မုံရွာ နမခမှာ ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု နှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက စစ်အုပ်စု gyrocoprer တစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျခဲ့တာကြောင့် နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မိတ္ထီလာ လေတပ်စခန်းကနေ မနေ့က အင်အားဖြည့်ဖို့ ရောက်ရှိလာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစင်းထဲက တစ်စင်းဟာ စမ်းသပ်လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်းပြီး ဒီကနေ့ ညနေ ၅ နာရီ ၂၀မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

“မိတ္ထီလာလေတပ် အမောင်းသင်စခန်းကနေ ၃ စီးအင်းအားဖြည့်ဖို့ရောက်လာတာ။ နမခပေါ်မှာပဲ ညနေက စက်စမ်းပျံနေတာ။ လေဆိပ်ဘေးနားက ယူကလစ်တောထဲမှာ ပျက်ကျသွားတာ။ နှစ်ယောက် ပွဲချင်းပြီးသေတယ်“

စစ်အုပ်စုရဲ့ gyrocoprer ပျက်ကျတာနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း အဆင်းအတက် နှစ်ကြိမ်ပြုလုပ်နေချိန်မှာ မီးဖွားတွေထွက်ကျပြီး မုံရွာလေဆိပ်အနီးက ယူကလစ်တောထဲမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်အုပ်စု မုံရွာ နမခကနေ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ မုံရွာ၊ ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ မြင်းမူ၊ မြောင်၊ အရာတော်၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို အစရှိတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို စက်တပ်လေထီး၊ gyrocoprer စတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာဖြစ်ပါတယ်။

လက်ရှိ မုံရွာ နမခ ယာယီလေတပ်ဆွယ်အတွင်းမှာ ဂျိုင်ရိုကော်ပတာ ၆စင်း ပါရာမော်တာ ၂စင်းနဲ့ Mi 17 ၂စင်းရှိပြီး မုံရွာအနီးတဝိုက် မြို့နယ်တွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့လည်း MAEU ကျောင်းသားဟောင်း တစ်ဦးကလည်း ပြောပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *