Category: News

  • She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်တရားခံအဖြစ် လွှဲပြောင်းပေးတော့မည်

    She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်တရားခံအဖြစ် လွှဲပြောင်းပေးတော့မည်

    မြ၀တီတွင် ကျားဖြန့်လုပ်ငန်းများကို စတင်ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ BGF ဗိုလ်မှူးကြီး စောချစ်သူ၏ ကိုးကွယ်သူလည်းဖြစ်သော She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်တရားခံအဖြစ် လွှဲပြောင်းပေးတော့မည်

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများကို စတင်ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ ကိုးကွယ်သူလည်းဖြစ်သော She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်မှုများစွာ၏ အလိုရှိသော တရားခံအဖြစ် လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

    အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့် တပ် BGF ခေါင်းဆောင် စောချစ်သူ၏ စီးပွားရေး မိတ်ဖက် ရွှေကုက္ကိုလ်မြို့သစ်ကို စတင်တည်ထောင်ခဲ့သူ ရထိုက် ကုမ္ပဏီပိုင်ရှင်နှင့် ကျားဖြန့်ဂိုဏ်း ခေါင်းဆောင် She Zhijiang ကို ၂၀၂၂ ခုနှစ်တွင် ထိုင်းအစိုးရက ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    She Zhijiang ကို ထိုင်းအစိုးရက အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများနှင့် လောင်းကစားအမှုများကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် အတွက် အခြေခံဥပဒေနှင့်ညီ၊ မညီ အခြေခံဥပဒေခုံရုံး၏ ဆုံး ဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုင်းအခြေခံဥပဒေခုံရုံးက အခြေခံဥပဒေနှင့်ညီညွတ်ကြောင်း ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

    She Zhijiang မှာ တရုတ် နိုင်ငံတွင် လောင်းကစားနှင့် ရာဇဝတ်ဂိုဏ်းများ ထူထောင်ခဲ့ပြီး ထွက်ပြေး လာခဲ့သူဖြစ်ကာ ကမ္ဘောဒီယားနိုင်ငံသား အဖြစ်လည်း ခံယူထားသူဖြစ်သည်။

    She Zhijiang ကို တရုတ် အစိုးရက အလိုရှိနေပြီး She Zhijiang ကို အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများ အပါအဝင် ရာဇဝတ်မှုများစွာဖြင့် တရုတ်အစိုးရက အလိုရှိနေခြင်းဖြစ်သည်။

  • စစ်တပ်၏ မက်လုံးများအောက်တွင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေး ပျက်ပြယ်

    ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့ စစ်တပ်ရဲ့ မက်လုံးတွေအောက်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက ပျက်ပြယ်သွားပြီလို့ ကရင်စစ်ရေးလေ့လာသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

    ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီကိုဖွဲ့စည်းပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ တဖက်မှာလည်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့အတူ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)ဗိုလ်ဘိအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်နေပါတယ်။

    တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့ မက်လုံးအောက်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက ပျက်ပြယ်သွားတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

    ကရင်စစ်ရေးလေ့လာသူတယောက်က “လက်နက်ကိုင် ၄ ဖွဲ့ ဒီတော်လှန်ရေးမှာ ပါဝင်မယ်။ KNU နဲ့တစည်းတလုံးတည်းရှိတယ်ဆိုတာတွေကိုပြောခဲ့ပေမဲ့ လက်ရှိ DKBA နဲ့ BGF ဧရိယာထဲမှာ ရှိနေတဲ့ ကျားဖြန့်ခေါ်တဲ့ ဒီလောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးကရနေတဲ့ အကျိုးအမြတ်တွေ ချိန်ခွင်ထဲ ထည့်ချိန်လိုက်မယ်ဆိုရင် လက်ရှိတော်လှန်ရေးမှာ ပါဝင်တာထက် တဘက်က စကမက ပေးတဲ့အခွင့်အရေးဖြစ်တဲ့ ဒီလောင်းကစားတွေ၊ တရားမဝင်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ဦးဆောင်ခွင့်၊ ကြီးကြပ်ခွင့်ရမယ်။ လုပ်ပိုင်ခွင့်ရမယ်ဆိုတဲ့ မက်လုံးအောင်မှာပဲ ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက ပျက်ပြယ်သွားတယ်လို့ပဲ မြင်တယ်”လို့ ပြောပါတယ်။

    ဒါအပြင် စစ်တပ်က ပြုလုပ်မယ် ရွေးကောက်ပွဲကို ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့က ထောက်ခံပြီး ကာကွယ်သွားမယ်လို့ ပြောဆိုထားပါတယ်။

    ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက လူကြားကောင်းအောင် ပြောနေတာဖြစ်ပြီး ကိုယ်စီ ကိုယ့်ကျိုးစီးပွားရှာဖို့ပဲ အာရုံစိုက်နေတာလို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

    ကရင်အရပ်ဖက်အဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌက “ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်း သွေးစည်းညီညွတ်ရေးဆိုတာက နာမည်ကြားကောင်းအောင်ပြောတဲ့ စကားလုံးလောက်ပဲရှိတယ်။ အမှန်တော့ ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံးက ကိုယ်စီကိုယ်စီ ကိုယ့်ကျိုးစီးပွားရှာဖို့ပဲ အာရုံစိုက် ကြတာလေ။ လွတ်လွတ်လပ်လပ် သူတို့လုပ်ချင်တာလုပ်နိုင်ဖို့အတွက်ကို ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ။ ကရင်အမျိုးသားကိုလည်း ကိုယ်စားပြုမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့အတူ DKBA ဗိုလ်ဘိအဖွဲ့၊ BGF က ပူးပေါင်း တိုက်ခိုက်နေပါတယ်။

    အကျိုးစီးပွားအတွက် စစ်ကောင်စီအလိုကျ ရပ်တည်နေတာကို ပြတ်သားဖို့လိုပြီး မပြတ်သားရင် ခံရမယ်လို့ KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

    “စစ်အာဏာရှင် အဆုံးမသတ်ခင်မှာ သူတို့က တကယ်ပဲ စစ်အာဏာရှင်ဘက်မှာ ရပ်တည်နေမယ်ဆိုရင် ကျနော်တို့အနေနဲ့ သူတို့ကို စစ်အာဏာရှင်လူပဲ တခါတည်း ထင်ထင်ရှားရှား တဖွဲတည်း ပြတ်ပြတ်သားသား သတ်မှတ်ရမယ်။ သူတို့က သူတို့ရဲ့အကျိုးစီးပွားနဲ့ စစ်ကောင်စီကို ကပ်ပြီးတော့ စစ်ကောင်စီရဲ့အလိုကျ လိုက်ပြီးတော့ ကျနော်တို့ကို လာတိုက်သလို သူတို့က အမြဲတမ်း ဝိုင်းဝန်းကူညီပြီးတော့ တိုက်မယ်ဆိုလိုရင် ဒါက ကျနော်တို့မပြတ်သားရင် ကျနော်တို့ပဲခံရမယ်။”

    ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သယုကျိုးကျေးရွာမှာ ဒုတိယအကြိမ် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနဲ့ လူထုတွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် ထပ်မံဆွေးနွေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

    လက်ရှိဖြစ် ပွားနေတဲ့ တိုက်ပွဲတွေအတွင်း (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး KNU လက်အောက်ခံ စစ်ကြောင်းတွေကို ပြန်လည်တိုက်ခိုက်နေတာ သိရှိ မြင်တွေ့ရပေမဲံ လက်ရှိတိုက်ပွဲတွေဟာ နိုင်ငံရေးအခင်းအကျင်းကြောင့်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲံ (KNU/KLNA-PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

    “စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ပြန်လည်တိုက်ခိုက်တာတို့ ဘာတို့ကတော့ ဒါကတော့ ကျနော်အနေနဲ့ သေသေချာချာ သိရှိ မြင်တွေ့ရတာတော့ မရှိပါဘူး။ အဲဒီ သတင်းတွေက ဘယ်လိုရရှိလာသလဲဆိုတော့ ကျနော်အနေနဲ့အတိအကျတော့ မပြောနိုင်ဘူး။ မီဒီယာတွေမှာ ရေးသားဖော်ပြတာတို့ ပြောဆိုတာတွေတော့ ကြားတာတော့ ရှိပါတယ်။ အမြင်မတူမှုတွေ ဖြစ်ပေါ်တာတော့ မဟုတ်ပါဘူး။ တနိုင်ငံလုံးဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကြောင့်၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒီအခြေအနေရောက်ရှိလာတာ။”

    လက်ရှိ စစ်တပ်နဲ့ ပူးပေါင်းနေတာကို ဝင်ပြောရင် သူတို့ နားထောင်မှာ မဟုတ်လို့ ဝေဖန်သုံး သပ်လို့မရပေမဲ့ လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက အလှမ်းဝေးနေဦးမယ်လို့ ကရင်ပါတီ တခုဖြစ်တဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌက ပြောပါတယ်။

    လက်နက်ကိုင် ၄ ဖွဲ့ အချင်ချင်းကြား ထိပ်တိုက်ရင်ဆိုင်တာထက် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အခင်းအကျင်းကိုပဲ အဓိကဆွေးနွေးရသေးတယ်လို့ DKBA ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောပါတယ်။

    “ကျနော်တို့ ပေါင်းစည်းရေးအကန့်ကို ဘာမှ မလုပ်ရသေးပါဘူး။ ကျနော်တို့က ဘယ်လိုပြောမလဲ။ ကျနော်တို့တဖွဲ့နဲ့ တဖွဲ့အချင်ချင်းဟာ ပြဿနာတွေဖြစ်လို့ရှိရင် ထိပ်တိုက်ရင်ဆိုင်တာထက်စာရင် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အခင်းအကျင်းကိုပဲ အဓိကဆွေးနွေးကြတယ်။ ပေါင်းစည်းရေးအကန့်ကို ဘာမှ မလုပ်ရသေးဘူး။ ဖြစ်စေချင်တဲ့ဟာတွေက စိတ်ထဲမှာရှိတယ်။ လက်တွေ့မှာ ပါးစပ်နဲ့ပြောဖို့ အဆင်မပြေသေးဘူး။ လက်တွေ့နဲ့ပဲ နောက်ဆုံး တွေ့ဆုံဆွေးနွေးမှုပဲ လိုမယ်။”

    စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    ဒါပေမဲ့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ၁၀ နှစ်တာကြာမြင့်လာပြီမို့ ကြိုးစားနေဆဲနဲ့ အောင်မြင်မှု အနည်းငယ် မြင်တွေ့လာပြီဖြစ်လို့ အခြေအနေကောင်းလာဖို့ပဲရှိတယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်စောချစ်သူက ပြောပါတယ်။

    မြဝတီမြို့တောင်ဘက်၊ သောင်းရင်းမြစ်ကမ်း တလျှောက်၊ တရုတ်နိုင်ငံသားတွေ ရင်းနှီးမြုပ်နှံထားတဲ့ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)က လုပ်ကိုင်ခွင့်ပြုထားတဲ့အပြင် လုံခြုံရေး အကာအကွယ် ပေးထားပါတယ်။

    အောင်ခန့်

  • ဆိုင်ရှင်မိန်းမနဲ့ သူ.ခိုး.အစ်မကြီး ထိပ်တိုက်တွေ့ပြီ

    ဆိုင်ရှင်မိန်းမနဲ့ သူ.ခိုး.အစ်မကြီး ထိပ်တိုက်တွေ့ပြီ

    လှိုင်သာယာ ဗိုလ်ချုပ်လမ်းက ကလေးချီလျက်ဖြင့် နှိပ်စက်ခံရသောအမျိုးသမီးကြီးနှင့် ဆိုင်ပိုင်ရှင်တို့ ကြေအေးဟုဆို

    လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် အထည်ဆိုင်တစ်ဆိုင်မှ ခိုးယူသူဟုဆိုကာ ကလေးချီထားသောအမျိုးသမီးကို နှိပ်စက်နေသော ဖြစ်ရပ်မှ ပါဝင်သူများကို ရဲစခန်းမှခေါ်ယူစစ်ဆေးခဲ့သလို ယမန်နေ့(အောက်တိုဘာ ၂၂)နေ့က ထပ်မံ၍ ခိုးယူသူဟု စွပ်စွဲခံရသူကိုလည်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

    အဆိုပါဖြစ်ရပ်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ကဖြစ်ခဲ့သည်ဟုဆိုကြပြီး လူသုံးပစ္စည်းမျိုးစုံရောင်းချရာ အထည်နှင့်စတိုးဆိုင်အတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသမီးကြီးမှ အသက်တစ်နှစ်ကျော်အရွယ်ကလေးငယ်ကိုချီ၍ စတီးဇလုံကိုယူစဉ် ဆိုင်ရှင်မှဖမ်းဆီးရမိပြီးနောက် ရိုက်နှက်နှိပ်စက်မှုများကိုပါ ပြုလုပ်၍ ဆိုင်အရှေ့ဓာတ်တိုင်တွင် ကလေးရောလူကြီးပါကြိုးတုပ်နေပူလှန်းခဲ့ဖြစ်ရပ်ကို ဆိုင်ရှင်က ဗီဒီယိုရိုက်၍ လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့ရာမှ ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်ပါတယ်။

    ထိုဗီဒီယိုတွင် ကလေးချီထားသောအမျိုးသမီးကြီးကို ဆိုင်ရှင်ဖြစ်သူအမျိုးသမီးက “သူခိုးမပါဗျို့၊ ဒီမှာသေချာကြည့်ထား၊ ငါ့ရပ်ကွက်ထဲ လာခိုးတဲ့သူခိုးမ၊ လွန်လွန်းအားကြီးတယ်။ တစ်ခါလာလည်း ခိုးတယ်၊ နှစ်ခါလာလည်းခိုးတယ်၊ ကလေးအကြောင်းပြပြီး လာခိုးတာ၊ ပိုက်ဆံလျော်နိုင်ရင်လျော် မလျော်နိုင်ရင် ရဲစခန်းထဲတစ်ခါထဲထည့်ပစ်မှာ၊ငါ့ဆိုင်က ပစ္စည်းခိုးသွားတယ်မို့လား ပြန်လိုချင်တယ်။ ငါ့ကိုများ ဘာမှတ်နေလဲ”ဟုဆို၍ TikTok လူမှုကွန်ရက်ပေါ်မှဗီဒီယိုဖိုင်ကို ဖော်ပြလာခြင်းလည်းဖြစ်တယ်။

    ဖမ်းဆီးရမိသည့်သူခိုးကို လုပ်ထုံးလုပ်နည်းအရ ရဲလက်အပ်ရမည့်အစား ယခုလိုညှင်းပန်းနှိပ်စက်သည့်အပြင် အတူပါလာသော ကလေးငယ်ကိုပါ တွန်းထိုးခြင်း၊ လူကြီးဖြစ်သူနှင့်အတူဓာတ်တိုင်တွင်ကြိုးချည်၍ နေပူလှန်းခြင်းများကို လုပ်ဆောင်သည့်အပေါ် လူမှုကွန်ရက်သုံးစွဲသူအများစုက ကန့်ကွက်ကာဝေဖန်ခဲ့ကြရင်း ပျံ့နှံ့ခဲ့ပါတယ်။

    ဗီဒီယိုအတွင်းနှိပ်စက်သော ဆိုင်ရှင်ဖြစ်သူနှင့် ကြိုးတုပ်သူ၊ ဗီဒီယိုရိုက်တင်သောသူတို့ကိုလည်းကောင်း၊ ပစ္စည်းခိုးယူကြောင်း စွပ်စွဲနှိပ်စက်ခံရသည့် အမျိုးသမီးကြီးကိုလည်းကောင်း လှိုင်သာယာရဲစခန်းမှ ခေါ်ယူကာ စစ်ဆေးခဲ့ပါတယ်။

    “သူခိုးအဖြစ်စွပ်စွဲနှိပ်စက်ခံရသူ အမျိုးသမီးကြီးနှင့် ကလေးငယ်က ဘာမှမတော်စပ်ပါဘူး။ အမျိုးသမီးကြီးရဲ့​ချွေးမက နောက်အိမ်ထောင်နဲ့ရထားတဲ့ကလေးပါ။ သူ့သားသေသွားတော့ ချွေးမက နောက်အိမ်ထောင်ပြုတယ်။ ကလေးမွေးတော့ သူ့သား ပြန်ဝင်စားတာဟု ချစ်စိတ်နဲ့ထိန်ပေးသူပါ။ ကလေးအမေက ရွှေပြည်သာမြို့နယ်၊ လှော်ကားစျေးမှာ ဟင်းသီးဟင်းရွက် ရောင်းချသူပါ။ ​သူ့စျေးရောင်းရင် ကလေးကို အမျိုးသမီးကြီးထံ အပ်နှံ့ထားတယ်။ အမျိုးသမီးကြီးက ရွှေပြည်သူထဲ အဝတ်လျော်တဲ့အလုပ်လုပ်တယ်။ စားဝတ်နေရေးအတွက် မလောက်ငှာလို့ အလှူခံတာ ထင်ပါတယ်”ဟု ရွှေပြည်သာဒေသခံများက ပြောပါတယ်။

    “အမျိုးသမီးကြီးကို သူခိုးဟုစွပ်စွဲတာက စိတ်ဝင်စားစရာပါ။ သူ့တို့ဆိုင်မှာ CCTV ရှိတယ်။ တကယ့်ခိုးရင် ခိုးနေတဲ့ CCTV ဖိုင် ဖော်ပြရမှာပဲ။ ယခင်လဲ ခိုးဖူးတာ CCTV ထဲက သိရတယ်ဆိုတော့ အပြောပဲရှိပြီး ထုတ်ပြတာ မရှိဘူး။ သတင်းမီဒီယာသမားတွေကိုလဲ ထုတ်ပြတာ မတွေ့မြင်ရဘူး”ဟု ၎င်းဖြစ်စဥ်နှင့်ပတ်သတ်၍ အခင်းဖြစ်ရပ်ကွက် ဒေသခံများက သုံးသပ်ပြောဆိုကြပါတယ်။

    ဆိုင်ရှင်ဖြစ်သူနှင့် ကြိုးတုပ်သူ၊ ဗီဒီယိုရိုက်တင်သောသူတို့နှင့် ပစ္စည်းခိုးယူကြောင်း စွပ်စွဲနှိပ်စက်ခံရသည့် အမျိုးသမီးကြီးတို့ကို အမှုပိတ်ပြီး ကြေအေးပေးလိုက်ပြီ။ ခိုးသူဟု စွပ်စွဲခံရတဲ့ အမျိုးသမီးကြီးက သူ့ယောကျ်ားအလုပ်ပြုတ်ပြီး နေ့ပြန်တိုး မပေးနိုင်တာနဲ့ အကြံမရှိ လုပ်မိတာဟု ပြောတယ်။ ဆိုင်ရှင်ဖက်လဲ အဖြစ်အမှန်သိလို့ ကြေအေးပေးလိုက်တယ်။ လှိုင်သာယာမြို့နယ်မှ ရဲနှင့်နီးစပ်တို့မှ ပြောဆိုတဲ့အတွက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းကို အတည်ပြုနိုင်ရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရှိခဲ့သည့်အတွက် အတည်မပြုနိုင်သေးပေ။

  • အဆိုတော် သံသာဝင်းကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

    အဆိုတော် သံသာဝင်းကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

    ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် အဆိုတော် ဒေါက်တာသံသာဝင်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) အပြင် ပုဒ်မပေါင်းများစွာဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး နောက် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

    အဆိုတော်နွဲ့ယဉ်ဝင်း၏ သမီးဖြစ်သလို အဆိုတော် အနဂ္ဂ၏ ဇနီးဖြစ်သူ သံသာဝင်း ဖမ်းဆီးခံ ထားရသည့်သတင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

    NLD ပါတီ ၏ ၂၀၁၅ ၂၀၂၀ အောင်နိုင်ရေးသီချင်းများ ဖန်တီးသူ သံသာဝင်းကို စစ်ကောင်စီက အငြိုးထားကာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီးပြန်လွှတ်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းခန့်တွင်မှု ပုဒ်မပေါင်းများစွာဖြင့် ၎င်း၏ နေအိမ်ကို ဝင်ရာက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီသည် အဆိုတော်သံသာဝင်း၏ သတင်းကို ပြင်ပသို့မပေါက်ကြားရန် ထိန်ချန်ထားပြီး ၎င်း၏ မိသားစုဝင်များကိုလဲ စောင့်ကြည့်နေကြောင်း နီးစပ်သူများ၏ အဆိုအရသိရသည်။

    (သတင်းပေးပို့လာသည့် နီးစပ်သူများ၏ မေတ္တာရပ်ခံချက်အရ အနှစ်၂၀ အစား နှစ်ရှည်ပြစ်ဒဏ်ဟု ပြင်ဆင်ပေးရန် သတင်းပေးပို့လာ၍ တည်းဖြတ်ကာ ပြန်လည်ပြင်ဆင်ထားပါသည်)

    DVB သတင်း၏ အဆိုအရ အဆိုတော်သံသာဝင်း၏ အကိုကိုလဲဖမ်းဆီးခံခဲ့ရပြီး အခုဇူလိုင်လထဲတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဖော်ပြထားသည်။

    ထို့အပြင် တေးသံရှင် အဆိုတော် နွဲ့ယဉ်ဝင်း ကိုလဲ ခေါ်ယူစစ်ဆေးကာ စစ်ကောင်စီ၏ ဖျော်ဖြေရေးပွဲလမ်းသဘင်များတွင် ပါဝင်စေရန် ဖိအားပေးမှုများရှိနေသည်ဟု နီးစပ်သူများ၏ အဆိုအရသိရသည်။

    အဆိုတော် ဟန်နီထွန်း ကမူ “ပထမတော့ ကိုယ်မပြောချင်လို့ လုံးဝ လျှို့ဝှက်ထားတာပါပဲ။ ဒီရက်ပိုင်းမှာ ကိုယ်သိပ်စိတ်ပူနေရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အရုပ်လေးလိုချစ်စရာသိပ်ကောင်းပြီးလှတဲ့မျက်နှာလေးနဲ့ လူကောင်က သေးသေးလေး။ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး သီချင်းချိုချိုလေးတွေဆိုတဲ့ အဆိုတော်ကောင်မလေး။ ဒီနေ့ ဆုံးရှုံးမှုကို ကြားလိုက်ပြီးတဲ့အချိန် ပထမဆုံး သတိရလိုက်တာ သူမလေးကို ပါပဲ။ ချလိုက်တဲ့ပြစ်ဒါဏ်နဲ့ မလိုက်မဖက်ထောင်ထဲမှာ ကျန်းမာနေပါစေ။ လောကဓံကိုကြံ့ကြံ့ခံနိုင်အောင် သန်စွမ်းလာပါစေ ကလေး လေးရေ”လို့ ၎င်း ၏Facebook အကောင့်တွင် ရေးသားထားသည်။

  • Love at First Hiccup

    Love at First Hiccup

    Love at First Hiccup (2009)

    ဒီရုပ်ရှင်လေးကတော့ 2009 မှာထွက်ရှိခဲ့တဲ့ Romantic Comedy အမျိုးအစားဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား Victor ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

    သူဟာ ကျောင်းကို အသစ်ရောက်လာတဲ့ Freshman တစ်ယောက်ဖြစ်ပြီး ကျောင်းမှာ လူကြိုက်များပြီး လှပတဲ့ စီနီယာကျောင်းသူ Anya ကို မြင်မြင်ချင်း စွဲလမ်းသွားပါတယ်။

    ဒါပေမယ့် အန်ယာဟာ ချမ်းသာပြီး အထက်တန်းကျတဲ့ Peter နဲ့ ချစ်သူဖြစ်နေတာမို့ Victor အတွက်တော့ လက်လှမ်းမမီတဲ့အခြေအနေပါပဲ။

    Victor ဟာ Anya ကို အသည်းအသန်ချစ်မိရာကနေ “Anya-itis” ဆိုတဲ့ ရောဂါတွေပါ ခံစားနေရပါတယ်။

    ရှက်တတ်တဲ့ ရိုးသားကြိုးစားဖိုးသခွားလေး Anya ရဲ့ အသည်းကို ဘယ်လိုရအောင်ယူမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောပြီးရိုက်ကူးထားပါတယ်။