Category: News

  • ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ

    ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ

    ကျားဖြန့်ဆိုတာ

    ကျားဖြန့်ရဲ့သဘောက ဒီလို။ ပုံလေးတွေ ချောချောလေးတွေ တင်မယ်။ Story မှာ တစ်နေ့တစ်ပုံ တင်မယ်။

    Album မှာ လေးငါးခြောက်ပုံ တင်ထားမယ်။ ပြီးရင် သူတို့ Acc ကို Profile Lock ခတ်ထားမယ်။

    သူတို့ Profile, သူတို့ Post တွေကို Screenshot ရိုက်လို့ မရဘူး။

    ပြီးရင် တစ်ယောက်ယောက်စီ သူတို့ Acc Link ကို Share လို့လည်း မရဘူး။

    Link ယူမရအောင်လည်း ပိတ်ထားမယ်။

    သူတို့ဟာ ပုံချောချောလေးတွေသာ တင်ပေမဲ့ ဘာမှ မသိသေးသူ တစ်​ယောက်နှစ်ယောက်မှအပ Like & Com ဘာမှ မရှိဘူး။

    တချို့ကျ သူတို့ကျားဖြန့်အချင်းချင်း Com ထဲမှာ သူငယ်ချင်းလိုလို၊ Real User တွေလိုလို သူများတွေ မြင်အောင် Com Rp တွေ လုပ်ကြမယ်။

    သူတို့ပစ်မှတ်ထားတဲ့ Acc တွေကို စ Add မယ်။ စအပ်အပ်ချင်း ဘယ်တော့မှ စာလာမပို့ဘူး။

    နှစ်ရက်သုံးရက်ကြာမှ Hi, Hello, မင်္ဂလာပါ ဘာညာနဲ့ လာပြီး ရောမယ်။

    နိုင်ငံခြားမှာ နေသူကို ဆိုရင် သူတို့လည်း နိုင်ငံခြားတစ်ခုခုကလို့ ပြောမယ်။ ပြည်တွင်းကပါ ဆိုရင် သူတို့က ရန်ကုန်ကလို့ ပြောမယ်။

    ပြီးရင် စီးပွားရေးအကြောင်းတွေ ပြောမယ်။ ဘုန်းကြီးတွေကိုဆိုရင် Video Call ခေါ်ပြီး နည်းပညာနဲ့ သူတို့ဘက်က Sex ဆိုင်ရာ Video တွေ ပြမယ်။

    ပြီးရင် Screen Video Recording ယူထားပြီး ငွေညှစ်မယ်။ မရရင် Public မှာတင်မယ့်အကြောင်း ပြောမယ်။

    နောက်ဆုံး မသိနားမလည်သေးတဲ့ ရဟန်းတွေဟာ အရှက်ကွဲ မခံချင်ကြတာနဲ့ ကိစ္စပြတ်ရင် ပြီးရောဆိုပြီး သူတို့တောင်းသမျှ ပေးလိုက်ကြရမယ်။

    ဒါတွေက ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေပါ။

    ခုတစ်လအတွင်း ဦးဇင်းဆီ ကျားဖြန့်မိန်းကလေးနှစ်ယောက် လာအပ်ပြီး စကားပြောတယ်။

    စစချင်းတော့ Mutual Fri တွေ ရှိနေတာနဲ့ လက်ခံလိုက်တာ။ နောက် စကားပြောဖြစ်တော့ Video Call ခေါ်မယ် လုပ်လာရော။

    ခေါ်တာတောင် သူတို့ဘက်က အဖွဲ့လိုက် ခေါ်မှာတဲ့။ (ဒါက ပထမတစ်ယောက်ဆီက သင်ခန်းစာပါ)

    ခု ပုံပါ Screenshot ထဲက အမျိုးသမီးကိုတော့ ကိုကလည်း ကျားဖြန့်မှန်း သိထားတာမို့ တရားချည်း လှိမ့်ဟောပေးလိုက်တယ်။ ခေါ်ပုံက လူကြီးတဲ့၊ အစ်ကိုတဲ့။

    မရင်းနှီးသေးတဲ့ ရဟန်းတစ်ပါးကို ဘယ်မိန်းကလေးအစစ်အမှန်မှ အဲလို မခေါ်မပြောရဲပါဘူး။

    တရား ခဏခဏ ဟောပေးလိုက်တော့ သူ့ဘာသာသူ အလိုအလျောက် Block သွားတယ်။

    အားလုံး သတိရှိရအောင် မျှဝေပေးလိုက်ရခြင်းပါ။ လက်ရှိ Fri ထဲမှာလည်း အဲလိုအမျိုးအစားတွေ နှစ်ယောက်သုံးယောက်လောက် ရှိသေးတယ်။

    (ပုံကတော့ တခြားသူရဲ့ပုံ ယူသုံးထားဟန် တူပါတယ်။ အဓိက ပေးချင်တဲ့ Message ကို နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပုံပိုင်ရှင် အမျိုးသမီး တွေ့ခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်)

    မောင်ခေမိန် – မကွေး

  • မိုးကုတ်နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများနှင့် ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    မိုးကုတ်နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများနှင့် ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်)ကျေးရွာရှိ ကြက်မွေးမြူရေးခြံများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်မွေးမြူရေးခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁၁ လုံးလာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် ၆ စီး၊ ကလေးမူကြိုကျောင်း အပါအဝင် နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

    ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက် ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော နေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိကြောင်း ပြောဆိုထားသည်။

    အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆည်လည်ကျေးရွာနှင့် ရှမ်းဘုရားကျေးရွာ အကြားကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ၀န်းကျင်ခန့်တွင် နတ်မောက်မြို့နယ် ဆည်လည်ကျေးရွာနှင့် ရှမ်းဘုရားကျေးရွာ အကြားကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

    “စစ်ခွေးတွေက ဘာထိတွေ့မှုမှ မရှိဘဲ စစ်ကြောင်းထိုးတာလည်းမရှိဘဲ လာပြီး လေယာဥ်နဲ့ချသွားတာပါ။ ဆည်လည်ကျေးရွာနဲ့ ရှမ်းဘုရားကျေးရွာ အကြားကို လာကျဲချသွားတာပါ။ ရဟတ်ယာဉ် ၁ စီး ၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးသီး ၂ လုံးချပြီး ရော့ကတ်တွေနဲ့ ပစ်သွားတာပါ။ ပြည်သူထိခိုက်မှုမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုး မရှိပါဘူး”ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း နတ်မောက်မြို့နယ် အရှေ့ခြမ်း စမ်းကုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဉ် ၁ စီးတို့ဖြင့် ဗုံး ၈ လုံးကျဲချကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

  • မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး

    မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး

    မန္တလေး တိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်

    မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

    နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း

    ၁၆.၁၀.၂၀၂၅ ရက်နေ့ ညနေ ၆း၄၅ အချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှလာသော မော်တော်ကားနှင့် ဆိုင်ကယ်အားတိုက်ပြေးရာ

    ဆိုင်ကယ်စီးသူအမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှမျက်မြင်သူများကပြောကြားသဖြင့်

    ယင်းအမျိုးသမီးလူနာအား မီးစလိုက်များနှင့်လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးနားတွင်မတွေ့ သွေးစများသာတွေ့ရသည်။

    တိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ​ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင်လူပါလာမှန်းသိသဖြင့် အတိုက်ခံရသောအမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက်အထည်ချုပ်စက်ရုံနားတွင်ပစ်သွားကြောင်း သိရသည်။

    ကုသိုလ်ထပ်တူ ရရှိကြပါစေ

    ( ပြည်သူအားလုံး ကျန်းမာ၍ အန္တရယ်ကင်းကြပါစေ)

    သိန်းထွန်းအောင်၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့

    ☎ 09-2039152 ☎️

  • လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

    လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ BGFရဲ့ (၈၈၈)ဗျူဟာ ဒုဗျူဟာမှူးကွပ်ကဲတဲ့ အင်အား ၄၀၀ ​ခန့်ပါတဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖလူးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ စုံစမ်းသိရပါတယ်။

    BGFနဲ့ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDFပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    “ကရင်အချင်းချင်း သစ္စာဆိုထားတာ အခု သစ္စာစူးပြီပေါ့။ သူတို့က ဖလူးရရေးထိုးလာနေတာ။ လေးကေ့ကော်ရရင်လည်း နောက်ကျောမလုံတော့ သူတို့က ဖလူးကို ရချင်နေတာ”လို့ တပ်မဟာ (၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးရွာနဲ့ လေးကေ့ကော်မြို့သစ်ဟာ (၁၀)မိုင်ကျော် ကွာဝေးပါတယ်။

    လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က ၁၀၀ခန့် သေဆုံးပြီး အလင်းဝင်လာသူများရှိနေတယ်လို့ ကျားသစ်နက်စစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

    လက်တလောမှာ စစ်ကောင်စီတပ်နဲ့ BGFပူးပေါင်းတပ်တွေက လေးကေ့ကော်မြို့သစ်ပြန်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ လေးကေ့ကော်မြို့ နေရာအချို့ကို ပြန်ရထားပေမယ့် အလုံးစုံမရသေးဘူးလို့လည်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ လေးကေ့ကော်မြို့သစ်ကို စက်တင်ဘာ ၂၁ ရက်စပြီး စစ်ကြောင်း ထိုးခဲ့တာ ဖြစ်ပါတယ်။

    လေးကေ့ကော်မြို့သစ်ဆီကိုစစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ BGF ရဲ့ ဗိုလ်တင်ဝင်းအဖွဲ့က လေးကေ့ကော်ရဲ့ အရှေ့မြောက်ဘက် မယ်ဝါးခီးရွာဘက်ကနေ စစ်ကြောင်းကူထိုးတယ်လို့သိရပါတယ်။ BGFရဲ့ ဗိုလ်မုတ်သုန်အဖွဲ့က လေးကေ့ကော်ရဲ့ အနောက်မြောက်ဘက်က ကျောက်ဂူရွာကနေ စစ်ကြောင်း ကူထိုးလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    လေးကေ့ကော်မြို့သစ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) /KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာစစ်​ကြောင်း ၊ ဗွီနွန်စစ်​ကြောင်း ၊ Justice Solider စစ်​ကြောင်း မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းတွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက အသိပေးပါတယ်။

    တော်လှန်ရေးပူးပေါင်းတပ်က ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော ကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ စက်တင်ဘာ ၂၆ ရက်က လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။

    စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လည်း လေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

    (BGF တပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-CJ )

  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းက ရေဒါကို စစ်အုပ်စု ဖြုတ်သိမ်းရွှေ့ပြောင်းထား

    နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းက ရေဒါကို စစ်အုပ်စု ဖြုတ်သိမ်းရွှေ့ပြောင်းထား

    မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးအထိုင်စခန်းက P-18 Early Warning Radar အမျိုးအစားရေဒါကို စစ်အုပ်စုတပ်က ဖြုတ်သိမ်းရွှေ့ပြောင်းထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာအဖွဲ့(Myanmar Defense & Security Institute – MDSI)က အောက်တိုဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်တိုက်ထိုးစစ်ဆင်နေချိန်မှာပဲ စစ်အုပ်စုက ရေဒါကို အခုနှစ်ဖေဖော်ဝါရီလမှာ ဖြုတ်သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    အဲဒီရေဒါဟာ ရခိုင်ပြည်နယ်စပ် ဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့် ထောက်လှမ်းနိုင်ဖို့အတွက် တပ်ဆင်ထားတာဖြစ်ပြီး ကြိတင်သတိပေးတဲ့ ရေဒါစနစ်ဖြစ်တာကြောင့် အကွာအဝေး ကီလိုမီတာ ၂၅၀ အထိ စောင့်ကြည့်ထောက်လှမ်း နိုင်တယ်လို့ ဆိုပါတယ်။

    ရိုးမပေါ်က နတ်ရေကန်တောင်ထိပ်မှာ စိုထိုင်းစမြင့်မားတာကြောင့် ကာလကြာရှည်လာတာနဲ့အမျှ ရေဒါမပျက်စီးအောင် ကာကွယ်ဖို့အတွက် ကမ္ဘာလုံးပုံစံ မြူကာနစ်နဲ့ ထားရှိခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ဒါ့အပြင် နတ်ရေကန်စခန်းကို အပြီးသတ်သိမ်းယူနိုင်ဖို့ လက်ကျန်စခန်းတချို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် က AA အောက်တိုဘာလ ၁၆ ရက် ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

    နတ်ရေကန်စခန်းကို တိုက်ခိုက်ရာမှာ စခန်းကုန်းကနေ ဖရိုဖရဲထွက်ပြေးသွားတဲ့ စစ်အုပ်စုအဖွဲ့တွေနဲ့လည်း နေရာတချို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို စခန်းကုန်းကနေ ထွက်ပြေးလာတဲ့ လက်နက်ချ အညံ့ခံသူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

    နတ်ရေကန်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗစည်ရွာလမ်းဟောင်းနဲ့ ဂုတ်ကြီးရွာလမ်းသစ်ပေါ်က လုံခြုံရေးအထပ်ထပ်ချထားတဲ့ စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အောက်တိုဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် လမ်းဟောင်းနဲ့ လမ်းသစ်ပေါ်က စစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာ နတ်ရေကုန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပါ တစ်ပါတည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရောက်သွားသလို စခန်းသိမ်းတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    နတ်ရေကန်စခန်းဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေအတွက် မကွေးတိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ အကြီးဆုံးနဲ့ စစ်ရေးအရ ဗျူဟာအကျဆုံးဖြစ်သလို စစ်သည်အင်အား ၁၀၀၀ ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ ရိုးမပေါ်က လေကြောင်းရန်ကာကွယ်ရေး စခန်းကြီးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

    စစ်အုပ်စုကလည်း နတ်ရေကန်စခန်းကို လက်မလွှတ်ရဖို့အတွက် လေကြာင်းထိုးစစ်တွေပါ အသုံးပြုနေပြီး နေ့ညမရွေးဗုံးကြဲကာအရေး ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    Photo – MDSI