Category: News

  • ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး

    မိုင်းခွဲဖျက်ဆီးခံရတာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ​ပေ ၃၀ ​ကျော် ပျက်စီး

    နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။

    နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။

    စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။

    ” ဂုတ်ထိပ်တံတားမှာ ဒီကောင်တွေ အရင်ကတည်းက မိုင်းတွေတပ်ဆင်ထားဟန်ရှိတယ်။ ဒါကြောင့်လဲ တပ်မတော်ထိုးစစ် ရှေ့တိုးတာနဲ့ ပြေးပေါက်ရှာ ပြေးချိန်မှီအောင် တံတားကို ချက်ချင်း ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်တယ်။
    ရှမ်းပြည်နယ်ရဲ့ ကမ္ဘာကျော်အမွေနှစ်တစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားကြီးကို ဖျက်ဆီးရက်နိုင်တာ တကယ်အံ့သြမိတယ်။ ဂုတ်တွင်းတံတားကြီးကလည်း ဖျက်ဆီးခံထားရတာလည်း မကြာသေးဘူး ဆိုတော့ ရှုမ်းလူမျိုးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ” လို့ တပ်ထောက်ခံသူတယောက်က သုံးသပ်ပြောဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေဖြစ်ပေါ်နေပြီး ကမ္ဘာကျော် အမွေအနှစ်တံတားတခုကို ဖျက်ဆီးတာဟာမလုပ်သင့်ကြောင်း ဆန့်ကျင်ရှုတ်ချကြောင်း ပြောဆိုနေကြပါ တယ်။

    ဂုတ်ထိပ်တံတားဖျက်ဆီးခံရတဲ့အပေါ် အ​မေရိကန်ပြည်​ထောင်စုမှာ​နေတဲ့ ၈၈မျိုးဆက်​ခေါင်း​ဆောင် တ​ယောက်ဖြစ်တဲ့ ဦး​မောင်​မောင်​ကျော်က ” ဒီသတင်းကြားကြားချင်း ဝမ်းနည်းစိတ်မ​ကောင်းဖြစ်ရတယ် ဒါလုံးဝမလုပ်သင့်ဘူး။ ကမ္ဘာ့ ယဉ်ကျေးမှူအမွေအနှစ်ကို ချန်လှပ်ထားသင့်တယ်။ လုပ်တဲ့အဖွဲ့ ဘယ်အဖွဲ့လုပ်လုပ် လုံးဝဆန့်ကျင်ပါတယ်။” ဆိုပြီး ပြောဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးတဲ့အပေါ် ရှမ်းမြောက်ဒေသခံတွေကလည်း ရှုံ့ချဆန့်ကျင်ကြောင်း ပြောဆိုမှုရှိနေပါတယ်။

    ” TNLAဟာ သီပေါ၊ကျောက်မဲက ရှမ်းယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးခဲ့သလို နောင်ချို ဂုတ်ထိပ်တံတားဟာလည်း အင်္ဂလိပ်တွေဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင်တံတားတစ်ခု ကိုပါဖျက်ဆီးခြင်းဟာ အလွန်ယုတ်ညံ့တဲ့စိတ်ဘဲလို့ ” လို့ ရှမ်းပြည်​မြောက်ပိုင်းက ​ဒေသခံတ​​ယောက်က ဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် တဖက်အဖွဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကိုထောက်ခံဝန်းရံသူတွေကလည်း ဒါဟာစစ်တပ်ဘက်က ဖောက်ခွဲဖျက်ဆီးတာဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ ​တွေ့ရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ဂုတ်ထိပ်တံတားက မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် ၇ မိုင် ခန့်အကွာ မိုင်တိုင်အမှတ်(၄၆၃/၀၉)မှာ တည်ရှိပြီး သံမဏိအမျိုးအစားတံတားဖြစ်ကာ သံမဏိတိုင် ၁၆ တိုင်ဖြင့် ဆောက်လုပ်ထားပြီး အရှည် ၂၂၆၀ ပေ၊ ရေမျက်နှာပြင်အမြင့်ပေ ၁၁၀၀ ရှိကြောင်း၊ နောင်ချိုမြို့နယ်နှင့် ၇ မိုင်ခန့်ကွာဝေးပြီး ကျောက်မဲမြို့နယ်နှင့် ၁၄ မိုင်ခန့် ကွာဝေးကြောင်း သိရှိရပါတယ်။

    ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဖြစ်တယ်လို့သိရပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာ ရှိတဲ့ ကမ္ဘာကျော် ဂုတ်တိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွားပြီလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

    နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားဟာ နောင်ချိုမြို့အနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိုး လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

    တံတားပျက်စီးမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ပျက်စီးသလဲ၊ ဘယ်သူက ဖျက်ဆီးတယ်ဆိုတာတွေကို မသိရသေးပါဘူး။

    လက်ရှိမှာ နောင်ချိုမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောင်ချိုကနေ ကျောက်မဲဘက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ကျောက်မဲမြို့နယ်ထဲ စစ်အုပ်စုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲရက်ရှည် ဖြစ်ပွားနေသလို စစ်အုပ်စုဘက်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲပစ်ခတ် နေတာလည်း ဖြစ်ပါတယ်။

    တိုက်ပွဲတွေနဲ့ စစ်အုပ်စု ရန်ကြောင့် မန္တလေး – လားရှိုးလမ်းကို ပြည်သူတွေ အသုံးပြုခွင့်မရတာ နှစ်ပေါက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဂုတ်ထိပ်တံတား မပျက်စီးမီကနဲ့ ပျက်စီးနေတဲ့ ဂုတ်ထိပ်တံတား/Photo – CJ

  • အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်

    အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို အနောက်ပိုင်းခရိုင် ပကဖ နဲ့ Yangon Army တို့က လက်ပစ်ဗုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    အင်းစိန် မြို့သစ် (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ် ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်မှာ ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံး နဲ့ ပစ်မှတ် ကို ထိထိရောက်ရောက် ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

    အကြမ်းဖက်စစ်အုပ်စု လက်‌အောက်ခံ အုပ်ချုပ်ရေးမှူးရုံးက ပျူစောထီး လူမိုက် ကျင်ဟုတ်ရဲ့ တပည့် အုပ်ချုပ်ရေးမှူး ဖိုးဇင် နဲ့ လူမိုက်အ ဖွဲ့တို့က တရားမဝင်ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတာနဲ့ လူငယ် တွေကို စစ်မှုထမ်းလိုအပ်တဲ့ နေရာတွေကို ရောင်းစားနေတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဆိုပါပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    နောက်ထက်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ နဲ့ ဆိုင်တဲ့ ပစ်မှတ်တွေကိုလည်း ထပ်မံတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနောက်ပိုင်းခရိုင် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။

  • စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိကာ သေနတ် ၈ လက် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦးအရှင်မိကာ သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇူလိုင်လ ၂၇ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ သေနတ် ၈ လက်နှင့် စစ် အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    “ကျော်ဇေယျာရွာဘက်ကို ဝိုက်ပြီး တက်လာတဲ့ ခွေးစစ်ကြောင်းကို အရင်ပစ်ခတ်မှုယူပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာပါ။ စစ်ခွေး အလောင်း ၇ လောင်းနဲ့ သေနတ် ၈ လက် သိမ်းဆည်းရမိတယ်။ စစ်ခွေး ၃ ကောင်လည်း အရှင်ဖမ်းမိတယ်။ စစ်ခွေး စစ်ကြောင်းက ကျော်ဇေယျာရွာဘက်ကို တောလမ်းကနေ တက်လာတာပေါ့။ ကျနော်တို့က ကြိုတင်သတင်းရလို့ အရင်စောင့်ပြီး တိုက် ခိုက်ခဲ့တာပါ။ ကျော်ဇေယျာရွာက ရွှေဘို ကားလမ်းမကြီးဘေးကရွာပါ။ အင် အားက ၁၀၀ လောက်ရှိမယ် စစ်ခွေး စစ်ကြောင်းက စစ်ကိုင်းမြို့နယ် သစ်ချိုကုန်းကျေးရွာကနေ လာခဲ့တာပါ။ သစ်ချိုးကုန်ရွာနဲ့ ကျော်ဇေယျာက သိပ်ပြီးမဝေးပါဘူး။ တိုက်ပွဲကတော့ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ” ဟု PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲအတွင်း အထိနာခဲ့သော ကြောင့် သစ်ချိုကုန်းရွာ ၊ ကျော်ဇေယျာရွာ ၊ ပုဂံတူရွာ ၊ ယင်းမာကျင်းရွာ ၊ ချိုင်းကြီးရွာ ၊ လင်းတလူးရွာ ၊ ထန်းဖူးတောရွာနှင့် ကျားမင်းကြီးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ရာနှင့်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

  • သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    ဖက်ဆစ်ခွေးမိစ္ဆာရဲ့ ပြန်ကြားရေး မီဒီယာဖွံဖြိုးတိုးတက်ရေးဌာန သီတာတင် အပါ ခွေး ၆၂ ကောင်

    တလရ နဲ့ မီဒီယာပေချ့်တွေအောက်မှာ

    တလရအကောင့်တု၊ ရဘ အကောင့်တု ၊ CDM အကောင့်တု၊

    ပြည်သူအကောင့်တု၊ Non CDM အကောင့်တုတွေ နဲ့

    အကန်၊ အနှောက်၊ သွေးထိုး၊ လှုံ့ဆော်၊

    အစွန်းရောက် လုပ်နေတဲ့ ခွေးစာရင်းဖြစ်ပါတယ်။

  • စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရ

    စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရ

    အိမ်ငှားနေတဲ့ စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရတာကြောင့် သံသယရှိသူတွေ အကုန်ဖမ်းဆီးစစ်ဆေးနေ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်မြို့နယ် မှာ စစ်ကော်မရှင်ရဲ့ စစ်ဘက်ဆိုင်ရာ (စရဖ) ဗိုလ်ကြီးအောင်မြင့်ဦး ငှားနေတဲ့ နေအိမ်မှာ သြဂုတ်လ ၁၆ ရက်နေ့က သေနတ် နဲ့ ငွေသားတွေ အခိုးခံခဲ့ရတယ်လို့ သိရပြီး သံသယရှိသူတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

    စရဖ ဗိုလ်ကြီး အောင်မြင့်ဦး ငှားရမ်းနေတဲ့ အိမ်မှာ သူကိုင်တဲ့ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ Xiomi ဖုန်းတလုံး နဲ့ ကျပ်ငွေ သိန်း ၁၅၀ ကျော်အပါအဝင် မှတ်ပုံတင် ဝန်ထမ်းကတ်တွေပါ အခိုးခံခဲ့ရပြီး သူငှားနေတဲ့ အိမ်ပိုင်ရှင် နဲ့ အနီးတဝိုက်က လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

    “အိမ်ရှင် နဲ့ အဲ့အနားတဝိုက်က လူငယ်တွေလည်းပါတယ်။ ကလေးတွေကိုလည်း ဖမ်းတယ်။ ခေါ်အစစ်ခံရတာတင် ၁၀ ယောက်ကျော်ပြီ။ ပြန်လွတ်လာတာတွေလည်းရှိတယ်။ ခုထိ ခေါ်စစ်ခံရတဲ့ သူတွေ ရှိနေသေးတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။

    အိမ်ပိုင်ရှင် အပါအဝင် အနီးနားက ဒေသခံတွေကို ငွေဆောင် ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေပြီး အဓိက အဖမ်းခံရသူအများစုက အိမ်ရှင် မိသားစုတွေ များတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

    ” အိမ်ရှင် ရဲ့ အမျိုးတွေကို အဓိက စစ်တာ။ ကလေးတွေလည်း ပါတယ်။ သိသလောက်က ၁၀ ယောက်ကျော်တယ်။ အိမ်ရှင်ရဲ့ သမီး အငယ်ဆုံးလေး အသက် ၈ နှစ်လောက်ကိုလည်း ဖမ်းသွားတယ်။ ခုထိ အဲ့ကလေးနဲ့ သူ့အဖေမလွတ်သေးဘူးလို့ ကြားတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

    ငွေဆောင်မှာ အုပ်ချုပ်ရေးမှူးတွေ၊ SB နဲ့ စရဖ တပ်ဖွဲ့တွေ၊ နယ်ထိန်းရဲတွေက သံသယရှိတဲ့ လူငယ်တွေကို ခေါ်ယူစစ်ဆေးနေပြီး ဒီကနေ့ထိ တရားခံ ဖမ်းမမိသေးတာကြောင့် သေနတ်ပျောက်ဆုံးမှုကို သတင်းဖုံးထားတယ်လို့ စုံစမ်း သိရှိရပါတယ်။