Category: News

  • တောင်ငူရှိ စစ်တပ်လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

    တောင်ငူရှိ စစ်တပ်လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူက ကေတုမတီလေဆိပ်ကို ဒရုန်းတွေနဲ့ဗုံးကြဲခဲ့ပြီး ထိန်းသိမ်းရေးမျှော်စင်နဲ့ ဒရုန်းကာကွယ်ရေးတိုင်တို့ မီးလောင်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ Operation Thumderbolt အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေဆိပ်ထဲကို အဆင့်မြင့် FPV ဒရုန်း ၄ စီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ဝရဇိန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “လေကြောင်းကာကွယ်ရေးအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး လေတပ်ဝင်းထဲကို Anti Jamming FPV Drone တွေနဲ့ ဝင်တိုက်တာပါ။ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer တာဝါတိုင်တွေကို အတိအကျ တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

    ဒရုန်း ၄ စီးမှာ ၂ စီးက ထိန်းသိမ်းရေးမျှော်စင်(လေယာဉ်အတက်အဆင်းထိန်းချုပ်တဲ့နေရာ)နဲ့ Jammer ထားတဲ့နေရာတွေကိုထိပြီး Jammer စက်တွေ ဆက်တိုက်မီးလောင်ကျွမ်းကာ ကျန်တဲ့ ၂ စီးကတော့ မြူနှင်းတွေထူထပ်နေတာကြောင့် ပစ်မှတ်လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့ကဦးဆောင်ပြီး မဟာမိတ်အနေနဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းပါဝင်ကာ နည်းပညာတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုလို့ ပြောပါတယ်။

  • စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်

    စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်

    ဖာပွန်ခရိုင်သို့ စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်မှု ခေတ္တဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် အရာရှိနှင့်စစ်သည် ၁၅ ဦးသေဆုံး

    တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည် ၁၀၀ နီးပါး အစစ်ခံနေရ

    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘော်စဲခို စခန်းသို့ စစ်ကူလာချသည့် ရဟတ် ယာဉ်ကို KNLA ပူး ပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် ၁၅ ဦးသေဆုံးသွားကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    နိုဝင်ဘာလ ၂၁ ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စစ်ဆင်ရေးများ ကြီးကြပ်ကွပ်ကဲမည့် ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် စစ်ကူများကို Mi-17 ရဟတ်ယာဉ်ဖြင့် လာရောက်ချထားစဉ် KNLA နှင့် PDF ပူးပေါင်းတပ်များ သတင်းအရ တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် အခြားရဟတ်ယာဉ် ၁ စီးဖြင့် ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး၏ အလောင်း အပါအဝင် အရာရှိများ၏ အလောင်းများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြန်လည် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။

    “ရဟတ်ယာဉ်နဲ့လာချတာက နေ့လယ်ပိုင်းလောက်မှာ လာချပေးတာ။ အဲဒါကို သတင်းပေါက်ကြားပြီး တစ်ဖက်အဖွဲ့အစည်းကနေ လက် နက်ကြီး၊ လက်နက်ငယ်၊ ၆၀ မမ တွေရော ဒရုန်းဗုံးတွေနဲ့ပါတိုက်ခိုက်တာ။ ရဟတ်ယာဉ်ပေါ်ပါ ဒုဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် အရာရှိ စစ်သည် ၁၅ ဦး ကျဆုံးပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    CDM ဗိုလ်ကြီးဇင်ယော်ကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ A1 ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုးနှင့်အဖွဲ့ ရဟတ်ယာဉ်ပေါ်မှ ချအပြီး တိုက်ခိုက်ခံရမှု ကြောင့် စစ်အရာရှိကြီး၊ အရာရှိငယ်နှင့်စစ်သည် စုစုပေါင်း ၁၅ ဦးသေဆုံးကြောင်း အတည်ပြုပြောဆိုသည်။

    “စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း အဓိက ကျောက်ကြီးနယ်မြေထဲကို အဓိက ရွေးကောက်ပွဲလုပ်ချင်တော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးက A1 တွေ Q1 တွေပါ အလှည့်ကျ စစ်ဆင်ရေးထွက်ရတဲ့ အချိန်မှာ A1 အောင်မြတ်မိုးတို့အဖွဲ့က စစ်ကူလိုက်သွားရတာ ။ ပို့တာလည်း ရဟတ်ယာဉ်နဲ့ ပို့တာ သေချာတယ်။ အဲဒီမှာ တိုက်ခိုက်ခံရပြီးတော့ ၂ အပေါင်း ၁၃ On the spot အားလုံးပေါင်း ၁၅ ယောက်ကျတယ်။ ဆေးမှူးတစ်ယောက်လည်း ကျတယ်။ တိုင်းရုံး စုပေါင်းစပ်ပေါင်းအဖွဲ့တွေလို့ သိရတယ်။ KNU ဘက်ကလည်း သတင်းအတိအကျရပြီးတော့‌ စောင့်ကြိုတိုက်ခိုက်တဲ့ အနေအထား။ ရှော့တိုက်ဒုံးနဲ့ ပစ်တယ်လို့တော့ တော်တော်များများတော့ ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ရှော့တိုက်ဒုံးနဲ့ ပစ်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့ မြင်ရတယ်။ အဲဒီဘက်မှာ အသုံးများတာက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အနေအထားမျိုး” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုးနှင့်အဖွဲ့ စစ်ကူအဖြစ် ရဟတ်ယာဉ်ဖြင့် သွားရောက်ပို့ဆောင်သည့်သတင်း ပေါက်ကြား၍ တိုက်ခိုက်ခံရပြီး ကျဆုံးသွားသော ဖြစ်စဉ်အပေါ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စုံခုံဖွဲ့၍ စစ်ဆေးလျက်ရှိပြီး တိုင်းရုံးမှ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင် အနည်းဆုံး ၁၀၀ နီးပါး၏ ဖုန်းများကို စစ်တပ်က စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    “သတင်းပေါက်ကြားလို့ တိုက်ခိုက်ခံရတာတော့ ပေါ်ပေါက်တယ်။ ဘယ်က သတင်းပေါက်လဲဆိုတာကို လိုက်နေကြတယ်။ အခုသိရသလောက် တိုင်းရုံးက အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင် ၁၀၀ လောက်ရဲ့ ဖုန်းတွေကို စရဖက ယူပြီး စစ်နေတယ်။ ဖမ်းဆီးတာမျိုးမဟုတ်ဘူး။ ဖုန်းတွေကို သိမ်းပြီး စစ်နေတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

  • ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ

    ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ

    ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ

    စစ်ကိုင်းတိုင်း၊ ပဲယင်းနယ်အရှေ့ခြမ်းက မရကန်ကျေးရွာကို ဒီဇင်ဘာလ ၅ ရက်နေ့ ည‌ ၈ နာရီခန့်မှာ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ငါးနှစ်အောက်ကလေးငယ်အပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ ဒီပဲယင်းနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ဒီပဲယင်းနယ် မရကန်ကျေးရွာကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၁၈ ဦးထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြားရှိနေပြီး ဆေးဝါးကုသမှုတွေ ဆက်လုပ်နေသလို စိုးရိမ်ရတဲ့ လူနာတွေကိုစောင့်ကြည့်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒဏ်ရာရလူနာတွေအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ လေးယောက်ထက်မနည်း ရှိတယ်။ သူတို့ကိုတော့ ပထမဦးစားပေးအနေနဲ့ စောင့်ကြည့်နေကြပါတယ်။ သေဆုံးသူတွေကိုတော့ ဒီနေ့အကုန်လုံး သဂြိုဟ်သွားမှာပါ။ အများစုက အိမ်ထောင်ဦးစီးတွေ ပါကြတာဗျ။ ဘောလုံးပွဲဆိုတော့လေ ညနေပိုင်းအားတဲ့ အချိန်လေးကို ဆုံပြီး သာရေးနာရေး ပြောကြာတာပေါ့ဗျာ။ ရွာဆိုတဲ့ ထုံးစံအတိုင်းပေါ့”

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေအပြင် မရကန်ကျေးရွာက လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေအပါအဝင် အဆောက်အဦး ဆယ်လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။

    ဒီဇင်ဘာလ ၅ ရက်ညနေပိုင်းမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးပွဲကို ဒေသခံတွေစုပေါင်း ကြည့်ရှုနေကြတဲ့ လက်ဖက်ရည်ဆိုင်နဲ့ ကိုက်နှစ်ရာကြားမှာ ဗုံးကျရောက်ပေါက်ကွဲ ခဲ့တာ​ကြောင့် အစုလိုက်အပြုံလိုက် သေဆုံးကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။

    စစ်အုပ်စုက လေကြောင်းကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်သတ်ဖြတ်‌တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ဖို့နဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

    အကြမ်းဖက် မင်းအောင်လှိုင် သစ္စာခံစစ်အုပ်စုဟာ ဒီပဲယင်းနယ်အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

  • ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်

    ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်

    ဒီပဲယင်းမှာ ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်လို့ ပြည်သူ ၁၃ ဦး သေဆုံး

    စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဒီပဲယင်းနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲနေ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာ ၅ ရက်ည ၈ နာရီမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၁၃ ဦး ရှိကာ ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို မိတ္ထီလာမြို့ကနေ တက်လာတဲ့ MIG-29 အမျိုးအစား တိုက်လေယာဉ်နဲ့ စစ်အုပ်စုက နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။

    “လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့ ခက်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဗုံးထိမှန်လို့ လက်ဖက်ရည်ဆိုင် မီးလောင်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ မရေတွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

    ဒီကနေ့ ညနေပိုင်း ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးပွဲရှိလို့ ဒေသခံတွေ လက်ဖက်ရည်ဆိုင်မှာ လာရောက်ကြည့်ရှု့ကြကာ လူစုသလို ဖြစ်နေချိန် စစ်အုပ်စုက လာရောက် ဗုံးကြဲ သတ်ဖြတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

    “မရကန်ကျေးရွာအား အကြမ်းဖက် စစ်အုပ်စုမှ လူမဆန်စွာ အကြောင်းမဲ့ လေ‌ကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့။ …။ အကြမ်းဖက်စစ်အုပ်စုမှ ယနေ့ တစ်ရက်ထဲမှာပဲ ဒီပဲယင်းမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများ နေထိုင်သော ကျေးရွာများအား (Genocide)ဆန်စွာ ဆက်တိုက်လေကြောင်းမှ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကလည်း ဖော်ပြပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းနယ် ကျေးရွာတွေကို တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

    မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နေရာများအား တံတားဦးနှင့် မိတ္ထီလာ လေတပ်များမှ တက်လာသော Jet Fighter များဟာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြပါခဗျာ” လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

    ဒီပဲယင်းနယ် မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ

    ဆက်စပ်သတင်း

    မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ

  • မိုးကုတ်အနောက်ပိုင်းက စစ်တပ်စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်

    မိုးကုတ်အနောက်ပိုင်းက စစ်တပ်စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်

    စစ်အုပ်စုတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းက ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်အုပ်စုစခန်းတစ်ခုကို ဒီဇင်ဘာလ ၃ ရက်မှာ မိုးကုတ်တော်လှန်ရေး တပ်ပေါင်းစုတွေက သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    နိုဝင်ဘာ ၂၉ ရက်ညပိုင်းမှာ ထောင်နဲ့ချီတဲ့ စစ်အုပ်စုတပ်တွေဟာ မိုးကုတ်မြို့ထဲ ဝင်ရောက်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေ မြို့အစွန်ဘက်မှာ ဆက်လက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

    “မိုးကုတ်မြို့ အနောက်ပိုင်းဘက်က ဘောလုံးကြီး၊ ဘောလုံးလေးဖက်က စစ်စခန်းကုန်းတစ်ခုကို တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပါပြီ။ စခန်းသိမ်းတာတော့ ရဲဘော်သုံးယောက်ဒဏ်ရာရပါတယ်။ မစိုးရိမ်ရဘူး“ လို့ မိုးကုတ်မြို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတစ်လုံး ဘော်လုံးလေးရွာဘက်ကို ကျရောက်ပေါက်ကွဲတာခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုူသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့ပြီး ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူကဆိုပါတယ်။

    လက်ရှိမှာ မန္တလေး–မိုးကုတ်လမ်းမပေါ်မှာရှိတဲ့ ကျောက်ဖားကနေ သစ်ဆိမ့်ကုန်းရွာအထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး သစ်ဆိမ့်ကုန်းရွာမှာ စစ်အုပ်စုတပ်က အထိုင်စခန်းချကာတပ်စွဲထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ စစ်အုပ်စုတပ်က မိုးကုတ်ဗျူဟာတပ်ဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးတပ်တွေ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို စစ်အုပ်စုတပ်က ပြန်လည် ထိန်းချုပ်ထားတာကြောင့် ပြည်သူအများစုဟာ တိုက်ပွဲလွတ်ကင်းရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်အုပ်စုတွေဟာ မိုးကုတ်မြို့ထဲကိုဝင်ရောက်ပြီးနောက် ဆေးရုံ၊ ကျောင်းကြီး၊ ဗိုလ်ပိန်းခြံတို့မှာ တင့်ကားနှစ်စီး တပ်စွဲထားသလို ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ တပ်ဆင်နေပြီး ဒေါ်နန်းကြည်တောင်၊ရဲစခန်းနဲ့ မြို့ဦးလွင်တို့မှာလည်း အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    တရုတ်နိုင်ငံရဲ့ အကျပ်ကိုင်ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်က စစ်အုပ်စုနဲ့ TNLA တပ်တို့ဟာ ကူမင်းမြို့နယ်မှာ အပစ်ရပ်သဘောတူညီချက်နဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့အနောက်ပိုင်းက ပင့်ကူတောင်မှာ စစ်အုပ်စုတပ် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကို ဒီဇင်ဘာလ ၄ ရက်မနက်ပိုင်းက မြင်တွေ့ရပုံ။