စစ်နိုင်သီဟဦးရဲ့အဖေ သီဟတင်စိုးဆိုတာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဦးသုခ ပြီးရင် အမျိုးသားဇာတ်ဆောင်ဆုရော၊ အကောင်းဆုံး ဒါရိုက်တာဆုရောကို တစ်နှစ်ထဲရခဲ့တဲ့ တော်တော်ထူးချွန်တဲ့ ပညာရှင်ပါ။ မိခင်ဖြစ်သူ ဇင်မာဦးဆိုတာဟာလည်း ထင်ရှားတဲ့အကယ်ဒမီရ မင်းသမီးပဲ။ ဦးလေးဖြစ်သူ လူမင်းကလည်း အကယ်ဒီလေးဆုရ မင်းသားကြီး နှစ်ဆုက ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ကိုယ်တိုင်သရုပ်ဆောင်ပြီး သီဟတင်စိုးလိုပဲ ဇာတ်ဆောင်ဆုရော ဒါရိုက်တာဆုရောကို တစ်နှစ်ထဲရခဲ့တဲ့ ပုဂ္ဂိုလ်။ မြန်မာ့သမိုင်းမှာ ဒါရိုက်တာ ဆုနဲ့ သရုပ်ဆောင်ဆု နှစ်ခုကို ဇာတ်ကားတစ်ကားထဲနဲ့ တွဲရဖူးတာ၊ ဘဘဦးသုခ၊ သီဟတင်စိုး၊ လူမင်း ဒီပုဂ္ဂွိုလ် ၃ ဦးပဲရှိတာ။ ဒီထဲက ၂ ဦးက သီဟစစ်နိုင်ဦးရဲ့ အဖေနဲ့ ဦးလေး။ ပြောချင်တာက မြန်မာ့အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမျိုးကြီးရိုးကြီးကနေ ဆင်းသက်လာခဲ့တဲ့ သီဟစစ်နိုင်ဦးဟာ ဘယ်နေရာတွေကနေများစပြီး လွဲချော်ခဲ့လေသလဲ။ အနုပညာပိုးလည်းပါတယ်။ ကြိုးစားချင်စိတ်လည်းရှိတယ်။ […]