Category: News

  • မိုးမိတ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

    မိုးမိတ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ဝဲပေါင်းကျေးရွာကို စစ်တပ်က အောက်တိုဘာ ၉ ရက် ည ၇ နာရီခန့်မှာ လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    မိုးမိတ်မြို့ခံတယောက်က “ဝဲပေါင်းရွာကို ကြဲသွားတယ်။ ရွာထဲက လူနေအိမ်တွေနား ကျတာ၊ အထိအခိုက်တော့ များတယ်။ ဖုန်းလိုင်းကော အင်တာနက်လိုင်းကော ပြတ်နေတာ၊ ဆက်သွယ်လို့မရဘူး” လို့ ပြောပါတယ်။

    ဝဲပေါင်းကျေးရွာကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

    ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က မိုင်းလုံမြို့နယ်၊ မန်ဟုန်းရွာကိုလည်း အောက်တိုဘာ ၇ ရက်က ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

  • အိန္ဒိယမှာ ကလေး ၁၇ ဦးသေဆုံးစေခဲ့တဲ့ ချောင်းဆိုးပျောက်ဆေးဖော်စပ်တဲ့ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီး

    အိန္ဒိယမှာ ကလေး ၁၇ ဦးသေဆုံးစေခဲ့တဲ့ ချောင်းဆိုးပျောက်ဆေးဖော်စပ်တဲ့ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီး

    အိန္ဒိယနိုင်ငံမှာ ကလေး ၁၇ ယောက်လောက် သေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးပျောက်ဆေး ဖော်စပ်ထုတ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။

    အဖမ်းခံရသူကတော့ တမီလ်နာဒူးပြည်နယ် အခြေစိုက် Sresan Pharmaceuticals ဆေးဝါးထုတ်လုပ်ငန်းကို ဦးစီးနေတဲ့ ရန်ဂနာသန်ဂိုဗင်ဒန် ဖြစ်ပါတယ်။ သူ့ကို မဒယပရာဒေ့ရှ်ပြည်နယ် ရဲတွေက အောက်တိုဘာ ၈ ရက်၊ မနေ့ညပိုင်း ချန်နိုင်းမြို့မှာ ဖမ်းဆီးလိုက်တာပါ။

    ဒီလအတွင်း သူ့ကုမ္ပဏီက ထုတ်တဲ့ Coldrif ချောင်းဆိုးပျောက်ဆေးကို သောက်ပြီး အသက် ၅ နှစ်အောက် ကလေးပေါင်း ၁၇ ယောက်ထက်မနည်း သေဆုံးပြီးကတည်းက ရန်ဂနာသန်ကို မဒယပရာဒေ့ရှ်ရဲတွေက လိုက်ရှာနေတာပါ။

    အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက Coldrif ဆေးနမူနာတွေကို စစ်ဆေးကြည့်တဲ့အခါ အလွန်အဆိပ်ပြင်းတဲ့ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိုင်အက်သလင်း ဂလိုက်ကောလ် (Diethylene Glycol – DEG) ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။

    အဲဒီ ဓာတုပစ္စည်း ပါဝင်တယ်လို့ အောက်တိုဘာ ၂ ရက်မှာ အတည်ပြုပြီးတဲ့နောက်မှာ အဆိုပါအမှတ်တံဆိပ်နဲ့ ချောင်းဆိုးပျောက်ဆေးကို ပိတ်ပင်ခဲ့ပါတယ်။

    တမီလ်နာဒူး မူးယစ်ထိန်းချုပ်ရေးဌာနရဲ့ အစီရင်ခံစာအရ ဒီဆေးကို သန့်ရှင်းမှုမရှိတဲ့ စက်ရုံအခြေအနေအောက်မှာ ထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

    အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ဒီချောင်းဆိုးပျောက်ဆေးကို မဒယပရာဒေ့ရှ်အပြင် ဩရိဿနဲ့ ပူဒူချယ်ရီ ပြည်နယ်တွေအထိလည်း ဖြန့်ချိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက သတင်းဖော်ပြကြပါတယ်။

    အောက်တိုဘာ ၈ ရက်၊ မနေ့က တမီလ်နာဒူးကျန်းမာရေးဝန်ကြီး မာဆူဘရာမန်ယန်က သူ့ပြည်နယ်အစိုးရအနေနဲ့ Sresan Pharmaceuticals ကို ရာဇဝတ်မှုနဲ့ အရေးယူတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဂူဂျာရတ်ပြည်နယ်အခြေစိုက် ဆေးကုမ္ပဏီတွေက ထုတ်တဲ့ Respifresh နဲ့ RELIFE ဆေးရည်တွေကိုလည်း သောက်သုံးခြင်း မပြုဖို့၊ ရှောင်ကြဉ်ဖို့ အိန္ဒိယကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

    ဒီလိုတိုက်တွန်းရတဲ့အကြောင်းကတော့ အဲဒီဆေးဝါးထုတ်ကုန်တွေမှာလည်း အခုလိုမျိုး အဆိပ်ရှိဓာတုပစ္စည်း ပါဝင်နေတာကို တွေ့ရှိထားရလို့ ဖြစ်ပါတယ်။

  • ရေဖြူမြို့နယ်၊ ဧကနိကျေးရွာ အတွင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)

    ရေဖြူမြို့နယ်၊ ဧကနိကျေးရွာ အတွင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)

    ရေဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

    တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲတလင်းနဲ့လော့သိုင်းကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ထံကနေ သိရပါတယ်။

    အောက်တိုဘာ ၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရာဖူးကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

    အချိန်နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီးနောက် ရာဖူးကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးအပတ်ကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်ခင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ရေဖြူမြို့နယ်မှာ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးတာတွေ ရှိနေတာပါ။

    တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဧကနိကျေးရွာက နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

  • ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိ

    ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိ

    ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

    ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲကို ကူညီနေသည့် ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red Star က ပြောဆိုသည်။

    အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်မြို့နယ် ပေါင်းတလည် အပိုင် ခွေးရဲချင်ရုပ်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် လှမြင့်ကို ဝန်တင်ဆိပ်ကျေးရွာအနီး ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၂၊ ၃၆ဝ၂ တပ်ရင်း နှင့် ပြည်ခရိုင် တပ်ရင်း ၁၊ ၃၆ဝ၁ တပ်ရင်း ရဲဘော်များက အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လမ်းပိုင်း တနေရာအရောက်တွင် ပြန်လည်ခုခံ ထွက် ပြေး၍ လိုက်လံ ပစ်ခတ် ဖမ်းဆီး ပစ်ခတ်စဉ် ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ပျူစောထီး လှမြင့်ထံမှ ခဲသီးထည့် ၍ ပစ်ခတ်ရသော ဂတ်စ်သုံး ပစ္စတို ၁ လက်၊ ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသွားသော လှမြင့်သည် ပေါင်းတလည်မြောက်ခြမ်း၏ ပျူစောထီးခေါင်း ဆောင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များ စုဆောင်း ခြင်း၊ ကျေးရွာအတွင်းရှိ လူငယ်များ၏ အချက်အလက်များ ကောက်ယူ၍ ပေါင်းတလည်ရဲစခန်းနှင့် စစ်ကော်မရှင်၏ လူကြီးပိုင်းများထံ သတင်းများပေးပို့ခြင်း၊ စစ်ကော်မရှင် အမည်ခံ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအား ကူညီခြင်းများအပြင် ၎င်းဦးစီးသော ပျူစောထီးအဖွဲ့က ပေါင်းတလည်မြို့ပေါ်နှင့် ကျေး ရွာများတွင် ဧည့်စာ ရင်း စစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းသစ်ခေါ်ယူခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများတွင် အဓိက ပါဝင်လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    “ကျနော်တို့ လှမြင့်ဆီကသိမ်းဆည်းရမိတဲ့ ဖုန်းကနေတဆင့် ပေါင်းတလည်နယ်မြေနဲ့ ဝက်ထီးကန်‌နယ်မြေက ရပ်ကွက်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စာရင်းတွေရရှိထားပါပြီ ။ စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝိုင်း ဝန်းကူညီသူမှန်သမျှကို စုံစမ်းပြီးထိရောက်စွာအရေး ယူသွားပါမယ်။ ပြည်သူများအနေနဲ့လည်း စစ်ကောင်စီ၏ သွားလာလှုပ် ရှားမှုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီး အနိုင်ကျင့်နေတဲ့ အသားထဲက လောက်ထွက် ပြည်သူ့သစ္စာ ဖောက်တွေရဲ့ နေရပ်နဲ့ သွားလာလှုပ်ရှားမှုတွေကို သတင်းပေးရင်း တော်လှန်ရေးအဖွဲ့တွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red Star က ပြောဆိုသည်။

  • ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်က တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၈ ရက်နေ့နှင့် အောက်တိုဘာလ ၉ ရက်နေ့တို့တွင် စစ်တပ်က နေရာယူထားသော ဗန်းမော်မြို့တွင်း နေရာတချို့ကို KIA ပူးပေါင်းတပ်များက တစ်ကျော့ပြန် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ပြီး တန်ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်း သိရှိရသည်။

    “ခလရ ၄၇ နားက ကာကင်းစခန်းတွေကို သိမ်းတယ်။ နောက်ပြီးတော့ ၂ မိုင်နဲ့ အရှေ့သာစည်ဂေါက်ကွင်းအနားမှာရှိတဲ့ စစ် တပ်က ခြေကုတ်ကင်းစခန်း ၃ ခုကိုလည်း သိမ်းပါတယ်။ စစ်ခွေးသေစာရင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာရှိတယ်။ သူတို့ဘက်က ပြန်ဆုတ်သွားတယ်။ ဗန်းမော်မှာက ကိုယ့်ဘက်က ပြန်တိုးလိုက် သူဘက်က ဆုတ်လိုက်။ သူ့ဘက်က ပြန်တိုးလိုက် ကိုယ့်ဘက် နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်။ အခုကတော့ တန်ပြန်ထိုးစစ်သဘောမျိုး ကိုယ့်ဘက်က ပြန်စတာ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

    KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး​ကြီးနော်ဘူက ဗန်းမော်မြို့တွင် နေ့တိုင်းတိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းတိုက် ခိုက်မှု၊ နည်းပညာမြင့်ဒရုန်းများဖြင့် အဓိက အားယူ တိုက်ခိုက်နေကြောင်း၊ မြေပြင်တွင်မူ KIA တပ်များက ပြန်လည် စိုးမိုးထားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    စစ်တပ်က ဗန်းမော်မြို့ကို အသာစီး စိုးမိုးနိုင်ပြီဟု ဝါဒဖြန့် သတင်းများကို ထုတ် ပြန်လျက်ရှိသော်လည်း လက်တွေ့တွင် စကခ ၂၁ ထဲတွင်သာ စစ်တပ်က အခြေပြု၍ ခုခံစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ ဗန်းမော်တစ်မြို့လုံးအတိုင်းအတာဖြင့် တော်လှန်ရေး တပ်များက စိုးမိုးထားနိုင်ကြောင်း တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များက ဆင်နွှဲလာခြင်းဖြစ်ပြီး ယခုအခါ ၁၁ လကျော်ကြာ ကြာမြင့်လာပြီဖြစ်သည်။

    ဓာတ်ပုံ- ရှေ့တန်းစစ်မြေပြင်မှ KIA တပ်ဖွဲ့ဝင် ရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)