Category: News

  • အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်အား မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၆၀ ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သူ ဦးဇော်ခိုင်ကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် အနှစ် ၂၀ ၃ ကြိမ် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၆၀ ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “အရက်မူးပြီး ၁၄ နှစ်အရွယ် သမီးအကြီးကို မုဒိမ်းကျင့်တာမရလို့ အသက် ၁၂ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တာ၊ ကလေးတွေ ကိုယ်တိုင်က ပြောတာတောင် ငြင်းနေလို့ တရားရုံးမှာစစ်တာ ၅ လနီးပါးကြာတယ်၊ မနေ့ကမှ အမိန့်ချလိုက်တာ။ ပုဒ်မက တခုတည်းပဲ ထောင်ဒဏ်အနှစ် ၂၀ သုံးကြိမ်ချလိုက်တာ။”

    အဆိုပါ မုဒိမ်းမှုဟာ တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာမှာ ဇူလိုင် ၆ ရက်က ဖြစ်ပွားခဲ့ပြီး ကလေးမလေး ၂ ယောက်က ဘွားအေဖြစ်သူကို ပြန်လည်ပြောပြရာမှ တောင်ငူမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ ပြည်ခရိုင်တရားရုံးက ပြည်မြို့ ရွာဘဲရပ်ကွက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသမီးတယောက်ဆီက ဖုန်းနဲ့ငွေလုယက်ခဲ့တဲ့ အမျိုသားကိုလည်း သေဒဏ်ချခဲ့ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆ မှုနဲ့ မုဒိမ်းမှု ၄၂ မှုဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက သေဒဏ် ၅ ယောက်နဲ့ ၇ ယောက်အား ထောင်တသက်တကျွန်းချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

  • The Finder

    The Finder

    The Finder (2025)

    The Finder(2025) ဆိုတဲ့ အက်ရှင်မှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့-

    လျိုရှောင်မိန်ဟာ အတိုးမြင့်ချေးငွေချေးပြီး ခြိမ်းခြောက်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။

    ရှောင်မိန်ရဲ့ သူငယ်ချင်းဖြစ်သူ ယန်မင်က ရှောင်မိန်အတွက် ကလဲ့စားချေပေးဖို့ အတိုးမြင့်ချေးငွေအဖွဲ့မန်နေဂျာရဲ့ သမီးချန်ကျင်းနဲ့ ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်ကျိုးဝေချန်ရဲ့သမီး ကျိုးချင်းကို ဖမ်းဆီးပြီး ပြန်ပေးဆွဲခဲ့ပါတယ်။

    ကျိုးဝေချန်ဟာ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဒုစရိုက်သမားနဲ့ ရဲရင့်မှုရော ဉာဏ်ပညာရော ယှဉ်ပြိုင်ခဲ့ရပြီး အန္တရာယ်ထဲကို ဝင်ရောက်ကာ ပြန်ပေးဆွဲခံရသူကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ခဲ့တဲ့အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

  • ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်အုပ်စုတပ်နဲ့ပျုစောထီးတွေ အထိချတပ်စွဲနေထိုင်နေတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    အဲဒီပျုစောထီးအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာကို တိုက်ခိုက်ပြီးနောက် ပင်တောင်ပျုစောထီးစခန်းကို ဆက်လက်တိုက်ခိုက်ရာမှာ အင်အားအလုံးအရင်းနဲ့ စစ်အုပ်စုတပ်တွေ စစ်ကူရောက်လာတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီ ပျူစောထီးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁ ရက်မှာ ဆိပ်ဖြူ ကပစ ၂၂ ကနေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးထားပြီး စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ပေါက်နဲ့မြိုင်နယ်အတွင်းက စစ်ဆင်ရေးတွေကို ပေါက်-ပကဖ၊ မြိုင်-ပကဖ၊ MGY တပ်စတဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းကာ ထပေါက်ကုန်းရွာ၊ ချိုင်စောက်ရွာ၊ ဖလံကိုင်းရွာနဲ့ ညောင်စင်ရွာတောတိုက်တွေအထိ စစ်အုပ်စုတပ်စစ်ကြောင်းတွေကို အထိနာဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အထိနာသွားတဲ့ စစ်အုပ်စုတပ်က မြိုင်နယ်ကို ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ နေ့စဉ်ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  • လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင်

    တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု…

    ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုး တို့ အုပ်စုမှ (မူးယစ်ဆေး ကဲ့သို့အရာများ သုံးစွဲထားသည်ဟု ယူဆရ)အကြောင်းမဲ့ ထိုးနှက်ရမ်းကားပြီး ထိုမျှမကဘဲ အကြောင်းမဲ့ နစ်နာခဲ့ရသူ လူငယ်အား ဖန်ပုလင်းကွဲဖြင့် မျက်နှာကိုပါ ရုပ်ဆိုး အကျည်းတန်အောင် လှီးဖြတ်ခဲ့သည်။ သက်သေ အခိုင်အလုံဖြင့် နစ်နာသူ ဖက်မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ် ဝရမ်းထုတ်ထားသော်လည်း တရားခံများမှာ လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သတင်းရထားသည်။

    တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင်နဲ့ အပေါင်းအပါများမှ မင်:မဲ့.စ.ရို-က်ဆ.န်.စွာ လူငယ်တစ်ယောက်အား ကို.ယ်ထိလ.က်ရော.က် ဝိုင်:ကျူ:လွ.န်မှု

    ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုးတို့ အုပ်စုဖြစ်တယ်လို့ သိရပါတယ်။

    ထိုမျှမကဘဲ န-စ်နာခဲ့ရသူ လူငယ်အား ဖန်ပု.လင်.:.ကွဲ.ဖြင့် မျ.က်နှာကိုပါ ဆို.:ရွာ:စွာ ထိခို-က်စေခဲ့ပါတယ်။

    သက်သေ အခိုင်အလုံဖြင့် နစ်နာသူ ဖက်မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ် ထားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သတင်းရထားပါတယ်။

    ရန်ကုန်မြို့လယ်ခေါင် က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic bar တခုမှာ သောက်စားပြီး အများနဲ့တယောက် ရန်ဖြစ်ကာ က်ိုယ်ထိလက်ရောက် အနိုင်ကျင့်ခဲ့တဲ့ အပေါ် တာဝန်မယူပဲ သရုပ်ဆောင် ပိုင်အုပ်စိုးအောင် တို့ အုပ်စုဟာ ထွက်ပြေးတိမ်းရှောင် နေတယ် လို့ဆိုပါတယ်။

    သရုပ်ဆောင် ပိုင်အုပ်စိုးအောင် တို့ အုပ်စုဟာ မျက်နှာ ကို ပုလင်းနဲ့ ရိုက်ခဲ့တာကြောင့် ကြီးမားတဲ့ ဒဏ်ရာတခု ရရှိခဲ့တာပါ၊ နစ်နာသူဖက် မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ဝရမ်း ထုတ်ထားသော်လည်း တရားခံများမှာ လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot

    အများနဲ့ တယောက် ဒီလို မိုက်ရူးရဲဆန်စွာ ပြုလုပ်တာကိုတော့ လက်မခံသင့်ဘူး ဥပဒေအတိုင်း လုပ်ဆောင်သင့်တယ်။

    ယခု လက်ရှိ ဖြစ်ပွားနေသည့် အုပ် စုဖွဲ့ အကြမ်း ဖ-က် ခဲ့သည့် ကိစ္စ မှာ သူမပါခဲ့ ကြောင်း နဲ့ လူကြီး မိဘများ နဲ့ အတူတူ ရှိနေကြောင်း ပြောဆိုလာခဲ့ တဲ့ ဘုန်းမင်း နေ လ

    စိတ်၀င်စားစရာ ကတော့ ဘယ်သူက များ ထိုးကျွေးခံ ဖြစ်လာဦးမလဲ ဆိုတာပါပဲ…

  • ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

    ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

    မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ Non CDM တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေး၊ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် အပါအဝင် ၄ ဦးတို့သည် နိုဝင်ဘာ ၁၈ ရက်တွင် လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

    ယင်းနေ့တွင် ဒေါက်တာမြမြမွှေးအပါ ၄ ဦးတို့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်သော အစည်း အဝေးသို့ တက်ရောက်ပြီး ရေစကြိုမြို့သို့ အိမ်စီးကားဖြင့်ပြန်လာစဉ် ပခုက္ကူ-ရေစကြို-ချောင်ဦးလမ်းပေါ်ရှိ ကျောက် လှေခါးကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    နည်းပညာတက္ကသိုလ်နှင့် နီးစပ်သူတဦးက “သူတို့ အဖမ်းခံလိုက်ရတယ်ဆိုတာတော့ သေချာတယ်။ သူတို့ စီးသွားတဲ့ ကားတွေပါ ယူသွားကြတာ။ အဲဒီနေ့က ခရိုင်အစည်းအဝေးပြီးတော့ ပြန်သွားကြတာမှာ ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာ အဖမ်းခံကြရတာလို့သိရတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အခုထိမသိရသေးဘူး” ဟု ပြောသည်။

    လက်ရှိ ပခုက္ကူခရိုင်အတွင်း စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲ၍ အင်အားသုံးပြီး ထိုးစစ်ဆင်နေရာ ပခုက္ကူ မြစ်ခြေ ဘက်နှင့် ရေစကြိုနယ် ရှင်မတောင်တောင်တွင် တပ်စွဲထားရာမှ ဖြန့်ခွဲဆင်းလာသည့် စစ်ကြောင်းများလည်း ရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

    “ကျနော်တို့လည်း နည်းပညာတက္ကသိုလ်က ဆရာမကြီးတို့အဖွဲ့ အဖမ်းခံလိုက်ရတယ်ဆိုတာကို သတင်းရထားတာပဲရှိတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။ လက်ရှိမှာ ပခုက္ကူ-ရေစကြို-ချောင်းဦးလမ်းပိုင်းနဲ့ ရေစကြိုနယ်ထဲမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာရှိတော့ စစ်ရေးအခြေအနေတွေ အရမ်းရှုပ်ထွေးနေတာမို့ အဲဒီအခြေအနေကို ဘာမှ မသိရသေးဘူးဗျ” ဟု ရေစကြိုမြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

    ၎င်းတို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် မီဒီယာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ဖမ်းဆီး သွားသည်ဟု ဖော်ပြထားသော်လည်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား