ပရိသတ်တို့ရေ… ဒီနေ့မှာတော့ ရင်နာစရာကောင်းလွန်းလို့ ဖတ်ရင်းနဲ့တောင် ဒေါသထွက်မိမယ့် သတင်းတစ်ခုကို ဝေမျှချင်ပါတယ်။ “ကြောင်စပါး” (ကြောင်လေးတွေကို ရေချိုး အလှပြင် ပေးတဲ့နေရာ) ဆိုတဲ့ ဆိုင်းဘုတ်လှလှလေး နောက်ကွယ်မှာ အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေကို တိရစ္ဆာန်တွေထက်တောင် ဆိုးဆိုးရွားရွား နှိပ်စက်ပြီး ကာမရောင်းစားနေတဲ့ငရဲခန်း တစ်ခုအကြောင်းပါ။ ထိုင်းနိုင်ငံ၊ ပထုံဌာနီမှာ ဖြစ်ပွားခဲ့တာပါ။ အပြင်ပန်းကြည့်ရင်တော့ ကြောင်လေးတွေကို ရေချိုးပေးတဲ့၊ ပြုစုပေးတဲ့ ဆိုင်လေးပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေကို အခန်းပိတ်ပြီး အဓမ္မစေခိုင်းနေတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးကို ကယ်တင်နိုင်ခဲ့ရာကနေ ဒီလို စက်ဆုပ်ဖွယ်ရာ အမှောင်လောကကြီး ပေါ်ပေါက်လာခဲ့တာပါ။ အဆိုးဆုံးက ဘာလဲဆိုတော့ ဒီကလေးမလေးတွေဟာ တစ်နေ့ကို ဧည့်သည် ၇ ယောက်အထိ မနားတမ်း […]