Category: News

  • မြဝတီမြို့ တံတားအောက်ခြေမှာတပ်စွဲထားတဲ့ BGF ကိုစစ်ကောင်စီတပ်ဖယ်ရှား

    မြဝတီမြို့ တံတားအောက်ခြေမှာတပ်စွဲထားတဲ့ BGF ကိုစစ်ကောင်စီတပ်ဖယ်ရှား

    ထိုင်း – မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူလိုက်ပြီးနောက် BGF တပ်ဖွဲ့ဝင်တွေကို မြဝတီမြို့ တံတားအောက်ကနေ ဖယ်ရှားလိုက်တယ်လို့ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာ ၆ ရက်ကစပြီး မြဝတီမြို့ဝင်ပေါက်ဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်နယ် ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီးတဲ့နောက် မြဝတီမြို့ထဲမှာလည်း စစ်ကောင်စီတပ်က အင်အားဖြန့်ကျက်ပြီးတပ်စွဲနေရာယူတာတွေရှိလာတာပါ။

    မြ၀တီမြို့ပေါ်မှာ မြို့လုံခြုံရေးကို အဓိကယူထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေ ရှိသလို အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ အပစ်ရပ်အဖွဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)အဖွဲ့တို့လည်း ရှိကြပြီး သွားလာလှုပ်ရှားလျက်ရှိကြပါတယ်။

    ဒီရက်ပိုင်းအတွင်း ကရင်နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးယူထားတဲ့ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအောက် ကို စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်ပြီးတဲ့နောက် BGF တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားခိုင်းလိုက်တာ လို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    မြ၀တီမြို့ပေါ်မှာ လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ကောင်စီတပ်က သွားလာခွင့်ကန့်သတ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ DKBA ၊ KNU/KNLA PC ၊ BGF အဖွဲ့တို့က လက်နက်ကိုင်ဆောင်ပြီး ယူနီဖောင်းဝတ်တွေနဲ့ ပုံမှန်သွားလာလှုပ်ရှားနေလျက်ရှိတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “ဒီလိုပဲပြောအသံထွက်တယ် သွားနေကြတာပဲလေ BGF လည်းသွားတယ်၊ DKBA လည်းသွားတယ်” လို့ သူကပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် မြ၀တီမြို့ တောင်ဘက်ခြမ်းမှာရှိတဲ့ လေးကေကော်မြို့သစ်ကို ပြန်သိမ်းပိုက်နိုင်ဖို့အတွက် မြေပြင်ကနေ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်နေသလို ဝေဟင်ကနေလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

    ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူထားခဲ့တဲ့မြဝတီမြို့တောင်ဘက်က လက်ခတ်တောင်စခန်းကို ပြန်လည်သိမ်းယူတပ်စွဲလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ကြေညာပေမယ့် မြေပြင်မှာတော့ လမ်းပိုင်းနေရာတချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားပြီးနောက် မြ၀တီမြို့ အဝင်/အထွက်လုပ်မည်ဆိုလျှင် စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားလိုက်ပြီး BGF များအနေဖြင့် မြ၀တီမြို့ သို့ အဝင် အထွက်လုပ်မည်ဆိုပါက စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်းများပေးပို့ရမည်ဟု စစ်တပ်က အမိန့်ပေးလာကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်စစ်ကြောင်းများက BGF ၏ အကူအညီဖြင့် အာရှလမ်းမှတစ်ဆင့် မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဂိတ်ကို လုံခြုံရေးယူထားသော BGF တပ်များကို ဖယ်ရှားလိုက်ကာ စစ်တပ်က အစား ထိုး နေရာဝင်ယူလိုက်ကြောင်း၊ ယင်းနောက် မြ၀တီမြို့အတွင်းသို့ BGF အပါအဝင် စစ်တပ်နှင့်အဆင်ပြေသည့် လက်နက် ကိုင်အဖွဲ့များအားလုံး အဝင်အထွက်လုပ်မည်ဆိုပါက စစ်တပ်ထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့တွင်းသို့ ဝင်ရောက်မည့် အင်အား၊ လက်နက်အရေအတွက်များကိုပါ ပူးတွဲ တင်ပြရမည်ဟု အမိန့်ပေးလာကြောင်း သိရှိရသည်။

    “မနေ့က BGF တွေကို အမှတ် ၁ တံတားဂိတ် ဖယ်ရှားလိုက်ပြီ။ အခုထပ်ပြီးတော့ မြို့အဝင်အထွက်ကိုပါ သတင်းပို့ခိုင်းနေပြီ။ လက်ရှိ စစ်တပ်က မြ၀တီမြို့ တံတား၁ အပြင် ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ ကို ကာကင်း စစ် ဆေးရေး ဂိတ် တွေမှာ စစ်တပ်က ချထားပြီ။ စစ်တပ်က မြ၀တီတစ်မြို့လုံး၊ မြို့ပြင်၊ မြို့တွင်း လုံခြုံရေး တင်းကျပ်လိုက်ပြီ။ လက်ရှိ မြ၀တီမြို့တွင်းမှာ BGF ၊DKBA၊ PC အဖွဲ့ တွေ လည်း အုပ်စုလိုက်ယာဉ်တန်းနဲ့ပဲ သွားတာမျိုး ရှိပါတော့တယ်။ တစ်စီး နှစ်စီး သွားတာမျိုးသိပ်မရှိတော့ပါဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော BGF နှင့် DKBA ၏ ကူညီမှုကြောင့် မြ၀တီမြို့သို့ ရောက်ရှိလာသော စစ်တပ်က BGF နှင့် DKBA များကို ပြန်လည် လုံခြုံရေး တင်းကျပ်လာခြင်းကြောင့် မကျေနပ်မှုများရှိပြီး အများစုသော BGF များမှာ ရွှေက္ကိုလ်သို့ အလုံးအရင်းဖြင့် တပ်စွဲ နေရာယူထားကြကြောင်း သိရှိရသည်။

    “BGF ကလည်း သူတို့ ကာစီနိုဝင်းထဲမှာတော့ အင်အားပြည့် ပြန်တပ်စွဲတယ်။ အခုပုံစံကြည့်ရတာ စစ်တပ်က အခြားအဖွဲ့တွေကိုပါ သူအင်အားသာလာရင် ကြိတ်မယ့် ပုံမျိုးရှိတယ်။ ဒီလိုပုံစံမျိုးကြီး တင်းကျပ်ရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ငြှိကြမှာပဲ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    BGF ခေါ် KNA တွင် ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း အမေရိကန်က စောချစ်သူဦးဆောင်သော BGF/KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

  • အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားပြီးနောက် မြ၀တီမြို့ အဝင်/အထွက်လုပ်မည်ဆိုလျှင် စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားလိုက်ပြီး BGF များအနေဖြင့် မြ၀တီမြို့ သို့ အဝင် အထွက်လုပ်မည်ဆိုပါက စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်းများပေးပို့ရမည်ဟု စစ်တပ်က အမိန့်ပေးလာကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်စစ်ကြောင်းများက BGF ၏ အကူအညီဖြင့် အာရှလမ်းမှတစ်ဆင့် မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဂိတ်ကို လုံခြုံရေးယူထားသော BGF တပ်များကို ဖယ်ရှားလိုက်ကာ စစ်တပ်က အစား ထိုး နေရာဝင်ယူလိုက်ကြောင်း၊ ယင်းနောက် မြ၀တီမြို့အတွင်းသို့ BGF အပါအဝင် စစ်တပ်နှင့်အဆင်ပြေသည့် လက်နက် ကိုင်အဖွဲ့များအားလုံး အဝင်အထွက်လုပ်မည်ဆိုပါက စစ်တပ်ထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့တွင်းသို့ ဝင်ရောက်မည့် အင်အား၊ လက်နက်အရေအတွက်များကိုပါ ပူးတွဲ တင်ပြရမည်ဟု အမိန့်ပေးလာကြောင်း သိရှိရသည်။

    “မနေ့က BGF တွေကို အမှတ် ၁ တံတားဂိတ် ဖယ်ရှားလိုက်ပြီ။ အခုထပ်ပြီးတော့ မြို့အဝင်အထွက်ကိုပါ သတင်းပို့ခိုင်းနေပြီ။ လက်ရှိ စစ်တပ်က မြ၀တီမြို့ တံတား၁ အပြင် ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ ကို ကာကင်း စစ် ဆေးရေး ဂိတ် တွေမှာ စစ်တပ်က ချထားပြီ။ စစ်တပ်က မြ၀တီတစ်မြို့လုံး၊ မြို့ပြင်၊ မြို့တွင်း လုံခြုံရေး တင်းကျပ်လိုက်ပြီ။ လက်ရှိ မြ၀တီမြို့တွင်းမှာ BGF ၊DKBA၊ PC အဖွဲ့ တွေ လည်း အုပ်စုလိုက်ယာဉ်တန်းနဲ့ပဲ သွားတာမျိုး ရှိပါတော့တယ်။ တစ်စီး နှစ်စီး သွားတာမျိုးသိပ်မရှိတော့ပါဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော BGF နှင့် DKBA ၏ ကူညီမှုကြောင့် မြ၀တီမြို့သို့ ရောက်ရှိလာသော စစ်တပ်က BGF နှင့် DKBA များကို ပြန်လည် လုံခြုံရေး တင်းကျပ်လာခြင်းကြောင့် မကျေနပ်မှုများရှိပြီး အများစုသော BGF များမှာ ရွှေက္ကိုလ်သို့ အလုံးအရင်းဖြင့် တပ်စွဲ နေရာယူထားကြကြောင်း သိရှိရသည်။

    “BGF ကလည်း သူတို့ ကာစီနိုဝင်းထဲမှာ တော့ အင်အားပြည့် ပြန်တပ်စွဲတယ်။ အခုပုံစံကြည့်ရတာ စစ်တပ်က အခြားအဖွဲ့တွေကိုပါ သူအင်အားသာလာရင် ကြိတ်မယ့် ပုံမျိုးရှိတယ်။ ဒီလိုပုံစံမျိုးကြီး တင်းကျပ်ရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ငြိကြမှာပဲ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    BGF ခေါ် KNA တွင် ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း အမေရိကန်က စောချစ်သူဦးဆောင်သော BGF/KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

  • ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်သုံ့ ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းနှင့်ညပိုင်းပါ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ အထိနာကာ အများအပြားသေဆုံးခဲ့ကြောင်း၊ စစ်သုံ့ပန်းများကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

    “မနေ့တုန်းက တိုက်ပွဲမှာဆိုရင် တစ်နေ့လုံး၊ တစ်ညလုံးချကြတာ။ စခတွေဘက်က အထိအခိုက် အကျ အဆုံးအများကြီး ရှိတယ်။ အဲဒီညောင်ပင်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံး တာ တွေများတယ်။ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ စခတွေရဲ့ သေနတ်တွေ သိမ်းရတာလည်းရှိ တယ်။ ဖားကန့်မြို့အနီးက ညောင်ပင်ကုန်းမှာ တိုက်ပွဲတွေနေ့တိုင်းတောက်လျှောက်ဖြစ်နေတာ။ ဒီ ၃ လ ကျော်အတွင်းမှာ စစ်ကောင်စီ ဘက်က ထိတာတွေ၊ သေတာတွေက ရာချီရှိနေပြီ။ တော် တော် အထိနာတယ်။ အထိနာနေပေမယ့် စစ်တပ်က KIA ၊ KPDF သိမ်းထားတဲ့နေရာတွေကို ပြန်သိမ်းဖို့ ကြိုးစား နေ တုန်းပဲ။ သူတို့ ထိုးစစ်ဆင်လာတိုင်းလည်း သူတို့ဘက်မှာ အထိအခိုက်အကျအဆုံးအများကြီးရှိနေတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယင်းအကြမ်းဖက်စစ်ကြောင်းများကို ဦးစီးနေသူများမှာ တပ်မကုန်းတပ်မှူး ဗိုလ်မှူးချုပ် ကောင်းမင်း ထွဋ် နှင့် မိုးကောင်းမြို့အခြေစိုက် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးချုပ်ဇော်လင်းတို့ဖြစ်ပြီး ၃ လကျော် အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၅ ဦးထက်မနည်းသေဆုံးထားပြီး ၂၅၀ ကျော်ဒဏ်ရာရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

    ထို့အပြင် လတ်တလော တိုက်ပွဲများကြောင့် ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်မှာ စစ်ဘေး ရှောင်နေကြရပြီး အရေးပေါ်စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

    “ဖားကန့်အနောက်ခြမ်းက ရွာ ၁၃ ရွာလောက်က ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်။ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူတွေမှာ စားဝတ်နေရေး အကူအညီတွေ အများကြီး လိုအပ်နေတယ်။ ဖားကန့် စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးပါဖို့ တိုက်တွန်းပါတယ်။ စစ်ကြောင်းတွေက တောက်လျှောက်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေလည်း ဆက်ဖြစ်ဖို့အလားအလာများတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ဖားကန့်မြို့နယ်သို့ မေလနှောင်းပိုင်းမှစတင်၍ စစ်ကြောင်းများ ခွဲကာ ထိုးဖောက်ဝင်ရောက် လာခြင်းဖြစ်သည်။

  • ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

    ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

    ပုလောတွင် KNU သိမ်းပိုက်ထားသော ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေး

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ တပ်စခန်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

    စက်တင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထမင်းမစားရွာရှိ တပ်စခန်းကို ပြန်လည် ရရှိရန် စစ်ကြောင်းထိုးလားသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၊ KNDO ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကြောင်း တစ်ခုလုံး နောက်ပြန်ဆုတ်ပြေးသွားကြောင်း သိရှိရသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ်၏ ထမင်းမစားရွာရှိ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

    ထို စခန်းသိမ်း တိုက်ပွဲကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ KNDOတပ်ရင်း ၇ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

    ထမင်းမစားကျေးရွာ တပ်စခန်းတွင် စစ်တပ်ဘက်မှ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၄၀ ကျော်တပ်စွဲထားသည့်တပ်စခန်းဖြစ်သည်။

  • မြောက်ဥက္ကလာ ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်၊ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို

    မြောက်ဥက္ကလာ ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်၊ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို

    ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

    စက်တင်ဘာ ၁၀ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်သားနှင့်ရဲ ၁၅ဦးဝန်းကျင်ရှိသည့် မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်လုပ် လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့က သတင်းထုတ်ပြန်သည်။

    “အပြင်ကဂိတ်နဲ့အတွင်းထဲရောပါ။ အပြင်မှာစောင့်နေတဲ့စခ ၂ ယောက်ထိ၊ အထဲကတော့မသိရသေးပါဘူး။ တိုက်ခိုက်ချိန်မှာ အတွင်း၊ အပြင်ကို ၁ဝ ယောက်ကျော်ရှိပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒဏ်ရာရမှုကို ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်း၌ မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

    “ညက မြောက်ဥက္ကလာအဝိုင်းဘက်မှာ ဧည့်စာရင်းစစ်တာတော့ ကြားတယ်။ထွေအုပ်ရုံးမှာ စခ တွေ ထိ၊မထိတော့ မသိဘူး”ဟု မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်းအနီးနေ ပြည်သူတစ်ဦးက ပြောသည်။

    တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်က ကြောက်လန့်ကာ မီးဖြတ်ခြင်းနှင့် ရမ်းသန်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ရုံးရှေ့ကို ပိတ်ဆို့ထားကြောင်း သိရသည်။

    “ထွေအုပ်ရုံးဝန်းကျင်ကိုဖြတ်လိုက်တာပါ။ ဘေးမှာက မီတာရုံးရှိတယ်” ဟုမြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

    ယင်းတိုက်ခိုက်မှုကို မြို့ပြကြွက်အဖွဲ့နှင့် မြောက်ဥက္ကလာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။