တွေ့မြင်ရစဉ်။ (ဟန်ထူးဇော်)

    ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

    ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း ပဲခူးမြို့မှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ညသန်းခေါင်ယံ ၁၂ နာရီအချိန် ပဲခူးမြို့လယ်၊ အမှတ် ၁ အခြေခံပညာကျောင်းအနီး ဘုရားလမ်းနှင့်တောင်ငူလမ်းမ၊ ဆေးရုံလမ်းနှင့်လမ်း ၃၀ အဆုံ၊ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနှင့်မျက်နှာချင်းဆိုင်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို လျှပ်စစ်မီးများ ဖြတ်တောက်၍ စစ်တပ်က ဖျက်ဆီးဖယ်ရှားရှင်းလင်းသွားကြောင်း သိရှိရသည်။

    “ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းကားတွေနဲ့ ညသန်းခေါင်ကြီး လာသယ်တာ။ ရုပ်တုထားတဲ့အထိုင်တုံးကိုလည်း ဖြိုချနေပြီ။ သယ်တဲ့အချိန် မီးတွေ ဖြတ်ထားတယ်။ ရုပ်တုသယ်တဲ့အချိန်ရော သယ်ပြီးတဲ့အချိန်ရော မီးက လုံး၀ မလာဘူး။ ဗိုလ်ချုပ်ရုပ်တုကို သယ်တဲ့အချိန်မှာ စစ်ကားတွေလည်းပါတယ်” ဟု ပဲခူးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းနှင့်ဇော်ဂျီလမ်းအကြား၊ ပုဗ္ဗဈေးအနီးတွင် ထားရှိထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်တပ်က ကရိန်ကားများ၊ ဘက်ဖိုးကားများဖြင့် ဖယ်ရှားသွားခဲ့ပြီး ရုပ်တုထားရှိသော စင်ကိုပါ ဖြိုချဖျက်ဆီးခဲ့သည်။

    စစ်တပ်သတင်းရင်းမြစ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖယ်ရှားမှုမှာ စစ်ခေါင်းဆောင်၏ယတြာတစ်ခုဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုကြပြီး တပ်ရင်းတပ်ဖွဲ့များတွင်မူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ဆက်လက်ချိတ်ဆွဲ အလေးပြုနေရဆဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

    “NLD ပါတီခေတ်က ထုလုပ် ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှားနေတာ။ သိရသလောက်တော့ ပဲခူးရော နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေက NLD အစိုးရလက်ထက်တုန်းက ထုလုပ်ခဲ့တာတွေလို့ထင်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ပုံအကြီးကြီးကို ချိတ်ဆွဲခိုင်းထားတုန်းပါပဲ။ ဖယ်ရှားခိုင်းတာမရှိဘူး။ NLD အစိုးရလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖယ်ခိုင်းတာမျိုးဆိုတော့ ယတြာလို့ထင်တာပါပဲ”ဟု စစ်တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ပဲခူးက ဗိုလ်ချုပ်ကြေးရုပ် ကို စစ်တပ်က ညတွင်းချင်းဖယ်ရှားခဲ့

    အာဏာသိမ်းစစ်တပ်ဟာ ပဲခူးမြို့ တိုင်းအစိုးရရုံးရှေ့မှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ဩဂုတ်လ ၇ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်မှာ လျှပ်စစ်မီးဖြတ်တောက်ပြီး စက် ယန္တရားတွေ နဲ့ လာရောက် ဖယ်ရှားသွားတာလို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။

    ပဲခူး၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို အာဏာသိမ်းစစ်တပ်က လူခြေတိတ်ချိန် ညချိန်ကျမှ ဖယ်ရှားရှင်းလင်းလိုက်တာဖြစ်ပါတယ်။

    “ဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားလိုက်လို့ ဗိုလ်ချုပ်သမိုင်းပျောက်သွားတာမဟုတ်။ သေချာတာက ကိုယ်သမိုင်းမကောင်းဘူးဆိုတာကိုမီးမောင်ထိုးသလိုဖြစ်နေပြီ။ ရုပ်ထုကိုပဲ ဖယ်ရှားလို့ရမယ်ပြည်သူတွေရင်ထဲမှာရှိတဲ့အမှန်တရားကိုတော့ဘယ်တော့မှဖျက်ဆီးလို့မရစေရဘူး။ ပြည်သူတွေရဲ့တိုင်းပြည်ချစ်စိတ်ကို ဖျောက်ဖျက်လို့ရမှာမဟုတ်ဘူး။” လို့ ပဲခူးမြို့ခံဒေသအမျိုးသားတစ်ဦးက ပြောပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ ရန်ကုန်-မန္တလေးအမြန် လမ်းထောင့်မှာ ရှိတဲ့ ဗိုလ် ချုပ်ကြေးရုပ်ဟာ လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့တည်ဆောက်ခဲ့ပြီး အာဇာ နည်နေ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကြေးရုပ်မှာ အခမ်းအနား ကျင်းပခွင့်ကို ပင် ပိတ်ပင်ခံခဲ့ရပါတယ်။

    “ဒါကတော့ အာဏာရှင်ကတော့ အာဏာရှင်အလုပ်လုပ်တာပါပဲ။ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကစပြီး ပြည်သူ့တော်လှန်ရေးနဲ့ပတ်သက် ဆက်စပ်တဲ့အထိမ်းအမှတ်၊ သမိုင်း တွေကိုအစဉ်အမြဲ ဖျက်ဆီးဖျောက်ဖျက်ဖို့ ၁၉၆၂ ဗိုလ်နေဝင်း လက်ထက်ကနေ ခု ၂၀၂၅ မင်းအောင်လှိုင် လက်ထက်ထိ ဆောင်ရွက်နေကြတာပါပဲ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးကိုက ပြောပါတယ်။

    စစ်ကောင်စီက ဗိုလ်ချုပ်ရဲ့ အမည်နာမကို အမျိုးမျိုး ဖျောက်ဖျက်ခဲ့တဲ့အပြင် စစ်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ပုံကိုတောင် ဖြုတ်ချခဲ့ပြီး တိရိစ္ဆာန်ရုပ်ပုံတွေနဲ့ အစားထိုးခဲ့တာ၊ ဗိုလ်ချုပ်ကြေးရုပ်တွေကို သော့ခတ်ပိတ်ထားတာတွေကြည့်ရင်ကိုသိနိုင်တယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီက အထိမ်းအမှတ် စိုက်ထူထားတာတွေအပြင် ဗိုလ်ချုပ်ရုပ်ထုတွေကို ညအချိန်လူခြေတိတ်ချိန်မှသာအင်အားသုံး ဖြိုချပစ်ခြင်းများပြုလုပ်လာခဲ့ကြပါတယ်။

    ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပါအဝင် အာဇာနည်ကုန်းကို သွားရောက်ဂါရဝပြုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက်ထိန်းသိမ်းဖို့ ပြောဆိုခဲ့အပြီးမှာ အခုလို ဖြိုချဖျက်စီးလာခဲ့တာဖြစ်ပါတယ်။