Category: News

  • ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ

    ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ

    “မူးယစ်စခန်းများကို မြေလှန်ချေမှုန်းမည်”

    ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသူများကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က “ကုန်းမြေစစ်ဆင်ရေး” (Land Strikes) စတင်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ရာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

    “သူတို့ ဘယ်မှာနေလဲ ကျွန်တော်တို့ သိတယ်”

    ပင်လယ်ပြင်တွင် မူးယစ်မှောင်ခိုလှေများကို နှိမ်နင်းနေရသည်မှာ ခက်ခဲသော်လည်း ကုန်းမြေပေါ်တွင် ရှင်းလင်းရသည်မှာ ပိုမိုလွယ်ကူကြောင်း သမ္မတထရမ့်က ဆိုပါတယ်။

    “ကုန်းမြေပေါ်က စစ်ဆင်ရေးတွေ မကြာခင် စတော့မယ်။ ကုန်းမြေက ပိုလွယ်တယ်။ သူတို့ ဘယ်လမ်းကြောင်းတွေ သုံးလဲ၊ ဘယ်မှာနေလဲ၊ လူဆိုးတွေ ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ ကျွန်တော်တို့ အကုန်သိထားပြီးပြီ” ဟု ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။

    ဤကြေညာချက်သည် ကာရစ်ဘီယံပင်လယ်ပြင်၌ “Operation Southern Spear” အမည်ဖြင့် ပြုလုပ်နေသော အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ကုန်းတွင်းပိုင်းအထိ ချဲ့ထွင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

    ရေနံတင်သင်္ဘော သိမ်းဆည်းမှုနှင့် စစ်ရေးအရှိန်

    ဒီဇင်ဘာလအစောပိုင်းကပင် အမေရိကန် အထူးတပ်ဖွဲ့များက ဗင်နီဇွဲလားကမ်းလွန်တွင် ရေနံတင်သင်္ဘောကြီးတစ်စီးကို ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့ပြီးနောက် ယခုကဲ့သို့ ကုန်းမြေစစ်ဆင်ရေးသတင်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဗင်နီဇွဲလားစစ်ဘက်ခေါင်းဆောင်များကို “Narco-terrorists” (မူးယစ်အကြမ်းဖက်သမားများ) အဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏ ဘဏ္ဍာရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်ကြောင်း ဆိုပါတယ်။

    သို့သော် ဗင်နီဇွဲလားသမ္မတ မာဒူရိုအစိုးရနှင့် နိုင်ငံတကာ လေ့လာသူအချို့ကမူ ဒါဟာ မူးယစ်နှိမ်နင်းရေး ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် အစိုးရဖြုတ်ချရေး (Regime Change) အတွက် ရည်ရွယ်သော ကျူးကျော်စစ်ဆင်နွှဲရန် ပြင်ဆင်မှုသာဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။

    စိုးရိမ်ရေမှတ် မြင့်တက်

    လက်ရှိတွင် အမေရိကန် ရေတပ်သင်္ဘောများ၊ ဒရုန်းများနှင့် စစ်သည်အင်အား အများအပြားကို ဒေသတွင်းသို့ ပို့ဆောင်ထားပြီးဖြစ်ရာ၊ အကယ်၍ အမေရိကန်ဒုံးကျည်များ သို့မဟုတ် တပ်ဖွဲ့ဝင်များ ဗင်နီဇွဲလားမြေပေါ်သို့ ကျရောက်သွားပါက ဒေသတွင်းစစ်မီးကြီး တစ်ခုအသွင် ကူးပြောင်းသွားနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

  • လက်ပံတောင်းတောင် တရုတ်ကြေးနီစက်ရုံတွေ လုပ်ငန်းရပ်နားထားပြီး နှစ်လကြာ နားမယ်လို့ဆို

    လက်ပံတောင်းတောင် တရုတ်ကြေးနီစက်ရုံတွေ လုပ်ငန်းရပ်နားထားပြီး နှစ်လကြာ နားမယ်လို့ဆို

    တရုတ်စီမံကိန်းအနီး စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တာတွေ ဆက်လက် ကျူးလွန်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲရှိ မြေယာတွေ အဓမ္မသိမ်းယူကာ တောင်တွေဖြိုပြီး ကြေးနီတူးနေတဲ့ တရုတ်ပိုင် ကြေးနီစက်ရုံတွေ ဒီဇင်ဘာ ၆ ရက်က စတင်ကာ လုပ်ငန်းရပ်နားထားပြီး နောက်ထပ် နှစ်လကျော်ကြာ ဆက်လက် ရပ်နားထားမယ်လို့ သတင်းထွက်နေကြောင်း ဒေသခံ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

    ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ အားလုံး ဒီဇင်ဘာ ၆ ရက်က စတင်ကာ ရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး ဝန်ထမ်းတွေကိုတော့ အိမ်မပြန်ခိုင်းဘဲ စက်ရုံထဲမှာပဲ ဆက်လက် နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

    လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းအတွင်းမှာ ရှိတဲ့ ဝမ်ပေါင်၊ စီနိုဟိုက်ဒရို၊ အောက်ရှင်းပေပေါက် ကုမ္မဏီတွေအပြင် အသေးစား ကန်ထရိုက်အလုပ်တွေပါ ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။

    ဒါပေမယ့် မြန်မာဝန်ထမ်းတွေကို အိမ်မပြန်ခိုင်းဘဲ တရုတ်လုပ်သားတွေက ခြံရှင်းခိုင်းတာ၊ သန့်ရှင်းရေး လုပ်ခိုင်းတာ၊ လုံခြုံရေး ကင်းစောင့်ခိုင်းတာတွေအပြင် မူလ အလုပ်တာဝန်နဲ့ မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေတာကြောင့် မြန်မာဝန်ထမ်းတချို့ အိမ်ပြန်လာကြတယ်လို့လည်း အိမ်ပြန်လာတဲ့ တရုတ်စက်ရုံ ဝန်ထမ်းတွေနဲ့ နီးစပ်သူ၊ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    “နှစ်လ နားမယ်၊ အဲ့ဒီထက်လည်း ပိုနိုင်တယ် ပြောတယ်၊ အချို့ဝန်ထမ်းတွေ အလုပ်သမားအခွင့်ရေး ဆုံးရှုံးလို့ အိမ်ပြန်လာသူတွေ ရှိတယ်”

    ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ ဘာကြောင့် ရပ်ဆိုင်းတယ်ဆိုတာ မြန်မာဝန်ထမ်းတွေကို အသိမပေးဘူးလို့လည်း ဆိုပါတယ်။

    တရုတ်စက်ရုံရှိ မြန်မာဝန်ထမ်းအများစုကို အိမ်ပြန်မလွှတ်ဘဲ တချို့ဝန်ထမ်းတွေကို သက်ဆိုင်ရာ ကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးကို အသိပေးအကြောင်းကြားပြီးမှ ပြန်ခွင့်ပေးတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

    ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်နားထားပေမယ့် ဝန်ထမ်းတွေကို အိမ်ပြန်ခွင့်မပေးတာဟာ စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲအတွက် မဲထည့်ခိုင်းဖို့ ဖြစ်မယ်လို့ ယူဆကြောင်း အထက်ပါ အိမ်ပြန်လာတဲ့ တရုတ်စက်ရုံဝန်ထမ်းတွေနဲ့ နီးစပ်သူ၊ CDM ဝန်ထမ်းက ဆက်ပြောပါတယ်။

    “အိမ်ပြန်ဖို့က လွယ်လွယ်နဲ့ အဆင်မပြေဘူး၊ အကြောင်းတဟ်ခုခု ပြပြီး ပြန်ရတယ်။ ဥပမာ မိသားစုဝင်တစ်ဦး နေမကောင်းလို့ အရေးပေါ်ပြန်ရတဲ့ အခြေနေမျိုးပေါ့”

    ပြီးခဲ့တဲ့ ရက်တွေအတွင်း တရုတ်ကြေးနီစီမံကိန်းထဲနေ စစ်အုပ်စုက ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့လို့ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ချိန် တရုတ်ကြေးနီစက်ရုံထဲကနေ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ စက်တပ်လေထီး (Paramotor)၊ ရဟတ်ယာဉ်ငယ် (Gyrocopter) စတာတွေနဲ့ ကြေးနီစီမံကိန်း ပတ်လည်က ရွာတွေကို ဗုံးကြဲတာတွေ စစ်အုပ်စုက ကျူးလွန်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တော်လှန်ရေး တပ်တွေကလည်း တရုတ်ကြေးနီစီမံကိန်းထဲ လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

    ကြေးနီတူးနေတဲ့ တရုတ်ကုမ္မဏီရဲ့ လုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းတာယာ စက်ရုံဧရိယာထဲ လုံးခြုံရေးအတွက် ပြင်ဆင်ဖို့ ဖြစ်နိုင်သလို စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲအတွက် တရုတ်နဲ့ စစ်အုပ်စု ညှိပြီး ယာယီရပ်နားတာလည်း ဖြစ်နိုင်တယ်လို့ ဒေသတွင်း ခန့်မှန်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် တရုတ်က စစ်အုပ်စုနဲ့ ပေါင်းကာ ကြေးနီစီမံကိန်းအတွက် အဓမ္မ မြေယာ သိမ်းယူတာ၊ စီမံကိန်းဧရိယာကို ချဲ့ထွင်တာ၊ တူးဖော်ထုတ်လုပ်ထားတဲ့ ကြေးနီတွေ အလွယ်တကူ သယ်ထုတ်နိုင်ရေး လမ်းသစ်ဖောက်တာတွေ လုပ်ခဲ့သလို စစ်အုပ်စုကလည်း တရုတ်ကြေးနီတူးနေတဲ့ ဒေသတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

    အောက်တိုဘာ လလယ်ပိုင်းက စလို့ တရုတ်ကြေးနီစီမံကိန်းပတ်လည် ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ရွာ ၂၀ နီးပါး ထွက်ပြေးနေရကာ ဒေသခံ ငါးဦးထက်မနည်း သတ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့ စံပယ်တောင် စတဲ့ တောင်တွေကို ဖြိုကာ တရုတ်က အကြီးစား ကြေးနီ တူးဖော်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

    အဲ့ဒီ ကြေးနီစီမံကိန်းတွေကို စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ်ပိုင် Norinco ကုမ္ပဏီရဲ့ လက်အောက်ခံ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတို့ ပူးပေါင်းကာ ၂၀၁၀ ကတည်းက စတင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး သတ္ထုတူးဖော်ရေး စီမံကိန်း ဖြစ်ပြီး တရုတ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလီယံ) ခန့် ရင်းနှီးမြှုပ်နှံပြီး တစ်နှစ်ကို ကြေးနီတန်ချိန် တစ်သိန်းအထိ တူးဖော် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

    y

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စက်ရုံဧရိယာအဖြစ် မြေဧက ၇,၀၀၀ သတ်မှတ်ထားပြီး မြေဧက ၄,၉၀၀ ကျော်ကို ၂၀၁၄ ကတည်းက ခြံစည်းရိုး ကာရံကာ ၂၀၁၆ မေလကစလို့ ကြေးနီတူးဖော်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ လတွေအတွင်း မြေယာလျော်ကြေးကိစ္စ မပြေလည်သေးတဲ့ ကျေးရွာတွေနဲ့ လယ်မြေတွေကိုပါ တရုတ်နဲ့ စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်ကာ အဓမ္မ သိမ်းယူပြီး စီမံကိန်းဧရိယာကို ချဲ့ထွင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကြေးနီစက်ရုံတွေ/Photo – ဝမ်ပေါင်ကုမ္ပဏီ

  • ဘယ်လိုမိဘတွေပါလိမ့်

    ဘယ်လိုမိဘတွေပါလိမ့်

    ချက်ကြိုးတောင် မဖြတ်ရသေးတဲ့ မွေးကင်းစ လူမမယ်လေးကို အမေကိုယ်တိုင်ပြန်သတ်တဲ့ဖြစ်ရပ်

    ဒီအဖြစ်ပျတ်လေးကတော့ 8 လပိုင်းကဖြစ်သွားပါ

    ထိုင်းနိုင်ငံ ခွန်ကန်ပြည်နယ်မှာ မီးဖို တည်ရှိတဲ့မြေပိုင်ရှင်ဟာ သူ့ခြံထဲ အသွား မီးဖိုမှာ မီးခိုးရှိနေတာ တွေ့တာကြောင့် သွားရောက်ကြည့်ချိန်မှာတော့ ကလေးရဲ့ချက်ကြိုးတန်းလန်းလေးက မီးလောင်မကုန်ပဲ ကျန်ခဲ့တာတွေ့သောကြောင့် တာဝန်ရှိရဲကိုတိုင်ကြားလိုက်ပါတယ်

    တာဝန်ရှိများ လာရောက်ကြည့်ရှူစစ်ဆေးကြပြီး တရားခံဖြစ်တဲ့ အဖေနဲ့အမေကို သွားရောက်စစ်ဆေးချိန်မှာ စစတော့ အမေဖြစ်သူက ဝန်မခံပါဘူး

    ကလေးကိုနို့တိုက်နေရင်းအိပ်ပျော်သွားလို့ သူ့ကိုယ်လုံးနဲ့ ဖိမိပြီး သူနိုးလာတော့ သူ့ကလေးအသက်မရှိတော့ဘူး

    သေနေပြီးမို့လို့ မီးဖိုထဲသွားထည့်ပြီး မီးရှို့လိုက်တယ်လို့လိမ်ပါတယ်

    စစ်ဆေးချက်အရကလေးရဲ့ ကိုယ်လုံးမှာ ဘာညိုမဲဒဏ်ရာမှမရှိ

    ဦးခေါင်းအနှောက်ဖက်မှာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် သေဆုံးတာမို့လို့ ရဲ အရာရှိများက မယုံကြည်ပဲ စစ်ဆေးပြုလုပ်မှုတွေ ထပ်လုပ်မှ ဝန်ခံပါတော့တယ်

    အမေဖြစ်သူဟာ ကလေးကို ကိုယ့်ဘာကို အိမ်မှာပဲမွေးပါတယ်

    ကလေးမွေးပြီးပြီးချင်းမှာ ပိုက်ဆံကလဲမရှိ ကလေးကို မကြည့်ရှူ မစောင့်ရှောက်နိုင်မှာစိုးလို့ သူ့ရဲ့ကလေးကို သူ့ပေါင်ပေါ်တင် စောင်နဲ့ ကလေးမျက်နှာကိုအတင်းဖိပြီး သတ်လိုက်ပါတယ်

    ပြီးတော့ လင်မယားနှစ်ယောက် ကလေးကိုခြင်းထဲထည့် ဆိုင်ကယ်စီးပြီး မီးဖိုမှာ သွားရောက်ရှို့တာလို့ ဝန်ခံလာပါတော့တယ်

    လင်းမယားနှစ်ယောက်စလုံးက ​ေ-ဆးလဲ သုံးဖူးကြပြီး ပြစ်မှုတွေ ကျူးလွန်ခဲ့ဖူးကြတဲ့သူတွေလဲဖြစ်ပါတယ်

    ကလေးအဖေက 32 နှစ် အမေက 27 နှစ် အရွယ်တွေဖြစ်ကြပါတယ်

  • မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများ၏စာရင်း AA ထုတ်ပြန်

    မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများ၏စာရင်း AA ထုတ်ပြန်

    ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအား အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုအတွင်း သေဆုံး၊ ဒဏ်ရာရသွားသူများ၏ အမည်၊ အသက်၊ နေရပ်လိပ်စာစသည့် အသေးစိတ်စာရင်းအား အာရက္ခတပ်တော်(AA)က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

    မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၇၇ ဦးရှိခဲ့ကြောင်း ယခုစာရင်းတွင် ဖော်ပြထားသည်။

  • ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု  နှစ်ဦးသေ

    ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု နှစ်ဦးသေ

    မုံရွာ နမခမှာ ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု နှစ်ဦးသေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက စစ်အုပ်စု gyrocoprer တစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျခဲ့တာကြောင့် နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မိတ္ထီလာ လေတပ်စခန်းကနေ မနေ့က အင်အားဖြည့်ဖို့ ရောက်ရှိလာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစင်းထဲက တစ်စင်းဟာ စမ်းသပ်လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်းပြီး ဒီကနေ့ ညနေ ၅ နာရီ ၂၀မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

    “မိတ္ထီလာလေတပ် အမောင်းသင်စခန်းကနေ ၃ စီးအင်းအားဖြည့်ဖို့ရောက်လာတာ။ နမခပေါ်မှာပဲ ညနေက စက်စမ်းပျံနေတာ။ လေဆိပ်ဘေးနားက ယူကလစ်တောထဲမှာ ပျက်ကျသွားတာ။ နှစ်ယောက် ပွဲချင်းပြီးသေတယ်“

    စစ်အုပ်စုရဲ့ gyrocoprer ပျက်ကျတာနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း အဆင်းအတက် နှစ်ကြိမ်ပြုလုပ်နေချိန်မှာ မီးဖွားတွေထွက်ကျပြီး မုံရွာလေဆိပ်အနီးက ယူကလစ်တောထဲမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

    စစ်အုပ်စု မုံရွာ နမခကနေ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ မုံရွာ၊ ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ မြင်းမူ၊ မြောင်၊ အရာတော်၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို အစရှိတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို စက်တပ်လေထီး၊ gyrocoprer စတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာဖြစ်ပါတယ်။

    လက်ရှိ မုံရွာ နမခ ယာယီလေတပ်ဆွယ်အတွင်းမှာ ဂျိုင်ရိုကော်ပတာ ၆စင်း ပါရာမော်တာ ၂စင်းနဲ့ Mi 17 ၂စင်းရှိပြီး မုံရွာအနီးတဝိုက် မြို့နယ်တွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့လည်း MAEU ကျောင်းသားဟောင်း တစ်ဦးကလည်း ပြောပါတယ်။