ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် ကလေးဖခင်တစ်ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော သားသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ညစာစားရန် အပြင်သို့ သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိသားစုကလည်း လူပျောက်ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ၎င်း၏ အသက်အရွယ်မှာ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြားဖြစ်သော အသက် ၁၈ နှစ်မှ အသက် ၃၅…
ပေါက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်၏ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းသည် ပေါက်မြို့နယ်၊ အနောက်တောင်ဘက်ရှိ တယ်ပင်ရွာနှင့် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းစဉ် တယ်ပင်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဖြိုးဝေဇော် ၊ အသက် ၂၀နှစ်အရွယ် ခိုင်လင်းအောင် ၊ အသက် ၁၈နှစ်အရွယ် မင်းခန့်ဇော်…
လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်မှု ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားသိန်းတထောင် ယူဆောင်သွား ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းမှာရှိတဲ့ ” ရွှေဇင်ရွှေဆိုင် “မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်လုယက်မှု ဖြစ်ပွားပြီး ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း တထောင်လောက် ပါသွားတယ်လို့ ကနဦးသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ ရွှေဆိုင်ဖွင့်ဖို့အတွက် ကားပေါ်ကနေ ရွှေထည်ပစ္စည်းထုတ်တွေ ချစဥ် အမည်မသိ သေနတ်ကိုင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ပစ္စည်းနဲ့ ငွေသားကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ရွှေဆိုင် လုယက်ခံရမှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး လသာရဲစခန်းကို ဆက်သွယ်မေးမြန်းရာ…
“ကျားဖြန့် (Scam Center) တွေနဲ့ပတ်သက်ရင် သက်သေအထောက်အထားတွေကို စစ်ကောင်စီဖက်က ဖျောက်ဖျက်လိုက်ပေမယ့် International Banking System ကနေတစ်ဆင့် Money Laundering ကိစ္စတွေကိုလိုက်လို့ရတယ်။ အခုဆိုရင် ဝါရှင်တန် အခြေစိုက် C4 ADS အဖွဲ့က မိုဘိုင်းဖုန်းဆက်ကနယ်တွေကို ခြေရာခံထားတာရှိတယ်။ အဲဒီခြေရာခံချက်တွေထဲမှာ နေပြည်တော်သမ္မတအိမ်မှာရှိနေတဲ့ ဖုန်းလိုင်းတွေနဲ့ KK park နဲ့ ရွှေကုက္ကိုလ်နဲ့ အမြဲပဲ အဆက်အသွယ်ရှိနေတာတွေ့ရတယ်။ အဲဒီလမ်းကြောင်းတွေကို တနှစ်စာ ခြေရာခံထားတာရှိတယ်။ ထပ်ခါထပ်ခါ သွားလိုက်လာလိုက်ဖြစ်နေတာတွေ့ရတယ်။”
အမေရိကန် အောက်လွှတ်တော်က နိုင်ငံဖြတ်ကျော် ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲနှိမ်နင်းရေး ဥပဒေ (H.R. 5490) ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဒီဥပဒေသည် ၂၀၂၃ ခုနှစ်မှ စ၍ အမေရိကန်နိုင်ငံသားများ ဆုံးရှုံးခဲ့ရသော ဒေါ်လာ ဘီလီယံများစွာ လိမ်လည်ခံရမှုများကို တားဆီးကာကွယ်ရန် ရည်ရွယ်ထားသည်။ H.R. 5490 အရ အမေရိကန်အစိုးရအေဂျင်စီ များစွာ ပူးပေါင်းဆောင်ရွက်သည့် “ရာဇဝတ်ကွန်ရက် ပိတ်ဆို့ရေးအဖွဲ့” တစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော် လိမ်လည်မှုဂိုဏ်းများကို တိုးတက်စွာ လိုက်ဖမ်းနှိမ်နင်းနိုင်မည်ဟု ဆိုသည်။ အမတ် ဂျက်ဖာဆင် ရှရီဗ်က “၂၀၂၄ ခုနှစ်တွင် အွန်လိုင်းလိမ်လည်မှုကြောင့် ဒေါ်လာ ၁၇ ဘီလီယံလောက် ဆုံးရှုံးသွားကြောင်း FBI က ထုတ်ပြန်ထားသည်”။ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ…