မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ Non CDM တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေး၊ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် အပါအဝင် ၄ ဦးတို့သည် နိုဝင်ဘာ ၁၈ ရက်တွင် လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

ယင်းနေ့တွင် ဒေါက်တာမြမြမွှေးအပါ ၄ ဦးတို့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်သော အစည်း အဝေးသို့ တက်ရောက်ပြီး ရေစကြိုမြို့သို့ အိမ်စီးကားဖြင့်ပြန်လာစဉ် ပခုက္ကူ-ရေစကြို-ချောင်ဦးလမ်းပေါ်ရှိ ကျောက် လှေခါးကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်နှင့် နီးစပ်သူတဦးက “သူတို့ အဖမ်းခံလိုက်ရတယ်ဆိုတာတော့ သေချာတယ်။ သူတို့ စီးသွားတဲ့ ကားတွေပါ ယူသွားကြတာ။ အဲဒီနေ့က ခရိုင်အစည်းအဝေးပြီးတော့ ပြန်သွားကြတာမှာ ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာ အဖမ်းခံကြရတာလို့သိရတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အခုထိမသိရသေးဘူး” ဟု ပြောသည်။

လက်ရှိ ပခုက္ကူခရိုင်အတွင်း စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲ၍ အင်အားသုံးပြီး ထိုးစစ်ဆင်နေရာ ပခုက္ကူ မြစ်ခြေ ဘက်နှင့် ရေစကြိုနယ် ရှင်မတောင်တောင်တွင် တပ်စွဲထားရာမှ ဖြန့်ခွဲဆင်းလာသည့် စစ်ကြောင်းများလည်း ရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ကျနော်တို့လည်း နည်းပညာတက္ကသိုလ်က ဆရာမကြီးတို့အဖွဲ့ အဖမ်းခံလိုက်ရတယ်ဆိုတာကို သတင်းရထားတာပဲရှိတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။ လက်ရှိမှာ ပခုက္ကူ-ရေစကြို-ချောင်းဦးလမ်းပိုင်းနဲ့ ရေစကြိုနယ်ထဲမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာရှိတော့ စစ်ရေးအခြေအနေတွေ အရမ်းရှုပ်ထွေးနေတာမို့ အဲဒီအခြေအနေကို ဘာမှ မသိရသေးဘူးဗျ” ဟု ရေစကြိုမြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းတို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် မီဒီယာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ဖမ်းဆီး သွားသည်ဟု ဖော်ပြထားသော်လည်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်း

ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *