Category: News

  • စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး

    စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး

    ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက်များ သိမ်းဆည်းရရှိ

    ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၆ ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်နှင့် PNO အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး သေဆုံးကာ ၁ ဦးကို လက်နက်နှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

    “ဩဂုတ်လ ၆ ရက်နေ့က နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ခွေးစစ်ကြောင်းက ပြန်တော့ ဆုတ်သွားပေမယ့် Drone နဲ့ လာကျဲနေတာတော့ရှိတယ်။ ကျန်တာကတော့ ဆက်ထိုးလာတာမရှိတော့ဘူး။ စစ်ခွေး ၂၀ ကတော့ မျက်မြင်သေဆုံးတယ်။ အရှင်ဖမ်းမိထားတဲ့ စစ်ခွေးကိုတော့ လောလောဆယ် ဌာနတစ်ခုမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပါတယ်။ အရေးယူမှုကတော့ ဆက်ရှိမယ်။ အရှင်ဖမ်းမိတဲ့ စစ်ခွေးဆီက လက်နက်သိမ်းဆည်းရရှိတာပေါ့။ စစ်ခွေးတွေကတော့ စစ်ရှောင်တဲ ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်အဖွဲ့ ၊ မဟာမိတ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်

    အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်

    စစ်တပ်အတွက် စစ်မှုထမ်းတပ်သားသစ်တွေ စုဆောင်းရာမှာ အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်နေပြီဖြစ်ကြောင်း Myanmar Defense & Security Institute – MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    MDSI ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တပ်တွင်းသတင်းရင်းမြစ်တယောက်ရဲ့ အတည်ပြု ပြောဆိုချက်ကို ဖော်ပြထားပြီး စစ်တပ်က ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ ဖွင့်လှစ်နေတာလို့ ဖော်ပြပါတယ်။

    အမျိုးသမီး စစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားမှုမရှိအောင် တင်းတင်းကျပ်ကျပ် ထားရှိလုပ်ဆောင်နေတာလို့လည်း ထုတ်ပြန်ထားပါတယ်။

    ရကသ-၄ က အမျိုးသမီးတပ်ကြပ်ကြီး/အမျိုးသမီးစာရေးသင်တန်းနဲ့ အမျိုးသမီး အခြေခံ တပ်သားသစ်သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီး စစ်သင်တန်းကျောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

    ၂၀၂၅ နှစ်အစပိုင်းကတည်းက ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ အသက်ပြည့်ပြီးသား အမျိုးသမီး လူငယ်တွေရဲ့ အသက်အရွယ်၊ ပညာအရည်အချင်းနဲ့ နောက်ခံအချက်အလက်တွေ လိုက်လံကောက်ယူနေခဲ့ကြောင်း DVB ကို နီးစပ်သူတွေနဲ့ ကာယကံရှင်မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရှိထားပြီးဖြစ်ပါတယ်။

    လက်ရှိမှာတော့ အမျိုးသားစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ပြီးစီးလို့ အပတ်စဉ် ၁၆ အတွက် တပ်သားသစ် စုဆောင်းတာတွေ စတင်လုပ်ဆောင်ပြီလို့ သိရပါတယ်။

  • ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့

    ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့

    ရန်ကုန်တွင် ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့

    ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၄ရပ်ကွက်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို ငွေကျပ် ၁၅သိန်းနဲ့စစ်တပ်မှာ သွားရောင်းစားခဲ့တယ်လို့ ဆွေမျိုးတွေရဲ့ပြောပြချက်အရ သိရပါတယ်။

    ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖခင်ဖြစ်သူက တညင်းကုန်းစုဆောင်းရေးတပ်ကို သွားရောင်းစားခဲ့တာဖြစ်ပြီး ရောင်းစားခံရတဲ့ ကလေးငယ်ဟာ အသက် ၂၃ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။

    ” သူ့အဖေက စစ်တပ်မှာ ၁၅ သိန်းနဲ့ သွားရောင်းစားလိုက်ဝာာ။ ကိုယ်တွေက အဒေါ်တော်တယ်ဆိုပေမယ့် ဘာမှပြောလို့မရဘူး။ ကောင်လေးက လိမ္မာတယ်။ သူ့အမေဆုံးတော့ ကလေးက အားငယ်သွားတာ။ အဖေနဲ့လည်းမတည့်တော့ဘူး။ နောက်အိမ်ထောင်ပါ ထပ်ပြုလိုက်တော့ ပိုဆိုးသွားတာ။ အဲဒါကို ကလေးက ဆိုးလို့ဆိုပြီး စစ်တပ်မှာ သွားရောင်းတယ်။ သူကပိုက်ဆံယူပြီး သောက်စားပျော်ပါးနေလေရဲ့” လို့ အဒေါ်ဖြစ်သူ မအေးသန်းကပြောပါတယ်။

    စစ်တပ်မှာ ရောင်းစားခံရတဲ့ ကောင်လေးဟာ ပြီးခဲ့တဲ့လက တပ်ထဲကနေ ထွက်ပြေးလာခဲ့ပြီး ရက်ပိုင်းအကြာမှာ တောင်ဥက္ကလာ ၇ ရက်ကွက်မှာ ဧည့်စာရင်းစစ်နဲ့တိုးပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။

    စစ်တပ်ရဲ့ တပ်သားတွေဟာ အခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ် တောက်လျှောက်ဝင်နေရာမှ လူငယ်အချို့ ပေါ်တာဆွဲ ခံရတာတွေရှိ‌နေပါတယ်။

    အထူးသဖြင့် တာမွေ၊ လှိုင်၊ ကမာရွတ်၊ သာကေတ၊တောင်ဥက္ကလာမြို့နယ်တွေမှာ ဧည့်စာရင်းတောက်လျှောက်စစ်နေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

  • မိသားစုများ သဘောမတူ၍ မင်းပြားက LGBT စုံတွဲ တံတားပေါ်ကခုန်ချ အဆုံးစီရင်

    မိသားစုများ သဘောမတူ၍ မင်းပြားက LGBT စုံတွဲ တံတားပေါ်ကခုန်ချ အဆုံးစီရင်

    ရခိုင်ပြည်၊ မင်းပြားမြို့တွင် မိသားစုအသိုင်းအဝိုင်းမှ သဘောမတူ၍ အမျိုးသမီးချင်း ချစ်ခင်နှစ်သက်နေကြသည့် LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) စုံတွဲတစ်စွဲ တံတားပေါ်က ခုန်ချ အဆုံးစီရင်သွားကြောင်း သိရသည်။

    ဩဂုတ် ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မင်းပြားမြို့မှ မြေပုံမြို့သို့အထွက်ရှိ ကြပ်စင်တံတားပေါ်မှ မြစ်ထဲသို့ ခုန်ကျ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    LGBT စုံတွဲမှာ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ အဖ ဦးကျော်ဦးသာ၏ သမီး မယီယီသန်းနှင့် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ အဖ ဦးငမဲလုံး၏ သမီး မခင်မိုးသန်း (Tom Boy) တို့ဖြစ်ကြသည်။

    မယီယီသန်းမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး မခင်မိုးသန်း (Tom Boy) မှာ အသက် ၂၂ နှစ်အရွယ်ဖြစ်ကြောင်းနှင့် ၎င်းတို့အား အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့က ပျောက်ဆုံးနေမှုကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

    ၎င်းတို့နှစ်ဦးလုံးမှာ အသက်ရှင်လျက် ရှိမရှိကို တိတိကျကျမသိရသေးပေ။

    အခင်းဖြစ်ပွားရာနေရာ ကြပ်စင်တံတားပေါ်သို့ AA ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာတွင် LGBT စုံတွဲ၏ ရေးသားထားခဲ့သော စာစုမှတ်တမ်းများအား တွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

    စာစုမှတ်တမ်းများမှာ “မနဲ့မောင် ဘဝအဆက်ဆက် ဆုံရပါစေ” ဟု တံတားပေါ်မှာ ရေးသားထားခဲ့ကြောင်း သိရသည်။

    မင်းပြား ဒေသခံ LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) တစ်ဦးက “ရခိုင် အသိုင်း အဝိုင်းတော်တော် များများက ဒါတွေကို လက်မခံကြဘူး။ ပိုဆိုးတာက မိသားစုအသိုင်းအဝိုင်းတွေမှာ ရှိတယ်ဆိုရင် ရှုံ့ချကြတယ်။ ကဲ့ရဲကြတယ်။ နှိပ်ကွက်ခံရတယ်။ လှောင်ပြောင်ခံရတယ်။ မိန်ကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ်ပေါ့ အပေါင်းအသင်းဆက်ဆံတာတို့ မလုပ်ကြဘူး။ ဒါတွေကို ပြောင်းလဲ ပေးဖို့ လိုတယ်။ ဒါတွေ လက်ခံနိုင်အောင် အသိုင်းအဝိုင်တွကလည်း တွန်းအားပေးဖို့ လက်ခံနိုင်အောင်လုပ်ဖို့ လိုပါတယ်”ဟုပြောသည်။

    ယင်းအပြင် ၎င်းတို့အား သဘောမတူကြသော မိသားစုအသိုင်းအဝိုင်းအတွက်လည်း လက်ရေးစာမူထားခဲ့ကြသည်ဟု သိရသည်။

    လက်ရေးစာ မှတ်တမ်းမှာ “မေမေ၊ ထွေးထွေး ငါဒီလမ်းကို ရွေးချယ်သွားတာဟာ ထွေးထွေး၊ မေမေတို့ကို မတွယ်တာလို့မဟုတ်ဘူးနော်။ အဲဒီအမနဲ့ငါ မခွဲနိုင်၊ ငါ့ကံကြမ္မာကို ငါ့ကို ရွေးချယ်ပိုင်ခွင့် ပေးလိုက်ကြတော့နော်။ အားလုံးအတွက်ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ်နော်။ ယောက်မကိုလည်း အရမ်းကျေးဇူးတင်တယ်။ အစစအရာရာကူညီပေးလို့ အားလုံးကျန်းမာရေးတွေကို ဂရုစိုက်ကြပါ” ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားထားခဲ့သည်။

    အဆိုပါ လက်ရေးစာမူမှာ မခင်မိုးသန်း (Tom Boy) မှ ရေးသားထားခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း AA ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြသည်။

    ထိုင်းနိုင်ငံအပါအဝင် ဥရောပ အနောက်တိုင်းနိုင်ငံတချို့မှာ လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားခြင်း ရှိနေသော်လည်း မြန်မာနိုင်ငံမှာ တရားဥပဒေအရလည်း လိင်တူလက်ထပ်ခြင်းကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

  • စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

    စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

    ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြား

    (more…)