စစ်နိုင်သီဟဦးရဲ့အဖေ သီဟတင်စိုးဆိုတာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဦးသုခ ပြီးရင် အမျိုးသားဇာတ်ဆောင်ဆုရော၊ အကောင်းဆုံး ဒါရိုက်တာဆုရောကို တစ်နှစ်ထဲရခဲ့တဲ့ တော်တော်ထူးချွန်တဲ့ ပညာရှင်ပါ။

မိခင်ဖြစ်သူ ဇင်မာဦးဆိုတာဟာလည်း ထင်ရှားတဲ့အကယ်ဒမီရ မင်းသမီးပဲ။

ဦးလေးဖြစ်သူ လူမင်းကလည်း အကယ်ဒီလေးဆုရ မင်းသားကြီး နှစ်ဆုက ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ကိုယ်တိုင်သရုပ်ဆောင်ပြီး သီဟတင်စိုးလိုပဲ ဇာတ်ဆောင်ဆုရော ဒါရိုက်တာဆုရောကို တစ်နှစ်ထဲရခဲ့တဲ့ ပုဂ္ဂိုလ်။
မြန်မာ့သမိုင်းမှာ ဒါရိုက်တာ ဆုနဲ့ သရုပ်ဆောင်ဆု နှစ်ခုကို ဇာတ်ကားတစ်ကားထဲနဲ့ တွဲရဖူးတာ၊ ဘဘဦးသုခ၊ သီဟတင်စိုး၊ လူမင်း ဒီပုဂ္ဂွိုလ် ၃ ဦးပဲရှိတာ။
ဒီထဲက ၂ ဦးက သီဟစစ်နိုင်ဦးရဲ့ အဖေနဲ့ ဦးလေး။
ပြောချင်တာက မြန်မာ့အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမျိုးကြီးရိုးကြီးကနေ ဆင်းသက်လာခဲ့တဲ့ သီဟစစ်နိုင်ဦးဟာ ဘယ်နေရာတွေကနေများစပြီး လွဲချော်ခဲ့လေသလဲ။
အနုပညာပိုးလည်းပါတယ်။ ကြိုးစားချင်စိတ်လည်းရှိတယ်။ ဒါပေမယ့်ဘာလို့ မအောင်မြင်တာလဲ။ ရုပ်ရည်ကြောင့်လား၊ ကိုယ်ရည်ကိုယ်သွေးကြောင့်လား။

ပြုစုပျိုးထောင်မှုတွေ မှားခဲ့လေသလား။ အနုပညာပါရမီမပါခဲ့လေသလား။ သေချာတွေးကြည့်ရင် အခြားအနုပညာမျိုးရိုးမရှိသူတွေအတွက်တော့ သီဟစစ်နိုင်ဦးရနေတဲ့အခွင့်အရေးကြီးဟာ တော်တော်ကြီးပါတယ်။

ကိုယ့်ဒူးကိုယ်ချွန်ချင်တဲ့ စိတ်ကြောင့် အမျိုးတွေနဲ့ ခပ်ဝေးဝေးနေပေမယ့် မာနတွေတစ်ဆင့်လျော့ချလိုက်ရင် ဦးလေးတွေက ကြည့်သင့်တာ ကြည့်မယ်ထင်ပါတယ်။

အနုပညာပိုးပါသူ၊ မျိုးရိုးကြီးသူ၊ လေးစားရတဲ့ မင်းသား၊ မင်းသမီးကြီးရဲ့သားပေမို့ အောင်မြင်စေချင်မိတာတော့အမှန်ပါပဲ။


Leave a Reply