Category: News

  • ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား

    တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကစလို့ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းရွာတွေဘက် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

    အကြမ်းဖက်စစ်ကြောင်းမှာ ခမရ-၄၀၈၊ ခမရ- ၄၀၉ ၊ ခမရ-၄၁၀ နဲ့ ခလရ-၂၈၂၊ ခလရ-၂၇၃ စတဲ့ တပ်ရင်း ၅ ရင်း ပါဝင်ပြီး ခမရ-၄၀၉ တပ်ရဲ့ ဗိုလ်မှူးစိုးမိုးကျော်၊ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီး အံ့ဘုန်းကျော် နဲ့ ခလရ-၂၈၂ ဗိုလ်ကျော်မိုးခိုင်တို့ ဦးဆောင်လာတာလို့လည်း YE GUERRILLA FORCE က ပြောပါတယ်။

    စစ်အုပ်စုစစ်ကြောင်းတွေကို ဒေါနစစ်ကြောင်း -၂ (YGF)နဲ့အတူ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) ၊ ရေးသိန်းငှက်တပ်ဖွဲ့ ၊ ABSDF တပ်ရင်း-၁ ၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ ရေးဘီလူးတပ်ရင်း၊ နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) စတဲ့ တပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ဩဂုတ်လ ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ထိတွေ့တိုက်​ပွဲ အကြိမ်ကြိမ်​ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော်ထက်မနည်း သေဆုံးထားတယ်လို့လည်း သိရပါတယ်။

    “သူတို့ကတော့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းပိုင်းထိန်းချုပ်ချင်တာရော၊ ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ချင်တာရောကြောင့် စစ်ကြောင်းထိုးနေတာပါ။” လို့ YE GUERRILLA FORCE တာဝန်ရှိသူက ပြောပါတယ်။

    အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကြောင်းဝင်ရောက်ရာ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်း​တွေကို ဖောက်ထွင်းခိုးယူရင်း ၁၂ ဘီးကားတွေလည်း သယ်ဆောင်သွားခဲ့ပါတယ်။

    ဒါ့အပြင် မိုင် ၆၀ ကျေးရွာနေ အသက် ၈၀ အရွယ် အဘိုးအဘွား ၂ယောက်ကိုလည်း သတင်းမေးမရတဲ့အကြောင်းပြချက်နဲ့ သေနတ်နဲ့ ၃ ချက်ပစ်သတ်ခဲ့ကြောင်း၊ အလောင်း လာရောက်သယ်ယူတဲ့ ရွာသား ၁၀ ယောက်နီးပါးကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။

    ပုံစာ – Ye Guerrilla Force တပ်ဖွဲ့ဝင်များ

  • ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်နေကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဟုဆို

    တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ယနေ့ညနေပိုင်းက အာရက္ခတပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အကြမ်းဖက်ရေတပ်မှ တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး မီးလောင်နေကာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဆက်လက်ပြီး အပြင်းအထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

    ၎င်းတိုက်ခိုက်ရေးစစ်ရေယာဉ်မှာ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့်အဓိကပစ်ခတ်နေသော နေဗီတစ်စီးဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်မှ ပြောသည်။

    “အဲဒီနေဗီက ရွာတိုင်းကိုဒုက္ခပေးနေတဲ့နေဗီပါ။ အခုတော့ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတယ်။ ဇင်ချောင်း ပင်လယ်ကမ်းခြေကနေ မြင်ရပါကျပါတယ်။ ပင်လယ်မှာ မီးလောင်နေတာကို မြင်ရပါတယ်”ဟု၎င်းက ပြောသည်။

    ၎င်းနေဗီမီးလောင်နေသည်ကို ကုန်းပေါ်ကနေ မြင်ရပြီး မီးခိုးများဆက်တိုက်ထွက်နေသည်ဟုဒေသခံများကပြောသည်။

    မြန်မာအကြမ်းဖက်စစ်တပ်သည် ရမ်းဗြဲမြို့နယ် အစပ်ကနေ ကျောက်ဖြူအနီးထိ စစ်ရေယာဉ် (၁၀) စီးခန့်ကို ချထားကာ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု သိရသည်။

    အလားတူအကြမ်းဖက် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲများမှာ ၃ နေရာခန့်တွင် ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟုသိရသည်။

    “အခု ဖြစ်နေတာက ပြိုင်းစေ့ကေနဲ့ မင်းတက်တောင်ကြား၊ သစ်ပုတ်တောင်အနီးအနားနဲ့ပြင်ရှည်ဖက်တွေလည်း တိုက်ပွဲက ဖြစ်နေတယ်”ဟု၎င်းကပြောသည်။

    AA ထိန်းချုပ်ထားသည့် နေရာများအနီးရှိ မလကျွန်းနှင့် လိပ်ခမော်ဖက်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း၊ ပြိုင်းစေ့ကေအနီး လှုပ်ရှားနေသည့် စစ်ကြောင်းနှင့် သစ်ပုတ်တောင်ရေတပ်အနီးမှ လှုပ်ရှားစစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်နေသည်ဟု သူကပြောသည်။

    အကျဆုံးများ၍စစ်တပ်က နောက်ဆုတ်သွားပြီး တိုက်ပွဲများ တစ်ပတ်ခန့်ရပ်နားထားပြီးနောက် ယခုရက်ပိုင်းတွင်ပြန်လည်၍ ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည်ဟုသိရသည်။

  • ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတွေကို စနိုက်ဘာနဲ့ ကနဦးတိုက်ခိုက်ခဲ့တဲ့အပြင် ​တပ်ပြန်ဆုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောင်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    သြဂုတ် ၂၅ ရက် မနက် ၉ နာရီခွဲလောက်က အင်အား(၈၀)ခန့်နဲ့ ရိုးမပေါ်သို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်တပ်သားတွေကို တပ်ရင်း (၃၆၀၁)ရဲ့ စနိုက်ဘာအဖွဲ့က နှစ်ချက်ပစ်ခတ် တိုက်ခိုက်ရာ (၁)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

    အဲဒီနောက် သေဆုံးဒဏ်ရာရတပ်သားတွေကို ထမ်းစဥ်နဲ့သယ်ဆောင်ပြီး ကျောက်ကြီးတောင် စခန်းဘက်ပြန်ဆုတ်လာချိန် ပြန်ချီတက်နဲ့ ညောင်နီပင်ရွာကြားအရောက် သြဂုတ် ၂၅ ရက် ညနေ ၃ နာရီ ၄၀မိနစ်ခန့်မှာ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၅)ကပဒေသာမိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦးအပြင်းအထန်ဒဏ်ရာရသွားပြီး (၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း (၃၆၀၁) က အသိပေးပါတယ်။

    “ဒီကောင်တွေ ပြန်ဆုတ်ရင်းနဲ့ သစ်ပုတ်ရွာနားက တဲနှစ်လုံးကို မီးရှို့သွားသေးတယ်”လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။

    ဒါ့အပြင် တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က သစ်ပုတ်ရွာ တာဝါတိုင်စခန်းကုန်းဘက်ကို အင်အားထပ်ဖြည့်ထားပြီး စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်လို့ ရဲဘော်ရှဲဒိုးက ဆက်ပြောပါတယ်။

    တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ထမ်းစဥ် ၉ ခုနဲ့ ကျောက် ကြီးတောင်ဂိတ်စခန်းဘက် ပြန်သယ်သွားပြီး အဲဒီကတဆင့် ဖောကားနဲ့ မှတ္တိုင်ရွာ၊ ယင်းကတဆင့် ရွှေတောင်မြို့မှာရှိတဲ့ စစ်ဆေးရုံ ကုတင် (၁၀၀)သို့ ပို့ဆောင်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

    စစ်ကောင်စီတပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာအား တော်လှန် ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ကျည် (၂၀၀) တောင့်၊ အီနာဂါ(၁)လုံးနှင့်အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုသိမ်း ဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

  • အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲ

    အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲ

    အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲသဖြင့် အလောင်းပင်ရှာမရဘဲ ၂ ဦးစလုံးသေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ဗုံးမှာ သားအမိ ၂ ဦးအပေါ်သို့ တည့်တည်ကျရောက်ပေါက်ကွဲခဲ့၍ ရုပ်အလောင်းပင် ရှာမရတော့ကြောင်း သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၄ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ဒေါင်လေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၅ နှစ်အရွယ် မယွန်းမီမီ နှင့် မိခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒေါ်ဇင်မာသင်းတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်၏ ဒရုန်း ဗုံး ၂ လုံးသည် မယွန်းမီမီ နှင့် ဒေါ်ဇင်မာသင်းတို့ အပေါ်သို့ တည့်တည့်ကျရောက် ပေါက်ကွဲခြင်းဖြစ်၍ အလောင်းကိုယ်ခန္ဓာရှာမရဘဲ အသားစများသာ ကောက်ယူရကြောင်း သိရှိရသည်။

    “ကျနော်တို့ ရုပ်အလောင်းကိုတော့ ရှာဖွေမတွေ့ရှိခဲ့ဘူး။ သူတို့ သားအမိ စက်ဘီးစီးနေရင်း ဗုံးက လူပေါ် တည့်တည့်ကျတာဆိုတော့ အကုန်လုံး တစစီကို ဖြစ်သွားတာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးကိုတော့ ရှင်းလင်း နိုင်ခဲ့တယ်” ဟု သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။

    ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    အုတ်ဖိုမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

  • ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခမရ ၅၉၁ တပ်ရင်း ထွက်လာသော စစ်သားများသည် ကျောင်းရွာ လမ်းပိုင်းကို ကင်းလှည့်ရန် ထွက်လာစဉ် ရေးဘီလူး အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက ၅၉၁ တပ်ရင်းနဲ့ မနီးမဝေး နေရာလောက်မှာ စစ်ဆေးရေး ပြုလုပ်တဲ့အချိန် တပ်ရင်းအနောက်ပေါက်ကနေ ထွက်လာခဲ့တဲ့ စစ်ကြောင်းနဲ့ ဆုတ်လမ်းမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တယ်။ ရန်သူဘက်ကတော့ သေဆုံးမှုရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒေသခံတွေကတော့ ၇ ယောက်သေတယ်လို့ ပြောတယ်။ သူတို့က စစ်ကြောင်း ပုံစံမျိုးမဟုတ်ဘူး တပ်ရင်းကာကင်း၊ သူတို့က ရွာလုံခြုံရေး ပုံစံမျိုး နေတဲ့ကောင်တွေ သီးသန့်ရှိတယ်။ တပ်ရင်း အပြင်မှာပေါ့။ သူတို့ အင်အားမများဘူး။ အလွန်ဆုံး ၁၅ ယောက်လောက်ပဲ ရှိတယ်။ သူတို့ဘက်ခြမ်းက ကာဗာမရှိနေဘူး ကျနော်တို့က ဖြတ်ပိတ်တဲ့အချိန်မှာ ကိုယ့်ဘက်ခြမ်း အရင်ဦးပြီး စစ်ခွေး ၅ ကောင်လောက် သေတယ်။ လက်နက်ကြီးတွေကတော့ တောက်လျှောက်ကို ရမ်းပစ်တယ်” ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။