Category: News

  • မိုးကုတ်၊ မိုးမိတ်အရေး TNLA ဗိုလ်ချုပ် တောင်းပန်

    မိုးကုတ်၊ မိုးမိတ်အရေး TNLA ဗိုလ်ချုပ် တောင်းပန်

    မိုးကုတ်နှင့် မိုးမိတ်မြို့အား အာဏာသိမ်းစစ်တပ်ထံ ပြန်ပေးခဲ့ရသည့်အတွက် ပေးဆပ်နစ်နာခဲ့သူများအပေါ် တောင်းပန်ချင် ကြောင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ၎င်း၏ Mai Tea Land Facebook စာမျက်နှာမှတဆင့် ယမန်နေ့ညပိုင်းတွင် ရေးသားခဲ့သည်။

    မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရသည့်အပေါ် နိုင်ငံရေးဖျာခင်းသူများနှင့် ဘာမှန်းမသိ ဆဲချင်သူများအား ရှင်းချင်ကြောင်း အစချီထားသည့် ၎င်း၏ရေးသားချက်တွင် ထည့်သွင်းတောင်းပန်ခဲ့ခြင်း ဖြစ်သည်။

    TNLA ၏ နိုင်ငံရေးရည်မှန်းချက်တွင် မိုးကုတ်မြို့အား တအာင်းလူမျိုးလက်ထဲ ပြန်လည်ရောက်ရှိရေးပါဝင်ပြီး ကံမကုန်သေး ပါက ကြိုးစားသူအတွက် ရလဒ်ရှိစမြဲဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ဆိုသည်။

    ၎င်းက “အခုတော့ လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်” ဟု ပြောသည်။

    နွေဦးတော်လှန်ရေး ၃/၄ နှစ်တာကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်ခဲ့သည့်အပြင် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့ကြောင်းလည်း “ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်၊ ပွဲကမပြီးသေးပါဘူး။ ဒါပေမယ့် အဆဲတွေက စုံလွန်းလှပါတယ်” ဟု ဆိုထားသည်။

    ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့် ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မိုးကုတ်နှင့် မိုးမိတ်မြို့အား စစ်တပ်ထံပြန်ပေးရန် သဘောတူကြောင်း TNLA က အောက်တိုဘာ ၂၉ ရက်တွင် ကြေညာခဲ့ပြီး နိုဝင်ဘာလ ကုန်ပိုင်း၌ စစ်ကော်မရှင်တပ်ကို မိုးကုတ်နှင့်မိုးမိတ်မြို့ထံ TNLA မှ လုံခြုံရေးပေးကာ ပြန်လည်ခေါ်သွင်းလာခဲ့သည်။

    လက်ရှိတွင် TNLA ခေါ်သွင်းလာသည့် စစ်ကော်မရှင်တပ်က မြို့ပတ်ဝန်းကျင် PDF များရှိရာနေရာများသို့ စစ်ကြောင်း လှုပ်ရှားလာသောကြောင့် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာလျက်ရှိသည်။

    မိုးကုတ်-မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးလိုက်ရမှုကြောင့် နစ်နာသူများကို တောင်းပန်သော်လည်း ဆဲလိုသူများကို နားနားပြီးဆဲကြရန် နှင့် မိုးကုတ်ကို ပြန်လည်သိမ်းယူမှု မြင်တွေ့လိုဟု TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်ပြော

    ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသော မိုးကုတ်-မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးလိုက်ရမှုကြောင့် နစ်နာသူများကို တောင်းပန်သော်လည်း ဆဲလိုသူများကို နားနားပြီးဆဲကြရန် နှင့် မိုးကုတ်ကို ပြန်လည်သိမ်းယူမှု မြင်တွေ့လိုကြောင်း တအာင်း TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

    အောက်တိုဘာလ ၂၉ ရက်နေ့ တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် TNLA နှင့် စစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲခဲ့ပြီး မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို စစ်တပ်ထံသို့ ပြန်လည်လွှဲပြောင်းပေးရန် သဘောတူညီခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မိုးကုတ်မြို့အတွင်းသို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်လာခဲ့ကြောင်း ၊ မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို ပြန်လည်ပေးအပ်လိုက်ရမှုအတွက် နစ်နာသူများကို တောင်းပန်ကြောင်း၊ သို့ရာတွင် မိုးကုတ်မြို့မှာ တအာင်းပြည်နယ်အတွင်း ပြန်ပါရေး ကြိုးပမ်းမည်ဖြစ်ပြီး မိုးကုတ်မြို့မှာ နှစ်ပေါင်း ထောင်ချီကတည်းက တအာင်းလူမျိုးတို့ တည်လာသည့် မြို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်။ တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်။ ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။ အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။” ဟု TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်က ဆိုသည်။

    မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို စစ်တပ်ထံသို့ ပြန်လည်ပေးအပ်သည့်အတွက် သစ္စာဖောက်ဟု ပြောနေသူများကို သေချာပြန်လည်သုံးသပ်စေချင်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် ၁၀ နှစ်ကျော် တည်ဆောက်ခဲ့သည့် အရင်းအမြစ်များနှင့် အကောင်းဆုံးပံ့ပိုးပေးခဲ့ကြောင်း၊ လက်သုံးချောင်းထောင်သူများကို လစဉ် ဆန်ထောင်ကြီးပိုင်း ကျွေးမွေး မြှင့်တင်ပေးခဲ့ကြောင်း၊ ၃ နှစ်နှင့် ၄ နှစ်တာကာလအတွင်း အင်အား ထောင်ချီ ပေးဆပ် အရင်းပြုပေးခဲ့ကြောင်း၊ လက်နက်အကြွေး ဒေါ်လာ ဘီလီယံချီ အကြွေးတင်ခဲ့ကြောင်း၊ အာဏာရှင်နံရံကို ခေါင်းဖြင့် ဝင်တိုက်၍ ဦးခေါင်းတွင် သေမလောက် သွေးချင်းနီရဲနေကြောင်း၊ ဗမာများက D-Day ခေါ်သဖြင့် မီရာ အရှိန်ဖြင့် လိုက်ဖို့ ကြိုးပမ်းခဲ့ရကြောင်း ၎င်းက ဆိုသည်။

    “တကယ့် တကယ် ၁၀၂၇ လုပ်တော့ ဘယ်ဒီဒေးကမှ လက်တွေ့ပါမလာဘဲ နောက်ဆုံး ကိုယ်ပဲအထီးကျန် ရွာက အိမ်သူလိုည်းတွေပါ လေယာဉ်ဗုံးဒဏ်သင့်ကြရတယ်။ ရင်ဘတ်တွေတဖြန်းဖြန်းကွဲ အသဲနှလုံးတွေ နာကြင်ရပါတယ်။ ကျည်မရှိ၊ ဘတ်ဂျတ်မရှိ သေစရာ လူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်။ ပွဲကမပြီးသေးပါဘူး။ ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်။ အိုကွယ် …မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်။တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲ ပြီး တော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ” ဟု ၎င်းက လူမှုကွန်ရက်တွင် ဆက်လက်ရေးသားထားသည်။။

    တော်လှန်သူများအတွက် TNLA က အမြဲတမ်း တံခါးဖွင့်ထားမည်ဖြစ်ပြီး လိုအပ်ရင် လာရောက် နားခိုနိုင်ကြောင်း TNLA မှ ဗိုလ်ချုပ် တာဘုန်းကျော်က ရေးသားထားသည်။

    “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်က ကျောက်မဲ၊ နောင်ချို၊ သီပေါကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    ထို့ပြင် TNLA က မိုးကုတ်နှင့် မိုးမိတ်မြို့များကို စွန့်လွှတ်လိုက် ကြောင့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူမြို့များသာ TNLA လက်ထဲတွင် ကျန်ရှိတော့မည်ဖြစ်သည်။

    မိုးကုတ် ဋီကာ

    မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် နိုင်ငံရေးဖြာခင်းသူနဲ့ ဘာမှန်းမသိ ဆဲချင်သူတွေကို ရှင်းချင်ပါတယ်…

    ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်
    ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်။

    တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်… ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။

    အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။

    ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။

    သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။

    နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ် …

    လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင်လေ့ကျင့်ထားတယ်။

    ၃-၄ နှစ်ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။

    လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်။

    အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးချင်းနီရဲလို့ သေမလောက်ပါပဲ…

    ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမဲ့ မီရာအရှိန်နဲ့လို့်ဖို့ကြိုးပမ်းခဲ့တယ်

    တကယ့် တကယ် ၁၀၂၇ လုပ်တော့ ဘယ်ဒီဒေးကမှ လက်တွေ့ပါမလာပဲ နောက်ဆုံး ကိုယ်ပဲအထီးကျန်

    ရွာက အိမ်သူလိုည်းတွေပါ လေယာဉ်ဗုံးဒဏ်သင့်ကြရတယ်

    ရင်ဘတ်တွေတဖြန်းဖြန်းကွဲ အသဲနှလုံးတွေ နာကြင်ရပါတယ်။

    TNLA နှင့် PDF မဟာမိတ်များကို ၂၀၂၄ ဇူလိုင်လအတွင်း မိုးကုတ်မြို့ထဲတွင် အတူတကွမြင်ရစဉ်/ Main A Hein

    ကျည်မရှိ

    ဘတ်ဂျတ်မရှိ

    သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်

    ပွဲကမပြီးသေးပါဘူး..

    ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်

    အိုကွယ် …

    မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်…

    တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲ

    ပြီးတော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ…

    ဘုန်းကျော် (လက်ဖက်မြေ)

    ၂၀၂၅/၁၂/၀၁

  • ပိုင်တံခွန်အား မိသားစုစာရင်းထဲတောင် မထည့်တော့ကြောင်း အသိပေးလာတဲ့ မိခင်ဒေါ်ကြူကြူ

    ပိုင်တံခွန်အား မိသားစုစာရင်းထဲတောင် မထည့်တော့ကြောင်း အသိပေးလာတဲ့ မိခင်ဒေါ်ကြူကြူ

    မိဘကို မတန်သလိုဆက်ဆံလို့ ပိုင်တံခွန်အား မိသားစုစာရင်းထဲတောင် မထည့်တော့ကြောင်း အသိပေးလာတဲ့ မိခင်ဒေါ်ကြူကြူ

    အစက ပိုင်တံခွန်အမေကြီး ဒီလိုတွေရေးနေတာ ပိုင်တံခွန်ရဲ့ တစ်ခြား ညီကိုမောင်နှမ တစ်ယောက်ယောက်ဖြစ်မယ် ထင်နေခဲ့တာ

    မိသားစုဓာတ်ပုံတင်တော့ ပိုင်တံခွန်မပါတော့မှ သူမှန်းသိတော့တယ်…မထင်ရဘူး ပိုင်တံခွန်ရယ်

    မိဘကျမကသားသမီးကို ပိုးကိုက်မှာလဲကြောက်တယ် ခြင်ကိုက်မှာလဲ့ကြောက်တယ်။ ကြီးလါရင်သားတွေကဘါဖြစ်ရမယ်ဆိုပြီးအရာရာကြိုစားခဲ့တယ်တကယ်တကယ်ဖြစ်လါတော့ရိုင်းဆိုင်းလိုက်တာ။

    ကျမကသားသမီးတွေကို။ အကောင်းဆုံးတွေးပြီးလုပ်ပေးပါတယ်ကွယ်။ ငယ်ငယ်တုံးကလဲ့ပိုးကိုက်ခခြင်ကိုက်မှာစိုးရိမ်လို့ အထိမခံဘူးကြီးလါရင် ကျမသားသမီးတွေပါဖြစ်ရမယ်ဆိုပြီးကြိုးစားခဲ့တယ်ဖြစ်လါတော့ရိုင်းဆိုင်းပြီးမိဘကိုမတန်သလိုဆက်ဆံတယ်ဘါမှမပြောခြင်လိုထိုင်ကြည့်နေပါတယ်ကွယ်သူအကြိုးသူခံပါစေ။

    ကြူကြူဘဝမှာဘာပိုင်မှူ့ရှိလဲ့မေးရင်။ ဒါဘဲ့ပိုင်တယ် အရာရာနင့်မလဲ့ဘူး။

    အသဲတွေအချစ်တွေပုံအောခဲ့တာပါ။

    အသက်ရှင်ရတာလဲသူ့တို့တွေကြောင့် ရဲ့ရင့်ခဲ့တာလဲ့သူတို့တွေကြောင့်ပေးဆပ်ရတာလဲ့ကျေနပ်ခဲ့ပါတယ်ကွယ်။

    Kyu Kyu

  • အချင်းချင်းပစ်သတ်ပြီး ထွက်ပြေးသွားသည့် ပကဖ ရဲဘော်က စစ်ကော်မရှင်တပ်ကိုခေါ်လာ

    အချင်းချင်းပစ်သတ်ပြီး ထွက်ပြေးသွားသည့် ပကဖ ရဲဘော်က စစ်ကော်မရှင်တပ်ကိုခေါ်လာ

    အချင်းချင်းပစ်သတ်ပြီး ထွက်ပြေးသွားသည့် ပကဖ ရဲဘော်က စစ်ကော်မရှင်တပ်ကိုခေါ်လာပြီး စစ်ကြောင်းထိုး၍ ရွာ ၁၀ ရွာကျော် စစ်ရှောင်နေရ

    မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တဦးက တာဝန်ကျ ရဲဘော် နှစ်ဦး ကို ပစ်သတ်ပြီးနောက် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

    နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ ကင်းဂိတ်တခုတွင် တာဝန်ကျနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကို ရဲဘော်မှင်စာ ဆိုသူက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် လက်နက်များနှင့်အတူ စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပအဖ အဖွဲ့ ဝင် တဦး က အတည်ပြုပြောသည်။

    “ ဂိတ်ကို ရောက်လာတော့ ကိုယ့်ရဲဘော်အချင်းချင်းဆိုတော့ ဘာမှမပြောဘူးပေါ့ဗျာ၊ အဲ့မှာ ရဲ ဘော် တယောက် ရဲ့ သေနတ်ကို သူကယူထားတာ၊ ပြီးတော့ ရွာသစ်ရွာက သူ့ မိန်းမကို ဂိတ်ကိုခေါ် ပြီး မြို့ကို သူနဲ့ လိုက်ဖို့ ခေါ် တာ၊ သူ့ မိန်းမက မလိုက်ဘူးဆို ပြီးရန် ဖြစ်နေကြသေးတယ်၊ အဲ့ဒါပြီးတော့ ရဲဘော် နှစ်ဦးကို ပစ်ပြီး ထွက်သွားတာ သေနတ် တလက်ယူသွားတယ်” ဟု ရေစကြိုမြို့နယ်(ပအဖ) အဖွဲ့ ဝင်က ပြောသည်။

    ပစ်သတ်ခံလိုက်ရသည့် ရဲဘော် နှစ်ဦး နှင့် ရဲဘော် မှင်စာတို့အကြား မည်သည့်ပြဿနာ တစုံတရာ မရှိဘဲ ပစ်သတ်သွားခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းရန်အတွက် ကြိုတင် စီစဉ်ထားခြင်းဖြစ်နိုင်ကြောင်းတော်လှန် ရေးတပ်ဖွဲ့ ဝင် တဦးက သုံးသပ်သည်။

    “အဲ့နေ့မတိုင်ခင်ကတည်းက ရဲကားတွေပတ်နေတာ၊ သူလည်း ထွက်ပြေးသွားရော စစ်တပ်က တစ်ခါတည်းလာခေါ်သွားတာ၊ လက်နက်တွေပါ ပါသွားတယ်။ ထွက်ပြေးဖို့ ကြိုတင်ချိတ်ဆက်ထားပြီးသား။သူက ရွာတွေ နဲ့ စခန်းဂိတ်တွေ တော်တော်များများကိုသိတယ်။ ဒီကိစ္စက တကယ် အန္တရာယ်များတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

    ယင်းနောက် နိုဝင်ဘာလ ၂၅ရက်နေ့တွင် စစ်တပ်က ရေစကြို့မြို့ နယ်တောင်ဘက် ကပ်လျက်တွင်ရှိသည့် ကျေးရွာများကို အင်အားအများအပြားနှင့် ဝင်ရောက်ခဲ့ပြီး ရေစကြိုမြို့ပေါ်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကျေးရွာပေါင်း ၁၀ ရွာနီးပါး စစ်ဘေးရှောင်ခဲ့ကြရသည်။

    “၂၅ ရက်နေ့ ကတည်းက စစ်ကြောင်းထိုးလားတာ၊ ၂၇ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က အကျအဆုံးရှိတယ်။ နောက်ပြီး ညောင်စောက်ရွာကို မီးရှို့သွားတယ်” ဟု မြို့နယ် ပအဖ အဖွဲ့ ဝင် တဦးက ပြောသည်။

    လက်ရှိအချိန်တွင် စစ်ကော်မရှင်စစ်ကြောင်းသည် ခလရ(၂၅၈) တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီး ယင်းစစ်ကြောင်း၏မီးရှို့ ဖျက်ဆီးမှုကြောင့် ညောင်စောက် ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးခန့် မီးလောင် ပျက်စီးသွားကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

    ယခုနှစ်လယ်ပိုင်းလောက်ကလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ပူးပေါင်းသွားသည့် ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့သေးသည်။

  • ပုံမှန်ဆောင်းထက် အအေးပိုမည့် လာနီညာ

    ပုံမှန်ဆောင်းထက် အအေးပိုမည့် လာနီညာ

    ယခုနှစ် ဒီဇင်ဘာလသည် လာနီညာရာသီဥတုကြောင့် ညအပူချိန်များ လျော့နည်းပြီး ပုံမှန်ထက်အေးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည် ။

    လက်ရှိတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များသည် အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ ဒီဇင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

    လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကြောင့် ရာသီဥတုအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။

    အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင်လည်း အအေးလွန်ကဲခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

    လာနီညာဆိုတာ ဘာလဲ

    လာနီညာ (La Niña) ဆိုတာက စပိန်ဘာသာစကားနဲ့ “သမီးလေး” လို့ အဓိပ္ပာယ်ရပြီး၊ El Niño-Southern Oscillation (ENSO) လို့ ခေါ်တဲ့ ကမ္ဘာ့ရာသီဥတုစနစ်ကြီးရဲ့ အေးမြတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။

    La Niña ဟာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသ အရှေ့အလယ်ပိုင်းမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် ပိုမို အေးမြ လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

    ENSO စနစ်မှာ အဓိက အဆင့် (၃) ခု ရှိပါတယ်။

    El Niño (အယ်နီညို) – ပင်လယ်ရေမျက်နှာပြင် ပုံမှန်ထက် ပိုပူတဲ့အဆင့် (နွေးတဲ့အဆင့်)

    La Niña (လာနီညာ) – ပင်လယ်ရေမျက်နှာပြင် ပုံမှန်ထက် ပိုအေးတဲ့အဆင့် (အေးတဲ့အဆင့်)

    Neutral (ကြားနေ) – အပူချိန်က ပုံမှန်အတိုင်းနီးပါး ရှိနေတဲ့အဆင့်

    ပုံမှန်အားဖြင့် အပူပိုင်းပစိဖိတ်သမုဒ္ဒရာတစ်လျှောက်မှာ ကုန်သည်လေ (Trade Winds) တွေက အရှေ့ဘက် (အမေရိကတိုက်ဘက်) ကနေ အနောက်ဘက် (အာရှနဲ့ ဩစတြေးလျဘက်) ကို တိုက်ခတ်နေပါတယ်။

    ဒီလေတွေက ပင်လယ်ရေမျက်နှာပြင်က ရေနွေးတွေကို အနောက်ဘက်ကို တွန်းပို့ပေးတဲ့အတွက် အရှေ့ဘက် (ပီရူး၊ အီကွေဒေါ) က ပင်လယ်အောက်ခြေက ရေအေးတွေက အပေါ်ကို တက်လာပါတယ်။

    La Niña ဖြစ်စဉ် မှာ ဒီကုန်သည်လေတွေဟာ ပုံမှန်ထက် ပိုမို အားကောင်း လာပြီး ရေနွေးတွေကို အနောက်ဘက် (အာရှ၊ ဩစတြေးလျဘက်) ကို ပိုပြီး တွန်းပို့ပါတယ်။
    ဒါကြောင့် အရှေ့ပစိဖိတ်ဒေသမှာ ရေအေးတက်လာမှုက ပိုမိုများပြားပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန်က ပုံမှန်ထက် သိသိသာသာ အေးလာတာ ဖြစ်ပါတယ်။

    La Niña ဟာ ကမ္ဘာတစ်ဝန်းက လေတိုက်ခတ်မှုပုံစံ၊ မိုးရွာသွန်းမှုနဲ့ အပူချိန်တွေကို ပြောင်းလဲစေပါတယ်။

    ဥပမာအားဖြင့်

    အာရှ/ဩစတြေးလျ အနောက်ပစိဖိတ်ဒေသ: ပိုမိုနွေးထွေးတဲ့ရေနဲ့အတူ မိုးရွာသွန်းမှု ပိုများပြီး ရေကြီးနိုင်ခြေ၊ အပူပိုင်းမုန်တိုင်း ပိုများနိုင်ခြေ ရှိပါတယ်။

    အမေရိကတိုက်မြောက်ပိုင်း (မြောက်ပိုင်း): ပုံမှန်ထက် ပိုမိုအေးပြီး စိုစွတ်နိုင်ပါတယ်။
    အမေရိကတိုက်မြောက်ပိုင်း (တောင်ပိုင်း): ပုံမှန်ထက် ပိုမိုနွေးပြီး ခြောက်သွေ့နိုင်ပါတယ်။

    အတ္တလန္တိတ်သမုဒ္ဒရာ: လေစီးကြောင်းပြောင်းလဲမှုကြောင့် ဟာရီကိန်းမုန်တိုင်း ရာသီ ပိုမိုပြင်းထန်လာနိုင်ပါတယ်။

    La Niña ဖြစ်စဉ်တွေဟာ ပုံမှန်အားဖြင့် လပေါင်းများစွာမှ (၁) နှစ်၊ (၃) နှစ်အထိ ကြာမြင့်တတ်ပါတယ်။
    အချုပ်အားဖြင့်ဆိုရရင် La Niña ဆိုတာဟာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသရဲ့ အေးမြတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ရာသီဥတုကို ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။

  • စစ်ကော်မရှင်တပ် ဝင်ရောက်တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်က စစ်ရေးနောက်ဆုံးအခြေအနေ  (ရုပ်သံ)

    စစ်ကော်မရှင်တပ် ဝင်ရောက်တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်က စစ်ရေးနောက်ဆုံးအခြေအနေ (ရုပ်သံ)

    တရုတ်ညှိနှိုင်းမှုကြောင့် မန္တလေးဒေသ၊ မိုးကုတ်မြို့ထဲ ပြန်လည်ဝင်ရောက်နေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား မိုးကုတ်မြို့အနောက်ခြမ်းမှာ မနေ့က နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီနေ့ မနက်ပိုင်းကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းနဲ့ အဲဒီက စစ်ရေးနောက်ဆုံးအခြေအနေတွေကို မဇ္ဈိမသတင်းထောက် ဂျူချန်းက သတင်းပေးပို့ တင်ဆက်ထားပါတယ်။

    တည်းဖြတ်/တင်ဆက် – ဂျူချန်း