Category: News

  • ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်အုပ်စုတပ်နဲ့ပျုစောထီးတွေ အထိချတပ်စွဲနေထိုင်နေတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    အဲဒီပျုစောထီးအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာကို တိုက်ခိုက်ပြီးနောက် ပင်တောင်ပျုစောထီးစခန်းကို ဆက်လက်တိုက်ခိုက်ရာမှာ အင်အားအလုံးအရင်းနဲ့ စစ်အုပ်စုတပ်တွေ စစ်ကူရောက်လာတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီ ပျူစောထီးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁ ရက်မှာ ဆိပ်ဖြူ ကပစ ၂၂ ကနေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးထားပြီး စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ပေါက်နဲ့မြိုင်နယ်အတွင်းက စစ်ဆင်ရေးတွေကို ပေါက်-ပကဖ၊ မြိုင်-ပကဖ၊ MGY တပ်စတဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းကာ ထပေါက်ကုန်းရွာ၊ ချိုင်စောက်ရွာ၊ ဖလံကိုင်းရွာနဲ့ ညောင်စင်ရွာတောတိုက်တွေအထိ စစ်အုပ်စုတပ်စစ်ကြောင်းတွေကို အထိနာဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အထိနာသွားတဲ့ စစ်အုပ်စုတပ်က မြိုင်နယ်ကို ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ နေ့စဉ်ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  • လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင်

    တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု…

    ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုး တို့ အုပ်စုမှ (မူးယစ်ဆေး ကဲ့သို့အရာများ သုံးစွဲထားသည်ဟု ယူဆရ)အကြောင်းမဲ့ ထိုးနှက်ရမ်းကားပြီး ထိုမျှမကဘဲ အကြောင်းမဲ့ နစ်နာခဲ့ရသူ လူငယ်အား ဖန်ပုလင်းကွဲဖြင့် မျက်နှာကိုပါ ရုပ်ဆိုး အကျည်းတန်အောင် လှီးဖြတ်ခဲ့သည်။ သက်သေ အခိုင်အလုံဖြင့် နစ်နာသူ ဖက်မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ် ဝရမ်းထုတ်ထားသော်လည်း တရားခံများမှာ လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သတင်းရထားသည်။

    တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင်နဲ့ အပေါင်းအပါများမှ မင်:မဲ့.စ.ရို-က်ဆ.န်.စွာ လူငယ်တစ်ယောက်အား ကို.ယ်ထိလ.က်ရော.က် ဝိုင်:ကျူ:လွ.န်မှု

    ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုးတို့ အုပ်စုဖြစ်တယ်လို့ သိရပါတယ်။

    ထိုမျှမကဘဲ န-စ်နာခဲ့ရသူ လူငယ်အား ဖန်ပု.လင်.:.ကွဲ.ဖြင့် မျ.က်နှာကိုပါ ဆို.:ရွာ:စွာ ထိခို-က်စေခဲ့ပါတယ်။

    သက်သေ အခိုင်အလုံဖြင့် နစ်နာသူ ဖက်မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ် ထားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သတင်းရထားပါတယ်။

    ရန်ကုန်မြို့လယ်ခေါင် က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic bar တခုမှာ သောက်စားပြီး အများနဲ့တယောက် ရန်ဖြစ်ကာ က်ိုယ်ထိလက်ရောက် အနိုင်ကျင့်ခဲ့တဲ့ အပေါ် တာဝန်မယူပဲ သရုပ်ဆောင် ပိုင်အုပ်စိုးအောင် တို့ အုပ်စုဟာ ထွက်ပြေးတိမ်းရှောင် နေတယ် လို့ဆိုပါတယ်။

    သရုပ်ဆောင် ပိုင်အုပ်စိုးအောင် တို့ အုပ်စုဟာ မျက်နှာ ကို ပုလင်းနဲ့ ရိုက်ခဲ့တာကြောင့် ကြီးမားတဲ့ ဒဏ်ရာတခု ရရှိခဲ့တာပါ၊ နစ်နာသူဖက် မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ဝရမ်း ထုတ်ထားသော်လည်း တရားခံများမှာ လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot

    အများနဲ့ တယောက် ဒီလို မိုက်ရူးရဲဆန်စွာ ပြုလုပ်တာကိုတော့ လက်မခံသင့်ဘူး ဥပဒေအတိုင်း လုပ်ဆောင်သင့်တယ်။

    ယခု လက်ရှိ ဖြစ်ပွားနေသည့် အုပ် စုဖွဲ့ အကြမ်း ဖ-က် ခဲ့သည့် ကိစ္စ မှာ သူမပါခဲ့ ကြောင်း နဲ့ လူကြီး မိဘများ နဲ့ အတူတူ ရှိနေကြောင်း ပြောဆိုလာခဲ့ တဲ့ ဘုန်းမင်း နေ လ

    စိတ်၀င်စားစရာ ကတော့ ဘယ်သူက များ ထိုးကျွေးခံ ဖြစ်လာဦးမလဲ ဆိုတာပါပဲ…

  • ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

    ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

    မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ Non CDM တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေး၊ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် အပါအဝင် ၄ ဦးတို့သည် နိုဝင်ဘာ ၁၈ ရက်တွင် လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

    ယင်းနေ့တွင် ဒေါက်တာမြမြမွှေးအပါ ၄ ဦးတို့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်သော အစည်း အဝေးသို့ တက်ရောက်ပြီး ရေစကြိုမြို့သို့ အိမ်စီးကားဖြင့်ပြန်လာစဉ် ပခုက္ကူ-ရေစကြို-ချောင်ဦးလမ်းပေါ်ရှိ ကျောက် လှေခါးကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    နည်းပညာတက္ကသိုလ်နှင့် နီးစပ်သူတဦးက “သူတို့ အဖမ်းခံလိုက်ရတယ်ဆိုတာတော့ သေချာတယ်။ သူတို့ စီးသွားတဲ့ ကားတွေပါ ယူသွားကြတာ။ အဲဒီနေ့က ခရိုင်အစည်းအဝေးပြီးတော့ ပြန်သွားကြတာမှာ ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာ အဖမ်းခံကြရတာလို့သိရတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အခုထိမသိရသေးဘူး” ဟု ပြောသည်။

    လက်ရှိ ပခုက္ကူခရိုင်အတွင်း စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲ၍ အင်အားသုံးပြီး ထိုးစစ်ဆင်နေရာ ပခုက္ကူ မြစ်ခြေ ဘက်နှင့် ရေစကြိုနယ် ရှင်မတောင်တောင်တွင် တပ်စွဲထားရာမှ ဖြန့်ခွဲဆင်းလာသည့် စစ်ကြောင်းများလည်း ရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

    “ကျနော်တို့လည်း နည်းပညာတက္ကသိုလ်က ဆရာမကြီးတို့အဖွဲ့ အဖမ်းခံလိုက်ရတယ်ဆိုတာကို သတင်းရထားတာပဲရှိတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။ လက်ရှိမှာ ပခုက္ကူ-ရေစကြို-ချောင်းဦးလမ်းပိုင်းနဲ့ ရေစကြိုနယ်ထဲမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာရှိတော့ စစ်ရေးအခြေအနေတွေ အရမ်းရှုပ်ထွေးနေတာမို့ အဲဒီအခြေအနေကို ဘာမှ မသိရသေးဘူးဗျ” ဟု ရေစကြိုမြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

    ၎င်းတို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် မီဒီယာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ဖမ်းဆီး သွားသည်ဟု ဖော်ပြထားသော်လည်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

  • နေပြည်တော်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများလာ

    နေပြည်တော်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းတပ်သားသစ်တွေ ရရှိရေးအတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် အိမ်ထဲက အိမ်အပြင် မထွက်ရဲအောင် ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ဇမ္ဗူသီရိမြို့နယ်၊ ဂုံမင်းအင်းကျေးရွာအနီးမှာ နိုဝင်ဘာ ၁၈ ရက်က မိန်းမဖြစ်သူဆီလာတဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “ကောင်လေးက ကုန်းပေါ်ရွာမှာနေတာ၊ ဇမ္ဗူသီရိမှာနေတဲ့ သူ့မိန်းမဆီလာတာ၊ အုပ်ချုပ်ရေးနဲ့ စစ်တပ်က ဧည့်စာရင်းနဲ့ဖမ်းပြီး သင်တန်းကျောင်းပို့လိုက်တယ်။ သူ့မိန်းမလေး ငိုလိုက်တာ၊ မင်္ဂလာဆောင်ထားတာ ၃ ရက်ပဲ ရှိသေးတယ်။ ဘယ်သူ့ကိုမှ တိုင်လို့မရဘူး။”

    လယ်ဝေးမြို့နယ်မှာလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ အရင်ကထက် ပိုဆိုးလာပြီး လူငယ်တွေဟာ မနက်စောစောနဲ့ ညဘက် အပြင်မထွက်ရဲဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

    “လယ်ဝေးမှာဆို ပိုဆိုးတယ်၊ ညဘက်နဲ့ မနက်စောစော အပြင်မထွက်ရဲဘူး။ စစ်တပ်က ကင်းလှည့်ပြီး ပေါ်တာဆွဲတာ။ ဒီလမှာ ဖမ်းတာ ၃ ယောက်ရှိတယ်။ ရှေ့လကဆို လယ်ဝေးကနေ တသီးပုဂ္ဂလ ဝင်ပြိုင်မယ့် ဦးစိန်ဝင်းရဲ့ အောင်နိုင်ရေး ဆောင်ရွက်နေတဲ့ လူငယ်လေးကို စစ်တပ်က ပေါ်တာဆွဲသွားတယ်။ သူလိုက်ထုတ်တာတောင် မရဘူး။ လူငယ်တွေက ည ၆ နာရီကျော်တာနဲ့ အိမ်တံခါးပိတ်နေရတယ်။”

    ပျဥ်းမနားမြို့နယ် ကြံ့ဖို၊ ကျွန်းဦးနဲ့ ဇီးဖြူကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုတွေရှိလို့ လူငယ်အများစုမှာ ရန်ကုန်က စက်မှုဇုန်တွေမှာ အလုပ်သွားလုပ်နေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “စစ်မှုထမ်းဆင့်ခေါ်တာက တမျိုး၊ ပေါ်တာဆွဲတာတမျိုး ဆိုတော့ ပျဥ်းမနားမှာ လူငယ်တွေ သိပ်မနေရဲဘူး။ ညဘက် အပြင်မထွက်ရဲဘူး။ အကြောင်းရှိလို့ ထွက်ရင်တောင် အုပ်စုလိုက် ထွက်ရတယ်။ တချို့ဆို ရန်ကုန်က စက်မှုဇုန်တွေမှာ အလုပ်သွားလုပ်ကြတယ်။ ပေါ်တာဆွဲတဲ့ဒဏ် မခံနိုင်လို့။”

    စစ်ကောင်စီအုပ်ချုပ်ရာ နေပြည်တော်မှာ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ၊ တပ်ကုန်း၊ ပျဥ်းမနားနဲ့ လယ်ဝေးမြို့နယ် ၈ မြို့နယ်ရှိပြီး စစ်မှုထမ်းတွေအားလုံးကို အမှတ် ၂ တန်းမြင့်သင်တန်းကျောင်းကို ပို့နေတာပါ။

    မြန်မာနိုင်ငံတဝန်း ဒီလို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ကောင်စီတပ်က နယ်တွေမှာ လူစားထိုးဖို့အတွက် ပြန်လည်ရောင်းစားတာတွေရှိပေမဲ့ စစ်တပ်ဘက်ကတော့ အခုချိန်ထိ ဝန်မခံဘဲ ငြင်းဆိုထားပါတယ်။

    စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး မတ်လ ၂၈ ရက်က စတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဥ် ၂၀ ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

  • မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်

    မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်

    တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ အများအပြား ထိခိုက်သေဆုံး

    စစ်ကြောင်းဝင်လာချိန် လူသားဒိုင်းအဖြစ် ဖမ်းဆီးမခံရအောင် ပြည်သူတွေ သတိပြုရှောင်ရှားဖို့ တိုက်တွန်း

    ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပစ္စည်းတွေ ပို့ဆောင်တဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၂)၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက ပြောပါတယ်။

    ဒါ့အပြင် စစ်အုပ်စု စစ်ကြောင်းဝင်ရောက်လာတိုင်း အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးပြီး လိုရာရောက်အောင်သွားတတ်တာကြောင့် အရပ်သားတွေ အထူးသတိပြု တိမ်းရှောင်စေချင်တယ်လို့ သူကဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အခြေစိုက်၊ ၆၀၄ တပ်ရင်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ တောင်ငူ-လိပ်သိုလမ်းပိုင်းအတိုင်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းက လိပ်သိုမြို့ဆီ မဲရုံပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီစစ်ကြောင်းကို ၆၀၃ တပ်ရင်းက လာရောက်ကြိုဆိုခဲ့ပြီး မဲရုံပစ္စည်းတွေပို့ဆောင်ပြီးလို့ ပြန်ဆင်းလာချိန်မှာ ထုံးဘိုကြီးကျေးရွာအတွင်း တစ်ပက်ကြာနေထိုင်ရင်း ဆက်လက်ထွက်ခွာလာခဲ့ကြောင်း၊ အဲဒီနောက် လမ်းတလျှောက်ကျေးရွာတွေဖြစ်တဲ့ ထိုးဝချောင်း၊ မလွှကုန်း၊ မွန်ကုန်း စတဲ့ ကျေးရွာတွေမှာ ဖြတ်သန်းသွားလာတဲ့ အရပ်သား အမျိုးသား အမျိုးသမီးတွေကို လူသားဒိုင်းဖမ်းဆီးလာခဲ့ကြောင်း သိရပါတယ်။

    အဲဒီနောက်မှာတော့ စစ်ကြောင်းဟာ ကျောက်လုံးကြီးစခန်းကို ရောက်ရှိခဲ့ပြီး တညအိပ်ကာ ဖမ်းဆီးထားတဲ့ လူသားဒိုင်း ဓားစာခံတွေပြန်လွှတ်ပေးရင်း ဆက်လက်ထွက်ခွာလာရာ ကမ်းနီဒေသ၊ ပိန္နဲပင်ရွာအနီးမှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

    “ဒိုင်းကာလုပ်ပြီးခေါ်လာတဲ့ ရွာသားတွေကို ကျောက်လုံးကြီးစခန်းမှာ ပြန်လွှတ်ပေးလို့ တော်သေးတယ် ပြောရမယ်။ လူသားဒိုင်းတွေမပါတော့ ကျနော်တို့ အေးအေးဆေးဆေး တိုက်ခိုက်နိုင်ခဲ့တယ်။ မိုင်းကွင်းထဲရောက်လာလို့ သူတို့ထိခိုက်သေဆုံးမှုရှိခဲ့တယ်။” လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက ပြောပါတယ်။

    အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေဟာ ကမ်းနီကတဆင့် တောင်ငူကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

    တောင်ငူ-လိပ်သိုလမ်းပိုင်းကို စစ်အုပ်စုက ၁ ပတ် အနည်းဆုံး ၂ ကြိမ်လောက် စစ်ကြောင်းထိုးလေ့ရှိကြောင်းနဲ့ ဒေသခံရွာတွေထဲ ဝင်ရောက်ရင်း အရပ်သားတွေကို လူသားဒိုင်းလုပ် တပ်စွဲလေ့ရှိပါတယ်။

    “စစ်ကြောင်းဝင်လာရင်ရှောင်တဲ့သူရှိသလို မရှောင်ကြတာတွေလည်းရှိတော့ သူတို့ကို ဟိုက ဓားစာခံလုပ်ခေါ်လာရင် ကျနော်တို့က ပစ်မရတော့ဘူး။ ကျနော်တို့ကတော့ ပြောတယ်။ မပစ်ချင်လို့။ ပစ်မရတာမဟုတ်ဘူးပေါ့။ အခုက စစ်ကြောင်းထိုးတာနဲ့ အမြဲတမ်း ရွာခံတွေပါလာတော့ အခက်တွေ့ရတယ်။ သတိပေးထားတာတောင် မရှောင်ကြတာတွေရှိတယ်။” လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

    ပုံစာ – ကမ်းနီကြားဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)