လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော်ကို ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းမပေါ်က WYNDHAM GRAND Yangon ဟိုတယ်ကနေ သြဂုတ် ၃၀ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ ဟိုတယ်မှာ တည်းခိုတဲ့ မဖြိုးအိအိဇော်အနေနဲ့ လူမှုကွန်ရက်မှာ လူပြောများလာပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“သူ လုပ်တဲ့အလုပ်ကို လူတွေက အပြစ်မပြောဘူး။ ဒါပေမဲ့ အရမ်းကြွားပြီး လိုင်းပေါ်ကနေ ဒီဟိုတယ်မှာ နှစ်ချုပ်နဲ့ ငှားနေတာ တညကို သိန်းဘယ်နှရာရတာ၊ ကြိုက်တဲ့သူ ဖမ်းလို့ရတယ်၊ အဲဒီလိုမျိုးပြောလို့ အမြင်ကတ်ပြီးတိုင်ခံရတာ။”

မဖြိုးအိအိဇော်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ နေထိုင်သူတယောက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ WYNDHAM GRAND Yangon မှာ တည်းခိုနေထိုင်ခဲ့သူဖြစ်ပြီး စစ်တပ်က ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

“ဖမ်းတာတော့မှန်တယ်။ မြို့နယ်က ဖမ်းတာမဟုတ်ဘူး။ စစ်တပ်က ဖမ်းတာဖြစ်မယ်။ စစ်ဆေးနေတာ ထင်တယ်။ ဓာတ်ပုံတွေ ထွက်လာပြီဆိုတော့ မကြာခင် ထုတ်ပြန်ချက် ထွက်လာမှာ။ သူက ရန်ကုန်ဇာတိ မဟုတ်ဘူး။ ငပလီက စစ်ရှောင်လာတာ။”

စစ်တပ် အာဏာသိမ်းပြီးနောက် နေထိုင်မှုစရိတ်၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေးစရိတ်တို့ ကြီးမားလာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုတွေကြောင့် အမျိုးသမီးတချို့ဟာ ငွေအလွယ်ရတဲ့ Date Grils အလုပ်တွေကို လုပ်ကိုင်လာကြပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *