Category: News

  • မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး-မိုးကုတ် လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပြီးနောက် မိုးကုတ်မြို့မှာ ဓာတ်ဆီတဂါလန်ကို ၃၆,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လမ်းမပိတ်ခင်က ဓာတ်ဆီတလီတာ ကျပ် ၅,၀၀၀ ဝန်းကျင်နဲ့ တဂါလန်ကို ကျပ် ၂၅,၀၀၀ ဝန်းကျင်သာ ပေးရပြီး လမ်းပိတ်ပြီးနောက် ဈေးတက်သွားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “လမ်းပိတ်ပြီးတော့ ဓာတ်ဆီဈေးတွေ တက်လာတယ်။ ပုံမှန်ထက် ၁၀,၀၀၀ ကျော်လောက် ပိုပေးဝယ်ရတယ်။ ဓာတ်ဆီတွေတော့ ဝယ်လို့ရနေသေးတယ်၊ ဈေးပဲတက်သွားတာ။”

    မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မြေပြင်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြောင့် မိုးကုတ်-မန္တလေး လမ်းပိုင်းကို အောက်တိုဘာ ၁၁ ရက်ကစပြီး ယာယီ ဖြတ်သန်းခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့မှာ ဓာတ်ဆီဈေးတွေ တက်လာတာကြောင့် ခရီးသည်တွေ ကားခဈေးနှုန်းတွေ တက်လာတဲ့အပြင် ဓာတ်ဆီအသုံးပြုပြီး လုပ်ကိုင်ရတဲ့ ကျောက်မျက်တွင်းတွေလည်း အခက်အခဲ ရှိလာနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

  • အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေ

    အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေ

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့ အင်းစိန်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဥ်းချခံထားရတဲ့ အကျဥ်းသားတချို့ကို အကျဥ်းဦးစီးဝန်ထမ်းတွေက အိပ်ဆောင်ကနေ အပြင်ခေါ်ထုတ်သွားပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နှိပ်စက်နေတယ်လို့ အင်းစိန်အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    အဓိက နှစ်ကြီးပြစ်ဒဏ်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ၂ ယောက်တတွဲ ၃ ယောက်တတွဲ ခေါ်ထုတ်ပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နေတာလို့ ဆိုပါတယ်။

    နိုင်ငံရေးမှုနဲ့ အကျဥ်းချခံထားရသူရဲ့ မိသားစုဝင်တယောက်က “ပြီးခဲ့တဲ့ ၉ လပိုင်းကတည်းက လုပ်နေတာ ၂ ယောက်တတွဲ ၃ ယောက်တတွဲ အပြင်ခေါ်ထုတ်သွားပြီး ခြေချင်းခတ်ပြီး ရိုက်နေတာ၊ နိုင်ငံရေးပုဒ်မနဲ့ နှစ်ကြီးချခံထားရတဲ့သူတွေ အကုန်လုံးလိုလိုပဲ။ မကွေးထောင်ကနေ ထောင်ပြောင်းပါလာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပါ လုပ်နေတာ။ မကွေးထောင်က ထောင်ပြောင်းပါလာသူတွေလည်း အင်းစိန်ထောင်မှာ အတော်များတယ်” လို့ ပြောပါတယ်။

    AA ကဆိုတဲ့ ကလေးတယောက်လည်း ဖမ်းခံထားရတာရှိတယ်၊ အင်းစိန်ထောင်ထဲမှာ၊ အဲဒီကလေးကိုလည်း အပြင် ခဏခဏ ခေါ်ထုတ်ပြီး နှိပ်စက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက ပြုလုပ်မယ့် အတုယောင် ရွေးကောက်ပွဲမှာ အင်းစိန်ထောင်အတွင်း အကျဥ်းချခံထားရသူတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေး လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • ရခိုင်ရိုးမအရှေ့ခြမ်းဥသျှစ်ပင်ကပစ(၁၆)အနီးမှ စစ်တပ်၏အခိုင်အမာတည်ဆောက်ထားသည့်ကာ ကင်းစခန်းတစ်ခုကိုAAနှင့်ပူးပေါင်းတပ်မှသိမ်းပိုက်

    (စစ်တပ်မိသားစုဝင် ၃၀ ခန့်ကိုပါဖမ်းမိပြီး စစ်သား ၄၀ ကျော်သေဆုံးကာလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိဟုဆို)

    ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာ ကပစ (၁၆) အနီးမှအကြမ်းဖက်စစ်တပ်၏ အခိုင်အမာတည်ဆောက်ထားသည့် ကာကင်းတစ်ခုကိုအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များကအောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့သည်ဟုသတင်းရရှိသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပါအဝင် မိသားစု ဝင် ၃၀ ခန့်ကိုပါ လက်ရဖမ်းမိထားပြီး စစ်သား ၄၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များပါ သိမ်းဆည်းရမိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

    ” ကပစ(၁၆)ရဲ့အပြင်ဖက်မှာရှိတဲ့ အရင်ကတည်းကနေ အခိုင်အမာတည်ဆောက် ထားတဲ့စ ခန်းကုန်းကို (AA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်တာ။အဲဒီ စခန်းကုန်းအနားမှာ စစ်တပ်မိသားစုဝင်တွေနေတယ်လေ။ အရင်ကတည်းက။ မနေ့ က အဲဒီစခန်းကာကင်းကိုသိမ်းပြီး မိသားစုဝင်တွေအမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဖမ်းမိတာ” ဟုပြောသည်။

    ၎င်းကာကင်းစခန်းသည်ကပစ(၁၆)စက်ရုံအားကာကွယ်ရန် အထပ်ထပ်ချထား သော ကာကင်းစခန်းများထဲက တစ်ခုဖြစ်ပြီး ကပစ(၁၆)ကိုမရောက်ရှိခင် ယခင် ကတည်းကအခိုင်အမာတည်ရှိသောစခန်းကုန်းတစ်ခုဖြစ်ကြောင်းဒေသခံများကပြောသည်။

    တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်က၄၀ထက်မနည်းသေဆုံးပြီးလက်နက်ခဲ ယမ်းအမြောက်အမြားကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟုမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သေတာကတော့ ၄၀ ထက်မနည်းပဲ။ လက်နက်တွေလည်းအများကြီးရလိုက်တယ်” ဟုပြောသည်။

    ရခိုင်ရိုးမအောက်ခြေရှိ မသုန်ရွာအနီးက ကပစ (၁၆) သည် ဗုံးသီးအမျိုးမျိုး၊ခဲ ယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ရန် ယမ်းအဓိကချက်သည့် ကပစစက်ရုံတခု ဖြစ်သည်။

    ရခိုင်ရိုးမနှင့်ထိစပ်နေသည့်ပန်းတောင်းမြို့နယ်အတွင်းတွင်ကာကွယ်ရေးပစ္စည်း စက်ရုံ၅ရုံရှိပြီးအာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ထိုးစစ်မှာ တဖြည်းဖြည်းကပစစက်ရုံများအနီးသို့ရောက်ရှိလာပြီဟုသိရသည်။

    ပန်းတောင်းမြို့နယ်အပိုင် ဥသျှစ်ပင်မြို့၊ ကမြိုင်ရွာတွင်ကပ (၅)၊ ညောင်ခြေထောက် ကျေးရွာတွင် ကပစ(၆)၊ ညောင်ခြေထောက်စက်ရုံနှင့် တဆက်တည်းတွင်ကပစ (၃)၊ မသုန်ရွာအနီးတွင်ကပစ (၁၆) ၊ ပုသိမ်-မုံရွာလမ်းပိုင်းအနီးရှိ ဥသျှစ်ပင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင်ကပစ(၉)တို့တည်ရှိပြီး ၎င်းစက်ရုံများမှာ လက်ရှိ ခြိမ်းခြောက်ခံနေရသည့်အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်းစစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

    ယခုသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်ဘက် တစ်စုံတစ်ရာ သတင်းထုတ် ပြန်ချက်တော့ မရှိသေးပါ။

  • ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    ✨ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    Sw-itc-h (202-3)

    ‘——————————————–‘
    18နှစ်ပြည့်ပီးဘဝအကြောင်းကိုသင်ယူချင်တဲ့ညိုကီတို့အတွက့်

  • စစ်တပ်ထိုးစစ်ကြောင့် သီပေါမြို့ကို TNLA လက်လွှတ်ရနိုင်

    စစ်တပ်ထိုးစစ်ကြောင့် သီပေါမြို့ကို TNLA လက်လွှတ်ရနိုင်

    မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သီပေါမြို့ကို သိမ်းပိုက်ရန် ကျောက်မဲမြို့မှတဆင့် ထိုးစစ်ဆင်လာသည့် စစ်တပ် မြို့နှင့်လေးမိုင်အကွာသို့ ရောက်ရှိလာသလို TNLA အမာခံ ခံစစ်စခန်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် သီပေါမြို့နှင့်လေးမိုင်အကွာ ဘော်ကြိုရွာကို စစ်တပ်က သိမ်းပိုက်ခဲ့ပြီး ဘော်ကြိုရွာနှင့် တဆက်တည်းရှိနေသည့် နားခဲကျေးရွာအထိ စစ်ကြောင်းများ ရောက်ရှိလာသည်ဟု ဒေသခံများက ဆိုသည်။

    “ဘော်ကြို ကျော်ပြီပဲ။ သီပေါနဲ့ သိပ်မလိုတော့ဘူး။ နားခဲမှာ စစ်တပ်ရောက်ပြီ။ TNLA တပ်ဖွဲ့တွေ မန်ဟဲဘက်မှာ သိပ်မကွာဘူး။ တစ်မိုင်ကျော် နှစ်မိုင်ပဲ” ဟု သီပေါ ဒေသခံတစ်ဦးက ပြောသည်။

    သမိုင်းဝင် ဘော်ကြိုဘုရားအနီး တိုက်ပွဲများဖြစ်ပါက စေတီပုထိုးများ ပျက်စီးမည့်အရေးကြောင့် နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲမဖော်ဆောင်ရန် ဘော်ကြိုဆရာတော်နှင့် ဒေသခံများက မေတ္တာရပ်ခံခဲ့ရာ TNLA တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့၍ တိုက်ပွဲမဖြစ်ခဲ့ဟု ဒေသခံများထံက သိရသည်။

    မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကျောက်မဲနှင့် သီပေါမြို့သည် မိုင် ၂၄ မိုင်ခန့် အကွာအဝေးသာ ရှိသည်။

    အောက်တိုဘာလ ဆန်းပိုင်းတွင် ကျောက်မဲမြို့ကို သိမ်းပိုက်ခဲ့သည့် အာဏာသိမ်းတပ်များ သီပေါမြို့သို့ ဆက်လက်ထိုးစစ်ဆင်နေရာ လဝက်အကြာ မြို့အနီးသို့ ရောက်လာသည်။

    သီပေါမြို့အနီး ရောက်လာသော်လည်း လမ်းတစ်လျှောက်တွင် စစ်တပ် ဘက်မှ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများမှလွဲ၍ တိုက်ပွဲများ ကြီးကြီးမားမား မရှိခဲ့ဟု သိရသည်။

    “ကျောက်မဲ၊ နောင်ပိန် တိုက်ပွဲလောက် အခု သီပေါဘက်က တိုက်ပွဲတွေ သိပ်မပြင်းထန်တော့ဘူး။ TNLA ဘက်က ဖြည်းဖြည်းချင်း ဆုတ်ပေးနေပုံရတယ်။ ကျင်သီတံတားနားဆိုလည်း အေးဆေးပဲ ပြီးသွားတာ။ စစ်တပ်ဘက်ကတော့ လေကြောင်းနဲ့ ခဏခဏတော့ လာပစ်နေတယ်” ဟု သီပေါမြို့ခံနောက်တစ်ဦးက ပြောသည်။

    စစ်တပ်၏ ထိုးစစ်မှာ သီပေါမြို့နှင့် သုံးမိုင်အကွာရှိ TNLA တပ်ဖွဲ့များ အခိုင်အမာ တပ်စွဲထားသည့် ဂေါ်ဒန်သတ္တုမိုင်းနှင့် မန်ဟဲကျေးရွာသို့ ဦးတည်နေပြီး အဆိုပါရွာကို စစ်တပ်သိမ်းပိုက်နိုင်ပါက သီပေါမြို့ဦးနေရာအထိ စိုးမိုးသွားနိုင်သည်ဟု ဒေသခံများက ပြောသည်။

    စစ်တပ်အနေဖြင့် ကျောက်မဲမြို့ဘက်မှ အင်အား ထပ်ဖြည့်ထားပြီး လေကြောင်းနှင့် ဒရုန်းပစ်ကူများ ပိုသုံးထား၍ TNLA အနေဖြင့် ရေရှည်ခုခံနိုင်ရန် ခက်ခဲနိုင်သည်ဟု အများက ခန့်မှန်းထားကြသည်။

    TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူတို့ကမူ TNLA က လွယ်လွယ်နှင့် လက်လျှော့ပေးမည် မဟုတ်ဘဲ သီပေါမြို့တွင် ဆက်လက်ခုခံသွားမည်ဟု သိရကြောင်း ပြောသည်။

    ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညနေတွင် ဘော်ကြိုရွာနှင့် သီပေါမြို့ကြားရှိ နားလွယ်၊ နမ့်ဟူးနွဲ့ ၊ ခါလိန်၊ မန်ဟဲစသည့် ကျေးရွာများကို စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    “နားခဲအကျော်ကနေစပြီး မန်ဟဲအထိ လမ်းမကြီးအတိုင်းကြဲသွားတာပဲ။ လမ်းက ရွာတွေ ထိကုန်တယ် ” ဟု အထက်ပါသီပေါဒေသခံက ဆိုသည်။

    အဆိုပါ ကျေးရွာများရှိ ဒေသခံများနှင့် သီပေါမြို့ခံများမှာ စစ်တပ်၏ မကြာခဏ ဗုံးကြဲမှုကြောင့် တိုက်ပွဲကင်းလွတ်ရာ နမ့်လန်မြို့နှင့် လားရှိုးမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများသို့ ထွက်ပြေးနေကြ ရသည်ဟု ဒေသခံတို့ထံက သိရသည်။

    ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် သီပေါမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။

    ကျောက်မဲကို သိမ်းပိုက်ပြီးနောက် အာဏာသိမ်းတပ်သည် TNLA တပ်ဖွဲ့ ထိန်းချုပ်ရာမြို့များကို လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

    အောက်တိုဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့များတွင် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ် ကယားကြီးရွာ၊ အုမ်မစွမ်းရွာ များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အုမ်မစွမ်းရွာမှ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။

    အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ သီပေါမြို့များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၃၀ သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

    စစ်တပ်က အရပ်သားများကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာများတွင် ရနေထိုင် ကြရန် တအာင်းပြည်ကောင်စီ (TLC) က တိုက်တွန်းထားသည်။

    နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ထိခိုက်နစ်နာနေရသည့် လူထုကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက လူသားချင်းစာနာမှု အကူအညီများပေးကြရန် တအာင်းပြည်ကောင်စီ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။