Category: News

  • အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို

    အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို

    ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဟု ထိုင်းစစ်တပ်က ကြေညာလိုက်ပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို

    ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဟု ထိုင်းစစ်တပ်က ကြေ ညာလိုက်ပြီး ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်း ထိုင်းစစ်တပ်၏ စစ်ရေးဆောင်ရွက်ချက်များ အပြည့်အ၀ ထောက်ခံကာ ကမ္ဘောဒီးယားကို အရှိန် အဟုန်ဖြင့် စစ်တိုက်ရန် မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

    ယနေ့တွင် ထိုင်းစစ်တပ်က တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ကမ္ဘော ဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ထိုင်းစစ်တပ်အနေ ဖြင့် တိုက်ပွဲဝင်ရန် အပြည့်အဝ အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ ကမ္ဘောဒီး ယားက လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ပါက ထိုင်းစစ်တပ်က အင်အားပြည့် တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

    ထိုင်းပြည်သူလူထုနှင့် အချုပ်အခြာအာဏာအတွက် လိုအပ်သောအရေးယူဆောင်ရွက်မှုအားလုံးကို ထိုင်းစစ်တပ်က အပြည့်အဝ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းစစ်တပ်ကို ထိုင်းပြည်သူများက အပြည့်အ၀ ယုံကြည်မှုထားရှိရန် ထိုင်းစစ်တပ်က တောင်းဆိုထားသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံသည် နယ်စပ်ဒေသဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ ယခင်ကလည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော် လည်း လက်ရှိကာလတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေခြင်းဖြစ်သည်။

    ထို့ပြင် ထိုင်းဝန်ကြီးချုပ် အနုထင်ကလည်း စစ်တပ်၏ စစ်ရေးဆောင်ရွက်ချက်များကို အပြည့်အဝ ထောက်ခံပြီး၊ လက်ရှိ စစ်ရေးလှုပ်ရှားမှုများကို ရပ် တန့်စရာမရှိတော့ကြောင်း၊ ကမ္ဘောဒီးယား ရှုံးနိမ့် အားကုန်သွားသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်တပ်ကိုလည်း စစ်တိုက်ရန် အမိန့်ပေး ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

    ထိုင်းဝန်ကြီးချုပ်က ထိုင်းပြည်သူများကို ကာကွယ်ရန်ကိုသာ အဓိက အာရုံစိုက်ထားပြီး ကျန်သော အရေးကိစ္စများကို ဂရုစိုက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

    ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်ပြီး နှစ်နိုင်ငံအပြင်းအထန် တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နယ်စပ်ဒေသ တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

  • ကျောက်တံတားရဲစခန်းအနီး ဆန္ဒထုတ်ဖော်မှု ရဲစခန်းက မသိသဖြင့် ကြိမ်းမောင်းခံနေရ

    ကျောက်တံတားရဲစခန်းအနီး ဆန္ဒထုတ်ဖော်မှု ရဲစခန်းက မသိသဖြင့် ကြိမ်းမောင်းခံနေရ

    ရန်ကုန်မြို့လယ်ခေါင်တွင် အသံတိတ်သပိတ် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်းဘုတ်ထောင် နှိုးဆော်

    ရန်ကုန်မြို့လယ်ခေါင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ရန်ကုန်လူထုသပိတ်က ယနေ့ ဆိုင်းဘုတ်ထောင် နှိုးဆော် လိုက်သည်။

    ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ရန်ကုန်လူထုသပိတ်မှ ရဲဘော်များက ရန်ကုန်မြို့ လယ်ခေါင်၊ ဆူးလေ၊ လူကူးတံတားအနီးတွင် အသံတိတ်သပိတ် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အတွက် ဆိုင်းဘုတ်ထောင်၍ ဆန္ဒပြခဲ့ကြောင်း၊ အဆိုပါ ဆန္ဒပြမှုမှာ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆန့်ကျင်ခြင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ‘အသံတိတ်’ သပိတ်တွင် ပြည်သူလူထုတစ်ရပ်လုံးက အတူတကွ ပူပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်း၊ လူထုလွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင်ရုန်းကန်ရမည်ဖြစ်သည်ဆိုသော ရည်ရွယ်ချက်များဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။

    ယင်းအပြင် အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်း၏အလွန်ကာလတွင်လည်း လူထု၏ ‘ပုန်ကန်အံတု’မှုရှိမှသာ လွတ်မြောက်မှုအစစ်ကို ရနိုင်မည်ဖြစ်ကြောင်း အသိပေးလှုံ့ဆော်လိုက်ကြောင်း၊ ဆန္ဒပြ ဆိုင်းဘုတ် ဓာတ်ပုံထဲမှ “အမှိုက်ပုံး”မှာ အတုအယောင်ရွေးကောက်ပွဲ၏ “မဲပုံး”များကို ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ ကျင်းပပြုလုပ်မည့် “ရွေးကောက်ပွဲ မဲ ပုံး”များတွင် ပြည်သူလူထု၏ ထောက်ခံမှုမရှိသော အတုအယောင်ရွေးကောက်ပွဲဝင် ပြည်သူ့ချဉ်ဖက်ကိုယ်စားလှယ်လောင်းများ(သို့)သုံးစားမရသောပြည်ဖျက်အမှိုက်များသာ စုပုံစွန့်ပစ်ခံထားရမည့် “အမှိုက်ပုံး”များဟုပင်မှတ်ယူမည်ဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုသည်။

    ဆူးလေ ကျောက်တံတားရဲစခန်းအနီး အမှိုက်ပုံးဘေးမှာ ဒီဇင်ဘာ ၉ ရက်မနက်က ရန်ကုန်လူထုသပိတ်အဖွဲ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်တဲ့ စာသားပါဆိုင်းဘုတ်ကို ရဲစခန်းက ရဲတွေ မသိလိုက်တဲ့အတွက် အထက်က ဆူပူကြိမ်းမောင်းတာ ခံနေရတယ်လို့ ကျောက်တံတားရဲစခန်းနဲ့နီးစပ်သူဆီက သိရပါတယ်။

    ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားပြီး ရဲစခန်းက ဘယ်ချိန်မှာ ဘယ်သူတွေ လာရောက်လုပ်ဆောင်သွားတယ်ဆိုတာကို မသိလိုက်ရသလို အဲဒီအချိန်မှာပဲ ဆူးလေတဝိုက်မှာ ခရိုင်ရဲမှူးကိုယ်တိုင်ရောက်ရှိပြီး ကင်းလှည့်နေချိန်လည်းဖြစ်ကြောင်း အဆိုပါနီးစပ်သူက ပြောပါတယ်။

    “ဆူးလေမှာ ဘုတ်ချသွားတဲ့သူကို CCTV ကနေ လိုက်နေတယ်၊ ရဲစခန်းနားမှာချသွားတာကို မသိရဘူးလားဆိုပြီး ကျောက်တံတားရဲစခန်းကိုလည်း ကြိမ်းနေတယ်တဲ့၊ နောက်ပြီး မနက်ကပဲ ခရိုင်ရဲမှူးကိုယ်တိုင် အဲ့စခန်းနားပတ်နေတာ။ ခရိုင်မှူးဆိုတဲ့လူက လာခဲတယ်လေ၊ ဆူလေးမြို့တော်ခန်းမနားလည်း ရဲကားအစောင့်ရှိတယ်။ စစ်ကားကလည်း ပတ်နေတာ။ ကြိုသတင်းရတယ်လို့တောင် ထင်ရတယ်။ အဲဒါကို လုပ်နိုင်တာကိုတော့ ချီးကျူးရမယ်။”

    ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ချိန်မှာ မြို့ထဲနေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

    ရန်ကုန်လူထုသပိတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “လက်ရှိရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ 360 CCTV တွေ၊ အသွင်ယူ ထောက်လှမ်းရေးအရပ်ဝတ်တွေ၊ ပုံမှန်ပတ်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ ကြားကနေ ယခုလို မြိုလည်ခေါင်လိုနေရာမျိုးမှာ အန္တရာယ်များကြားကနေ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်”ဟု ပြောပါတယ်။

    လက်ရှိ မြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ထားသလို စစ်တပ်နဲ့နီးစပ်သူတွေက အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေ့ရှိရကြောင်း ဆူးလေအနားမှာရောက်ရှိနေတဲ့ ပြည်သူတယောက်က ပြောပါတယ်။

    “ခု မြို့ထဲမှာ အရပ်ဝတ်နဲ့ချထားတာတွေရှိတယ်၊ ကလေးတွေကို သတိထားစေချင်တယ်။ သူခိုးဂျပိုးတွေနဲ့ ရပ်ကွက်ထဲက ပျူတွေကို အင်အားဖြည့်ခိုင်းထားတဲ့ ပုံပေါ်တယ်။ မနက်ဖြန်ကိစ္စကိုလည်း ဒီကောင်တွေ အရမ်းကြောက်နေကြတယ်” လို့ ပြောပါတယ်။

    ရန်ကုန်လူထုသပိတ်ရဲ့ အသိပေးနှိုးဆောင်ထားချက်မှာတော့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊ ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက် ‘အသံတိတ်’ သပိတ်မှာ ပြည်သူလူထုတရပ်လုံးက အတူတကွ ပူပေါင်းပါဝင်ကြဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာလည်း လူထုရဲ့ ‘ပုန်ကန်အံတုမှု’ ရှိမှသာ လွတ်မြောက်မှုအစစ်ကို ရနိုင်မှာဖြစ်ကြောင်း အသိပေး လှုံ့ဆော်ခဲ့ကြပါတယ်။

  • မြန်မာမိန်းကလေး ၁ ဦး အီး-စီးကရက်ကြောင့် စင်ကာပူတွင် နေထိုင်ခွင့်ဆုံးရှုံးသည့် ပထမဆုံးနိုင်ငံခြား သားဖြစ်လာ

    မြန်မာမိန်းကလေး ၁ ဦး အီး-စီးကရက်ကြောင့် စင်ကာပူတွင် နေထိုင်ခွင့်ဆုံးရှုံးသည့် ပထမဆုံးနိုင်ငံခြား သားဖြစ်လာ

    အီတိုမီဒိတ်ပါဝင်သော အီလက်ထရောနစ်စီးကရက် (Kpod)ကို လက်ဝယ်တွေ့ရှိမှုကြောင့် အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတဦးသည် စင်ကာပူတွင် ရေရှည်လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း ရုပ်သိမ်းခံရသည့် ပထမဆုံး နိုင်ငံခြားသား ဖြစ်လာခဲ့သည်။

    နိုဝင်ဘာလ ၁၄ ရက်က ရဲအရာရှိများ၏ ပုံမှန်စစ်ဆေးမှုအတွင်း အီတိုမီဒိတ်မူးယစ်ဆေးပါသည့် အီလက် ထရောနစ်စီးကရက်ကို ၎င်းတွင် လက်ဝယ်တွေ့ရှိခဲ့ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) နှင့် ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) တို့၏ ဒီဇင်ဘာ ၈ ရက်၊ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

    အခြားပြစ်မှုများအတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ကူညီရန် စင်ကာပူတွင် ဆက်လက် နေထိုင် ခွင့်ပြုသည့် အထူးခွင့်ပြုမိန့်ကို ၎င်းအား ထုတ်ပေးထားသည်။

    “ရဲအမှု ပြီးဆုံးပြီးနောက်၊ သူမကို ပြည်နှင်ဒဏ်ပေးပြီး စင်ကာပူကို ပြန်လည်ဝင်ရောက်ခွင့် တားမြစ် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်” ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သော တင်းကျပ်သည့် အီလက်ထရောနစ်စီးကရက်တားဆီး ရေး ဥပဒေအရ၊ Kpod များအား လက်ဝယ်ထားရှိမှုနှင့် အသုံးပြုမှုအတွက် ဖမ်းဆီးရမိသော နိုင်ငံခြား သားများနှင့် အီတိုမီဒိတ်စစ်ဆေးမှု အဖြေထွက်သော နိုင်ငံခြားသားများ၏ နေထိုင်ခွင့် ပါမစ်နှင့် လူဝင်မှု ကြီးကြပ်ရေးအဆင့်အတန်းကို ရုပ်သိမ်းခံရနိုင်ပြီး ပြည်နှင်ဒဏ်ပေးခံရကာ စင်ကာပူသို့ ပြန်လည် ဝင်ရောက်ခြင်းမှ ပိတ်ပင်ခံရမည် ဖြစ်သည်။

    အခြားအမှုတခုတွင် အသက် ၁၆ နှစ်အရွယ် စင်ကာပူနိုင်ငံသား ယောက်ျားလေးတဦးသည် အီတိုမီဒိတ် နှင့် ဆက်စပ်သော ပြစ်မှုများကြောင့် သုံးကြိမ် ဖမ်းဆီးရမိပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် မူးယစ် ဆေးဝါးပြန်လည်ထူထောင်ရေးဌာန (DRC) သို့ နှစ်လကြာ ပို့ခံခဲ့ရသည်။

    စက်တင်ဘာလ ၁ ရက်တွင် မူးယစ်ဆေးဝါး အလွဲသုံးစားမှုဥပဒေအရ အီတိုမီဒိတ်အား အဆင့် (၃) ထိန်းချုပ်မူးယစ်ဆေးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၎င်းသည် DRC သို့ ပို့ဆောင်ခံရသည့် ပထမဆုံး အီတိုမီဒိတ်သုံးစွဲသူ ဖြစ်သည်။

    ယင်း အမျိုးသားကို စက်တင်ဘာလ ၄ ရက်တွင် အီလက်ထရောနစ်စီးကရက် လက်ဝယ်တွေ့ရှိမှုဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့သည်။

    မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးဌာန (DRC) မှ ဆင်းပြီးနောက်၊ ၎င်းတို့သည် ရပ်ရွာအတွင်း ပုံမှန် မူးယစ်ဆေး စစ်ဆေးမှုများနှင့် ကြီးကြပ်မှုများကို ခံယူရမည်ဖြစ်သည်။

    အီတိုမီဒိတ်အီလက်ထရောနစ်စီးကရက်များကို တင်သွင်းသူများ၊ ရောင်းချသူများနှင့် ဖြန့်ဖြူးသူများ သည် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    တင်သွင်းသူများသည် ထောင်ဒဏ်သုံးနှစ်မှ နှစ်နှစ်ဆယ်အထိ ကျခံရမည်ဖြစ်သလို ငါးချက်မှ ၁၅ ချက် အထိ ကြိမ်ဒဏ်ပေးခံရမည်ဖြစ်ပြီး၊ ရောင်းချသူများနှင့် ဖြန့်ဖြူးသူများသည် ထောင်ဒဏ် နှစ်နှစ်မှ ၁၀ နှစ်အထိ ကျခံရမည်ဖြစ်သလို ကြိမ်ဒဏ် နှစ်ချက်မှ ငါးချက်အထိ ပေးခံရမည်ဖြစ်သည်။

    CNA မှ Myanmar teen first foreigner to lose Singapore long-term immigration pass for possessing Kpod အား သောမတ်ဘာသာ ပြန်သည်။

  • အပစ်ရပ် ကတိကို လေးစားလိုက်နာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို ထရမ့် တောင်းဆိုထား

    အပစ်ရပ် ကတိကို လေးစားလိုက်နာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို ထရမ့် တောင်းဆိုထား

    အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

    ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေတုန်းက အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ် စစ်ရေး တင်းမာမှုတွေ ပြန်လည် စတင်လာပြီး ကမ္ဘောဒီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခဲ့သလို ထိုင်းကလည်း နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေနဲ့ ကာစီနိုရုံ တစ်ခုကို F-16 တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။

    ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး ဇူလိုင် လကုန်ပိုင်းတုန်းက ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။

    အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ မလေးရှား ဝန်ကြီးချုပ် အီဘရာဟင် အန်ဝါတို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

    အခုတော့ နယ်စပ်မှာ စစ်ရေးအရ ပြန်လည် တင်းမာလာပြီး အပစ်ရပ် သဘောတူညီမှုကလည်း ဆက်လက် တည်မြဲဖို့ မရေမရာ ဖြစ်လာပါတယ်။

    ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာတော့ အမေရိကန် အစိုးရရဲ့ အမည်မဖော်လိုတဲ့ အရာရှိ တစ်ဦးက သမ္မတ ထရမ့်ဟာ ပဋိပက္ခကို အဆုံးသတ်စေရေး ကတိကဝတ်တွေကို အပြည့်အဝ ဆက်လက် လေးစား လိုက်နာဖို့ ထိုင်းရော၊ ကမ္ဘောဒီးယားကိုပါ ဆက်သွယ် တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမဲ့ ဒီဇင်ဘာ ၉ ရက်နေ့ထိ အခြေအနေ အရတော့ ထိုင်းက နိုင်ငံပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်နေတဲ့ ကမ္ဘောဒီးယား တပ်တွေကို အပြီးနှင်ထုတ်သွားမယ်လို့ ကြေညာထားပါတယ်။

    ကမ္ဘောဒီးယားကတော့ ထိုင်းကသာ တမင် အပြစ်ရှာပြီး ရန်လို ကျူးကျော်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲ ပြစ်တင်နေချိန်မှာ ထရမ့်က နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲရေး ကတိတွေကို ဆက်ပြီး ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက် နယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၁ ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား ၆ ဦးတို့ သေဆုံးခဲ့ကြောင်း နှစ်ဖက် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ပြီးတော့ နယ်စပ်တလျှောက်က တိုက်ပွဲ ပြင်းထန်ရာ ဧရိယာတွေမှာ နေထိုင်တဲ့ နှစ်ဖက် ဒေသခံ ထောင်နဲ့ချီပြီးလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာတာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပြဿနာကို နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

    အပစ်အခတ် ရပ်စဲထားချိန် အတောအတွင်း နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပြီး ထိုင်းစစ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့တဲ့နောက် အပစ်ရပ် သဘောတူညီမှုတွေကို ဆိုင်းငံ့ထားမယ်လို့ နိုဝင်ဘာ လထဲမှာ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    ထိုင်းစစ်တပ်က ကမ္ဘောဒီးယားဟာ အပစ်ရပ်ပြီး နောက်ပိုင်းကျမှ နောက်ထပ် မြေမြှုပ်မိုင်း အသစ်တွေ ထပ်ထောင်ခဲ့တယ်လို့ စွပ်စွဲထားပြီး ကမ္ဘောဒီးယားကတော့ ငြင်းဆိုထားပါတယ်။

    ကိုးကား: CNA

  • ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထား

    ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထား

    စစ်တပ်က စက်သုံးဆီကုမ္ပဏီပိုင်ရှင်များကို မသမာမှု လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးထားပြီး ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထား

    BOC ဆီကုမ္ပဏီပိုင်ရှင် ခရိုနီ ဝင်းဆွေ

    အကြမ်းဖက် စစ်တပ်က စက်သုံးဆီကုမ္ပဏီပိုင်ရှင်များကို ဆီတင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးထားပြီး ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    မြတ်မေတ္တာမွန် ဆီကုမ္ပဏီပိုင်ရှင် ဝင်းမြင့်

    စက်သုံးဆီ ကုမ္ပဏီ၊ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စက်သုံးဆီများ တင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်ဆောင်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော် တို့ကို စစ်တပ်က နိုဝင်ဘာလအတွင်း ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ဒုဝန်ကြီး သန့်စင်နှင့်ညွှန်ချုပ် ရွှေမော်တို့ကို ဖမ်းဆီးအရေးယူရာတွင် စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဆုံးရှုံးမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။

    Denko ဆီကုမ္ပဏီပိုင်ရှင် ချစ်ခိုင်

    ယင်းနောက် ဖမ်းဆီးခံ ဒုဝန်ကြီးနှင့် ညွှန်ချုပ်တို့နှင့်အတူ မသမာမှုများ လုပ်ဆောင်သည်ဟု သတ်မှတ်ခံရသော စက်သုံးဆီကုမ္ပဏီနှင့် လုပ်ငန်းရှင်ကြီးများကို ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည်ပေးသွင်းရန် စစ်တပ်က အမိန့်ပေးညွှန်ကြားလာကြောင်း သိရှိရသည်။

    ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည် ပေးသွင်းရမည့် ဆီကုမ္ပဏီကြီးများတွင် ခရိုနီဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက စစ်တပ်ထံသို့ ငွေကျပ် ဘီလီယံ ၁၈၀ ၀န်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ကျပ် ဘီလီယံ ၄၀ ၊ ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ကျပ် ၄၀ ၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၇၀ ၊ ခရိုနီ အောင်ကိုဝင်းနှင့် ဆက်နွယ်နေသော Brighter ကုမ္ပဏီက ငွေကျပ် ၁၂ ဘီလီယံ၊ Regency ကုမ္ပဏီက ကျပ် ၂၀ ဘီလီယံ၊ Apex ကုမ္ပဏီက ငွေကျပ် ၁၅ လီလီယံ၊ Myanoil ကုမ္ပဏီက ငွေကျပ် ၁၅ ဘီလီယံ အသီးသီး ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

    Max ဆီကုမ္ပဏီပိုင်ရှင် ဇော်ဇော်

    “ငွေသွင်းရမယ့် နောက်ဆုံးရက်မတိုင်မီ စက်သုံးဆီပိုင်ရှင်တွေ ပြည်ပခရီးထွက်ခွင့်မပြုဘူး။ ထွက်ခွင့်မပြုဘူးဆိုတာထက် စစ်တပ်ကို တင်ပြပြီးတော့ စစ်တပ်က ခွင့်ပြုမှ ပြည်ပခရီးသွားခွင့်ရှိတာပေါ့။ ခွင့်ပြုချက် ယူခိုင်းတာ” ဟု စက်သုံးဆီအသင်းမှ သတင်းရင်းမြစ်က ပြောဆိုသည်။

    Brighter ဆီကုမ္ပဏီပိုင်ရှင် KBZ အောင်ကိုဝင်း

    စက်သုံးဆီတင်သွင်းမှုနှင့် ခွဲတမ်းချထားမှုတွင် မသမာမှု လုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်မှာ ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းစစ်အရာရှိတစ်ဦးလည်းဖြစ်သည်။