Category: News

  • စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ  (ရုပ်သံ)

    စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ (ရုပ်သံ)

    စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ တရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေကနေ တရားဝင် ဖမ်းဝရမ်းထုတ်နိုင်ရေးနဲ့ အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားတွေနဲ့ စိစစ်တွေ့ရှိချက်တွေကို ရရှိထားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုပါတယ်။

    တွေ့ရှိချက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေဆီ မျှဝေပေးနေတယ်လို့ ဩဂုတ်လ ၁၂ ရက်မှာထုတ်ပြန်တဲ့ IIMM ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုထင်ရှားတာကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်နိုင်ရေး တရားလိုရှေ့နေ လျောက်ထားရာမှာ သက်ဆိုင်ရာ သက်သေ အထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို ပံ့ပိုးပေးခဲ့ပြီး ဆက်လက်ပြီးတော့လည်း ပံ့ပိုးမျှဝေပေးနေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။

    ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေသာမက စစ်ကြောရေးစခန်းတွေမှာ စနစ်တကျ ညှင်းပန်းနှိပ်စက်နေတာတွေကို ထင်ထင်ရှားရှား ပြသနေတဲ့ သက်သေအထောက်အထားတွေကိုလည်းပါဝင်ပြီး ဒီထိန်းသိမ်းစစ်ကြောတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖွဲ့တွေကို ရှာဖွေဖော်ထုတ် ရာမှာလည်း တိုးတက်မှုတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

  • ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး

    ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး

    ပြည်တွင်းထုတ်ကုန်များသုံးစွဲရန်အတွက် ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး

    (more…)

  • တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ  မိသားစုကို အသိ ပေး

    တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး

    တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး၊ ကန်ကြီးထောင့်မှ စစ်မှုထမ်းတပ်သား ဇင်ဘိုဘို သေဆုံးမှုအတွက် မည်သည့်ခံစားခွင့်မှ မပေးဟု စစ်တပ်က အကြောင်းကြား

    အကြမ်းဖက်စစ်တပ်က လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ စစ်တပ်က မိသားစုကို အသိပေးအကြောင်းကြားပြီး သေဆုံးစစ်မှုထမ်းတပ်သားများအတွက် မည်သည့်ခံစားခွင့်မှ ပေးရန်မရှိဟု စစ်တပ်က တရားဝင် အကြောင်းကြားလာကြောင်း သေဆုံးစစ်မှုထမ်းတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်တချို့နှင့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

    ရှမ်းပြည်နယ်၊ တောင်ကြီး လမ်းမတော်ရပ်ကွက်မှ အသက် ၃၀ အရွယ် မောင်ချမ်းမြေ့အောင် (ခ) အောင်အောင်သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် အတင်းအကျပ် လိမ်လည် ခေါ်ယူခံခဲ့ရပြီး လားရှိုးအနီး ရှမ်းမြောက်ရှေ့တန်း စစ်မြေပြင်တွင် လွန်ခဲ့သော ၆ လခန့် က သေဆုံးသွားခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် သေဆုံးမှုကို ကျန်ရစ်သူ မိသားစုထံသို့ အသိပေးအကြောင်းကြားခြင်းမရှိဘဲ ၆ လကျော်မှ အသိပေးလာသဖြင့် ယမန်နေ့မှ ကျန်ရစ်သူ မိသားစုက ရက်လည် တရား သပိတ်သွပ် လုပ်ရကြောင်း သိရှိရသည်။

    “မောင်ချမ်းမြေ့အောင်က ရှမ်းမြောက်ရှေ့တန်းမှာ သေသွားတာ။ အလောင်းလည်းပြန်မရဘူး။ ရှမ်းတောင်ကလူငယ်တွေ ပအိုဝ်းလူငယ်တွေ အဲ့လိုမျိုး အလောင်းပြန်မရ။ သတင်းပြန်မကြားရဘဲ ရှေ့တန်းမှာ သေတာ ခဏခဏပဲ” ဟု ဒေသသတင်းရင်းမြစ် Pa-O LOYWEl က ပြောဆိုသည်။

    တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစု ၊ ရတနာသီရိ ၊ ကံသာ ၊ စိန်ပန်း ၊ ညောင်ဖြူစခမ်း ၊ ချမ်းမြသာစည် စသည့် ရပ်ကွက်များမှ စစ်မှုထမ်းဆင့်ခေါ်ခံရသည့် လူငယ်များမှာလည်း ရှေ့တန်းတွင် မကြာခဏ သေဆုံးခဲ့သော်လည်း ကျန်ရစ်သူမိသားစုက အချိန်နှင့်တပြေးညီ သိခွင့်မရဘဲ အချိန်များစွာ နောက်ကျပြီးမှ စစ်တပ်က အသိပေး အကြောင်းကြားကြောင်း သိရှိရသည်။

    စစ်မှုထမ်းတပ်သားသစ်များ ရှေ့တန်းတွင် သေဆုံးသော်လည်း စစ်တပ်က အဆိုပါ သေဆုံးသွားသော စစ်မှုထမ်းတပ်သားများအတွက် မည်သည့်ခံစားခွင့်မှ ပေးမည်မဟုတ်ဟု တရားဝင် အသိပေးအကြောင်းကြားကြောင်း သိရှိရသည်။

    ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းဆိပ်အုပ်စုမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ကိုဇင်ဘိုဘိုသည် မတ်လ ၁၀ ရက်နေ့ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်အစပ် ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ယခုအခါ စစ်တပ်က သေဆုံးသူ စစ်မှုထမ်းတပ်သားသစ် ကိုဇင်ဘိုဘိုအတွက် မည်သည့် ခံစားခွင့်မှ စစ်တပ်က ပေးအပ်ရန် မရှိဟု တရားဝင် အကြောင်းကြားလာကြောင်း သိရှိရသည်။

    “သူက စစ်မှုထမ်း လိုက်သွားတုန်းကလည်း အခကြေးငွေ ရယူ လူစားထိုးပြီး စစ်မှုထမ်း အပတ်စဉ် ၆ ကို လိုက်သွားတာ။ အခုလည်း တပ်က ဘာခံစားခွင့်မှ မပေးနိုင်ဘူးဆိုတာ အသိပေးလာတယ်။ ကျန်ရစ်သူ မိသားစုက လျှောက်ထားတာကို ပယ်ချတာလို့ ပြောတယ်” ဟု သေဆုံးသူ စစ်မှုထမ်းတပ်သားသစ် ကိုဇင်ဘိုဘိုနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေက ပြောဆိုသည်။

    ——————————-

    သေဆုံးသွားသော အပတ်စဉ် ၆ သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ် ကိုဇင်ဘိုဘိုတွင် မိခင် မရှိတော့ဘဲ လေဖြတ်နေသည့် ဖခင်သာ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

    တောင်ကြီး လမ်းမတော်ရပ်ကွက်က စစ်မှုထမ်း အပတ်စဉ် ၁ မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ဦး လွန်ခဲ့သော ၆လက မအလ ဖက်ဆစ်စစ်တပ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးခဲ့တာကို ပီးခဲ့တဲ့ အပတ်ကမှ ရပ်ကွက်ဥက္ကဌနဲ့စာရေးမ မအိဆိုသူက အဆိုပါ လူငယ်ရဲ့မိသားစုကို အသိပေးလာလို့ နောက်ကျပီးမှ နာရေးလုပ်ပေးခွင့်ရခဲ့ကြောင်းကို လမ်းမတော်ရပ်ကွက်သူရပ်ကွက်သားတွေမှ တဆင့် ပြန်လည်ကြားသိရပါတယ်။

    သေဆုံးသွားခဲ့ပီဖြစ်တဲ့ အဆိုပါလူငယ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁မှာ ရပ်ကွက်ဥက္ကဌနဲ့စာရေးမ မအိမှ အထက်ကို မျက်နှာလုပ်ပီး အတင်းအဓမ္မပေးပို့ခြင်းခံရတဲ့ လူငယ်တွေထဲမှ တစ်ဦးဖြစ်ကာ ရပ်စောက်မှာ ဆေးစစ်ရင် ပြန်ကျမှာဖြစ်ပီး အဲ့ဒီအခါ ပြန်ခေါ်ထုတ်လာလို့ရကြောင်း အဆိုပါလူငယ်ရဲ့ အမေဆီ လိမ်လည်ပီး ရပ်စောက်ကို ပို့ဆောင်ခဲ့ကာ တကယ်တမ်းမှာ ဆေးလည်းမစစ်ခဲ့တဲ့အပြင် ရပ်စောက်မှတဆင့် ဟိုပုံးကို ပြန်လည်ပို့ဆောင်ခံခဲ့ရပီး ရက်တိုသင်တန်းပေးခံရကာ စစ်မှုထမ်း အပတ်စဉ် ၁ မှာ ပါသွားခဲ့တယ်လို့ သိရပီး စစ်မှုထမ်း စီစစ်ရေးအဖွဲ့မှ အဆိုပါ လူငယ်ကို ပေးလိုက်တဲ့ မအလ ဖက်ဆစ်စစ်တပ်ရဲ့ စစ်မှုထမ်းကြေး သိန်း ၅၀ ကိုလည်း ရပ်ကွက်ဥက္ကဌနဲ့စာရေးမ မိအိတို့ဟာ ဖြောင်းထားပီး ၈သိန်းသာ လာပေးခဲ့တယ်လို့ သိရသလို အဲ့ငွေလေးနဲ့ငါ့သားရဲ့ အသက်ကို မလဲနိုင်ဘူးဆိုပီး သားဖြစ်သူကိုသာ ပြန်ခေါ်လာပေးဖို့သာ တောင်းဆိုခဲ့ကာ ငွေလက်ခံရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပေမယ့် ထိုငွေကို လက်ခံပီးကြောင်းကိုလည်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

    ထိုလူငယ် အခေါ်ခံရတဲ့အချိန် သူ့ရဲ့အမေဟာ သူ့သားကိုခေါ်မသွားဖို့ အခေါက်ခေါက်အခါခါ ငိုယိုပီး ရပ်ကွက်ရုံးကို နေ့တိုင်းလိုလို သွားရောက်ပြောဆိုခဲ့ပေမယ့် ဆေးစစ်လို့ မအောင်ခဲ့ရင် သူကိုယ်တိုင်ပြန်ခေါ်လာပေးမှာ ဖြစ်ကြောင်း ရပ်ကွက်ဥက္ကဌမှ လိမ်လည် အာမခံပီး အတင်းအဓမ္မ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    နောက်ဆုံးအဆက်သွယ်ရခဲ့တုန်းက လားရှိုးနားက စစ်မြေပြင်တစ်ခုမှာ ဖြစ်ပီး “အမေ သားတော့ပြေးနေရတယ် အပေါ်ကနေ drone တွေဝဲနေလို့ဆိုပီး” ပြောကာ ဖုန်းချသွားခဲ့ပီး အဲ့နောက်ပိုင်း အဆက်သွယ်ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

    တောင်ကြီးကနေ ဒီလိုနောက်ကျမှ သိခွင့်ရခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ သေဆုံးကြောင်းဟာ ဒါဟာ ပထမဆုံး မဟုတ်ပါဘူး ရှေ့မှာ မကြာခဏ ကျွန်တော် တင်ပေးဖူးပါတယ် တင်ခဲ့တဲ့ ရပ်ကွက်တွေကတော့ ကျောင်းကြီးစု ၊ ရတနာသီရိ ၊ ကံသာ ၊ စိန်ပန်း ၊ ညောင်ဖြူစခမ်း ၊ ချမ်းမြသာစည် တို့ပဲ ဖြစ်ပါတယ် အဲ့ရပ်ကွက်တွေတုန်းကလည်း အခုလိုပဲ သေဆုံးကြောင်းကို နောက်ကျပီးမှ သိခွင့်ရခဲ့ကြတာပါ။

    ပုံကတော့ လမ်းမတော်ရပ်ကွက်မှ ထိုလူငယ်ရဲ့ နာရေးဖိတ်စာပဲ ဖြစ်ပါတယ်

  • KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှုအရွေ့

    KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှုအရွေ့

    KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှု တပ်ပေါင်းစု ပေါ်ပေါက်ရေး ဦးတည်လား

    ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တချို့က ကိုယ်စားလှယ်အဖွဲ့တွေရဲ့တွေ့ဆုံမှုတွေအကြောင်း ၂၀၂၅ သြဂုတ်လအတွင်းမှာ ထုတ်ပြောလာကြပါတယ်။

    မြင်းခြံက Zero ပြောက်ကျားတပ်ဖွဲ့၊ ချင်းညီနောင်အဖွဲ့(CB)အပြင် ယောတပ်တော်(YA) က ကိုယ်စားလှယ်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံခဲ့ကြတာပါ။

    “တော်လှန်ရေး ငါးနှစ်နီးပါးကြာမှ မြေပြင်မှာ ပထမဆုံး တွေ့ဆုံဖို့ ဖြစ်လာတာပါ” လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုပေါ်ပေါက်ရေး လုပ်ချိန်တန်ပြီလို့ ဝေဖန်မှုမြင့်တက်နေတဲ့ကာလမှာပဲ ပေါ်ပေါက်လာတဲ့ KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ဖိတ်ခေါ်တွေ့ဆုံမှုတွေကနေ ဘာတွေ ဆက်တွေ့လာရနိုင်လဲ။

    KIA နဲ့ တွေ့ဆုံမှု ဘာထူးလဲ

    တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ရဲ့ထုတ်ပြန်ချက် ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ရဲ့ ရုံးခန်းလို့ မှတ်ယူနိုင်တဲ့အခန်းမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး KIO/ KIA ဌာနချုပ် လိုင်ဇာမြို့မှာ တွေ့ဆုံတယ်လို့ ယူဆနိုင်ပါတယ်။

    ရုံးခန်းနံရံပြည့် ပြက္ခဒိန်ကြီးက မြင်းခြံ Zero ပြောက်ကျားတပ်၊ ချင်းညီနောင်၊ ယော တပ်တို့တွေ့ဆုံတဲ့ အချိန်ကာလတွေ ကွဲပြားကြောင်း ဖော်ပြနေပါ။

    အဲဒီထဲမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Zero ပြောက်ကျားတပ်ကို ဦးဆောင်သူ ကိုသက်ကြီးက ဇူလိုင် ၂၂ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြောခဲ့တာကို အစောဆုံး တွေ့ရှိခဲ့ရပါတယ်။

    “ဇူလိုင်လဆန်းမှာ တွေ့ဖြစ်ခဲ့တာပါ။ KIA ဌာနချုပ်ရောက်ချိန်မှာ ဗိုလ်ချုပ်နဲ့ တွေ့ခွင့်တောင်းခဲ့တယ်ပေါ့နော်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က တွေ့ခွင့်ပေးလို့ ကျွန်တော်တို့ တွေ့ဆုံခဲ့ရခြင်းဖြစ်ပါတယ်” လို့ ကိုသက်ကြီးက ပြောပါတယ်။

    သြဂုတ် ၈ ရက် ညနေပိုင်းမှာတော့ ချင်းညီနောင်အဖွဲ့ (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း CB ကိုယ်စားလှယ်အနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ခွင့်ရခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

    “ချင်းညီနောင်နဲ့ တွေ့ဆုံချင်တယ်။ စကားပြောချင်ပါတယ်ဆိုတဲ့ ဖိတ်ခေါ်ချက်ပေါ်မူတည်ပြီး သွားတွေ့တာပါ။ ဇွန်လကုန်ပိုင်းက ဖိတ်လာပါတယ်။ ပထမဆုံးအကြိမ် မြေပြင်မှာ တွေ့ဆုံတာဖြစ်ပြီး ဇူလိုင်တတိယအပတ်မှာ တွေ့ခဲ့ကြပါတယ်” လို့ ဆလိုင်းယောမန်က ပြောပြပါတယ်။

    Zero ပြောက်ကျားတပ်ခေါင်းဆောင် ကိုသက်ကြီး (ဘယ်) နဲ့ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်

    မကွေးတိုင်းထဲ လှုပ်ရှားတဲ့ ယောတပ်တော်(Yaw Army) ကလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံခဲ့တဲ့ဓာတ်ပုံတွေကို သြဂုတ် ၉ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    ထူးခြားချက်ကတော့ ယောတပ်တော်နဲ့ တွေ့ဆုံမှုဟာ အခုနှစ် ဧပြီလက တွေ့ဆုံခဲ့တာဖြစ်ကြောင်း ရုံးခန်းနံရံထက် ပြက္ခဒိန်ကတဆင့် သိနိုင်ပါတယ်။

    “ယောတပ်တော်အနေနဲ့ တပ်တည်ထောင်ခါစ အချိန်ကနေ ယနေ့အချိန်ထိ KIO/KIA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့တာရှိပါတယ်” လို့ ယောတပ်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    အချိန်ကာလကို ကြည့်မယ်ဆိုရင် စစ်အာဏာသိမ်း ၄ နှစ်ခွဲလာချိန်မှာ စစ်တပ်က လူအင်အား၊ နည်းပညာ ပြန်လည်စုစည်းပြီး တော်လှန်ရေး လက်နက်ကိုင်တပ်တွေရဲ့ စိုးမိုးနယ်မြေတွေကို စစ်ကြောင်းထိုး စစ်ဆင်မှုတွေ ပြန်လုပ်နေချိန်လည်းဖြစ်ပါတယ်။

    နောင်ချို၊ မိုးဗြဲနဲ့ သပိတ်ကျင်းမြို့တွေကို ဆက်တိုက် ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်တပ်ဟာ သြဂုတ်လဆန်းပိုင်း မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်နယ်မြေ၊ အညာ စစ်ကိုင်းနဲ့ ကရင်နီ ဒီးမော့ဆို တို့ကိုပါ စစ်ရေး ဖိအားပေးလာပါတယ်။

    ဒီလိုစစ်တပ်က ခပ်မြန်မြန်အရွေ့ရှိနေချိန်မှာပဲ KIA လှုပ်ရှားနယ်မြေတွေနဲ့ အလှမ်းဝေးတဲ့ ချင်း၊ မန္တလေးနဲ့ မကွေးတို့က တော်လှန်ရေးတပ်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။

    “KIA က ဗန်းမော်မှာ ထိုးစစ်ဆင်တာ၊ (စစ်တပ်က) နောင်ချိုကို ပြန်သိမ်းလာတာ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီက ရွေးကောက်ဖို့ လုပ်ဖို့လုပ်တာတွေ၊ ငလျင်အပြီး နိုင်ငံတကာသံတမန် ခြေလှမ်းတွေအကြောင်း ဆွေးနွေး ဖြစ်ပါတယ်။ ယေဘုယျတော့ ဆန်တယ်” လို့ CB ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြန်ပြောပြပါတယ်။

    NUG ယာယီသမ္မတ ဒူဝါလရှီးလ (ဘယ်) နဲ့ CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်

    ချင်းညီနောင်အဖွဲ့ (CB) ရဲ့ လိုင်ဇာခရီးစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလအပြင် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ စီမံခန့်ခွဲမှု အခက်အခဲ၊ အဖွဲ့အစည်းအလိုက်အရွေ့ဖြစ်လာအောင် ဆောင်ရွက်ရတဲ့အခြေအနေနဲ့ အဆင့်ဆင့်ညွှန်ကြားမှု လွဲမှားတဲ့အကြောင်းတွေပါ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒါဟာ ချင်းပြည်နယ်အတွင်းမှာသာ အများစုတိုက်ပွဲဖော်ဆောင်ခဲ့ပြီး KIA နဲ့ တွဲဖက်စစ်ရေး မလှုပ်ရှားသေးတဲ့ CB အတွက် အခင်းအကျင်းသစ်တစ်ရပ်လည်း ဖြစ်ပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်‌မော်ကတော့ အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အမြဲလိုလိုတွေ့ဆုံမှုတွေရှိတဲ့အကြောင်း သြဂုတ် ၁၀ ရက်မှာ ဘီဘီစီကို စာနဲ့ တုံ့ပြန်ပြောပါတယ်။

    “CB နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ CB နဲ့ ဖြစ်စေ၊ CNF နဲ့ ဖြစ်စေ ချင်း၊ ကချင် ညီအစ်ကိုတွေ တွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့အချင်းချင်းတွေ့ဆုံမှုဖြစ်ပါတယ်” လို့ အဲဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်တဲ့ အမေးကို ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်‌မော်က ဖြေပါတယ်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတဲ့ ချင်းညီနောင်အဖွဲ့ဟာ မနှစ်ကစလို့ မြို့သိမ်းစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပြီး မတူပီ၊ မင်းတပ်အပါအဝင်မြို့တွေကို ယောတပ်တော် (YA)၊ အာရက္ခတပ်တော်(အေအေ) စတဲ့ မဟာမိတ်တွေရဲ့ အကူအညီနဲ့ ပူးပေါင်းသိမ်းပိုက်ခဲ့ပါတယ်။

    ဒါကြောင့် KIA ဟာ အေအေနဲ့ မဟာမိတ်ဆက်ဆံရေးခိုင်မာတဲ့ ချင်းညီနောင်အဖွဲ့ (CB) နဲ့ ထိတွေ့မှုအသစ်တွေ လုပ်လာသလို ဆက်ဆံရေးရှိနေတဲ့ ယောတပ်တော် (YA) တို့နဲ့ တွေ့ဆုံမှုဆက်ရှိလာတဲ့သဘောပါ။

    “ယောအဖွဲ့ဆိုရင် နွေဦးတော်လှန်ရေးရဲ့ အစောဆုံးအချိန်ကတည်းက အခုချိန်အထိ အမြဲတွေ့ဆုံနေကြတဲ့ အခြေအနေဖြစ်ပါတယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

    အမှတ် ၁ စစ်ဒေသအကြောင်းကို ပြောမယ်ဆိုရင်တော့ ဒီစစ်ဒေသကို KIA ရဲ့ စစ်ဦးစီးချုပ်ကပဲ စစ်ဒေသမှူးအဖြစ် တာဝန်ယူပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးနဲ့ မန္တလေးက ဒေသတချို့ကိုပေါင်းစပ်ပြီး အမှတ် ၁ စစ်ဒေသလို့ သတ်မှတ်ထားပါတယ်။

    ခရိုင်ကွပ်ကဲရေးအဖွဲ့မှာတော့ KIA အရာရှိကြီးတွေ ကွပ်ကဲပြီး NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ ပါဝင်ပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)လည်း အမှတ် ၁ စစ်ဒေသမှာ ပါဝင်လှုပ်ရှားပြီး စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တိုက်ပွဲမှာ စစ်ဆင်ရေး ဦးဆောင်ကွပ်ကဲမှုတွေ လုပ်ခဲ့ပါတယ်။

    KIA တပ်ဖွဲ့ဝင် (ပုံဟောင်း)

    “ကျွန်တော်တို့နယ်မြေမှာလည်း တီးတိန်ပဲ သိမ်းဖို့ ကျန်တော့တယ်။ နောက်ပိုင်း အမှတ် ၁ စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးဘက်မှာပါ ကျွန်တော်တို့ စစ်ရေးလှုပ်ရှားမှု ရှိလာမှာပါ” လို့ ချင်းညီနောင်အဖွဲ့ (CB)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပြပါတယ်။

    သူ့အပြောအရ ချင်းပြည်နယ်ထဲ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံရှိထားတဲ့ CB က KIA ကွပ်ကဲတဲ့ အမှတ် ၁ စစ်ဒေသထဲမှာပါ စစ်ရေးလှုပ်ရှားလာမယ့်သဘောလို့ နားလည်ရပါတယ်။

    ကိုသက်ကြီးရဲ့ မြင်းခြံ Zero ပြောက်ကျားတပ်နဲ့ ယောတပ်တော်တို့ဟာ လက်နက်ကိုင် တော်လှန်ရေးအစောပိုင်းကတည်း KIA နဲ့ စစ်ရေးအရ ဆက်စပ်မှုရှိနေတာပါ။

    လက်ရှိ တော်လှန်ရေးတပ်တွေကြားမှာ စည်းလုံးညီညွတ်တဲ့ တပ်ပေါင်းစု ပေါ်ပေါက်ဖို့ တွန်းတွန်းတိုက်တိုက် ပြောဆိုလာတဲ့ကာလမှာပဲ KIA ရဲ့ လိုင်ဇာကို ဖိတ်ခေါ်ဆွေးနွေးမှုတွေက ဘယ်လိုသဘောဆောင်နေလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။

    “ပိုပြီးစည်းလုံးညီညွတ်ရေးအတွက် KIA က ဦးဆောင်ပြီးလုပ်တဲ့သဘောပါပဲ” လို့ CB ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

    တပ်ပေါင်းစုကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မလဲဆိုတဲ့အပိုင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တက်ရောက်ခဲ့သူတချို့ဆီကလည်း သိရပါတယ်။

    “တပ်ပေါင်းစု တစ်ခုတည်းဖြစ်ဖို့ ဘယ်လိုအကောင်အထည်ပေါ်လာမယ်ဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ရမှာပါ” လို့ ကိုသက်ကြီးက ပြောပါတယ်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့တော်လှန်‌ရေးတပ်တွေကို ဆက်တိုက်တွေ့ဆုံခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ဂွမ်မော်ကတော့ အမှတ် ၁ စစ်ဒေသက တပ်ပေါင်းစုနဲ့ပတ်သက်တဲ့ မေးခွန်းကို ပြန်လည်ဖြေကြားတာမရှိပါဘူး။

    ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ယောတပ်တော်နဲ့ တွေ့ဆုံတဲ့မြင်ကွင်း

    တော်လှန်ရေးတပ်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ကြား တွေ့ဆုံမှုမှာတော့ ‌အနာဂတ်ဖြစ်နိုင်ခြေတွေကိုပါ ဆွေးနွေးဖြစ်တယ်လို့ တက်ရောက်သူတချို့ဆီက သိရပါတယ်။

    “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်အတွက်လည်းပြောဖြစ်တယ်” လို့ CB ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းယောမန်က ပြောပြပါတယ်။

    KIO/KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း “ကိုယ့်ခြေထောက်ပေါ်ရပ်တည်ရေး” ဆိုတာဟာ လူမျိုး၊ နိုင်ငံတိုင်းထားရှိရမယ့်သဘောထားလို့ ပြောပါတယ်။

    “တခြားသူတွေရဲ့ လက်ထဲကို မိမိတို့ရဲ့ ကံကြမ္မာ ဝကွက် အပ်ထားတာမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ကြိုးစားကြဖို့ ဖြစ်ပါတယ်” လို့ သူက ဖြေပါတယ်။

    ဒါအပြင် တော်လှန်ရေးတပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း နယ်မြေဆက်စပ်သလို ရည်မှန်းချက်တူတဲ့အဖွဲ့တွေကြား စုစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် ဦးတည်ဆွေးနွေးကြတဲ့ အခြေအနေပါ။

    အခုလို နီးနီးကပ်ကပ်ဆက်ဆံလာကြတာ ၂၀၂၅ နှစ်လယ်ပိုင်းအတွင်း တော်လှန်ရေးနယ်မြေတွေကို စစ်တပ်က ထိုးစစ်ဆင်လာတာအတွက် တန်ပြန်ပြင်ဆင်ချက်လားဆိုတာကိုတော့ တွေ့ဆုံဆွေးနွေးခဲ့သူတွေက တိတိကျကျ မဖြေကြပါဘူး။