Category: News

  • နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို ယမန့်နေ့ညက စစ်တပ်မှ ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီး ဒီကနေ့မှာတော့ ဖမ်းဆီးခံလိုက်ရတာသေချာကြောင်း ပုံနှင့်တကွ ဖေါ်ပြလာတာကို တွေ့ရပါတယ်။

    ဖြိုးအိအိ‌ဇော်ဟာ ဖေါ်ချွတ်မယ်တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သူမကို နတ်သမီးခေါ်ပါက ပိုက်ဆံပေးမယ်ဆိုတဲ့ post ကြောင့် ဝေဖန်မှုတွေရှိခဲ့ကာ ခုချိန်မှာတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

    ‌ဖြိုးအိအိဇော်ဟာ ဖေါ်ချွတ်မယ် တစ်ဦးဖြစ်ပေမယ့် သူ့ကိုအားပေးတဲ့ ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံပြီး ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖေါ်ချွတ်မယ်တွေအနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံ‌နေရပြီး ဒါဟာ ဖိုဝါဒကြီး‌ဆိုးတဲ့ တိုင်းပြည်တစ်ခု ဖြစ်တာကြောင့်လို့ လူမှုကွန်ယက်မှာ ဝေဖန်ပြောဆို နေတာတွေလည်းရှိနေပါတယ်။

    ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာဆိုသော ဖြိုးအိအိဇော် ရဲစခန်းမှာ ထိန်းသိမ်းခံထားရ

    ဖြိုးအိအိဇော်ဆိုတာ မသိသေးသူများအတွက် အချိန်ကာလများစွာကတည်းက အွန်းလိုင်းမှာ အတွင်းပစ္စည်းတွေ ထုတ်ပြတတ်သူ

    ဒီလို ပစ္စည်းမဲမဲ အမွှေးထူထူမဲမဲ ကြီးပြရင်း ငွေကြေးအဆင်ပြေလာပြီး ဟိုတယ်မှာနေကာ ဆက်လက် ထုတ်ပြ နောက်ဆုံး Marketing ထိုးဖောက်ဖို့ ပြစားရင်း ဒီဂျီလုပ်ရင်း ရလာတဲ့ ပိုက်ဆံတွေကို အွန်လိုင်းမှာ မဲဖောက်ဝေမယ်လုပ်ရာက ပိုက်ဆံရချင်ကြတဲ့သူတွေက နတ်သမီးလေးလို့ မြှောက်ပြောရင်း နတ်သမီးလို့ ခေါ်လာကြ…

    ကြာလာတော့ မျက်စိနောက်လာပြီး လူ့အသိုင်းအဝိုင်းက အော်တော့ လုပ်ရဲလုပ်ကြည့်လို့ ဇောင်းထ မလုပ်ရဲတာ မရှိတဲ့သူနဲ့တွေ့တော့ ခု ရဲစခန်းမှာ လက်ထိပ်လေးနဲ့ ရောက်

    နတ်အစစ်မဟုတ်ခြင်းရဲ့ ဒုက္ခပေါ့

  • လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ်  ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က ပြော

    လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က ပြော

    နိုင်ငံ​မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က စီကျင်းပင်ကို​ပြော

    အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့​တွေ့ဆုံစဥ် မြန်မာနိုင်ငံ​မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကို တရုတ်အစိုးရက ဖိအား​ပေး ​ပေးတဲ့အတွက်​ကြောင့် ​ကျေးဇူးတင်ရှိကြောင်း​ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်း​ခေါင်း​ဆောင်ဟာ သြဂုတ် ၃၀ ရက်မှာ တရုတ်သမ္မတစီကျင်းပင်နဲ့​​တွေ့ဆုံ​ဆွေး​နွေးစဥ်”မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ​ဖွံ့ဖြိုး​​ရေးအတွက် နယ်စပ်​ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့များကို တရုတ်နိုင်ငံက ဖိအား​ပေး ​ဆောင်ရွက်​​ပေး​​​နေမှုကြောင့် ငြိမ်းချမ်း​ရေး ရရှိတဲ့အ​ခြေအ​နေများ ​မြင်တွေ့လာရတဲ့အတွက် ​ကျေးဇူးတင်ရှိ​ကြောင်း​ပြောကြားလိုပါတယ် “လို့​ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒါ​ပေမယ့် သြဂုတ် ၃၀ ရက် ည ၈ နာရီသတင်းမှာစစ်​ကောင်စီက ထုတ်ပြန်တဲ့အခါ ​မြောက်ပိုင်းက​တော်လှန်​ရေးအဖွဲ့​တွေကိုတရုတ်ကဖိအား​ပေးတဲ့အ​ပေါ် ​ကျေးဇူးတင်ရှိ​ကြောင်း ​ပြောကြားတာကိုစစ်​ကောင်စီကချန်လှပ်ထားခဲ့တာ​တွေ့ရပါတယ်။

    တရုတ်အစိုးရအ​နေနဲ့လည်း မြန်မာနိုင်ငံပြည်တွင်း​ရေးကို ဝင်မစွက်ဖူး​ပြော​ပေမယ့် စစ်​ကောင်စီအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကိုဖိအား​ပေး ​နေတယ်ဆိုတာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုယ်တိုင်က အစည်းအ​ဝေးမှာတရားဝင်ထုတ်​ပြောလာတာဖြစ်ပါတယ်။

    တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန နဲ့ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနတို့ရဲ့ထုတ်ပြန်ချက်​တွေမှာလည်း တရုတ်အစိုးရက မြန်မာနိုင်ငံ​မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့​တွေကို ဖိအား​ပေးတဲ့အ​ပေါ်​ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်​ပြောခဲ့တာကိုချန်လှပ်ထားခဲ့ကြတာ​တွေ့ရပါတယ်။

    တရုတ်အစိုးရရဲ့ဖိအား​ပေးမှု​ကြောင့် MNDAA ဟာအပစ်ရပ်ထားပြီး ၁၀၂၇ ဒုတိယလှိုင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကိုပါစစ်​ကောင်စီကိုကျည် ၁ ချက်မ​ဖောက်ရပဲပြန်လွှဲ​ပေးခဲ့ရပါတယ်။

    TNLA ကလည်း တရုတ်အစိုးရရဲ့ အစီအစဥ်နဲ့ ကူးမင်းမြို့မှာစစ်​ကောင်စီနဲ့​ဆွေး​နွေး​နေရပါတယ်။

    ဝလက်နက်ကိုင်အဖွဲ့ (UWSA)​တောင် တရုတ်အစိုးရက နှစ်​ပေါင်း ၄၀ အတွင်းအကြီးမားဆုံးဖိအား​ပေး​နေလို့​တော်လှန်​ရေးအဖွဲ့​တွေကို လက်နက် ၊ခဲယမ်း၊​ငွေ​ကြေးအပါအဝင်ဘယ်လိုအကူအညီမှမ​ပေး​တော့ဘူးလို့ MNDAA ၊ TNLA ၊ SSPP တို့ကို​ခေါ်​ပြောပြီး သတင်းပါထုတ်ပြန်ခဲ့ပါတယ်။

    ဒါ​ကြောင့်စစ်​ကောင်စီဟာတရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှု​ကြောင့်သာ အသက်ဆက်နိုင်​နေတာဖြစ်ပြီး တရုတ်အစိုးရ မကူညီရင် ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကိုအနိုင်ယူဖြုတ်ချပြီး ဖြစ်​နေပြီလို့စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူ​တွေက​ပြောပါတယ်။

    စစ်​ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာအာဏာသိမ်း​ခေါင်း​ဆောင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အဖွဲ့ဝင်ဖြစ်လာစေရေးတရုတ်က​ထောက်ခံ​ပေးဖို့၊ ငြိမ်းချမ်းရေး၊ကုန်သွယ်မှုမြှင့်တင်ရေး၊ OBOR စီမံကိန်းနဲ့ မြန်မာ့စီးပွားရေးစင်္ကြံ (CMEC)မှာ ပါဝင်တဲ့ စီမံကိန်း​တွေ အရှိန်အဟုန်မြှင့်တင်ရေး၊ သဘာဝသယံဇာတများ အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့ကိုဆွေးနွေးခဲ့တယ်လို့​ဖော်ပြပါတယ်။

    ဒါအပြင်မင်း​အောင်လှိုင်က စစ်​ကောင်စီ​ရဲ့ရွေး​ကောက်ပွဲနဲ့ပတ်သက်ပြီးလည်း​ဆွေး​နွေးခဲ့တယ်လို့​ဖော်ပြပါတယ် ။ဒါ​ပေမယ့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာနထုတ်ပြန်ချက် နဲ့ ဆင်ဟွာရဲ့​သတင်း​ဖော်ပြမှုမှာ​ရွေး​ကောက်ပွဲနဲ့ပတ်သက်လို့ တစ်လုံးမျှ​ဖော်ပြထားခြင်းမရှိ​ပေ။

    စီကျင်းပင်က မြန်မာနိုင်ငံဟာအခြေအနေနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း လိုက်နာနိုင်ဖို့၊ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင့်ပိုင်ခွင့်၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အကျိုးစီးပွား​တွေကို ထိန်းသိမ်းဖို့ ၊မြေငလျင်ပြန်လည်ထူ​ထောင်​​ဖို့၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံ ရရှိစေဖို့တရုတ်ကထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာနက​ဖော်ပြပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအင်အားစုအားလုံးကို တတ်နိုင်သမျှစည်းလုံးအောင်လုပ်ပြီး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေဖို့ တရုတ်နိုင်ငံက ထောက်ခံအား​ပေးတယ်လို့လည်းစီကျင်းပင်က​ပြောခဲ့ပါတယ်။

    ဆင်ဟွာသတင်းဌာနရဲ့​ဖော်ပြချက်မှာ​တော့ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား​တွေ၊ တရုတ်အဖွဲ့အစည်း​တွေနဲ့ တရုတ်စီမံကိန်း​တွေလုံခြုံ​ရေး​သေချာ​စေဖို့လိုအပ်တယ်လို့ တရုတ်သမ္မတက​ပြောကြားတယ်လို့​ဖော်ပြထားပါတယ်။

    ဒါ​ပေမယ့် အဆိုပါအချက်ကို စစ်​ကောင်စီထုတ်ပြန်ချက်မှာချန်လှပ်ထားခဲ့တာကိုတွေ့ရပါတယ်။

    အာဏာသိမ်း​ခေါင်း​ဆောင်ဦး​ဆောင်တဲ့စစ်​ကောင်စီကိုယ်စားလှယ်​တွေဟာ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ထိပ်သီးအစည်းအဝေး နဲ့ တရုတ်နိုင်ငံက ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကိုတက်ရောက်ဖို့ တရုတ်နိုင်ငံကို​ ရောက်ရှိနေတာဖြစ်ပါတယ်။

    (အာ​ဏာသိမ်း​ခေါင်း​​ဆောင်နဲ့ တရုတ်သမ္မတ။ ဓါတ်ပုံ- fmprc)

  • ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ

    ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ

    ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ

    မကွေးတိုင်း၊ ချောက်မြို့ရှိ ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးရဲ့ဇနီးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တဦး ပြန်လည်ဖမ်းဆီးခံထားရတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

    သြဂုတ် ၂၃ ရက်မနက် ၁၀ နာရီခွဲလောက်က ချောက်မြို့မစျေးအနီးမှာ အထက်ပါအုပ်ချုပ်ရေးအဖွဲ့ဝင်အေးမင်းထွန်းရဲ့ ဇနီးဖြစ်သူ မနွယ်မာဝင်းကို ပျူစောထီးအဖွဲ့ ၁၅ ဦးလောက်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    “ပျူစောထီးခေါင်းဆောင်က ဈေးဝယ်လာတဲ့လူငယ်တွေကို ပတ်ဆွဲနေတာ၊ အဲ့ဒီနေ့က ရွာဘက်က ဈေးလာဝယ်တဲ့ လူငယ် ၁၀ ဦးကျော်လောက်လည်းဖမ်းသွားတယ်၊ ဘယ်ရွာကလို့တော့မသိဘူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ မိန်းမကတော့ ဆိုင်ကယ်နဲ့ဈေးလာဝယ်တာ၊ ဆိုင်ကယ်စတန်း (Motorcycle stand) မှာ ဆိုင်ကယ်အပ်အပြီး ဈေးဘက်လာတဲ့အချိန် ပျူစောထီးအဖွဲ့နဲ့တွေ့တာမှာ ပေါ်တာဆွဲခံလိုက်ရတာ”လို့ ဖြစ်စဥ်ကို သိရှိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူက ပြောပါတယ်။

    ဖမ်းဆီးပြီးနောက် မနွယ်မာဝင်းကို နေ့ချင်းပြန်လွှတ်ပေးခဲ့မယ့် ဖမ်းဆီးခဲ့တဲ့ ပျူစောထီးတွေထဲက ချောက်မြို့၊ အမှတ် ၁၅၊ စစ်ကွင်းရပ်ကွက်နေ အသက် ၄၀ အရွယ် ပျူစောထီးခေါင်းဆောင်အောင်ဇော်ဦးကို အေးမင်းထွန်းကပြန်လည်တရားစွဲတာကြောင့် ဩဂုတ် ၂၅ ရက်မှာ သူ့နေအိမ်မှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

    “ချောက်ရဲစခန်းကို အေးမင်းထွန်းကအမှုဖွင့်တာ၊ ဘယ်လိုပုဒ်မတပ်ပြီး ဖွင့်တယ်ဆိုတာတော့ မသိဘူး၊ အမှုဖွင့်လို့ ချောက်ရဲစခန်းက ရဲတွေကသွားဖမ်းရတာ၊ ချောက်ရဲစခန်းမှာ ၁ ရက်ထားတယ်၊ နောက်ရက်မှ နေပြည်တော်ကို ပို့လိုက်တာ၊” လို့ အထက်ပါ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူကပြောပါတယ်။

    အဖမ်းခံရတဲ့ပျူစောထီးဟာ ယခင်ကျောင်းဆရာတဦးဖြစ်ပြီး လူမှုရေးကိစ္စတွေကြောင့် တာဝန်ကရပ်နားခံထားရသူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်မှာ ပျူစောထီးဖြစ်လာပြီး ချောက်မြို့ပေါ်မှာလည်း ဒေသခံတွေကို ပေါ်တာဆွဲတာ၊ ငွေတောင်းပြီး လူပြန်ရွေးခိုင်းတာတွေအပြင် မပေးရင်စစ်မှုထမ်းထဲ ထည့်တာတွေ လုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

    ချောက်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက မကြာခဏပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး ဩဂုတ် ၂၇ ရက်ကလည်း ချောက်မြို့ပေါ်ရှိ ဖုန်းဆိုင်တွေက ဝန်ထမ်းလူငယ်တွေကို စစ်ကော်မရှင်အဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

    ပုံစာ – ဇူလိုင်လအတွင်းက စစ်ကော်မရှင်လက်အောက် ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဥ်။ (ဓာတ်ပုံ – စစ်ကော်မရှင်ပြန်ကြားရေး)။

  • ဝဝတုတ်တုတ် ကလေးများပင် ခေါင်းပဲ ကျန်ခဲ့ဟု တသချစ်ဦးမောင် ထွက်ဆို (ရုပ်သံ)

    ဝဝတုတ်တုတ် ကလေးများပင် ခေါင်းပဲ ကျန်ခဲ့ဟု တသချစ်ဦးမောင် ထွက်ဆို (ရုပ်သံ)

    မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်း၌နေထိုင်ခဲ့စဉ်က အစာအဟာရပြတ်လပ်ပြီး ဝဝတုတ်တုတ် ကလေးများပင် ခေါင်းပဲ ကျန်ခဲ့ဟု တသချစ်ဦးမောင် ထွက်ဆို (ရုပ်သံ)

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာရွာ ပျူစခန်းအတွင်းနေထိုင်ရစဉ် အစာအဟာရ ပြတ်လပ် ပြီး ဝဝတုတ်တုတ်ကလေးများပင် ခေါင်းပဲ ကျန်ရှိခဲ့ကြောင်း တသချစ်ဦးမောင်က ဝန်ခံထွက်ဆိုထားသည်။

    ဩဂုတ်လ ၁၅ ရက်နေ့က မော်လိုက်မြို့နယ်၊ ထော်သာရွာ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တသချစ်ဦးမောင်အပါအဝင် မိသားစုဝင် ၁၀၀ ဦးကျော်ကို ဖမ်းဆီးရရှိ ခဲ့ပြီး ယင်းစခန်းအတွင်းနေထိုင်ခဲ့ရမှုနှင့်ပတ်သက်၍ ဝန်ခံထွက်ဆိုရာတွင် ထည့်သွင်းပြော ဆိုထား ခြင်းဖြစ်သည်။

    “ထော်သာစခန်းကုန်းမှာ ဆားစပြီးပြတ်ခဲ့ပါတယ်။ ဆား၊ ငပိစပြတ်ခဲ့ပါတယ်။ ကျနော်တို့ဆိုရင် နေစရာမရှိ၊ စားစရာမရှိ အဖြစ်မျိုးတွေလည်း ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ငတ်မွတ်ခေါင်း ပါးခဲ့ပါတယ်။ ကျနော်ပြောချင်တာတော့ တပ်မတော်သားတွေက တကယ်အာဏာဆန်ကြပါတယ်။ တကယ် အာဏာရှင်စနစ်တွေပါ။ ကျနော်တို့ကို နှစ်နဲ့ချီပြီးတော့ ဆီ၊ ဆား၊ ငပိပြတ်အောင်ပစ်ထား တယ်၊ ကျနော်တို့မှာ စားခဲ့ရတာဆိုရင်လည်း မျှစ်ပြုတ်တွေ၊ အရွက်ပြုတ်တွေ၊ ရုံးပတီသီးပြုတ်တွေနဲ့ စားခဲ့ရပါတယ်။ တချို့ရက်တွေများဆိုရင် ထမင်းရည်ခေါက်ပြီးသောက်ခဲ့ရပါတယ်။ ကလေးတွေ ဆို ရင် နဂိုက ဝဝဖီးဖီးရှိတဲ့ ကလေးတွေဆိုရင်လည်း ခေါင်းတွေပဲ ကျန်ပါတော့တယ်။ အခုထိန်း သိမ်းခံ ရပြီးမှ ပြည့်ပြည့်ဝဝပြန်ဖြစ်လာတာပါ။”ဟု တသချစ်ဦးမောင်က ပြောကြားသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ညီရင်းအစ်ကိုပမာဆက်ဆံပြီး လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း၊ စစ်ကောင်စီက ၎င်းတို့ သတ်ဖြတ်ရန်လိုက်လံ ရှာဖွေခဲ့ကြောင်း ဆက်လက်ပြောဆိုထားသည်။

    “ကျနော်တို့ဖမ်းဆီးထားတဲ့မိသားစု ၁၀၀ ကျော်လုံးကိုလည်း တပ်မတော်ကနေပြီးတော့ ကျနော်တို့ ကို သတ်ဖို့ရှာပါတယ်။ ကျနော်တို့ကို သတ်ပစ်ပြီးပြီလို့လည်း ပြည်သူတွေကို သွေးထိုးခဲ့ပါတယ်။ လှုံ ဆော်ခဲ့ပါတယ်။ အမှန်တကယ်တော့ ကျနော်တို့ ပြည်သူတွေ၊ မိန်းမ၊ ယောက်ျား၊ ကလေးအားလုံး ရှိပါတယ်။ ဒီမှာပဲ တနေရာတည်းမှာ ထိန်းသိမ်းခြင်းခံထားရတာပါ။ ကျနော်တို့ကို သတ်လည်း မသတ်ပါဘူး။ ရန်လည်းမရှာပါဘူး။ ညီအစ်ကိုရင်းသဖွယ်စောင့်ရှောက်ထားပါတယ်။ ကျနော်မှာချင် တာကတော့ လက်နက်ချပြီးအားလုံးလာရောက်ပူးပေါင်းစေချင်ပါတယ်။” ဟု တသချစ်ဦးမောင်က ပြောဆိုထားသည်။

  • ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ဖို့ ငြင်းဆန်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တပ်ရင်းမှူးကို နေရာပြောင်းရွှေ့ စစ်ဆေးနေပြီး ဆက်စပ်ပတ်သက်သူတွေကိုလည်း ထပ်ဖမ်းထားတယ်လို့ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သြဂုတ် ၁၉ ရက်က ရှေ့တန်းထွက်ဖို့အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် အစားထိုးတာဝန်ကျလာတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာ အခြေစိုက်တဲ့ အမတ ၃၄၄ အမြောက်တပ်ထဲမှာပဲ စစ်ဆေးနေရာက သြဂုတ်လတတိယအပတ်ထဲမှာ ပုသိမ်မြို့ တောင်ပေါ်မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ဆီကို ပြောင်းရွှေ့စစ်ဆေးနေတာလို့ သိရပါတယ်။

    အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “ရေကြည်၊ စက်စက်ယို ကျေးရွာအနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ (မအူပင် အခြေစိုက်)ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့တယ်။ အခု အဖမ်းခံရတဲ့သူက ခလရ ၂၇၁ တပ်ရင်းမှူး၊ ကျသွားတဲ့ တပ်ရင်းမှူးနေရာမှာ တာဝန်ယူဖို့ ရွှေ့ပြောင်းခံရသူပါ” လို့ ပြောပါတယ်။

    စစ်ဆေးခံနေရတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ ဆက်စပ်ပတ်သက်တဲ့ တပ်ကြပ်ကြီးနဲ့ ဗျူဟာမှူး ဆိုသူတို့ကိုလည်း စစ်မှုထမ်းတွေထွက်ပြေးမှု၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ သြဂုတ် ၂၈ ရက်မှာ ထပ်မံဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

    အဖမ်းခံရတဲ့ တပ်ရင်းမှူးနဲ့နီးစပ်သူတယောက်က “စစ်ဆေးခံရတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးတွေ စစ်ဆင်ရေး ပြင်ဆင်ကြတဲ့ကိစ္စနဲ့စကားများကြတာ။ အဖွဲ့ကွဲနေတာပေါ့နော်။ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ သူ့တပ်သားတွေက ရှေ့တန်းမကြာခဏထွက်နေရတာ။ တော်တော် ပင်ပန်းနေတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တပ်ရင်းမှူးဦးဆောင်တဲ့ တပ်ဖွဲ့က ရဲဘော်တွေ ပင်ပန်းနေပြီလို့ပြောတာကို အမိန့်မနာခံဘူးဆိုပြီး ဖမ်းခဲ့တာ။ အထက်အရာရှိက လာဆင်းဖမ်းခဲ့တာ” လို့ ပြောပါတယ်။

    အဲဒီ ခလရ ၂၇၁ တပ်ရင်းမှူး အပါအဝင် အရာရှိတွေကို စစ်ကောင်စီ ဧရာဝတီတိုင်း၊ ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင်ဆင်းဖမ်းခဲ့တာလို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ဖမ်းခံထားရတဲ့ ခလရ ၂၇၁ တပ်မှူးရင်းနေရာမှာ ဒုတပ်ရင်းမှူးဖြစ်တဲ့ ကျော်ဝင်းထွဋ်ကို အစားထိုးခန့်ထားပြီး ရေကြည်စစ်ဆင်ရေးကို ကွပ်ကဲခိုင်းထားတယ်လို့ သိရပါတယ်။