ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့

ရန်ကုန်တွင် ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၄ရပ်ကွက်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို ငွေကျပ် ၁၅သိန်းနဲ့စစ်တပ်မှာ သွားရောင်းစားခဲ့တယ်လို့ ဆွေမျိုးတွေရဲ့ပြောပြချက်အရ သိရပါတယ်။

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖခင်ဖြစ်သူက တညင်းကုန်းစုဆောင်းရေးတပ်ကို သွားရောင်းစားခဲ့တာဖြစ်ပြီး ရောင်းစားခံရတဲ့ ကလေးငယ်ဟာ အသက် ၂၃ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။

” သူ့အဖေက စစ်တပ်မှာ ၁၅ သိန်းနဲ့ သွားရောင်းစားလိုက်ဝာာ။ ကိုယ်တွေက အဒေါ်တော်တယ်ဆိုပေမယ့် ဘာမှပြောလို့မရဘူး။ ကောင်လေးက လိမ္မာတယ်။ သူ့အမေဆုံးတော့ ကလေးက အားငယ်သွားတာ။ အဖေနဲ့လည်းမတည့်တော့ဘူး။ နောက်အိမ်ထောင်ပါ ထပ်ပြုလိုက်တော့ ပိုဆိုးသွားတာ။ အဲဒါကို ကလေးက ဆိုးလို့ဆိုပြီး စစ်တပ်မှာ သွားရောင်းတယ်။ သူကပိုက်ဆံယူပြီး သောက်စားပျော်ပါးနေလေရဲ့” လို့ အဒေါ်ဖြစ်သူ မအေးသန်းကပြောပါတယ်။

စစ်တပ်မှာ ရောင်းစားခံရတဲ့ ကောင်လေးဟာ ပြီးခဲ့တဲ့လက တပ်ထဲကနေ ထွက်ပြေးလာခဲ့ပြီး ရက်ပိုင်းအကြာမှာ တောင်ဥက္ကလာ ၇ ရက်ကွက်မှာ ဧည့်စာရင်းစစ်နဲ့တိုးပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ်ရဲ့ တပ်သားတွေဟာ အခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ် တောက်လျှောက်ဝင်နေရာမှ လူငယ်အချို့ ပေါ်တာဆွဲ ခံရတာတွေရှိ‌နေပါတယ်။

အထူးသဖြင့် တာမွေ၊ လှိုင်၊ ကမာရွတ်၊ သာကေတ၊တောင်ဥက္ကလာမြို့နယ်တွေမှာ ဧည့်စာရင်းတောက်လျှောက်စစ်နေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *