Category: News

  • ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး

    ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး

    “ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး”

    တ-ဏှာရူးကောင်ရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်ကြီးကို တခါမှမကြုံဖူးတော့ အားလုံးသိအောင် shareပေးတာပါ။

    မန္တလေးမြို့ကြီးက အရမ်းကြောက်ဖို့ကောင်းနေပါပြီ။ သမီးပျို မိန်းကလေးတွေရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ၊ မနေ့ညက ကျမတို့ဆိုင် ဂိုထောင်မှာ သူခိုးဝင်သွားပါတယ်။

    တံခါးတွေ အဆင့်ဆင့်ပိတ်ထားတာကို အတွင်းထဲထိဝင်ခိုးတာပါ။ အခန်းထဲအိပ် တဲ့ဝန်ထမ်းကလေးတွေရဲ့ဖုန်းတွေကမပါသွားပေမယ့် အပြင်မှာအိပ်တဲ့ ကလေးတွေရဲ့ ဖုန်းလေးလုံးကို ဝင်ပြီး ခိုးသွားပါတယ်။

    ခိုးပြီးတော့ ပြန်မသွားဘဲ အဲ့ကောင်က ကလေးတွေအိပ်နေတာကိုကြည့်ပြီး သူဝှေးစေ့ကို ကိုင်ပြီးမဖွယ်မရာတွေလုပ်နေတာ ကြောက်စရာကြီး လက်ထဲမှာလည်း ဓါးကပါသေးတယ်။

    သူခိုးတွေတအားကိုသောင်းကျန်းနေပြီ။ မိန်းကလေးရှိတဲ့အိမ်တွေအထူ ဂရုစိုက်ကြပါနော်။

    ချိတ်မလိုင်ပေါက်စီ-မန္တလေးပင်ရင်း

    မန္တလေးက ဆိုင်တစ်ဆိုင်မှာ ငနာတစ်ကောင်
    ဖုန်းဝင်ခိုးသွားတဲ့ CCTV Video ဖိုင်ကြည့်လိုက်ရတယ် ၊

    အမျိုးသမီးလေးဦး အခန်းထဲ အိပ်နေကြတယ်၊
    လက်ထဲမှာ ဓါးကို အသင့်ဆောင်ပြီး သူခိုးက ဝင်လာ၊ ခေါင်းရင်းက ဖုန်းတွေခိုးတယ်၊

    ခိုးပြီး ပြန်မထွက်သေးဘဲ အပေါက်ဝကနေ ဒီအမျိုးသမီးတွေအိပ်နေတာကိုကြည့်ပြီး Masturbation (တစ်ကိုယ်ရည်အာသာဖြေ) လုပ်သွားတယ်။

    ( တစ်ယောက်ထဲလာပြီး လက်ထဲမှာဓါး၊ စိတဇ္ဇ ဆန်ဆန်အာသာဖြေနေတဲ့ပုံစံ) ဒီမြင်ကွင်းက တော်တော်တုန်လှုပ်ခြောက်ခြားစရာကို ပုံရိပ်ကိုပြနေတယ်။

    – တကယ်လို့များ ဒီနေရာမယ် အမျိုးသမီးတစ်ဦးထဲသာ ဆိုရင် ( မုဒိန်းမှု ၊ လူသ-တ်မှုတွေထိ ဆိုးကျိုးဖြစ်သွားစေနိုင်တာမျိုး)

    – အတင့်ရဲလာတဲ့ မတရားမှုတွေ
    -တားဆီးမယ့်သူမရှိတဲ့ လွတ်မြောက်နေဆဲ လုပ်ခွင့်ရှိနေသလိုဖြစ်နေတဲ့ အလွယ်တကူ ပြစ်မှုတွေ၊

    ဒီကောင်က ဆေးသုံးထားသလား မထားသလားမသိနိုင်တဲ့အခြေနေ

    – မတရားမှုတွေနောက်က ဆက် လိုက်လာတဲ့ ဆေးမှုတွေ ၊ မူးယစ်ဆေးသုံးတာတွေရဲ့နောက်က ကပ်လျှက် မတရားမှုတွေ ။

    ဒါဟာ မှတ်တမ်းရှိနေလို့သာပါ ၊
    ဝန်းထမ်းတွေရှိတဲ့ ဆိုင် ကိုမှ မြို့ထဲနော် ။

    မမြင်လိုက်မတွေ့လိုက်ရဘဲ မသိလိုက်တဲ့ ဒီလို အမှုပေါင်းများစွာရဲ့အောက်က မလုံခြုံမှုတွေဘယ်လောက်များနေပြီလဲ။

    ဒီတရားခံလွတ်နေသေးရင် ဘယ်လောက်တောင် နောက်ဆက်တွဲ ပြစ်မှုတွေရှိနေနိုင်လဲ။

    ဒီလို လုယက် ၊ ခိုးဆိုး၊ သ-တ်ဖြတ်မှုတွေရဲ့နောက်က အကြောက်တရားနဲ့ ရှင်သန်နေရဆဲ ပြည်သူပေါင်းများစွာ ။
    မန္တလေးမှ မဟုတ်ဘူး မြို့တော်တော်များများမှာ ညအမှောင်ထုကို လူတွေ မဖြတ်သန်းရဲကြတာ ကြာပီ၊

    တွေးကြည့်ရင် ဒီနိုင်ငံဟာ တကယ်ကို အဖက်
    ဆယ်မရလောက်အောင် ဆုတ်ယုတ်နေလှပါပြီ။

    —-

  • ကနီ ပအဖ တာဝန်ခံ အပါအဝင် ၁၃ ဦးကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်း

    ကနီ ပအဖ တာဝန်ခံ အပါအဝင် ၁၃ ဦးကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်း

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပအဖတာဝန်ခံအပါအဝင် ၁၃ ယောက်ကို ထိန်းသိမ်းပြီးနောက် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် သိမ်းယူပြီး MOD နဲ့ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေပါတယ်။

    သူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရးဝန်ကြီးဌာန MOD၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့က ဩဂုတ် ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

    ငွေကြေးအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု အပါအဝင် တခြားစွပ်စွဲခံရတဲ့ အမှုအများအပြား ရှိနေတဲ့အတွက် သူတို့ကို NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဒေသခံ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

    ကနီ ပအဖ ခေါင်းဆောင်နဲ့အတူ ထိန်းသိမ်းခံရသူတွေဟာ နာမည်ပျက်တွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာကြောင့် ၂၀၂၄ ဒီဇင်ဘာလကတည်းက NUG က အချက်အလက် ခိုင်လုံအောင်စုံစမ်းခဲ့ပြီး ၉ လနီးပါးအကြာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

    ကနီဒေသခံ PDF ရဲဘော်တယောက်က “၂၄ ရက်နေ့ ည ၁၀ နာရီမှာ ဖမ်းဆီးလိုက်တာပါ။ ၁၃ ယောက်ပါ။ စစ်ဆေးမယ့်တာဝန်ကတော့ MOD အနေနဲ့ သက်ဆိုင်ရာတွေက စစ်ဆေးပါလိမ့်မယ်။ ကျူးလွန်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုတော့ အကုန်သိမ်းဆည်းပါလိမ့်မယ်။ အချက်အလက် ရရှိသမျှတွေကတော့ သိမ်းဆည်းထားပါတယ်။ သူတို့မှာ တခြားပြောပြလို့မရတဲ့ စစ်ဆေးမှုတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ စစ်ဆေးရာမှာ ဆက်လက် လုပ်ဆောင်နေတာတွေ ကျန်ပါသေးတယ်။ အစိုးရတရပ်အနေနဲ့ ကိုယ်ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိလာတာတော့ NUG ရဲ့ ပုံရိပ်ကောင်းလာနိုင်သလို ဒီလုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူတွေကတော့ အားရနှစ်သက်မှုတွေတော့ မြေပြင်မှာ တွေ့ရတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့လည်း ၂၀၂၄၊ ၁၂ လပိုင်းကနေ ရေကြောင်းအခွန်ကစ စိစစ်ပြီးတော့ ကျူးလွန်မှု အချက်အလက်တွေကို ရှာဖွေပြီးမှ NUG ကို တင်ပြပြီးမှ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက်နိုင်ဖို့တွေကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ချက်ချပြီးမှ အကောင်အထည်ဖော်ခဲ့တာပါ။ တခြားမြို့နယ်တွေလည်း နမူနာအဖြစ် လုပ်ဆောင်ကြမယ်လို့လည်း ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့ ကနီ ပအဖခေါင်းဆောင်နဲ့အတူ ထိန်းသိမ်းခံရသူတွေဟာ ငွေကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ၂၀၂၄ နိုဝင်ဘာ ၄ ရက်နေ့က NUG ကနီပညာရေးတာဝန်ခံ၊ ဇနီးနဲ့ လသားအရွယ်ကလေးငယ်တို့ နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ လက်ရှိအချိန်အထိ လက်သည်မပေါ်ခဲ့ဘဲ ကနီနယ်ထဲမှာ အချင်းချင်း ဖမ်းဆီးတာတွေ၊ အနိုင်အထက်ပြုတာတွေရှိခဲ့တာပါ။

    ကနီဒေသခံတယောက်က “ငွေသိန်းပေါင်း တသောင်းကျော်လောက် ကွာဟတယ် ဆိုပြီးတော့ ၆(မ) ဂိတ်မှာဆိုပြီးတော့ ကြားလိုက်သေးတယ်လေ။ နောက်ဆက်တွဲလည်း သူတို့ တဆင့်စကား တဆင့်နားနဲ့ ကြားရတာကတော့ ပသုံးလုံးနေရာ ခေါင်းဆောင်ပိုင်း နေရာယူထားတဲ့ ကောင်တွေက မိန်းမကိစ္စ အရှုပ်အရှင်းတွေ၊ လူမှုရေးအရှုပ်အရှင်းတွေ၊ ပြီးလို့ရှိရင် ငွေရေးကြေးရေးပိုင်းတွေ သူတို့စိတ်တိုင်းကျ အဲဒီလိုမျိုးသွားနေတယ်လို့ ကြားသိရတဲ့အပိုင်းတွေတော့ ရှိတယ်။ ပြစ်မှုကြီး ထင်ရှားနေပါလျက်နဲ့ ပြင်းပြင်းထန်ထန်မှ အရေးမယူဘူး ဆိုရင်တော့ ကျနော်တို့ ဒေသခံတွေအနေနဲ့က လက်ခံပေးနိုင်မှာ မဟုတ်ဘူးဗျ။ ဒေသခံတွေ ဖြစ်စေချင်တဲ့ အနေအထားကတော့ အရေးကိုယူမှကို လက်ခံပေးနိုင်မယ့် အနေအထားမျိုးဗျ။ ဒါ ပြည်သူပိုင်ငွေကြေး၊ နောက် တော်လှန်ရေးအတွက် ပြည်သူက လှူဒါန်းထားတဲ့ ငွေကြေး၊ လမ်းမှာ ဂိတ်ထောင်တောင်းထားပြီးမှ ရတဲ့ငွေကြေးတွေကို ဒီကောင်တွေက အလွဲသုံးစားလုပ်တာ။ ဒါ ဒလန်ထက်ဆိုးတဲ့ကိစ္စပဲဗျ” လို့ ပြောပါတယ်။

    NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG အနေနဲ့ ဒီနှစ်မကုန်ခင်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ရှိတယ်လို့ ဩဂုတ်လ တတိယအပတ်မှာ ပြောဆိုခဲ့ပြီးနောက် အခုလို မြေပြင်က ပြဿနာတွေအပေါ် မြင်သာတဲ့ အရေးယူ ဆောင်ရွက်မှုရှိ လာတာပါ။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၄ တပ်ရင်းမှူးကိုလည်း သြဂုတ် ၂၆ ရက်နေ့မှာ MOD စစ်ရေးချုပ်ရုံးအဖွဲ့နဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗားရ်တံတားမှာ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီရမိခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး အထက်ကညွှန်ကြားချက်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ဗဟိုစစ်ရေးချုပ်နဲ့အတူ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးတို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

  • လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော် ဖမ်းဆီးခံရ

    လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော် ဖမ်းဆီးခံရ

    လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော်ကို ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းမပေါ်က WYNDHAM GRAND Yangon ဟိုတယ်ကနေ သြဂုတ် ၃၀ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    အဆိုပါ ဟိုတယ်မှာ တည်းခိုတဲ့ မဖြိုးအိအိဇော်အနေနဲ့ လူမှုကွန်ရက်မှာ လူပြောများလာပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “သူ လုပ်တဲ့အလုပ်ကို လူတွေက အပြစ်မပြောဘူး။ ဒါပေမဲ့ အရမ်းကြွားပြီး လိုင်းပေါ်ကနေ ဒီဟိုတယ်မှာ နှစ်ချုပ်နဲ့ ငှားနေတာ တညကို သိန်းဘယ်နှရာရတာ၊ ကြိုက်တဲ့သူ ဖမ်းလို့ရတယ်၊ အဲဒီလိုမျိုးပြောလို့ အမြင်ကတ်ပြီးတိုင်ခံရတာ။”

    မဖြိုးအိအိဇော်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ နေထိုင်သူတယောက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ WYNDHAM GRAND Yangon မှာ တည်းခိုနေထိုင်ခဲ့သူဖြစ်ပြီး စစ်တပ်က ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    “ဖမ်းတာတော့မှန်တယ်။ မြို့နယ်က ဖမ်းတာမဟုတ်ဘူး။ စစ်တပ်က ဖမ်းတာဖြစ်မယ်။ စစ်ဆေးနေတာ ထင်တယ်။ ဓာတ်ပုံတွေ ထွက်လာပြီဆိုတော့ မကြာခင် ထုတ်ပြန်ချက် ထွက်လာမှာ။ သူက ရန်ကုန်ဇာတိ မဟုတ်ဘူး။ ငပလီက စစ်ရှောင်လာတာ။”

    စစ်တပ် အာဏာသိမ်းပြီးနောက် နေထိုင်မှုစရိတ်၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေးစရိတ်တို့ ကြီးမားလာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုတွေကြောင့် အမျိုးသမီးတချို့ဟာ ငွေအလွယ်ရတဲ့ Date Grils အလုပ်တွေကို လုပ်ကိုင်လာကြပါတယ်။

  • ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်

    ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်

    ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ပျူစောထီး ခေါင်းဆောင် သင်္ဃန်းဝတ် ဝါယမ သည် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နေပြည်တော်သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။

    “ကျနော်တို့ အညာမြေတပ်ပေါင်းစုရဲ့ drone team ဖွဲ့စည်းပြီးနောက် ပထမဆုံး ပွဲဦးထွက် မစ်‌ရှစ်လုပ်ဆောင်တာပေါ့။ အဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာမှာက ပျူစောထီး ကတုံး ဝါယမနဲ့ ပျူခွေး ၊ စစ်ခွေးတွေ စုစုပေါင်း ၁၀၀ လောက် တပ်စွဲထားတယ်။ ကျနော်တို့ ကျဲချတဲ့ ဗုံးတွေက ဝါယမရဲ့ ကျောင်းပေါ်ကို ၄ လုံးကျတယ်။ အခြားဗုံးတွေက ညောင်ဂျစ်ပင်ပျူစောထီးရွာမှာရှိတဲ့ ဘန်ကာတွေ စစ်ခွေးတန်းလျားတွေပေါ်ကျရောက် ပေါက်ကွဲတယ်။ စစ်ခွေး ၁ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာများတယ်။ အသေးစိတ် အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ ပျူစောထီး ခေါင်းဆောင် ဝါယမ ကတုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆက်လက် မနေထိုင်ရဲတော့ဘဲ နေပြည်တော်ကို ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု drone team အဖွဲ့နှင့်အတူ အလင်းတန်းပြောက်ကြားတပ်ဖွဲ့၊ PI pdf အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • မြစ်ကြီးနားမှာ သူခိုးက ဓားနဲ့ခုတ်သွား

    မြစ်ကြီးနားမှာ သူခိုးက ဓားနဲ့ခုတ်သွား

    အသတ်ခံထားရသောရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ပို့ပေးခြင်းကုသိုလ်.

    ယနေ့ 31.8.2025 ရက်တွင် ဧရာ၀တီကရုဏာ(အခမဲ့)

    လူမှုကူညီရေးအသင်းမှ မနက်(7:15)အချိန် ရွှေညောင်ပင်ရပ်ကွက်တွင် အသတ်ခံထားရသောအလောင်းအား လာသယ်ပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့သောကြောင့် သွားရောက် ကူညီပေးခဲ့ပါတယ်ဗျာ.

    Tun Tun