Category: News

  • ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ၀က်တိုးခွေးခြံက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး အင်အား ၁၀၂ ယောက်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကာဘိုးတိုက်နယ် ယင်းတိုက်ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

    အဆိုပါတိုက်ပွဲကိုဦးဆောင်ခဲ့တဲ့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက တိုက်ပွဲမဝင်မီ ကြိုတင်ပြင်ဆင်ခဲ့ပုံတွေ၊ တိုက်ပွဲအတွင်း မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ခဲ့ပုံတွေ၊ စစ်ရဲ့သဘောအရ စည်းကမ်းလိုက်နာခဲ့ပုံတွေ၊ တပ်ဖွဲ့တစ်ခုလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ခဲ့ပုံတွေ၊ တိုက်ပွဲအတွင်း စိတ်ဝင်စားစရာအတွေ့အကြုံတွေ၊ အားပေးစကားတွေကို BBM မှ ကိုထက်မြတ်နဲ့ အတူ တွေ့ဆုံဆွေးနွေးမှုကို လေးစားဂုဏ်ယူဖွယ်တင်ဆက်ပေးထားပါတယ်။

  • ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ဗေဒင်ဆရာမနဲ့ တရုတ်ရိုးရာ ဖုန်းရွှေ အခါပေး ဆရာမ သားအမိ နှစ်ယောက်ကို ဒေါ်လာ သန်းနဲ့ချီ လိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုနဲ့ ဆက်စပ်ပြီး ဩစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    သူတို့နှစ်ဦးဟာ ဩစတြေးလျ နိုင်ငံကို ရောက်နေပြီး အကာအကွယ် နည်းပါးတဲ့ ဗီယက်နမ် နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ပါဝင်ပတ်သက်ထားတဲ့ လိမ်လည်မှုတွေကြောင့် နစ်နာခဲ့ရတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၄၆ သန်းနီးပါးလောက်ထိ များပြားနိုင်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

    နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဆစ်ဒနီမှာရှိတဲ့ ဒိုဗာဟိုက်ဂ်စ် ဆင်ခြေဖုံး ရပ်ကွက်မှာ အသက် ၅၃ နှစ်အရွယ် မိခင်နဲ့ ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ဆန်းသစ်တဲ့ နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုရဲ့ အဆက်အနွှယ်တွေ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

    ဗေဒင်ဆရာမဖြစ်တဲ့ မိခင်က သူအယုံသွင်းထားတဲ့ ပစ်မှတ်တွေကို ချေးငွေတွေ ထုတ်ယူဖို့ ခိုင်းစေပြီး သူ့အတွက် ဝေစုကို ခွဲယူထားပါတယ်။ သူက သူတို့တွေရဲ့ အနာဂတ်မှာ ဘီလီယံနာ တစ်ဦးဆီက အကူအညီတွေ ရောက်ရှိလာမယ် ဆိုတာကို မြင်နေကြောင်း လှည့်စား ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဆစ်ဒနီ တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်ထားတာကြောင့် သူ့ကို အာမခံခွင့် မပေးခဲ့ဘဲ သမီးဖြစ်သူကိုတော့ ရဲတွေက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    မိခင်ဖြစ်သူ ဗေဒင်ဆရာမဟာ မရိုးမသား ငွေကြေးရယူမှု၊ ဒုစရိုက်ဂိုဏ်း တစ်ခုနဲ့ ပတ်သက် စပ်ယှက်မှုတွေ အပါအဝင် စွဲချက် ၃၉ ခုနဲ့ ရင်ဆိုင်နေရပါတယ်။ သမီးဖြစ်သူကတော့ ရာဇဝတ်မှုတွေမှာ စိစစ်မှု မရှိဘဲ ရောနှောပါဝင်ခဲ့တယ် ဆိုတာရယ်၊ ဒုစရိုက်ဂိုဏ်းနဲ့ အချိတ်အဆက်ရှိတယ် ဆိုတာရယ် အပါအဝင် စွဲချက် ၇ ခု အတင်ခံထားရပါတယ်။

    သားအမိ နှစ်ယောက်ရဲ့ ဇိမ်ခံအိမ်ကို ရဲတွေက မနက်အစောပိုင်း ဝင်ရောက် စီးနင်းခဲ့တဲ့အခါ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ မိုဘိုင်းဖုန်းတွေ၊ တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ အမေရိကန်ဒေါ်လာ ၆၅၀၀ လောက်တန်တဲ့ ရွှေချောင်းတစ်ချောင်းအပြင် ကာစီနိုချစ်ပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

    ရဲတွေရဲ့ အဆိုအရ မိခင်ဖြစ်သူဟာ ဗေဒင်ဆရာမ တစ်ဦးအနေနဲ့ သူ့အသိုက်အဝန်းထဲမှာ လူအများ လေးစား ယုံကြည်တာကို ခံခဲ့ရကြောင်း၊ တချို့ဆိုရင် ငွေရေးကြေးရေး ကိစ္စတွေထိ သူ့ကို ယုံယုံကြည်ကြည် ရင်ဖွင့် တိုင်ပင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီအခါ သူက ငွေတွေချေးယူဖို့ တိုက်တွန်းပြီး ဘီလီယံနာ တစ်ယောက်ယောက်က အဲဒီအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်လို့ အာမခံပါတယ်။ ပြီးတော့ အကြံပေးခ ဝေစုတွေ အများအပြား တောင်းယူလေ့ ရှိပါတယ်။

    ဩစတြေးလျ ရဲတပ်ဖွဲ့ဟာ ဗေဒင်ဆရာမနဲ့ သမီးဖြစ်သူရဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်လောက် ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူခဲ့ပါတယ်။ မနှစ်က စတင်တဲ့ ကျားဖြန့် နှိမ်နင်းရေး စုံစမ်းမှုတွေအတွင်း သူတို့နဲ့ ဆက်စပ်တဲ့ ငွေလိမ်ဂိုဏ်းဆီက အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ ငွေကြေးတွေကို သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။

    အဲဒီဂိုဏ်းဟာ တကယ်မရှိတဲ့ ဇိမ်ခံကားတွေကို ဝယ်ယူတယ် ဆိုတာမျိုး မှတ်တမ်းအတုတွေ ဖန်တီးပြီး ငွေကြေး ခဝါချမှုတွေကို ကျူးလွန်နေခဲ့တာပါ။ ပြီးတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီက ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး မရိုးမသား ချေးငွေရယူတဲ့ ကိစ္စတွေမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဩစတြေးလျ ရဲတပ်ဖွဲ့ကတော့ အဲဒီအဖွဲ့ဟာ ခေတ်ရှေ့အပြေးဆုံး လူလိမ်တွေလို့တောင် မှတ်ချက်ပေးခဲ့ဖူးပါတယ်။

    နောက်ပြီး အကျင့်ပျက် ဘဏ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းရင်း နိုင်ငံရဲ့ အထင်ကရ ဘဏ်ကြီးတွေကို ပစ်မှတ်ထား လိမ်လည်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆစ်ဒနီမှာ အဲဒီဂိုဏ်းက ဒေါ်လာ ၁၆၄ သန်းလောက်ထိ တန်ဖိုးရှိတဲ့ အိမ်ခြံမြေအပါအဝင် ပိုင်ဆိုင်မှုတွေ ဝယ်ယူဖို့အတွက် ခိုးယူထားတဲ့ ကိုယ်ရေး အချက်အလက်တွေကို အသုံးပြုပြီး ငွေချေးခဲ့ပြီး ကြံရာပါ ဝန်ထမ်းတွေက ဖြစ်မြောက်အောင် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

    အဲဒီဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ လူပေါင်း တစ်ဒါဇင်ထက် မနည်းကို ဖမ်းဆီးထားပြီး ဖြစ်သလို နောက်ထပ်လည်း ကွင်းဆက် ပါဝင်သူတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖွယ် ရှိတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

    ကိုးကား: BBC

    ဓာတ်ပုံ – NSW police

  • မှော်ဘီတွင် ခွေးစာကျွေးနေသည့် ကလေးငယ်အား ရိုက်နှက်ခဲ့သည့် တိဂေဟာပိုင်ရှင် အမျိုးသမီးကို ဖမ်းဆီး

    အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ကိုယ်တွင်းဒဏ်ရာရအောင် ရိုက်နှက်ခဲ့တဲ့ မှော်ဘီမြို့နယ်၊ သရက်ညိုပင်ရွာက မေအိ တိဂေဟာပိုင်ရှင် အမျိုးသမီးကို နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    နိုဝင်ဘာ ၁၁ ရက် နေ့လယ်က တိဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေခွေးလွင့်တွေ အစာကျွေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဂေဟာပိုင်ရှင်ဖြစ်သူ ဒေါ်မေအိလွင်က စိတ်တိုင်းမကျလို့ တနေကုန် ရိုက်နှက်ခဲ့ရာ ညပိုင်းမှာ ကလေးငယ်က ထွက်ပြေးခဲ့ပြီး ရေသိုးကျေးရွာထိပ်မှာ ဒဏ်ရာတွေနဲ့ သတိလစ် လဲကျနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားတွေက ကူညီပေးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “အရမ်းရိုက်လို့ ညဘက် ကလေးက ဂေဟာကနေ ထွက်ပြေးတာ၊ ရေသိုးရွာထိပ်မှာ ဒဏ်ရာတွေနဲ့ မေ့လဲနေတယ်။ ကယ်ရီဆွဲတဲ့သူ တွေ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး မှော်ဘီဆေးရုံကို ပို့တာ၊ ဆေးရုံကမနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ရိုက်နှက်ထားတာ အတွင်းကလီစာတွေပါ ထိနေလို့၊ အဲဒါနဲ့ မှော်ဘီဆေးရုံက လွှဲစာယူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ ကလေးမလေးက အခြေအနေမကောင်းဘူး။ ဂေဟာပိုင်ရှင်ကိုတော့ မနေ့မနက်ကပဲ ရဲတွေက ဖမ်းလိုက်တယ်။”

    မေအိ & Kids Animals Lover ဂေဟာမှာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်ကျေးရွာအုပ်စု သရက်ပင်ညိုကျေးရွာရဲ့ အရှေ့ပိုင်းမှာ တည်ရှိပြီး ခွေးလေခွေးလွင့် အပါအဝင် တခြား တိရစ္ဆာန် ၂၀၀ ကျော်ကို လူမှုကွန်ရက်မှာ အလှူခံပြီး ကျွေးမွေးစောင့်ရှောက်နေတာလို့ ပြောပါတယ်။

    “ပင်မအလုပ်မရှိဘူး။ လမ်းဘေး ခွေးလေတွေ ခေါ်မွေး၊ တခြားတိရစ္ဆာန်တွေ ခေါ်မွေးပြီး လိုင်းပေါ်ကနေ အလှူခံပြီး စောင့်ရှောက်တာ။ အခုဖြစ်စဥ်မှာဆို ကိုယ့်သမီးလောက်ရှိတဲ့ အရွယ်လေးကို ရိုက်ထားတာ တိရစ္ဆာန်နဲ့ မခြားဘူး။ လူဆိုတာ မိမိကိုယ်ကိုယ် ကယ်တင်နိုင်မှ တခြားသတ္တဝါတွေကို ကယ်လို့ရတာ။ အဲဒီလိုပြောရင် တိချစ်သူတွေက ကျနော်တို့ကို အပြစ်တင်ဦးမယ်။”

    အဆိုပါ ဂေဟာပိုင်ရှင် အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် ဂေဟာအတွင်းမှာရှိတဲ့ တိရစ္ဆာန်အကောင် ၂၀၀ ကျော် စောင့်ရှောက်ပေးရမယ့် ကိစ္စမှာလည်း ကျေးရွာအတွက် အခက်အခဲဖြစ်နေတယ်လို့ သူက ရှင်းပြပါတယ်။

    လတ်တလောမှာ မေအိ & Kids Animals Lover ပိုင်ရှင် ဒေါ်မေအိ(ခ)မေအိလွင်ကို မှော်ဘီမြို့မရဲစခန်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

  • KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ ပြောကြားချက်

    KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ ပြောကြားချက်

    KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ ပြောကြားချက်ကို မိုးသောက်ချိန်အစီအစဉ်မှကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

  • ကမ္ဘာ့အချိန်အကြာဆုံး စာမေးပွဲ တောင်ကိုရီးယားတွင်ကျင်းပ

    ကမ္ဘာ့အချိန်အကြာဆုံး စာမေးပွဲ တောင်ကိုရီးယားတွင်ကျင်းပ

    ၁၃ နာရီကြာ ဖြေရတဲ့ ကမ္ဘာ့အချိန်အကြာဆုံး စာမေးပွဲဖြစ်တဲ့ ဆူနန်စာမေးပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

    စာမေးပွဲဖြေတဲ့အချိန်မှာ ဈေးဆိုင်တွေ ပိတ်ပေးရတာ၊ လေယာဉ်သံတွေကြောင့် အနှောင့်အယှက် ဖြစ်မှာစိုးလို့ လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းရတာတွေနဲ့ ကျောင်းသားတွေအတွက် မနက်တိုင်း နေ့စဉ်လှုပ်ရှားမှုတွေကိုလည်း လျှော့ချပေးတာမျိုးတွေ ပြုလုပ်လေ့ရှိတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။

    ဒီစာမေးပွဲကို နှစ်စဉ် နိုဝင်ဘာလတိုင်း ပြုလုပ်တာဖြစ်ပြီး ကျောင်းသားတွေရဲ့ အနာဂတ်ကို အဓိက ဆုံးဖြတ်ပေးတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။

    ကြာသပတေးနေ့မှာ ဖြေဆိုရမယ့် ဆူနန်စာမေးပွဲကို နိုင်ငံတဝန်း ကျောင်းသားပေါင်း ၅၅၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီး ဒါဟာ ၇ နှစ်အတွင်း စာမေးပွဲဖြေဆိုသူ အများဆုံး အရေအတွက်ပဲ ဖြစ်ပါတယ်။

    သင်္ချာ၊ အင်္ဂလိပ်၊ လူမှုရေးနဲ့ သိပ္ပံ၊ နိုင်ငံခြားဘာသာ၊ ဟန်ဂျဘာသာ စတဲ့ ဘာသာရပ်အလိုက် မေးခွန်းပေါင်း ၂၀၀ ကျော် ရှိပါတယ်။

    ဒီစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက်သာ မကဘဲ အလုပ်အကိုင်ရရှိဖို့၊ လစာအနည်းအများ၊ အနာဂတ်မှာ ဘယ်လိုနေထိုင်ရမလဲ ဆိုတာနဲ့ အနာဂတ် အိမ်ထောင်ဘက် ရွေးချယ်တာတွေမှာလည်း အရေးပါတယ်လို့ ဖော်ပြပါတယ်။

    ပုံမှန်ကျောင်းသားတွေက မနက် ၈ နာရီ ၄၀ မိနစ်ကနေ ညနေ ၅ နာရီ ၄၀ အထိ ဖြေဆိုရပြီး မျက်စိမမြင်တဲ့ ကျောင်းသားတွေက ည ၁၀ နာရီအထိ ဖြေဆိုရပြီး စုစုပေါင်း ဖြေဆိုချိန် ၁၃ နာရီလောက်အထိ ကြာမြင့်ပါတယ်။

    ဒီကျောင်းသားတွေအတွက် ညစာစားချိန် အနားပေးတာမျိုး မရှိဘဲ မျက်မမြင်တွေ အသုံးပြုရတဲ့ စာနဲ့ စာမေးပွဲမေးခွန်းတွေကို ဖတ်ပြီး ဖြေဆိုရတာပါ။

    အချိန်အကြာကြီး ဖြေဆိုရတဲ့ ဆူနန်စာမေးပွဲဟာ ဇွဲကောင်းတဲ့ စမ်းသပ်မှုတခုအဖြစ် ကျောင်းသားတွေက ဖော်ပြကြပါတယ်။

    ဒါ့အပြင် မျက်မမြင်မေးခွန်းတွေကို လက်နဲ့စမ်းပြီး ဖတ်ရတာကြောင့် ဖြေဆိုသူတွေရဲ့ လက်ထိပ်တွေ ခံနိုင်ရည်ရှိမှုကိုလည်း ဆရာတွေက အသိအမှတ်ပြုတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။

    ဒီဆူနန်စာမေးပွဲဟာ ကောလိပ်ဝင်ခွင့်အတွက်သာမက ကျောင်းသားတွေရဲ့ ခံနိုင်ရည်ရှိမှုကို သက်သေပြရတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။